← Chapters

အခန်း (၁၅၃)

Vol. 11 Ch. 153

အခန်း (၁၅၃)

Vol. 11 Ch. 153

ဆယ်စက္ကန့်မပြည့်မီတွင် လျိုစစ်ယွီ သူမ၏ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ လျိုစစ်ယွီက တံခါးဝမှာ ခြေဗလာဖြင့်ရပ်ကာ မေးလိုက်သည်။ "အစ်ကို၊ သူတို့ ဘယ်လိုနေလဲ"

"မင်းအိပ်ရာဝင်နေပြီလို့ ပြောလိုက်တာ မဟုတ်ဘူးလား။ တံခါးကို လောခ့်ချထားဖို့တောင် သင်ခဲ့တယ်" လျိုစစ်ယန်က သူ့ညီမရဲ့ အခန်းထဲသို့ ရင်ကော့ပြီး ဝင်သွားခဲ့သည်။

လျိုစစ်ယွီ အပြစ်ရှိစွာ ခေါင်းငုံ့လိုက်သည်။ အစ်ကိုဖြစ်သူ၏ ဖော်ရွေမှုမရှိတဲ့ အမူအရာကိုမြင်တော့ သူမ ခေါင်းငုံ့ကာ ကိုင်တွယ်ဖြေရှင်းနည်းကို အစွမ်းကုန်ကြိုးစားခဲ့သည်။

ထို့နောက် သူမအစ်ကိုကိုခုန်အုပ်ပြီး တင်းတင်းဖက်လိုက်သည်။ သူမ ချွဲကာပြောလိုက်သည်– “ကျွန်မရဲ့အံ့သြစရာကောင်းတဲ့ အစ်ကိုကြီး၊ ညီမလေးက အစ်ကို့ကို အလိုအပ်ဆုံးပဲ။ ညီမလေးကို စိတ်မဆိုးပါနဲ့ နော်ဟုတ်လား။ ညီမလေး မှားခဲ့တာကို သိပါတယ်!" သူမ ညဝတ်ဂါဝန်ကိုသာ ၀တ်ဆင်ထားပြီး သူမ၏တစ်ကိုယ်လုံးကို အစ်ကိုဖြစ်သူထံ ကပ်ထားသည်။

လျိုစစ်ယန် ပြောလိုက်သည်။ "လွှတ်"

လျိုစစ်ယွီ ခေါင်းခါပြီး ပြောလိုက်သည်။ “မလွှတ်ဘူး။ ညီမလေးက အစ်ကို့ကို အရမ်းကြိုက်တာ။ ညီမလေးမှာသွားပါတယ်။ ညီမလေး တကယ်မှားခဲ့ပါတယ်။ ကျေးဇူးပြုပြီး ညီမလေးကို အပြစ်မတင်ပါနဲ့ နော် ဟုတ်ပြီလား"

လျိုစစ်ယန် ကူကယ်ရာမဲ့စွာပြောလိုက်သည်။ “လျိုစစ်ယွီ၊ မင်းက အသက် ၂၀ ရှိပြီ။ မင်းက ကလေးမဟုတ်တော့ဘူး။ အစ်ကိုက ယောက်ျားတစ်ယောက်။ မင်း အစ်ကိုနဲ့ အကွာအဝေးတစ်ခုမှာနေဖို့ သင်ယူရမယ် ဟုတ်ပြီလား"

လျိုစစ်ယွီ ခေါင်းခါပြီး သူမရဲ့မျက်နှာကို အစ်ကို့ရင်ဘတ်မှာ ဖိကပ်ထားဆဲပင်။ “ဟင့်အင်း! ညီမလေး အသက်က ၂၀၀ ဆိုရင်တောင် ညီမလေးက အစ်ကို့ရဲ့ညီမလေးဖြစ်နေတုန်းပဲ။ အစ်ကို့ကို ဖက်ချင်လို့ပါ!"

လျိုစစ်ယွီ ချွဲနေတဲ့အချိန်တိုင်း လျိုစစ်ယန် စွမ်းအားမဲ့သွားလိမ့်မည်။

သူမငယ်ငယ်တုန်းက သူမသကြားလုံးခိုးတာကို သူဖမ်းမိသွားတော့ သူမက သူ့ကို ဒီလိုပဲ ဖက်ထားခဲ့သည်။သူမ အရွယ်ရောက်လာတော့ ကွန်ပျူတာ ဆော့ချင်လာတဲ့အခါ သူ့ခါးကို အခုလို ပွေ့ဖက်ထားတတ်သည်။ သူ သူမကို ကျေကျေနပ်နပ်ဖြင့်သာ လုပ်ခွင့်ပေးနိုင်ခဲ့သည်။

အခုတော့ သူ့ညီမက အရွယ်ရောက်နေပြီဖြစ်သော်လည်း၊ သူ ဘာဆက်လုပ်နိုင်မလဲ။ သူ သူမကို လိုက်လျောပေးရုံသာ တက်နိုင်ခဲ့သည်!

“ကောင်းပြီ၊ မတ်တပ်ရပ်တော့။ မင်း ဒဏ်ရာရမရကြည့်ရအောင်" လျိုစစ်ယန် ပြောလိုက်သည်။

လျိုစစ်ယွီ လက်မလွှတ်ခဲ့ပေ။ အဲဒီအစား သူမ မေးလိုက်သည်။ “အစ်ကို၊ ညီမ အရင်ပြောပါရစေ။ ရှောင်နွမ်နဲ့ ရှောင်ဝမ် ဘယ်လိုနေလဲ"

လျိုစစ်ယန် ပြောလိုက်သည်။ “သူတို့မိသားစုတွေ သူတို့ကို နေ့လယ်ခင်းမှာ အိမ်ပြန်ခေါ်သွားကြတယ်။ ဘာမှတော့မဖြစ်ပါဘူး။ သူတို့ဘာမှမဖြစ်ဘူး ”

အဲဒါကိုကြားတော့ လျိုစစ်ယွီက အစ်ကို့ခါးကို လွှတ်ပေးလိုက်သည်။ ပြုံးရင်း သူ့အစ်ကိုကို လက်ဟန်ပြပြီး “ချစ်တယ် အစ်ကို” လို့ပြောလိုက်သည်။

လျိုစစ်ယန်က သူ့ညီမရဲ့နှာခေါင်းကို ကုတ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။"မင်း နောက်ထပ်ရန်ပွဲတစ်ခုမှာ ကိုယ်တိုင် ပါသွားတယ်ဆိုတာ အစ်ကိုသိရင် မင်းဘယ်လောက်ပဲ တွယ်ကပ်နေပါစေ အစ်ကို မင်းကို တစ်လလောက် ချုပ်ထားမှာနော်!"

“ကောင်းပြီ၊ ကောင်းပြီ။ ညီမလေး နားလည်ပါပြီ” လျိုစစ်ယွီ ပြောလိုက်သည်။

လျိုစစ်ယန် ပြောလိုက်သည်။ “သွားအိပ်တော့။ ဖုန်းနဲ့ ကစားမနေနဲ့!"

"နားလည်ပါပြီ။ ဘိုင်း အစ်ကို။ အစ်ကို့ကိုချစ်တယ်!" လျိုစစ်ယွီ ကျီစယ်ကာပြောလိုက်သည်။ လျိုစစ်ယန် ကို လွှတ်လိုက်ပြီးနောက် သူမ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူမကိုယ်တိုင်လည်း ရေရွတ်ခဲ့သည်။ “အဲဒါက ငါ့ကို သေလောက်အောင် ကြောက်သွားစေတယ်။ ဒီနည်းလမ်းဟောင်းက အလုပ်မဖြစ်ဘူးလို့ ငါထင်ခဲ့တာ။ ကံကောင်းစွာနဲ့၊ အဲဒါက အလုပ်ဖြစ်နေတုန်းပဲ!"

ရှောင်နွမ်နဲ့ ရှောင်ဝမ်တို့ အဆင်ပြေကြသည်။ သူမ နောက်ဆုံးမှာ ငြိမ်းချမ်းစွာ နေနိုင်ခဲ့သည်။ သူမ အိပ်ရာပေါ်သို့ အမြန်တက်ကာ စောင်အောက်သို့ တွားသွားခဲ့ပြီး ငြိမ်ချမ်းစွာစွာ အိပ်ပျော်သွားခဲ့သည်။

သူမ အိပ်ပျော်သွားပြီးနောက် တစ်စုံတစ်ယောက်က သူမ၏ အိပ်ခန်းထဲသို့ ခိုးဝင်လာခဲ့သည်။

လျိုစစ်ယန် သူမ အခန်းထဲသို့ ခိုးဝင်သွားသည်။ ထို့နောက် ကုတင်ဘေးရှိ နံရံကပ်မီးအိမ်လေးကို ဖွင့်ကာ စောင်ကိုမပြီး ညီမဖြစ်သူ၏ ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ညီမလေးရဲ့ ဆံပင်ကိုတောင် ပွတ်ပြီး ဦးရေပြားကို စစ်ဆေးခဲ့သည်။ သူမရဲ့ဒဏ်ရာတွေကို ဖုံးကွယ်ထားမှာကို သူကြောက်သည်။ ကံကောင်းထောက်မစွာ သူမအဆင်ပြေခဲ့သည်။

…

နောက်တစ်နေ့တွင် သူတို့ သုံးယောက် ပြန်ဆုံကြသည်။ ကျောင်းအခြေအနေက အရင်နေ့တွေနဲ့ လုံးဝမတူပေ။

အခုတော့ ဖန့်ရှောင်နွမ် လက်ထပ်ထားတယ်ဆိုတာကို တစ်ကျောင်းလုံးသိသွားကြသည်။ ထို့ကြောင့် သူမအား ကျောင်းရဲ့အချောအလှလေးအဆင့်မှ ချက်ချင်းဖယ်ရှားခဲ့သည်။ ဒါပေမယ့်လည်း လျိုစစ်ယွီကို ထိုနေရာတွင် အစားထိုးပြီး သူမက ကျောင်းရဲ့အချောအလှလေးအသစ်ဖြစ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

လျိုစစ်ယွီ ပြောလိုက်သည်။ "ဘာ။ ငါ ကျောင်းရဲ့အချောအလှလေး ဖြစ်သွားတာလား။"

ကျီဝမ်က အရာရှိတစ်ဦး၏ သားဖြစ်သည်။ သူလည်းချမ်းသာတယ်ဆိုတာကို လူတိုင်းသိသွားကြပြီးနောက်တွင် သူက ပို၍ပင်ကျော်ကြားလာခဲ့သည်။

ကျောင်းဝင်းထဲ လမ်းလျှောက်လာရင်း သူနဲ့ မတော်တဆ လာတွေ့တဲ့ မိန်းကလေး အရေအတွက်တွေ တိုးလာသည်။ သူ ဒေါသအရမ်းထွက်ပြီး စိတ်ပျက်စွာပြောလိုက်သည်။ “ငါ့ဦးလေးက ချမ်းသာတာ။ ငါချမ်းသာတာ မဟုတ်ဘူး။ ချမ်းသာတဲ့သူကို ရှာချင်ရင် ငါ့ဦးလေးကို ဆွဲဆောင်လိုက်။ ငါ့ကို လာမနှောင့်ယှက်နဲ့!"

သူပြောပြီးသည်နှင့် ဖန့်ရှောင်နွမ်က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး ပြောလိုက်သည်။ "နင့်ရဲ့ ဦးလေးကို လူတွေ သွေးဆောင်တာကိုခံစေချင်နေတာလား"

ကျီဝမ် ပြောစရာစကားမဲ့သွားသည်။

ဒါပေမယ့် ဖန့်ရှောင်နွမ်က ကျင်း တက္ကသိုလ်၏ကျောင်းရဲ့အချောအလှလေး မဟုတ်တော့သော်လည်း သူမမှာ ကိုယ်ပိုင် လက္ခဏာအသစ်တစ်ခုရှိလာခဲ့သည်။ အခု သူမက ကျင်း တက္ကသိုလ်၏ ကျောင်းအုပ်ဖြစ်ခဲ့သည်။

သူမ ချီးကျုးခံရချိန်မှာပဲ ဒီအကြောင်းကို သူမ သိခဲ့ရသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ " ဘာပြောလိုက်တာလဲ။ ငါက ကျောင်းအုပ်လား။"

ရန်ပွဲအပြီးမှာ သူမဘယ်လိုလုပ်ပြီး ကျောင်းအုပ်ဖြစ်လာသည်ကို သူမ နားမလည်ခဲ့ပေ။

ခင်ပွန်းဖြစ်သူကို အမြန်ဖုန်းဆက်ပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြောပြခဲ့သည်။

“အဆင်ပြေပါတယ်။ ကိုယ် ဒီအတွက် စီစဉ်ပေးထားတယ်။ အခုကစပြီး ကျောင်းက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမယ်။ မင်းလုပ်ချင်တာကို လုပ်နိုင်တယ်။ တစ်ယောက်ယောက်က မင်းကိုအနိုင်ကျင့်တာ ဒါမှမဟုတ် မင်းနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထပ်ဖြန့်ဖို့ သတ္တိရှိရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မင်းဆုံးဖြတ်လို့ရတယ်" ကျီလင်းချန် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် အေးခဲသွားပြီး အားနည်းစွာပြောလိုက်သည်။ "ဒါပေမယ့် ယောကျ်ား၊ ကျွန်မ ကျောင်းကိုမ run ချင်ဘူး"

ကျီလင်းချန် ပြောလိုက်သည်။ "မင်းပျော်ဖို့ပဲလိုတယ်။ မင်းရဲ့ယေကာကျ်ားက ကျောင်းနဲ့ပတ်သက်တဲ့ တခြားအရာအားလုံးကို ဂရုစိုက်ပေးလိမ့်မယ်။"

All Chapters