← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

ကျီလင်းချန်က သူ့နှလုံးသားထဲမှာ တိုးလာတဲ့ခံစားချက်တွေကို မျိုသိပ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းပြောခဲ့တာတွေကို မှတ်ထားနော်။ ဖြတ်သန်းလာတဲ့ နေ့ရက်တိုင်းမှာ ကိုယ့်အပေါ် မင်းရဲ့အချစ်တွေ တိုးလာရမယ်"

"အာ၊ ယောကျ်ား ဒါက ပန်းတွေရဲ့ ဘာသာစကားလေ" ဖန့်ရှောင်နွမ် နှုတ်ခမ်းစူလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ “မင်းက ကိုယ့်ကို နှင်းဆီနီ ၁၂ ပွင့် ပေးခဲ့တဲ့သူ။ ပန်းပွင့်တွေရဲ့ ဘာသာစကားက မင်းပြောချင်တာကို ကိုယ်စားပြုတယ်”

ထိုအချိန်တွင် ဓာတ်လှေကားတံခါး ပွင့်လာခဲ့သည်။

ကျီကော်ပိုရေးရှင်းရဲ့ ပထမထပ်မှာ ရှားပါးတဲ့ မြင်ကွင်းတစ်ခု ရှိခဲ့သည်။

အများအားဖြင့် နတ်ဘုရားနဲ့တူတဲ့ CEO က လက်ထဲမှာ အနီရောင် နှင်းဆီပန်းစည်းကို ကိုင်ထားပြီး တခြားတစ်ဖက်မှာ မိန်းကလေးရဲ့လက်ကို ကိုင်ထားသည်။ အကြောင်းတစ်ခုခုကြောင့် ဒေါသထွက်နေသည့် မိန်းကလေး၏ မျက်နှာလေးမှာ ဖောင်းနေသည်။ ဒါပေမယ့် CEO ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေသည်။

သူမက ပန်းစည်းကို အဆောက်အဦးထဲသို့ ယူဆောင်လာခဲ့သည့် မိန်းကလေးဖြစ်သည်ကို ထိုလူတိုင်း သတိထားမိသွားကြသည်။ မိန်းကလေး၏ ပန်းစည်းက အမှန်တကယ်ပင် CEO အတွက်ဖြစ်ကြောင်း မည်သူမျှ စိတ်ကူးမယဉ်မိခဲ့ကြပေ။ ထို့ထက်ပို၍ပင်၊ ဤမိန်းကလေးက CEO ရဲ့ဒဏ္ဍာရီလာဇနီးဖြစ်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

ကောင်းချီးမင်္ဂလာများနှင့် ပြည့်နှက်နေသည်။

ကျီလင်းချန် နှင်းဆီပန်းတွေ လက်ခံရရှိသည့်သတင်းက သူ့အချစ်ဆုံး သူငယ်ချင်းတွေဆီ တစ်နည်းနည်းဖြင့် ရောက်ရှိသွားခဲ့သည်။ သူတို့ငါးယောက်ပါဝင်တဲ့ အဖွဲ့ငယ်လေးက ချက်ချင်းပေါက်ကွဲသွားသည်။

ယဲ့မုပိုင် ပြောလိုက်သည်။ “မြို့တော်မှာရှိတဲ့ အဓိကသတင်းတွေက ငါတို့ရဲ့နာမည်ကြီး CEO ကျီကို ဗဟိုပြုနေတယ်။ ငါတို့ ဘယ်တစ်ခုကို အရင်စစ်ဆေးသင့်လဲ။”

မုရုံ ပြောလိုက်သည်။ “အားလုံးပဲ။ ငါတို့ကို တစ်ခုပြီးတစ်ခုပြောပြ"

ယဲ့မုပိုင် ပြောလိုက်သည်။ "သူ့ရဲ့ဒေါသကို ဖြေဖျောက်ဖို့အတွက် CEO ကျီ က ကျင်း တက္ကသိုလ်ကို ၀ယ်ပြီး သူ့မိန်းမကို ပေးလိုက်တယ်"

မုရုံ ဘာမှမပြောခဲ့ပေ။

ယဲ့မုပိုင်လည်း ပြောစရာစကားမရှိ ဖြစ်သွားသည်။

သူတို့ကြားမှာ တည်ငြိမ်အေးဆေးတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ ယောင်ချန်က မေးလိုက်သည်။ “ဒါက ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တစ်ခုကလား”

ကျီလင်းချန်က ဒီလောက် စိတ်အားထက်သန်တဲ့သူမဟုတ်ဘူးလို့ အားလုံးက ခံစားခဲ့ကြသည်။ ဝယ်ယူမှုက ဒီလောက်ကြီးမားတဲ့ ကိစ္စဖြစ်သည်။ ထို့ကြောင့် သူ စိတ်အားထက်သန်မှုဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သူ ပိုက်ဆံ အများကြီး ရှာထားတာပဲဖြစ်ရမယ်။

ဒါပေမယ့် ကုမ္ပဏီတစ်ခုကို ရယူတာက တစ်ခုတည်းသော အရာဖြစ်သော်လည်း တက္ကသိုလ်တစ်ခုကို ရယူတာက အမြတ်အစွန်းမရှိရုံသာမက သူလည်း များစွာအားထုတ်ရပေလိမ့်မည်။ စီးပွားရေးလောက၏ ဘုရင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ကျီလင်းချန်က ဒီလောက် စိတ်မြန်မှာမဟုတ်ပေ။ ထို့ကြောင့် ဤသတင်းတစ်ပုဒ်၏ ယုံကြည်ကိုးစားမှုမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

ဒါပေမယ့် ယဲ့မုပိုင်က ကျင်းတက္ကသိုလ်၏ တရားဝင်ဝဘ်ဆိုဒ်ကို group chat ဆီ ပေးပို့လိုက်သောအခါ၊ မုရုံက သူ့ဖုန်းပေါ် ရေ ထွေးမိလိုက်သည်။ "F*ck!"

ဝမ်ယွီပေါ် နှစ်မိနစ်ခန့် တိတ်ဆိတ်စွာ ပျောက်သွားသည်။ သူပြန်လာသောအခါ ဖန်သားပြင်ရှိ ဓာတ်ပုံ၏ စစ်မှန်ကြောင်းကို သူအတည်ပြုခဲ့သည်။ “အဲဒါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိဘူး။ ပညာရေး စီမံခန့်ခွဲမှုစနစ်က ကြေညာထားပြီးသား”

ယောင်ချန်လည်း စကားမပြောနိုင်ဖြစ်သွားသည်။

“အဲဒါ အဓိကအချက် မဟုတ်ဘူး။ ငါ မင်းကို ကောင်းတာတစ်ခုပြမယ်။ ဓါတ်ပုံပဲ ပို့ပေးလိုက်မယ်!" ယဲ့မုပိုင် ၀တ်စုံပြည့်နဲ့ ကျီလင်းချန်ကို သရုပ်ဖော်ထားသည့် ဓာတ်ပုံကို ပေးပို့ခဲ့သည်။ သူက ပန်းစည်းကို ကိုင်ထားကာ ဖန့်ရှောင်နွမ်ရဲ့လက်ကိုလည်း ကိုင်ထားသည်။

ယောင်ချန် ပြောလိုက်သည်။ "လင်းချန်က ပန်းတွေပို့တဲ့နည်းကို သင်ခဲ့တာလား။ သူနဲ့ကို မတူဘူး။ မဖြစ်နိုင်လောက်ဘူး!"

ဝမ်ယွီပေါ်လည်း ပါဝင်ဆွေးနွေးခဲ့သည်။ “သူ့ဆီ ပန်းတွေ ပို့ပေးတဲ့သူက တခြားတစ်ယောက်တော့ မဟုတ်ဘူး မဟုတ်လား။ အေးစက်နေတဲ့ သူ့မျက်နှာကို ကြည့်လိုက်။ ဘယ်သူက ပန်းတွေ ပို့ရဲမှာလဲ”

ယဲ့မုပိုင် ပြောလိုက်သည်။ “မင်းတို့အားလုံး မှားသွားပြီ။ အဲ့တာက လက်ဆောင်ပေးပေး မပေးပေး သူ နှင်းဆီပန်းတွေ ကိုင်ထားတယ်။ မယုံနိုင်စရာကောင်းတယ်လို့ မထင်ကြဘူးလား"

မုရုံ ရဲ့ အာရုံစိုက်မှုက တခြားသူတွေနဲ့ အမြဲမတူပေ။ သူ ဓာတ်ပုံကို ချဲ့ကြည့်ပြီး ပြောလိုက်သည်။ “သူ့ဘေးနားက လူက သူ့မိန်းမ ဒါမှမဟုတ် သူ့ချစ်သူလား။ သူမကို ဆုံးရှုံးရမှာ ကြောက်နေသလိုပဲ သူတကယ်ကို သူမရဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်လို့ ငါထင်တယ်။” အရင်က ဖန့်ရှောင်နွမ်နဲ့ အမှန်တကယ် တွေ့ဆုံဖူးသော်လည်း ခဏတာမျှသာ တွေ့ဆုံဖူးသည်။ ထိုအချိန်မှစ၍ အချိန်များစွာ ကုန်လွန်သွားခဲ့ပြီး သူမက ဘယ်လို ပုံသဏ္ဍာန်ရှိတယ်ဆိုတာကို မမှတ်မိနိုင်တော့ပေ။

ဝမ်ယွီပေါ် ထပ်မေးလိုက်သည်။ “မုပိုင်၊ ဒါက မင်း photoshop လုပ်ထားတဲ့ ပုံတော့ မဟုတ်ဘူးမလား။ လင်းချန်ရဲ့ စိတ်ကို ကြည့်လိုက် နှင်းဆီပန်းတွေပေါ်မှာ ပိုက်ဆံအကုန်ခံပြီး သူ့မိန်းမကို ကုမ္ပဏီမှာ ပြသဖို့ ဘာကြောင့် လုပ်ရမှာလဲ။”

အတန်ကြာ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည့် သူက ပြန်ပြောလာပြန်သည်။ “ငါ ဒီဟာကို မပို့ဘူး။ ငါ ဒါကို လက်ခံရတာ"

အမြဲတမ်း ငြိမ်သက်နေသော ယောင်ချန်လည်း ထလာသည်။ "F*ck! တစ်ယောက်ယောက်က မင်းအကောင့်ကို hack ခဲ့တာလား။ အဲ့တာ ငါမဟုတ်ဘူး"

မုရုံ သံသယစိတ်နဲ့ မေးလိုက်သည်။ "မင်း ဒါကို လက်ခံရတာလား။ သေချာလို့လား"

ဝမ်ယွီပေါ် တိုက်ရိုက်မေးလိုက်သည်။ "မင်းကို အလကားပေးဖို့အတွက် မင်း မိန်းကလေးတစ်ယောက်ကို ငှားခဲ့တာလား။"

ယီလျို့ရှီ စားသောက်ဆိုင်၌....

ကျီလင်းချန်က သူ့မိန်းမကို သူတို့ရဲ့ စားပွဲဆီ ခေါ်သွားသည်။ သူတို့ အိမ်မပြန်ပေ။ ယင်းအစား သူတို့သည် ဖယောင်းတိုင်မီးထွန်းကာ ညစာစားဖို့ ရည်ရွယ်ချက်ဖြင့် မြို့တော်ရှိ အကြီးကျယ်ဆုံး အနောက်တိုင်း စားသောက်ဆိုင်သို့ လာခဲ့ကြသည်။ သူသည် များသောအားဖြင့် အကင်စားရတာကို မကြိုက်သော်လည်း ရိုမန်တစ်ဆန်တဲ့ ချိန်းတွေ့မှု၏ အငွေ့အသက်ကို အမီလိုက်နိုင်ရန် သူ့ဇနီးကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။

Group chat ရှိ မက်ဆေ့ချ်တွေက မရပ်မနားဖြစ်နေတော့ သူ့ဖုန်းက မရပ်မနား တုန်ခါနေခဲ့သည်။ ကျီလင်းချန် အဲ့တာကို ကြည့်လိုက်ပြီး သူတို့ ဆွေးနွေးနေကြတာကို သဘောပေါက်သွားသည်။

ဒီနေ့ သူစိတ်ကောင်းဝင်နေတော့ group chat မှာ တစ်ခုခုပြောခဲ့ပြီး လူတိုင်းရဲ့မေးခွန်းတွေကို ဖြေပေးခဲ့သည်။ သူ့အဖြေက သူတို့ဆီကနေ ဒီလောက်ကြီးတဲ့ တုံ့ပြန်မှုကို တကယ်ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ သူ သူ့ဇနီးလေးကို ကြည့်လိုက်ပြီး သူ့လက်ထဲက အနီရောင်တောက်တောက် နှင်းဆီပန်းစည်းကို ကြည့်လိုက်သည်။ နှင်းဆီပန်းတွေကို ကောက်ယူဖို့ လက်လှမ်းပြီး အဲ့တာတွေကို သူ့မိန်းမရဲ့ ရင်ခွင်ထဲထည့်လိုက်သည်။

ဖန့်ရှောင်နွမ် စိတ်ရှုပ်သွားသည်။ "ယောကျ်ား၊ ဘာဖြစ်လို့လဲ။ ရှင် ဒါတွေကို မလိုချင်တော့လို့လား။"

ကျီလင်းချန်က ဒါတွေကို ဘယ်လိုလုပ် မလိုချင်ရမှာလဲ။ သူက နှင်းဆီပန်းတွေနဲ့ သူ့မိန်းမကို ပြချင်နေတာကြောင့် သူပြန်ဖြေခဲ့သည်။ “ကိုင်ထား၊ ကိုယ် မင်းကို ဓာတ်ပုံရိုက်မို့”

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး မေးလိုက်သည်။ "ရှင် ဘယ်သူ့ကို ပို့ပေးမို့လဲ"

ကျီလင်းချန် ပြန်ပြောလိုက်သည်။ "ယောင်ချန်၊ ဝမ်ယွီပေါ်၊ ယဲ့မုပိုင်နဲ့ မုရုံ ဆီ"

All Chapters