← Chapters

အခန်း (၁၅၈)

Vol. 11 Ch. 158

အခန်း (၁၅၈)

Vol. 11 Ch. 158

ဖန့်ရှောင်နွမ် ထိုလူတွေအကြောင်းကို ကြားဖူးသည်။ သူတို့က သူမယောကျ်ားရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြသည်။ သူမ တစ်ချိန်က သူတို့နှင့်တွေ့ဖူးသည်။

"ယောကျ်ား၊ ခဏလေး" ဖန့်ရှောင်နွမ် ပန်းစည်းကို စားပွဲပေါ်တင်လိုက်ပြီး သူမဘေးနားက ဝန်ထမ်းကို မေးခဲ့သည်။ “သန့်စင်ခန်းက ဘယ်နားမှာလဲရှင့်”

ဝန်ထမ်းက ဖန့်ရှောင်နွမ်ကို သန့်စင်ခန်းဆီ အမြန်ခေါ်သွားပေးခဲ့သည် ။ ဖန့်ရှောင်နွမ် လှည့်ပြီး သူမယောကျ်ားကို ပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မ ချက်ခြင်းပြန်လာမယ်။ ကျွန်မကိုစောင့်နေ " ထိုစကားကိုပြောပြီးနောက် သန့်စင်ခန်းသို့ သွားခဲ့သည်။

သူမ မိတ်ကပ်လိမ်းဖို့ စီစဉ်ထားသည်။ 'ဒါက သူမယောကျ်ားက သူ့သူငယ်ချင်း group ဆီကို ပို့မယ့် ပထမဆုံးပုံလေ။ သူမ အကောင်းဆုံး ပုံပန်းသဏ္ဍန်ရှိဖို့ သေချာနေရမယ်။ ကျီလင်းချန်ရဲ့ဇနီးက တကယ်ကိုလှတယ်ဆိုတာ သူမယောကျ်ားရဲ့သူငယ်ချင်းတွေကို ထင်မြင်စေခြင်းက အကောင်းဆုံးပဲ။ ဒါမှလည်း သူမယောကျ်ား မျက်နှာရမှာ။'

ခဏအကြာတွင် ဖန့်ရှောင်နွမ် ထမင်းစားပွဲဆီသို့ ပြန်လာခဲ့သည်။ သူမ မိတ်ကပ်လိမ်းပြီးပြီ။ အထူးသဖြင့် သူမရဲ့ ပါးစပ်သေးသေးလေးနဲ့ ပိုလို့တောင် ချစ်စရာကောင်းနေပါပြီ။ သူမ၏ အစပိုင်းတွင် ပန်းနုရောင်နှင့် နူးညံ့တဲ့ နှုတ်ခမ်းတွေက ယခုအခါ ပို၍ပင် ဖူးဖူးလေးနဲ့ တောက်ပနေသည်။

"မင်းပါးစပ်ကို ဆီသုတ်ထားတာလား။" ကျီလင်းချန် ပဟေဠိဖြစ်စွာ မေးလိုက်သည်။

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ ပခုံးကို ရိုက်ကာ နှုတ်ခမ်းစူလိုက်သည်။ "ကျွန်မ lip glaze ဆိုးထားတာပါ "

“အိုး ကိုယ်သိပြီ။ lip glazeပဲ " ကျီလင်းချန် နားလည်ပုံပေါက်ပေမယ့် သူ ပဟေဋ္ဌိဖြစ်နေတုန်းပင်။ ' lip glaze က နှုတ်ခမ်းအဆီပဲ မလား"

ဖန့်ရှောင်နွမ်သည် သူမနှင့် သူမခင်ပွန်းကြားတွင် မျိုးဆက်ကွာဟမှုရှိကြောင်း ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။ သူမ အကူအညီမဲ့စွာ ပြောလိုက်သည်။ "ယောကျ်ား၊ lip glaze က နှုတ်ခမ်းနီနဲ့ ဆင်တူတယ်၊ နှုတ်ခမ်းအဆီမဟုတ်ဘူး" ကျင်းမြို့တော်ရဲ့ စီးပွားရေးလောကတွင် အကြွင်းမဲ့အာဏာရှိသူ သူမ ယောကျ်ားက lip glaze က ဘာလဲဆိုတာ သိလိမ့်မည် မဟုတ်ဘူးဟု သူမ မမျှော်လင့်ခဲ့ပေ။ lip glazeက ဘာလဲဆိုတာ ဘာမှန်းတောင် သူ မသိပေ။ သူ တကယ်ကို မသိတာပဲ!

ကျီလင်းချန်က အမျိုးသမီး အလှကုန်တွေအကြောင်း ဘာမှ မသိပေ။ သူ ထိုအရာတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။

"မင်း မိတ်ကပ်လိမ်းထားတာလား" ကျီလင်းချန် မေးလိုက်သည်။ သူမရဲ့ အသွင်အပြင် ပြောင်းလဲသွားတာကို မြင်လိုက်ရတော့ သူမ ဘယ်ကိုသွားနေပြီလဲဆိုတာ သူနားလည်သွားသည်။ ဤအရာတွေကို သူ မသိသော်လည်း သူက မျက်ကန်းမဟုတ်ပေ။ သူ့မိန်းမက ဆံပင်တွေကို သပ်သပ်ရပ်ရပ် လုပ်ထားပြီး eyeliner ဆိုးထားတာကို တွေ့လိုက်ရသည်။ သူမရဲ့နှုတ်ခမ်းအရောင်လည်း ပြောင်းသွားသည်။

ဖန့်ရှောင်နွမ် သူ့ဘေးမှာထိုင်လိုက်ပြီး မေးခဲ့သည်။ "ယောကျ်ား၊ အခု ကျွန်မရဲ့ပုံစံက ဘယ်လိုနေလဲ"

ကျီလင်းချန်က လူတွေကို ချီးမွမ်းရာမှာ အသုံးမ၀င်ပေ။ အများအားဖြင့်၊ သူ့လက်အောက်ငယ်သားတွေအပေါ် အကြီးမားဆုံး အသိအမှတ်ပြုမှုကတော့ “မဆိုးပါဘူး”ဆိုတာပင်။

ဒါပေမယ့်လည်း ဖန့်ရှောင်နွမ် အတွက်တော့ ဒီအသံဟာ နားထောင်လို့ မကောင်းပေ။ သူမ မေးလိုက်သည်။ “ကြည့်လို့မကောင်းဘူးလား။ ဒါဆို ကျွန်မသွားပြင်လိုက်ဦးမယ်။"

“မလိုပါဘူး။ အရမ်းကြည့်လို့ကောင်းတယ်လို့ ထင်တယ်။" ကျီလင်းချန် ဇနီးဖြစ်သူ၏ လက်ကို လျင်မြန်စွာ ဆုပ်ကိုင်ပြီး ပြောခဲ့သည်။ “ခုဏက ကိုယ်မှားသွားတာ။ တကယ်လှတယ်။ ထပ်ပြောင်းလိုက်ရင် နှင်းဆီပန်းတွေနဲ့လိုက်တော့မှာ မဟုတ်ဘူး။”

ဖန့်ရှောင်နွမ် စားပွဲပေါ်ရှိ နှင်းဆီပန်းတွေကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ယောကျ်ား၊ အသက်ကြီးတဲ့ယောကျ်ားတွေက ငယ်တဲ့ယောကျ်ားတွေထက် ဇနီးတွေကို ပိုချီးကျူးတတ်တယ်လို့ ကျွန်မရုတ်တရက် ခံစားလိုက်ရတယ်။"

ကျီလင်းချန် စကားမပြောနိုင် ဖြစ်သွားသည်။ ဒါက အသက်ကြီးတယ်လို့ ဇနီးဖြစ်သူရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ နောက်တစ်နေ့ပါပဲ။

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ သူမ နှင်းဆီပန်းတွေကို ထပ်မံကောက်ယူပြီး ပိုစ့်ပေးလိုက်သည်။ သူမပြုံးပြီး သူမရဲ့ယောကျ်ား ဓာတ်ပုံရိုက်ခိုင်းလိုက်သည်။

အမျိုးသားအများစုအတွက် သင့်လျော်တဲ့ ဓါတ်ပုံရိုက်ခြင်းက လုံလောက်ပါသည်။ ကောင်းမွန်တဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို ဘယ်သူမှ မျှော်လင့်မှာ မဟုတ်ပါပေ။ တစ်ချို့ယောက်ျားတွေက ကြည်လင်ပြတ်သားတဲ့ပုံတောင် မရိုက်နိုင်ကြချေ။

ကျီလင်းချန် အဖွဲ့ဆီ ဓာတ်ပုံပေးပို့လိုက်သောအခါ ယဲ့မုပိုင် မေးလိုက်သည်။ “ဓာတ်ပုံထဲက ပုဂ္ဂိုလ်က ဘယ်လိုလဲဆိုတာ မေးလို့ရမလား CEO ကျီ၊ ကြည့်ရတာ သရဲလိုပဲ။”

ကျီလင်းချန် ပြောလိုက်သည်။ "အဲ့တာရှောင်နွမ်၊ သူ ငါ့ကိုပေးထားတဲ့ နှင်းဆီပန်းစည်းကို ကိုင်ထားတာ"

မုရုံပြောလိုက်သည်။ “CEO ကျီ ၊ ဖုန်းအသစ်ဝယ်လိုက်တော့။ quality က ကြောက်စရာကောင်းလွန်းနေပြီ။ မင်းမှာ ပိုက်ဆံမရှိဘူးဆိုရင် ငါ မင်းကို စပွန်ဆာပေးလို့ရတယ်။"

အခြားနှစ်ဦးကလည်း ယဲ့မုပိုင်နဲ့ မုရုံတို့နဲ့ သဘောတူခဲ့သည်။

မိန်းကလေးများအတွက်၊ ဓာတ်ပုံရိုက်ခြင်း၏ လိုအပ်ချက်တွေက အလွန်တင်းကျပ်သည်။ ထို့အပြင် ဓာတ်ပုံရိုက်ပြီးနောက် မိန်းကလေးက လှပအောင်လုပ်ခြင်းနှင့် အလှပြင်ခြင်းကဲ့သို့သော ခွဲစိတ်မှုများစွာကို သူမက အဲ့တာကိုမပို့ခင် လုပ်ဆောင်လိမ့်မည်။ ဖန့်ရှောင်နွမ်မှာ ချွင်းချက်မရှိပေ။ ခင်ပွန်းဖြစ်သူက ဓာတ်ပုံရိုက်ပြီးသွားပြီဆိုတော့ သူမ ကမန်းကတန်းပြောလိုက်သည်။ “ယောကျ်ား၊ ရှင့်ရဲ့ဖုန်းပေး။ ရှင် မပို့ခင် ကျွန်မ filter တစ်ခုထည့်ဦးမယ်။"

ကျီလင်းချန် ပြောလိုက်သည်။ “ကိုယ် ပို့ပြီးသွားပြီ။ တော်တော်လေးကြည့်ကောင်းတယ်။”

"တကယ်လား။ ကျွန်မကို မြန်မြန်ပြ” ဖန့်ရှောင်နွမ် စိတ်မရှည်စွာ ပြောလိုက်သည်။

ကျီလင်းချန် ဖုန်းကို လွှဲပေးလိုက်သည်။ ဖန့်ရှောင်နွမ် ဖုန်းစခရင်ကို စိတ်လှုပ်ရှားစွာ ပွတ်ဆွဲလိုက်သည်။ တော်တော်လေးကို မှုန်ဝါးဝါးဖြစ်နေတဲ့ ပုံကို သူမ မြင်လိုက်ရတာကြောင့် မေးလိုက်သည်။ "ယောကျ်ား၊ ကျွန်မဓာတ်ပုံ ကော"

ကျီလင်းချန် ပြန်ပြောလိုက်သည်။ "မင်း အခုပဲ ပွတ်ဆွဲလိုက်တဲ့ဟာလေ"

ဖန့်ရှောင်နွမ် အလွန်မှုန်ဝါးနေတဲ့ ဓာတ်ပုံကို တွေ့ပြီး မေးလိုက်သည်။ “ဒီဟာကို ပြောနေတာလား”

ကျီလင်းချန် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒီတစ်ခုလား။ ကြည့်ကောင်းတယ်ဆိုတာလေ " ဖန့်ရှောင်နွမ် မေးလိုက်သည်။ ပုံထဲကလူက သူမလို့တောင် ပြောလို့မရနိုင်ဘူး။ မှုန်ဝါးလွန်းတဲ့ဟာကို ကြည့်ကောင်းတယ်လို့ သူ ဘယ်လိုပြောနိုင်ရတာလဲ။

ကျီလင်းချန် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး အဆင်မပြေသလို ခံစားလိုက်ရသည်။ "အဟမ်း၊ ကိုယ်ကတော့ ကြည့်လို့ကောင်းတယ်လို့ထင်တယ်။"

ကျီလင်းချန်က စီးပွားရေးလောကမှာ ထူးချွန်သူဖြစ်ပြီး စီးပွားရေးလောက၏ ဘုရင်ဖြစ်သည်။ ဒါပေမယ့် သူ့ရဲ့ ဓာတ်ပုံပညာက လမ်းလျှောက်ခါစကလေးလောက်တောင်မှ မကောင်းပေ။

“စီအီးအိုကျီ၊ မစ္စစ်ကျီ၊ လူကြီးမင်းတို့နှစ်ယောက် အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ချင်ကြလား” ဘေးနားက ဝန်ထမ်းက မေးလိုက်သည်။

All Chapters