အခန်း (၁၅၄)
Vol. 11 Ch. 154
ဖန့်ရှောင်နွမ် သူမ၏ခင်ပွန်းစကားကို နားထောင်သောအခါတွင် သူမသည် ယခင်ဘဝက လူကောင်းတစ်ယောက်ဖြစ်ခဲ့လိမ့်မည်ဟု သူမခံစားခဲ့ရသည်။ ဒီဘဝမှာ ဒီလိုခင်ပွန်းကောင်းနဲ့ လက်ထပ်ခွင့်ရတာ အရမ်းကံကောင်းသည်။
"ယောကျ်ား၊ ရှင့်ကို အရမ်းချစ်တယ်" ဖန့်ရှောင်နွမ် ရုတ်တရက် ပြောလိုက်သည်။
ဖုန်းရဲ့တစ်ဖက်ကလူက ရုတ်တရက် အသံတိတ်သွားခဲ့သည်။
ဖန့်ရှောင်နွမ် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သော်လည်း ခင်ပွန်းဖြစ်သူ၏ တုံ့ပြန်မှုကို မကြားခဲ့ရပေ။ သူမ မေးလိုက်သည်။ "ယောကျ်ား၊ ရှင် ရှိနေလား"
“ရှိတယ်” ကျီလင်းချန် နှိမ့်ချပြီး သြရှတဲ့အသံဖြင့် ပြန်ဖြေခဲ့သည်။ ထို့နောက် သူ ဆက်မေးခဲ့သည်။ “မင်း ကိုယ့်ကို ချစ်တယ်လို့ပြောတယ်ဆိုတော့ ကိုယ်အတွက် ကျားကလေး မွေးပေးတော့မှာလား”
ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ စကားကိုကြားပြီး အမြန်ပြန်ပြောလိုက်သည်။ “ဟမ့်! ဒါဆို ရှင့်ကို ထပ်ပြီး မချစ်တော့ဘူး။" သူမက ကြောင်ပေါက်လေးဖြစ်ပြီး သူမ၏ ဗိုက်ထဲမှာ ကျားကလေးအတွက် နေရာမရှိပေ။
ထိုလူက ရယ်ပြီး ပြောလာခဲ့သည်။ “ဘာလဲ၊ မမွေးပေးချင်ဘူးလား"
ဖန့်ရှောင်နွမ်ရဲ့ မျက်နှာလေးက နီရဲလာသည်။ "မဖြစ်နိုင်ဘူး! အခုလေးတင် ရှင်ပဲ ကျွန်မကိုကလေးလို့ ပြောနေတာ နောက်အခိုက်အတန့်မှာကျတော့ ကလေးယူဖို့ တိုက်တွန်းနေတယ်။ ဟမ့်!"
ကျီဝမ်နဲ့ လျိုစစ်ယွီတို့ ခိုးနားထောင်နေကြပြီး ဒါကိုကြားတော့ အံ့သြသွားကြသည်။ ဘာ? ဖန့်ရှောင်နွမ်က ကလေးယူတော့မှာလား။
ဇနီးဖြစ်သူ၏ မကျေနပ်ချက်များကိုကြားတော့ ကျီလင်းချန် ပို၍ပင် ပျော်ရွှင်နေခဲ့သည်။ သူ မေးလိုက်သည်။ “ဒီနေ့ကျောင်း ဘယ်အချိန်ပြီးမှာလဲ။ အခု ကိုယ် မင်းကို မင်းရဲ့ယောကျ်ားအဖြစ်နဲ့ ပွင့်ပွင့်လင်းလင်း လာကြိုလို့ရနိုင်ပြီ မလား"
ဖန့်ရှောင်နွမ် မျက်ဖြူလှန်လိုက်ပြီး သူမ၏ စိတ်ထဲမှာ မကောင်းသော အကြံတစ်ခု ဖြစ်ပေါ်လာသည်။ "မရဘူး၊ ကျွန်မမှာ ဒီနေ့ ရိုမန့်တစ်ဆန်ဖို့ကောင်းတဲ့ ဒိတ်လုပ်စရာရှိတယ်" ဒါကိုပြောပြီးရင် သူမဖုန်း ချလိုက်သည်။
ကျီဝမ်နဲ့ လျိုစစ်ယွီတို့ သူမကို ပဟေဠိဆန်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ “ဘယ်သူနဲ့ဒိတ်လုပ်မို့လဲ” သူတို့ တညီတညွတ်တည်း မေးလိုက်ကြသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါက လျှို့ဝှက်ချက်!" သူမ သူ့ကို တမင်တကာ စိတ်ထင့်နေအောင်လုပ်ထားခဲ့သည်။
နေ့လည်ကျောင်းဆင်းပြီးနောက် ဖန့်ရှောင်နွမ်က သူမ၏ အချစ်ဆုံးသူငယ်ချင်းတွေကို နှုတ်ဆက်ကာ ကျောင်းဝင်းထဲမှ အမြန်ထွက်ခွာသွားခဲ့သည်။ သူမ တက္ကစီတစ်စီးကို လှမ်းခေါ်ပြီး ပန်းဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။
ပန်းဆိုင်တံခါးကို တွန်းဖွင့်လိုက်ပြီး ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး နှင်းဆီအနီရောင် ၁၂ ပွင့်ပေးပါ"
ပန်းပွင့်ဆိုင်ပိုင်ရှင်က နူးညံ့သိမ်မွေ့သည်။ ဖန့်ရှောင်နွမ် ရဲ့ ကျောင်းဝတ်စုံကို မြင်ပြီး မေးခဲ့သည်။ "မစ္စ၊ ဒီပန်းတွေက ဘယ်သူ့အတွက်လဲ"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မယောကျ်ားအတွက်"
"ဟင်။ မင်းက လက်ထပ်ပြီးပြီလား" ဆိုင်ရှင်က အံ့သြတကြီးမေးခဲ့သည်။
ဖန့်ရှောင်နွမ်က သူမရဲ့လက်စွပ်ကိုပြဖို့ လက်ကိုဆန့်ခဲ့သည်။ သူမမျက်နှာမှာ ရွှင်မြူးတဲ့အကြည့်နဲ့ ပြောလိုက်သည်။ “ဟုတ်တယ်၊ ကျွန်မ အိမ်ထောင်ပြုပြီးပြီ”
ဖန့်ရှောင်နွမ်အတွက် နှင်းဆီပန်းတွေကို ဂရုတစိုက်ထုပ်ပိုးပေးရင်း ဆိုင်ပိုင်ရှင်က ရယ်ခဲ့သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ဖန့်ရှောင်နွမ်က နှင်းဆီပန်းတွေကို ဝမ်းသာအားရယူကာ တက္ကစီပေါ်တက်လိုက်သည်။ "ဆရာ၊ ကျီကော်ပိုရေးရှင်းဆီ ပို့ပေးပါ"
တက္ကစီသမားက မိုးကုပ်စက်ဝိုင်းတွင် နှင်းဆီပန်းစည်းနှင့် သူမကို မြင်လိုက်ရသောအခါတွင် ပွဲလမ်းသဘင်တစ်ခုခုကို ခံစားလိုက်ရသည်။ “ကလေးမလေး၊ ဒီနှင်းဆီပန်းက မင်းရည်းစားအတွက်လား” လို့ မေးလိုက်သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "မဟုတ်ဘူး၊ ရည်းစားအတွက်မဟုတ်ဘူး။ ဒါတွေက ကျွန်မယောကျ်ားအတွက်” စကားပြောပြီးနောက် သူမမျက်နှာကို နှင်းဆီပန်းတွေထဲမှာ မြှုပ်နှံလိုက်ကာ နှင်းဆီရနံ့ကို ရှူရှိုက်လိုက်သည်။ သူမ ပန်းနံ့ကို ကျေနပ်နေဟန်ဖြင့် မသိစိတ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ သူ့ကိုယ်သူပြောခဲ့သည်။ “လင်းချန်၊ အာ၊ လင်းချန်၊ ရှင့်ဇနီးရဲ့ နက်ရှိုင်းတဲ့ အချစ်ကို လက်ခံဖို့ ပြင်ထားပေတော့!”
နေ့ခင်းဘက်မှာတော့ ကျီ ကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ အားလပ်ရက်တွေကို စောင့်မျှော်နေတာကြောင့် အရမ်းပျော်နေကြသည်။ သူတို့ အလုပ်က ဆင်းခါနီးမှာ ပြီးတော့ မနက်ဖြန်က ပိတ်ရက်စပြီ။ အားလုံးက ပိတ်ရက်ကို ရောက်သွားကြသလိုမျိုး ပြုံးနေကြသည်။
ဝန်ထမ်းတွေက ခန်းမထဲမှာ အုပ်စုလိုက် လျှောက်သွားနေကြသည်။ ထို့နောက် ပထမထပ်မှ နှင်းဆီပန်းတွေကို ကိုင်ဆောင်ထားတဲ့ မိန်းကလေးတစ်ဦး လမ်းလျှောက်လာနေသည်ကို သတိပြုမိခဲ့ကြသည်။
"မြန်မြန်ကြည့်လိုက်၊ အဲ့ဒါဘယ်သူ့ရည်းစားလဲ။ သူမ နှင်းဆီပန်းတွေနဲ့ လာနေတယ် း။ ဘယ်လောက် ရိုမန့်တစ်ဆန်လိုက်လဲ !”
ဖန့်ရှောင်နွမ်က သူမကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေကို စိတ်မ၀င်စားပေ။ သူမယောကျ်ားဆီ သွားဖို့ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေပြီး သူမကိုတွေ့တာနဲ့ သူ့ရဲ့တုံ့ပြန်မှုကို စောင့်မျှော်နေမိသည်။
ဖန့်ရှောင်နွမ် CEO ရဲ့ ကိုယ်ပိုင်ဓာတ်လှေကားထဲသို့ ဝင်ရောက်ခဲ့ပြီး CEO ရုံးခန်းသို့ တိုက်ရိုက်သွားခဲ့သည်။
ရုံးခန်းထဲမှာ ကျီလင်းချန်က ကျီဝမ်နဲ့ ဖုန်းပြောနေခဲ့သည်။ သူ သတင်းမေးတော့မည်။ "ရှောင်နွမ် ဒီနေ့ ဘယ်သူနဲ့ ထွက်သွားလဲ။"
ကျီဝမ် ပြန်ဖြေခဲ့သည်။ "သူမတစ်ယောက်တည်း ကျောင်းက ထွက်သွားတာ"
ကျီလင်းချန် မေးလိုက်သည်။ "ဒါဆို ဒီနေ့ သူမ ဘယ်သူနဲ့ ဒိတ်လုပ်မှာလဲ" တကယ်တော့ ဒီမေးခွန်းက သူ အစိုးရိမ်ဆုံး မေးခွန်းပင်။ ဒါက တစ်နေ့ခင်းလုံး သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ဒီလူက ဘယ်သူလဲ၊ သူ့မိန်းမက သူနဲ့ဒိတ်လုပ်ဖို့ ဘာကြောင့် အရမ်းအရေးကြီးဖြစ်နေလဲဆိုတာ သူ သိချင်သည်။
ကျီဝမ် ရိုးရိုးသားသားပြောလိုက်သည်။ "ကျွန်တော် သေချာတော့ မသိပေမယ့် သူမ ထွက်သွားချိန်မှာတော့ အရမ်းပျော်နေတယ်"
ကျီလင်းချန်က မနာလိုဖြစ်သွားကာ သူ့စိတ်တွေ ပိုဆိုးလာသည်။
"သူမက ဘယ်သူနဲ့ ဒိတ်လုပ်မှာလဲ။ သူမ အရမ်းပျော်နေတာလား။ သူမ ဒိတ်လုပ်မယ့်သူက ဘယ်သူလဲ" ကျီလင်းချန် မပျော်ရွှင်စွာနဲ့ ပြောလိုက်သည်။ သူဘယ်သူလဲဆိုတာ သိပြီးတာနဲ့ အဲဒီလူကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မယ်။။
"သေချာပေါက် အဲ့ဒီလူကရှင်ပဲပေါ့ ၊ အ လိုက်တဲ့ယောကျ်ားရဲ့!" ဖန့်ရှောင်နွမ် တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ပြီး သဝန်တိုနေတဲ့လူကို ပြုံးပြလိုက်သည်။
သူမရဲ့လက်တွေကို နောက်ပစ်ထားသည်။ CEO ရုံးခန်း၏ အတွင်းရေးမှူးတွေက ဖွက်ထားတဲ့ နှင်းဆီပန်းတွေကို မြင်နိုင်ပြီး သူတို့၏ သူဌေးအတွက် ပျော်ရွှင်မှုကို ခံစားနေရသည်။
"ရှောင်နွမ်" ကျီလင်းချန်က သူ့ဇနီးလေး အခု ဒီနေရာမှာ ရှိနေသည်ကို မယုံနိုင်ခဲ့ပေ။
ဖန့်ရှောင်နွမ် သူမ၏ မျက်လုံးတွေထဲက အပြုံးတွေနဲ့ သူ့ရုံးခန်းထဲသို့ ဝင်သွားပြီး ပြောလိုက်သည်။ "ယောကျ်ား၊ မျက်လုံး မှိတ်ထားလိုက်"