အခန်း (၁၅၆)
Vol. 11 Ch. 156
"လက်စွပ်လား " လျိုစစ်ယွီ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ "ရှောင်နွမ်၊ နင်အရင်က လက်စွပ်မဝတ်ထားဘူးလား"
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ သူမ အခု အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမ၏ အချစ်တုံးသူငယ်ချင်း နှစ်ယောက်က တုံ့ပြန်မှု မရှိသည်ကို တွေ့ရသဖြင့် သူမ ငြိမ်သက်သွားသည်။ သူမ ထိုကဲ့သို့ စိတ်လှုပ်ရှားမနေတော့ပေ။
သူမ ကျီဝမ်ကို ပြောလိုက်သည်။ "ရှောင်ဝမ်၊ အိမ်မှာ ငါ လက်စွပ်ဝတ်ထားတာ မြင်ဖူးလား"
ကျီဝမ် သူ့နှုတ်ခမ်းကို သပ်လိုက်သည်။ "အိမ်မှာ မင်းလက်စွပ်ဝတ်ထားရင်တောင် ငါ့မှာ သတိထားမိဖို့ အချိန်မရှိဘူး!" အမှန်ပဲ၊ သူ ထိုကိစ္စကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။
ဖန့်ရှောင်နွမ် စိတ်ပျက်လက်ပျက်နဲ့ “အိုး” လို့ ပြောပြီး တခြားဘာမှ ပြန်မပြောခဲ့ပေ။ အခုလက်ထပ်လက်စွပ်ကို ဝတ်ဆင်ရခြင်းအကြောင်းရင်းမှာ ကျီလင်းချန်နဲ့ ကောင်းမွန်တဲ့ဘဝမှာ နေထိုင်ချင်ကြောင်း သူမ သေချာနေပြီဖြစ်သည်။ သူမအတွက် လက်ထပ်လက်စွပ်က အလွန်မြင့်မြတ်လှသည်။ လက်ထပ်လက်စွပ်ကို ဝတ်တာက ကျီလင်းချန် အတွက် စစ်မှန်သော ခံစားချက်များ ဖြစ်ပေါ်လာကြောင်း သက်သေပြခဲ့သည်။ ဒါပေမယ့် သူမရဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ကတော့ ဒီပြောင်းလဲမှုကို သတိမထားမိခဲ့ပါပေ။ နှစ်ယောက်စလုံးက single တွေဖြစ်ပြီး လက်ထပ်လက်စွပ်ရဲ့ အရေးကြီးပုံကို နားမလည်တာကြောင့်လည်း ဖြစ်နိုင်သည်။ ဖန့်ရှောင်နွမ် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ အဲဒီနောက်မှာတော့ သူမ လက်ထပ်လက်စွပ်ကို ဆက်မပြတော့ပေ။
ဒါပေမယ့် ကျီလင်းချန်က သူမလက်ပေါ်က လက်ထပ်လက်စွပ်ကို မြန်မြန်ဆန်ဆန်ပဲတွေ့သွားသည်။ ဤအရာက သူမအား စိတ်ခံစားမှုကို ထပ်ခံစားစေခဲ့သည်။
“ယောကျ်ား ယောကျ်ား၊ ကျွန်မ ဒီနေ့ လက်ထပ်လက်စွပ်ဝတ်ထားတာ ဘယ်သူမှ သတိမထားမိကြဘူး။ ရှင်ကဘာလို့ ဒီလောက်မြန်မြန်သတိထားမိသွားတာလဲ" ဖန့်ရေစှာင်နွမ်ိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကျီလင်းချန် တိုက်ရိုက်မဖြေခဲ့ပေ။ အဲဒီအစား သူ မေးလိုက်သည်။ “ဒီလက်ထပ်လက်စွပ်ကို… အခုကစပြီး တစ်နေ့လုံးဝတ်ထားဖို့ အစီအစဉ်ရှိလား”
ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ ခေါင်းငုံ့ကာ ခင်ပွန်းဖြစ်သူကို ကြည့်ပြီး ပြောလိုက်သည်။ “အခုကစပြီ”
ကျီလင်းချန်ရဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားကာ ဇနီးဖြစ်သူအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
…
ခြောက်နာရီ၌ ကျီ ကော်ပိုရေးရှင်းမှာ အလုပ်တွေပြီးသွားပြီ ဖြစ်သည်။
ကျီလင်းချန်က လက်တစ်ဖက်မှာ တောက်ပနေတဲ့ နှင်းဆီပန်းစည်းကို ကိုင်ထားပြီး ရုံးမှ ထွက်လာစဉ် တစ်ဖက်က သူ့ဇနီး၏ လက်ကို ကိုင်ထားသည်။
အတွင်းရေးမှူး စုန့်က ပြုံးပြီး ဂုဏ်ပြုခဲ့သည်။ "ဒီနှင်းဆီပန်းတွေကို လက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါတယ်နော် CEO"
ဖန့်ရှောင်နွမ်က ခုန်ပြီး ပြောလိုက်သည်။ “ရှင် ကျွန်မကို ကျေးဇူးတင်ရမှာ။ အဲ့တာက ကျွန်မကြောင့် မဟုတ်ရင် ရှင့်ရဲ့ CEO က နှင်းဆီပန်းစည်းကို လက်ခံရမှာမဟုတ်ဘူး။"
“မဒမ်၊ ကျွန်တော်တို့ဆီ နှင်းဆီပန်းစည်းတွေ ဘယ်တော့ ပို့ပေးမှာလဲ။ CEO ကိုင်ထားတဲ့ ပန်းစည်းကို ကျွန်တော်တို့အားလုံး သဘောကျတယ်!” လက်ထောက် လျိုက စနောက်လိုက်သည်။
သူ့နှင်းဆီတွေကို မက်မောနေတာလား။ ကျီလင်းချန် သူ့ကို စိုက်ကြည့်လိုက်သည်။
လက်ထောက် လျို ကျောရိုးအောက်ထိ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ CEO ၏ အမူအရာကိုကြည့်ရင်း သူ့စကားကို ပြန်ရုတ်သိမ်းလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်တော် မကြိုက်တော့ပါဘူး။"
ဖန့်ရှောင်နွမ် သူမခင်ပွန်း သဝန်တိုနေကြောင်းကို လုံးဝမသိခဲ့ပေ။ သူမ ပြုံးပြီးပြောလိုက်သည်။ “ရှင့်ဆီ ပန်းတွေပို့တာက အဆင်ပြေတယ်၊ ဒါပေမယ့် ရှင့်ဆီ ပို့ပေးရမယ် ဆိုရင်တော့ နှင်းဆီပန်းတွေတော့ မပို့ပေးနိုင်တော့ဘူး။ တခြားပန်းတွေပဲ ပို့ပေးမယ်။ နှင်းဆီနီတွေက ကျွန်မယောကျ်ားအတွက် သီးသန့်ပဲ”
ဖန့်ရှောင်နွမ်က 'ကျွန်မခင်ပွန်းအတွက် သီးသန့်'လို့ပြောလိုက်တဲ့အခါ ကျီလင်းချန်ရဲ့ စိတ်ခံစားချက်ကို ချက်ချင်း ကောင်းသွားစေခဲ့သည်။
အတွင်းရေးမှူးတွေထဲက တစ်ယောက်က စပ်စုကာမေးလိုက်သည်။ “မဒမ်၊ CEO ကို နှင်းဆီဘယ်နှစ်ပွင့်ပေးလိုက်လဲ”
ဖန့်ရှောင်နွမ်က “၁၂ပွင့်” လို့ ပြန်ဖြေလိုက်သည်။
"ဝိုး၊ နှင်းဆီ ၁၂ ပွင့်!" CEOရဲ့ရုံးခန်းရှိ အတွင်းရေးမှူးတွေ တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။ ထို့နောက် ပြုံးတုံးတုံးနဲ့ သူတို့ပြောခဲ့ကြသည်။ “နှင်းဆီ ၁၂ ပွင့်က ဘာကို ကိုယ်စားပြုတာလဲ။ မြန်မြန်ကြည့်လိုက် ပြီးရင် အားလုံးကိုပြောပြဦး "
ဒါကိုကြားတော့ ဖန့်ရှောင်နွမ် ချက်ချင်း ရှက်သွားပြီး ပြောခဲ့သည်။ “အဲဒါကို မစစ်ဆေးကြည့်နဲ့။ ရှင်တို့မရှာခင် ကျွန်မတို့ ထွက်သွားတဲ့အထိ စောင့်လိုက်ဦး။ မဟုတ်ရင် ကျွန်မအတွက် အရမ်းရှက်စရာကောင်းနေလိမ့်မယ်!"
လူတွေက သူတို့ရဲ့ ဖုန်းကို နာခံစွာ ချလိုက်ပြီး စနောက်နေတာကို ရပ်လိုက်ကြသည်။ သူတို့ သူတို့နှစ်ယောက် ထွက်သွားတာကို ကြည့်နေကြသည်။
ကျီလင်းချန်က သူ့ဘေးမှာ ခုန်ပေါက်နေတဲ့ သူ့ဇနီးလေးကို ကြည့်လိုက်သည်။ အရင်က မခံစားဖူးတဲ့ ပျော်ရွှင်မှုတစ်ခုကို သူခံစားလိုက်ရသည်။
နှစ်ယောက်သား ဓာတ်လှေကားထဲ ဝင်သွားပြီးနောက် CEO ရုံးခန်းရဲ့ အတွင်းရေးမှူးတွေက အမြန်ရှာဖွေခဲ့ကြသည်။ ထို့နောက် နှင်းဆီ ၁၂ ပွင့် ပန်းစည်းနှင့် သက်ဆိုင်သည့် စကားစုကို ဖတ်ခဲ့ကြသည်။
ဓါတ်လှေကားထဲတွင် ဖန့်ရှောင်နွမ်ရဲ့ပါးပြင်ပေါ်ရှိ နီရဲနေတဲ့အရိပ်အယောင်လေးတွေ မှေးမှိန်မသွားသေးသော်လည်း ကျီလင်းချန်က “နှင်းဆီ ၁၂ ပွင့်က ဘာကိုဆိုလိုတာလဲ” လို့ မေးရန် အခိုင်အမာ ပြောခဲ့သည်။
ဖန့်ရှောင်နွမ် နှုတ်ခမ်းကို ဖိရင်း ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။ "ရှင့်မှာ ဖုန်းမရှိဘူးလား။ ကျွန်မကိုမမေးနဲ့။ ရှင့်ဘာသာကြည့်လိုက်။"
ကျီလင်းချန် ပြောလိုက်သည်။ "ဒါပေမယ့် မင်းပြောတာကို ကြားချင်တယ်"
ဖန့်ရှောင်နွမ် သူမမျက်နှာကို အုပ်လိုက်သည်။ စကားလုံးကို တွေးကြည့်တော့ ရှက်လွန်းလို့ သူမ ဘယ်သူ့ကိုမှ မကြည့်ချင်တော့ဘူး။
ထိုလူက သူမအဖြေကို စောင့်ဆိုင်းနေဆဲပင်။ ဖန့်ရှောင်နွမ်ရဲ့အမူအရာမှာ ကွဲလွဲနေသည်။ သူမလက်တွေက ကူကယ်ရာမဲ့ လှုပ်ရှားသွားပြီး သူမအဲ့ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ ဘယ်လိုခံစားရတယ်ဆိုတာ ရှင်သိတယ်ဆိုရင် ဒီလောက်က လုံလောက်နေပြီ!"
ကျီလင်းချန် ပြောလိုက်သည်။ "မင်းကိုယ့်ကို မပြောရင် မင်းဘယ်လိုခံစားရလဲ ဆိုတာ ကိုယ်မသိဘူး"
ထိုယောက်ျားက သူ့ဇနီးလေးရဲ့ ထိုစကားကို ကိုယ်တိုင်ကိုယ်ကျ ကြားချင်သောကြောင့် သူမကို လမ်းညွှန်ပြီးပြောနေသည်။ “ရှောင်နွမ်၊ ပြောပြပါ။ ဘာတွေ ရှက်နေတာလဲ။ ကိုယ်ပဲရှိတာကို" ထို့နောက် သူတမင်တကာ အလေးပေးပြောလိုက်သည်။ “ကိုယ်တို့ လင်မယားတွေပဲလေ”
ဖန့်ရှောင်နွမ်ကလည်း သူ့ကို စိတ်ပျက်စေတယ်လို့ ခံစားနေရသည်။ ပန်းတွေ သူ့ကိုပေးထားပြီးပြီမို့ အဲ့တာကို ပြောဖို့ သူမ ရှက်နေခဲ့သည်။ သူ့ကိုယ်သူ စိတ်ထဲကနေ ထက်မြက်တဲ့ ဟောပြောချက် ပေးပြီးနောက် ပြောလိုက်သည်။ “နှင်းဆီ ၁၂ ပွင့်နဲ့ ဆက်စပ်တဲ့ စကားစုက 'ရှင့်ကို ချစ်တဲ့ ကျွန်မရဲ့အချစ်တွေ တနေ့တခြား တိုးလာတယ်' လို့ ပြောတာ"
ဒါကိုကြားတော့ ကျီလင်းချန်ရဲ့ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့သည်။ လူရှေ့သူရှေ့ကို မထွက်လာခဲ့ဘူးဆိုရင် သူ့မိန်းမကို ချက်ချင်း ပွေ့ဖက်ပြီး သူ့ရဲ့အချစ်ကို ဖော်ပြမိလိမ့်မည်။