အခန်း (၁၅၉)
Vol. 11 Ch. 159
ဖန့်ရှောင်နွမ် သူမဘေးနားက ဝန်ထမ်းကို ကြည့်ပြီးမေးလိုက်သည်။ "ရှင် ဓာတ်ပုံကောင်းကောင်း ရိုက်တတ်လား။ ရှင် ဓာတ်ပုံရိုက်ပြီးလို့ ကျွန်မထပ်ပြီး သရဲပုံစံဖြစ်နေရင်။ ကျွန်မ ဒီနေ့ အလကားစားသွားပစ်မယ်!"
ဝန်ထမ်းက ပြန်ပြောခဲ့သည်။ “တကယ်မဖြစ်စေရပါဘူး၊ ဒါပေမယ့် မစ္စစ်ကို သရဲလိုဖြစ်အောင် လုပ်မိလိမ့်မယ်မထင်ဘူး။ အလကားစားချင်တယ်ဆိုရင် စားလို့ရတယ် မစ္စစ်ကျီ "
ဖန့်ရှောင်နွမ် ငြိမ်သက်နေဆဲဖြစ်တဲ့ သူမခင်ပွန်းကိုကြည့်ကာ ဒေါသတကြီးဖြင့် ဖုန်းကို ဝန်ထမ်းဆီ ပေးလိုက်သည်။ “ကျွန်မကို ပုံကောင်းကောင်းလေး ရိုက်ပေး။ ကျွန်မယောကျ်ားရဲ့ပုံစံက ဘယ်လိုပဲဖြစ်နေပါစေ ကိစ္စမရှိဘူး။ ပုံထဲမှာ သူ့ကို ပုံပျက်သွားအောင် လုပ်လိုက်လည်းရတယ်။"
ကျီလင်းချန် သူ့ဇနီးရဲ့စကားတွေထဲကနေ ဒေါသထွက်နေတာကို ကြားလိုက်ရသည်။
ဝန်ထမ်းက လိမ္မာပါးနပ်သည်။ သူတို့၏ ယခင်အပြန်အလှန်ပြောဆိုမှုများမှ CEO ကျီ သည် ဤအမျိုးသမီးငယ်အပေါ် အလွန်အမင်း သဘောကျကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် သူပြောလိုက်သည်။ "CEO ကျီ၊ ကျေးဇူးပြုပြီး မစ္စစ်ကျီနောက်မှာ ထိုင်လိုက်ပါ"
ကျီလင်းချန် မတ်တပ်ထရပ်ပြီး သူ့ဇနီးနောက်မှာ ထိုင်ခဲ့သည်။ သူ လက်လှမ်းလိုက်ပြီး သူ့မိန်းမကို ဖက်လိုက်သည်။ သူမက နှုတ်ခမ်းစူနေသည်။ နှင်းဆီအနီပန်းစည်းက ဖန့်ရှောင်နွမ်ရဲ့ ရင်ခွင်ထဲမှာရှိနေသည်။
ဓာတ်ပုံရိုက်နေစဉ်တွင် ဖန့်ရှောင်နွမ် သူမဒေါသကို ခေတ္တစွန့်လွှတ်လိုက်သည်။ ခင်ပွန်းသည်ကို မှီ၍ ပြုံးနေသည်။ သူမ ခင်ပွန်း၏ လက်ကိုပင် ဆုပ်ကိုင်ထားသည်။ သူတို့နှစ်ယောက်လုံး လက်ထပ်လက်စွပ်ကို ၀တ်ထားကြသည်။
ဓါတ်ပုံတွေရိုက်ပြီးတာနဲ့ သူက ဖန့်ရှောင်နွမ်ဆီ ဖုန်းပြန်ပေးပြီး ပြောလိုက်သည်။ “မစ္စစ်ကျီ ကျေးဇူးပြုပြီး ကြည့်လိုက်ပါဦး"
ဖန့်ရှောင်နွမ် ဓာတ်ပုံတွေကို ဂရုတစိုက် လှန်ကြည့်လိုက်သည်။ ဓာတ်ပုံတိုင်းကို ကောင်းကောင်းရိုက်ထားသည်။ သူမကျေနပ်စွာ ခေါင်းညိတ်ပြပြီး ခင်ပွန်းဖြစ်သူဆီ ဖုန်း ပေးလိုက်သည်။ "ရော့၊ နောက်တစ်ပုံရွေးပြီး group ထဲ ပို့လိုက် "
ကျီလင်းချန် ဖုန်းကိုယူလိုက်ပြီး သူ့ဇနီးရဲ့ ကြီးကြပ်မှုအောက်မှာ ဓာတ်ပုံတစ်ပုံကို ရွေးပြီး groupထဲ ပြန်ပို့လိုက်သည်။
မုရုံ ချက်ချင်းစာပြန်ခဲ့သည်။ "ဝိုး ၊ မင်း ဖုန်းကို မြန်မြန်ချိန်းလိုက်တာပဲ။ မျှော်လင့်ထားတဲ့အတိုင်းပါပဲ CEO ကျီ။ မင်း လက်ထပ်လိုက်တာလည်း မြန်တယ် ပြီးရဲ့ မင်းရဲ့ဖုန်းကို ချိန်းလိုက်တာလည်းမြန်တယ်"
ယောင်ချန် ပြောလိုက်သည်။ “အဓိကအချက်ကို သွား။ ဒါက အဖွဲ့ဓာတ်ပုံ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာတာ အနှစ်နှစ်ဆယ်ရှိပြီ။ လင်းချန်နဲ့ ဓာတ်ပုံရိုက်ဖူးတဲ့သူရှိလား"
ယဲ့မုပိုင်ပြောလိုက်သည်။ “ဒီတစ်ခါတော့ လင်းချန်ရဲ့မိန်းမ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရပြီ။ သူမက တော်တော်ကြည့်ကောင်းတာပဲ။ CEO ကျီ၊ ဒီမေလကနေ ဒီဇင်ဘာလမှာ ရိုမန့်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းက မင်းအတွက်ကောင်းနေပြီပဲ ”
သူတို့ စားစရာတွေ မှာထားပြီးသားပင်။ ဟင်းပွဲတွေကို စောင့်ရင်း ဖန့်ရှောင်နွမ် ပျင်းနေသည်။ သူမ ထိုင်ခုံကို ခင်ပွန်းဖြစ်သူ၏ နံဘေးသို့ ရွှေ့လိုက်ပြီး သူတို့ရဲ့ group chat က မက်ဆေ့ချ်တွေကို ဖတ်ခဲ့သည်။
"ဟားဟားဟား! ယောကျ်ား၊ ဒီ ယဲ့မုပိုင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်မ သူ့ကို သဘောကျတယ်” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
ကျီလင်းချန် သူ့မိန်းမကို အမြန်လှည့်ကြည့်ပြီးပြောလိုက်သည်။ “သူ့အသက် ဆယ့်ရှစ်နှစ်တုန်းက အိပ်ရာပေါ်သေးပေါက်ချတယ်။ မင်း သူ့ကို သဘောကျသေးလား"
ဖန့်ရှောင်နွမ် သူမရဲ့ စကားအတွက် အရှုံးပေါ်နေသည်။ သူမ ချက်ချင်း ခေါင်းခါလိုက်သည်။
ကျီလင်းချန် စိတ်သက်သာရာရစွာဖြင့် ပြန်လှည့်လိုက်ပြီး group chat မှ စာများကို ဆက်ဖတ်နေသည်။ ဖတ်ရင်းနဲ့ သူရုတ်တရက်ပြောခဲ့သည်။ “ကိုယ် အချိန်ရရင် မင်းကို ကျွန်းတွေဆီ ခေါ်သွားပေးမယ်။ မုရုံမှာ ကျွန်းတွေ အများကြီးရှိတယ်။ ဒီနှစ်တော့ သူတို့နဲ့တွေ့ဖို့ လိုက်ပို့ပေးမယ်"
ဖန့်ရှောင်နွမ် မေးလိုက်သည်။ "ကျွန်မကို ရှင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမို့လား"
ကျီလင်းချန် သူ့မိန်းမရဲ့ ဆံပင်တွေကို သပ်ပေးပြီး ပြောလိုက်သည်။ "ကိုယ် မင်းကို သူတို့နဲ့ မိတ်ဆက်ပေးသင့်တာကြာပြီ"
ဖန့်ရှောင်နွမ် ပြုံးပြီးပြောလိုက်သည်။ "ဒါဆို ကျွန်မတို့တွေ့ပြီးရင် ကျွန်မ သူတို့ကို ပိုက်ဆံနည်းနည်းတောင်းရမယ်။ ကျွန်မတို့ကို ပေးရတဲ့ ပိုက်ဆံတွေ အားလုံးကို ကျွန်မတောင်းရမယ်!"
ကျီလင်းချန် တုန်နေအောင်ချစ်သလို ပြောလိုက်သည်။ “ကောင်းပြီ၊ မုရုံ မှာ တာဝန်ရှိတယ်။ သူ့မှာ ပိုက်ဆံအများကြီးရှိတယ်။ မင်း သူ့ကို ပိုတောင်းလို့ရတယ်။"
ခဏအကြာတွင် ဖန့်ရှောင်နွမ် မှာထားတဲ့ စတိတ်ခ်နဲ့ ငန်းအသဲမွှေကြော်တို့ကို ချပေးခဲ့သည်။ သူမရဲ့ဖုန်းနဲ့ ဓါတ်ပုံတချို့ ရိုက်လိုက်သည်။ အစားမစားခင် ဓာတ်ပုံရိုက်ဖို့က လုပ်ရိုးလုပ်စဉ်တစ်ခုပင်။
"ယောကျ်ား မစားသေးနဲ့။ ကျွန်မ ဓာတ်ပုံမရိုက်ရသေးဘူး!” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
ကျီလင်းချန် သူ့ဓားနဲ့ ခက်ရင်းကို အမြန်ချလိုက်ပြီး သူ့ဇနီးလေး ဓာတ်ပုံရိုက်တာကို စောင့်နေသည်။ ဓါတ်ပုံတွေရိုက်ပြီးတာနဲ့ သူတို့နှစ်ယောက် တရားဝင်စစားကြတော့သည်။
"ဝိုင်နီ လိုချင်လား" ကျီလင်းချန်မေးလိုက်သည်။ သူသိထားတဲ့အတိုင်း ဝိုင်နီက အသားကင်ကို အားဖြည့်ပေးသည်။ ဒါ့အပြင် နှင်းဆီပန်းတွေနဲ့လည်း လိုက်ဖက်သည်။
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “ကျွန်မအရင်က ဝိုင်မသောက်ဖူးဘူး။ မူးသွားမှာ ကြောက်တယ်။ နောက်ပြီး ကျွန်မ သောက်လို့မရဘူး။ ကျွန်မ ခုထိ ကား ဘယ်လိုမောင်းရမယ်ဆိုတာ မသိသေးဘူး။”
ကျီလင်းချန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဒီအပတ်မှာ ကိုယ်ကားမောင်းနည်း သင်ပေးမယ်။ ကားမောင်းနည်းကို သင်ယူပြီးရင် ကားကိုသွားရွေးကြမယ်။ ဒါမှ နောက်ကျ ကျောင်းကို မင်းကိုယ်တိုင် ကားမောင်းသွားနိုင်မှာ”
ဖန့်ရှောင်နွမ် ကားမောင်းသင်တုန်းက ဖခင်ဖြစ်သူက စိတ်ဆိုးလွန်းပြီး သူမကို အော်ငေါက်ခဲ့တာကို သတိရမိသွားသည်။ သူမ ကားမောင်းရင် သူမအမေတောင်မှ ကားထဲမှာ မထိုင်ရဲပေ။ သူမ အပြစ်ရှိစွာပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ ကားမောင်းနည်း သင်တဲ့နေရာမှာ နည်းနည်းနှေးကွေးနေနိုင်တယ်။ ဖြစ်နိုင်ရင် ရှင် ကျွန်မကို မသင်ပေးသင့်ဘူး"
“မင်းက ကိုယ့်မိန်းမပဲ။ ကိုယ် မင်းကို မသင်ပေးရင် ဘယ်သူ သင်ပေးမှာလဲ" ကျီလင်းချန် လှီးဖြတ်ထားတဲ့ စတိတ်ခ်ကို ဇနီးဖြစ်သူရဲ့ ပန်းကန်ပြားထဲ ထည့်ပေးရင်း ပြောလိုက်သည်။ “ဒါကိုစား။ မင်းအတွက် ကိုယ်လှီးပေးတာ။"
နှစ်ယောက်သား စကားစမြည်ပြောခဲ့ကြသည်။ မကြာခင်၌ သူတို့ စားလို့ပြီးသွားကြသည်။ ပြတင်းပေါက် အပြင်ဘက်မှာ မှောင်နေပြီပင်။ စားသောက်ဆိုင်ထဲမှာ cellos ရဲ့အသံကိုကြားရသည်။ ဖန့်ရှောင်နွမ် သူမ၏ မေးထောက်ကာ ပြတင်းပေါက်မှ မှင်သေသေနဲ့ လှမ်းကြည့်နေခဲ့သည်။
ကျီလင်းချန်က ဇနီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အနောက်တိုင်း စားသောက်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။ နှင်းဆီပန်းတွေက သူ့လက်တစ်ဖက်မှာ ရှိနေသည်။
“အနောက်တိုင်း အစားအစာစားတာက စိတ်ဓာတ်ကျစေတယ်။ Cellos ရဲ့အသံက သားချော့တေးလိုပဲ။ နားထောင်ရတာ အိပ်ငိုက်စေတယ်။ ယောကျ်ား၊ ရှင် ကျွန်မကို နောင်ကျ အစားအသောက်လိုက်ကျွေးမယ်ဆိုရင် ရှု့ရှန် ဥယျာဥ်ကို ခေါ်သွားသင့်တယ်။ အဲဒီ့ပတ်ဝန်းကျင်ကို ကျွန်မ သဘောကျတုန်းပဲ” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
ကျီလင်းချန်က ခေါင်းညိတ်သဘောတူခဲ့သည်။