← Chapters

အပိုင်း (၅၅၂)

Vol. 37 Ch. 552

အပိုင်း (၅၅၂)

Vol. 37 Ch. 552

ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာ‌တော့ မုန့်ရှင်းကျီသည် အထဲသို့ လျှောက်ဝင်လိုက်၏။ အထဲသို့ ဝင်ပြီးသည့်နောက် သူသည် ချက်ချင်းဆိုသလိုပဲ အလေးအမြတ်ထားကာ ဦးညွတ်လိုက်၏။ “ဂျူနီယာ မုန့်ရှင်းကျီ ... စီနီယာကို ဂါရဝပြုပါတယ်”

“ဪ”

လီယွင်သည် ခေါင်းမော့ကာ ကြည့်ရှုလိုက်၏။ သူ၏မျက်လုံးထဲတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူက စနောက်လိုက်သည်။ “ကြည့်ရတာ ခင်ဗျား နောက်ဆုံးအကြိမ်သွားတဲ့ဆီမှာ တော်တော်များများ ရလိုက်တဲ့ပုံပဲ။ အားအင်အဆင့်က အချိန်တိုအတွင်း တိုးတက်လာခဲ့တာကိုး”

“ဒါတွေအားလုံးက စီနီယာရဲ့ကောင်းချီးကြောင့်ပါပဲ” မုန့်ရှင်းကျီက အသာရယ်မောလိုက်၏။

တော်ဝင်အင်ပါယာအဆင့်ကို ရောက်ရှိပြီးသည့်နောက် ခြေလှမ်းတစ်ခုချင်းစီတိုင်း လှမ်းတက်ဖို့ ဆိုသည်မှာ တကယ်ပင် စိန်ခေါ်စရာ ဖြစ်ခဲ့၏။ သို့ပေမဲ့ မုန့်ရှင်းကျီသည် နှစ်အနည်းငယ်အတွင်းမှာပဲ အဆင့် ချိုးဖြတ်နိုင်ခဲ့ပြီး တော်ဝင်အင်ပါယာ အလယ်အလတ်အဆင့်သို့ ရောက်ရှိလာခဲ့၏။ ဤအမြန်နှုန်းသည် ကျိန်းသေပေါက် မြန်ဆန်လွန်းသည်ဟု ဖော်ညွှန်းရမှာဖြစ်သည်။

သူ့အနေနှင့် လွင့်မျောတိမ်တောင်၏ အရင်းအမြစ်များကို ရရှိခဲ့ခြင်းကြောင့်လည်း ပါဝင်၏။ ထိုအရာများ ထဲတွင် ဖန်းကလန်၏ အမွေအနှစ်များလည်း ပါဝင်လို့နေခဲ့၏။ ထို့ကြောင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ကြီးမားသည့် အကျိုးအမြတ်ကို ရရှိခဲ့ခြင်းပင်။

လွင့်မျောတိမ်တောင်ဆီမှ အရင်းအမြစ်များကို ရရှိခဲ့ပြီးသည့်နောက် မုန့်ရှင်းကျီကိုမဆိုနှင့် ဖန်းဟန်ပင်လျှင် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့၏။ ဤအတောအတွင်း ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်ပိုင်းနေရာတွင် မြဲမြဲမတ်မတ် ရပ်တည်လျက် ရှိနေပြီး လူပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့၏။ ဟုတ်ပေသည်။ ဤ အရာများအားလုံးသည် နက်နဲအလင်းလောကကြီး၏ ရောရုဝပြည်၏ ကျေးဇူးကြောင့်လည်း ဖြစ်၏။ မဟုတ်ပါက ဖန်းဟန်အနေနှင့် မြန်မြန်ဆန်ဆန်နှင့် အဆင့်တိုးတက်နိုင်လိမ့်မည် မဟုတ်ချေ။

“ခင်ဗျားရဲ့ အောင်မြင်တွေ အားလုံးက ခင်ဗျားရဲ့ ကြိုးစားမှုကြောင့်ပါပဲ”

လီယွင်က လက်ကိုယမ်းခါလိုက်၏။ သူသည် အနီးအနားတွင် ရှိနေသည့် ထိုင်ခုံတစ်ခုကို လက်ညိုးညွှန်ပြလိုက်၏။ “ထိုင်... ဒီနေ့ ကောင်းကင် လျှို့ဝှက်နန်းဆောင်ကိုလာပြီဆိုမှတော့ အေးအေးဆေးဆေး စကားပြောရုံလောက်တော့ မဟုတ်ဘူး ထင်တယ်။ နက်နဲအလင်းလောကကြီးရဲ့ အကြောင်းကို သိချင်တာကြောင့်ပဲ ဖြစ်ရလိမ့်မယ်”

“စီနီယာရဲ့ သတိပြုမှုအောက်ကနေ ဘာမှ မလွတ်ကင်းနိုင်ပါဘူး” မုန့်ရှင်းကျီသည် သူ၏လက်များကို ပွတ်သပ်ကာဖြင့် ရယ်မောလိုက်သည်။

“သတိမပေးဘူး ဆိုပြီးတော့ အပြစ်မတင်နဲ့။ နက်နဲအလင်းလောကကြီးက သာမန်လောက မဟုတ်ဘူး။ အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အားအင်အဆင့်တွေကို ခင်ဗျား ပိုင်ဆိုင်မယ် ဆိုရင်တောင်မှ သေဆုံးသွားနိုင်တဲ့ အခွင့်အရေးရှိတယ်။ သတိထား” လီယွင်က လေးလေးနက်နက် ပြောဆိုလိုက်၏။

ရောရုဝပြည်၏ လွှမ်းမိုးမှုမရှိသော ယခင် နက်နဲအလင်းလောကကြီးသာဆိုပါက မုန့်ရှင်းကျီအတွက် ကျိန်းသေပေါက် ပြဿနာဖြစ်လိမ့်မည် မဟုတ်ချေ။ ယခု ရောရုဝပြည်မှ စွမ်းအားမြင့်ကျင့်ကြံသူများ တည်ရှိနေသောကြောင့် အခြေအနေသည် ပြောင်းလဲသွားခဲ့၏။ နက်နဲအလင်းလောကကြီးတစ်ခုလုံးသည် ရောရုဝပြည်ရဲ့ ခံတပ်ကြီးဖြစ်လို့ နေခဲ့၏။ လက်ရှိအခြေအနေတွင် အပြင်ဘက်တွင် ရှိနေသည့် လူပေါင်း များစွာတို့သည် ဖမ်းဆီးခံရသည်နှင့်တပြိုင်နက် ရောရုဝပြည်၏ အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြသည်။

မုန့်ရှင်းကျီက ပြောဆိုလိုက်၏။ “ဒါပေမဲ့ စီနီယာရှိတယ် ဆိုမှတော့ သေးငယ်လှတဲ့ နက်နဲအလင်းလောကကို မပြောနဲ့ ဒီထက် အဆင့်မြင့်တဲ့လောကကြီးတွေ ရှိနေမယ်ဆိုရင်တောင်မှ ဂျူနီယာအနေနဲ့ အေးအေးဆေးဆေး လမ်းပတ်လျှောက်ဖို့ဆိုတာ ပြဿနာ မဟုတ်ဘူး။ စီနီယာသာ ဂျူနီယာကို မသေဆုံးစေချင်ဘူး ဆိုရင် လောကအသီးသီးက လာပြီး ဂျူနီယာကို သတ်ဖြတ်မယ်ဆိုရင်တောင်မှ ဂျူနီယာ အသက်ရှင်နေအုံးမှာပဲ”

“ဟားဟား”

လီယွင်က ရယ်မောလိုက်၏။ သူသည် မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်၏။ ၎င်း၏အကြည့်များသည် နက်နဲလှသည့် အဓိပ္ပါယ်များ ပါဝင်လျက်ရှိနေသည်။ “နှစ်သောင်းပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက်မှာ ဘယ်လို မြှောက်ပင့်ပြောဆိုရမလဲဆိုတာ ခင်ဗျား သေသေချာချာ သင်ယူခဲ့တာကိုး”

“ဟင်”

မုန့်ရှင်းကျီ၏ အမူအယာတစ်ခုလုံးက အေးခဲသွား၏။ သူသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ပြန်လည်ကာ တုံ့ပြန်လိုက်၏။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီးသည့်နောက် အေးအေးဆေးဆေး ပြောဆိုလိုက်၏။ “ဂျူနီယာ ပြောတဲ့စကားလုံးတွေက တကယ့်ကို စိတ်ရင်းနဲ့ ပြောခဲ့တဲ့ စကားလုံးတွေပါပဲ။ မြှောက်ပင့်ပြီး ပြောဆိုတာ တစ်ချက်ကလေးမှ မရှိပါဘူး”

“အင်း .... ခင်ဗျားရဲ့စကားလုံးတွေက ခင်ဗျားရဲ့ နှလုံးသားထဲက ထွက်လာတယ်ဆိုတာ ကျုပ်သိတယ်။ ဒါပေမဲ့”

လီယွင်၏ လေသံသည် ပြောင်းလဲသွားခဲ့၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ရှိနေတဲ့ သတင်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီလိုမြှောက်ပင့်ပြောဆိုမယ်ဆိုရင်တောင်မှ ဈေးလျှော့ပေးမှာ မဟုတ်ဘူး”

“ဒါက” မုန့်ရှင်းကျီ၏ နှုတ်ခမ်းတစ်ခုလုံးသည် တင်းတင်းစေ့သွားမိ၏။ ကံဆိုးစွာဖြင့် သူတွက်ချက်မှု မှားယွင်းခဲ့၏။ အနည်းငယ်သော လျှော့ဈေးများ ရမလားဆိုပြီး စီနီယာကို မြှောက်ပင့်ကာ ပြောဆိုခဲ့၏။ သို့ပေမဲ့ စီနီယာသည် သူ့ကို မလျှော့ပေးနိုင်ကြောင်း တင်းတင်းမာမာဖြင့် ပြောဆိုခဲ့ပြီးပြီ ဖြစ်သည်။

သူသည် ရောရုဝပြည်၏ သတင်းအချက်အလက်များကို စုံစမ်းချင်သောကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ရောရုဝပြည်ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အန္တိမ ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည့် နေရာပင်ဖြစ်၏။ မည်မျှ အရေအတွက်များများ တည်ရှိနေသည် ဖြစ်ကြောင်းကိုလည်း မသိရှိနိုင်ပေ။ ရောရုဝပြည်၏ သတင်းအချက်အလက်ဆိုသည်မှာ ကျိန်းသေပေါက် မယုံကြည်နိုင်ဖွယ်ရာ တန်ဖိုးကြီးမား ပေလိမ့်မည်။ သူတစ်ယောက်တည်းအနေနှင့် သတင်း အချက်အလက်များ ကို ဝယ်ယူရန် တတ်နိုင်လိမ့်မည် မဟုတ်ချေ။

“ရဲ့ရဲ့ဝံ့ဝံ့ မေးချင်ပါတယ် စီနီယာ”

မုန့်ရှင်းကျီသည် လက်များကို ပွတ်သပ်လိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်အနေနှင့် လျှော့ဈေးပေးရန် ရည်ရွယ်ချက် မရှိကြောင်း သိရှိပြီးသည့်နောက် လိုရင်းကိုတည့်တိုးသာ ပြောဆိုလိုက်၏။ “ဒီအတောအတွင်း ရောရုဝပြည်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဝယ်ယူပြီး လှုပ်ရှားဖို့ ကြိုးစားနေတဲ့လူတွေများ ရှိလား”

သူ၏အထင်အရဆိုလျှင် ရောရုဝပြည်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြီး မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ကြချေ။ ဤအရာသည် ရောရုဝပြည်နှင့် ရင်ဆိုင်ရန်အတွက် ရွှေရောင်အခွင့်အရေးကြီးပင် ဖြစ်ကြောင်း ဖော်ညွှန်းပြသနေခြင်းပင်။ အခွင့်အရေးကို လွဲချော်သည်ဆိုပါက ကျိန်းသေပေါက် အနာဂတ်တွင် ရောရုဝပြည်ကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အလွန်အမင်း ခက်ခဲသွားပေလိမ့်မည်။

သူ့အနေနှင့် ရောရုဝပြည်၏သတင်း အချက်အလက်များကို စုံစမ်းချင်သေး၏။ စုံစမ်းစစ်ဆေးရန် မတတ်နိုင်သည် ဆိုမှတော့ ရောရုဝပြည်နှင့် မည်သူယှဉ်ပြိုင်တိုက်ခိုက်ရန် စီစဉ်နေသည်ဆိုသည်ကို မေးမြန်းခြင်းသည် ကုန်ကျစရိတ် ကြီးမားလှမည် မဟုတ်ချေ။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူပြီးသည့်နောက်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်မှုအတိုင်းဆိုလျှင် ရောရုဝပြည်ကို ကျိန်းသေပေါက် ရင်ဆိုင်တိုက်ခိုက်နိုင်မှာ သေချာ၏။ အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် အရာအားလုံးကို သုတ်သင် ရှင်းလင်းပစ်နိုင်စွမ်း ရှိပေလိမ့်မည်။

“ဟမ်”

လီယွင်သည် မုန့်ရှင်းကျီကို လှမ်းကြည့်ပြီးသည့်နောက် မျက်ခုံးပင့်လိုက်မိ၏။ “ဒီသတင်း အချက်အလက်က အရမ်းကိုတန်ဖိုးကြီးမားတယ်၊ အင်ပါယာအဆင့် ပစ္စည်းသုံးခုတောင် လိုအပ်တယ်”

“ဒါက ....”

မုန့်ရှင်းကျီ၏ အမူအယာတစ်ခုလုံးက ပျက်ယွင်းသွားခဲ့၏။ သူသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်မိသည်။ “ဘယ်လိုလုပ် ဒီလောက် ဈေးကြီးရတာလဲ”

သူ၏အထင်အရဆိုရင် စီနီယာနန်းဆောင်သခင်ဆီမှ ရရှိသည့် သတင်းအချက်အလက်များသည် ထိုက်တန်သည့် အရာကြီးသာဖြစ်၏။ သို့ပေမဲ့ စီနီယာနန်းဆောင်သခင်သည် မည်သူလှုပ်ရှား တိုက်ခိုက်မည် ဖြစ်ကြောင်းကို သိသာရှင်းလင်းစွာ သိရှိပြီးဖြစ်၏။ တကူးတက တွက်ချက်နေစရာ မလိုပေ။ အဘယ့်ကြောင့် ဤမျှရိုးရှင်းလှသည့် မေးခွန်းလေးတစ်ခုအတွက် အင်ပါယာအဆင့်ပစ္စည်းသုံးခု တောင်းခံနေရသနည်း။ ဤအရာသည် ကျိန်းသေပေါက် ဓားပြတိုက်ခြင်းပင်။ မဟုတ်ဘူး။ ဓားပြထက်ပင်ဆိုး၍ အတွင်းခံပါ မကျန်အောင် ချွတ်ယူနေခြင်းနှင့်ပင် ဆင်တူနေ၏။

“ခင်ဗျား အထင်မှားနေပြီ”

လီယွင်သည် မုန့်ရှင်းကျီကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် လေးနက်သည့် အသံဖြင့် ပြောဆိုလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သတင်းအချက်အလက်တွေရဲ့ တန်ဖိုးက ကျိန်းသေပေါက် ကျုပ်အတွက် အသုံးဝင်လား၊ မဝင်လား၊ ပင်ပင်ပန်းပန်းတွက်ချက်ရလား၊ အလကားနီးပါး သိရှိနေတာလား ဆိုတာတွေနဲ့ မဆိုင်ဘူး။ ခင်ဗျားအတွက် အသုံးဝင်လား၊ မဝင်လားနဲ့ပဲဆိုင်တယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ ရောင်းချလိုက်တဲ့ သတင်းအချက်အလက် တစ်ခုချင်းစီတိုင်းက ကျုပ်အတွက် ဘာမှ ထိုက်တန်တာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဘယ်သတင်း အချက်အလက်ကမှ ကျုပ်အတွက် အသုံးမဝင်လို့ပဲ။ ဒါပေမဲ့ ခင်ဗျားလက်ထဲကို ရောက်သွားရင်တော့ အဲသတင်းအချက်အလက တွေက ခင်ဗျားအတွက် ကံကောင်းခြင်း ဖြစ်လာလိမ့်မယ်”

လီယွင်၏ အသံသည် တကယ့်ကို လေးနက်လျက်ရှိ၏။ သူကဆက်လက်ကာ ပြောဆိုလိုက်၏။ “ဥပမာ အားဖြင့် ခင်ဗျားမေးတဲ့ သတင်းအချက်အလက်ဖြစ်တဲ့ တစ်စုံတစ်ယောက်က ရောရုဝပြည်ကို တိုက်ခိုက် မလား၊ မတိုက်ခိုက်ဘူးလားဆိုတဲ့ သတင်းူက ရောရုဝပြည်ရဲ့လက်ထဲကို ရောက်ရှိသွားမယ် ဆိုရင် စဉ်းစား ..... ဘာတွေဖြစ်သွားမလဲ။ သူတို့ကို ဘယ်သူက ထိခိုက်နာကျင်အောင်လုပ်မလဲဆိုတဲ့ သတင်းအချက်အလက် ကို သိရှိဖို့အတွက် သူတို့က ဘယ်လောက်ပေးမလဲ။ ပြီးတော့ ခင်ဗျား လက်ထဲကို အဲသတင်းအချက်အလက် ရောက်သွားမယ်ဆိုရင် ခင်ဗျား ဘာတွေရမလဲ။ ဒါကြောင့် အင်ပါယာအဆင့် ပစ္စည်းသုံးခုဆိုတာ ကျိန်းသေပေါက် ဈေးကြီးတဲ့အရာ မဟုတ်တော့ဘူး။ အနာဂတ်မှာ ခင်ဗျား အများကြီး ပိုပြီးရှာနိုင်ဖို့ပဲ လိုတယ်”

“ကျုပ်”

မုန့်ရှင်းကျီက ဆွံ့အသွားမိ၏။ သူသည် ထိုယုတ္တိဗေဒတရားကို နားလည်၏။ သို့ပေမဲ့ အရင်းအမြစ် ရှာဖွေခြင်း ဆိုသည်မှာ လွယ်ကူသည့်အရာမျိုး မဟုတ်ချေ။ နန်းဆောင်သခင်အတွက်တော့ လွယ်ကူလွန်းနေ၏။ သူ့၌သာ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်သည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွက် ဌာနခွဲတစ်ခုကို ဖွင့်လှစ်မှာသေချာ၏။

ဟုတ်ပေသည်။ ဤအတွေးသည် စိတ်ကူးနှင့် တွေးတောထားခြင်းသာလျှင်ဖြစ်သည်။ ကောင်းကင်တာအို၏ တန်ပြန်မှုကို ခုခံနိုင်သည့်နည်းလမ်း သူ့၌ မရှိသောကြောင့် ထိုကဲ့သို့သော အရာများကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ နှစ်စဉ်နှစ်တိုင်း ကောင်းကင်ဘုံကပ်ဘေး ကျဆင်းလာခဲ့မည့် အန္တရာယ်ကို သူမည်သို့ ရင်ဆိုင်ရမည်နည်း။ မုန့်ရှင်းကျီသည် အသာသက်ပြင်း ချပြီးသည့်နောက် လက်ကို အသာယမ်းခါလိုက်သည်။ လေထုထဲတွင် အင်ပါယာအဆင့်ပစ္စည်း သုံးခုက ပေါ်ပေါက်လာခဲ့သည်။

“စီနီယာ... ရောရုဝပြည်ကို တိုက်ခိုက်ချင်တဲ့သူတွေရှိလား သိချင်ပါတယ်။ အဲဒီသူတွေက ဘယ်သူတွေပါလဲ။” မုန့်ရှင်းကျီသည် တိုက်ရိုက်ဆိုသလို မေးမြန်းလိုက်၏။

“အင်း” လီယွင်သည် ပစ္စည်းများကို လက်ခံပြီးသည့်နောက် ဆက်လက်ကာ မစနောက်တော့ချေ။ လိုရင်းကိုသာ ပြောဆိုလိုက်သည်။

All Chapters