← Chapters

အခန်း (၁၆၁)

Vol. 11 Ch. 161

အခန်း (၁၆၁)

Vol. 11 Ch. 161

ဖန့်ရှောင်နွမ် သူမယောကျ်ားကို မျက်စိမှိတ်ပြလိုက်သည်။ သူမ ပြောချင်တာက "ကလေးမွေးပေးရမှာလား။ ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်သေးဘူးလေ။ နမ်းရုံနဲ့ ကလေးမွေးလို့ရနိုင်ပါ့မလား”

ကျီလင်းချန် မျက်ခုံးပင့်လိုက်သည်။ သူဆိုလိုတာက "ကိုယ်တို့ အဲဒါကို စမ်းကြည့်သင့်လား"

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ တုံ့ပြန်မှုကို မြင်ပြီး အလွန်ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့သည်။ "ယောကျ်ား၊ ရှင် မတက်ချင်ဘူးဆိုရင် ကျွန်မသွားတော့မယ်။"

သူမကို ကလေးမွေးဖို့ တိုက်တွန်းနေကြတဲ့လူတိုင်းရဲ့စကားကို သူမနားမထောင်ချင်တော့တာကြောင့် အပေါ်ထပ်ကို ပြေးတက်သွားခဲ့သည်။

ဖန်ချီ ပြုံးလိုက်သည်။ "ရှောင်နွမ်က အရမ်းငယ်သေးတယ်။ ဒီလိုအကြောင်းအရာတွေ ကြုံလာတဲ့အခါ သူမ ရှက်တတ်တယ်”

ထို့နောက် မိသားစုက ၎င်းတို့၏ အတွေးအမြင်အားလုံးကို ကျီလင်းချန်အား ပြောပြခဲ့သည်။

"လင်းချန်၊ မင်းအခန်းထဲ ပြန်သွားတဲ့အခါ ကလေး စောစောမွေးတာက အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာကို ရှောင်နွမ်ကို ပြောပြလိုက်"

"လင်းချန်၊ မင်း အသက်မငယ်တော့ဘူး။ မင်းအစ်ကို မင်းအရွယ်မှာတုန်းကဆိုရင် အဖေတစ်ယောက်ဖြစ်နေပြီ။"

"ညီလေး၊ ရှောင်နွမ်ကို ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံပေး။ ပြီးရင် ကလေးမွေးဖို့ သူမကို ချော့ပြော"

ကျီဝမ် တစ်ဦးတည်းသာ သဘောထားကွဲလွဲနေခဲ့ပြီး သူ ကျီလင်းချန်ကိုပြောလိုက်သည်။ "ဦးလေး၊ ကျွန်တော် အခုလေးတင် ဖန့်ရှောင်နွမ်ကို တမင်စိတ်ကိုဆွပေးလိုက်တာ။ တကယ်တော့ သူမ အခု ကလေးယူဖို့ မသင့်တော်ဘူးလို့ ထင်မိတယ်။ ဟုတ်တယ်၊ ဦးလေးရဲ့တူအနေနဲ့ ဦးလေး ဖခင်တစ်ယောက် အမြန်ဆုံးဖြစ်နိုင်ဖို့ကိုလည်း ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ သူမ အသက် ၂၀ ပဲ ရှိသေးတယ်။ ဒီအရွယ်မှာ တခြားသူတွေဆို မိဘတွေရဲ့အမြင်မှာ သားသမီးတွေကို တန်ဖိုးထားတုန်းပဲရှိသေးတယ်။ အကယ်၍ အခု သူမ မိခင်တစ်ယောက်ဖြစ်လာရင် ကျောင်းမှာ လူတွေက သူမကို အတင်းအဖျင်းတွေ ပြောနေကြလိမ့်မယ်။ သူမရဲ့အိမ်ထောင်ရေးအကြောင်း အခုဆို အတင်းပြောနေကြပြီးပြီ။ သူမ ကိုယ်ဝန်ရလာမယ်ဆိုရင် ဒီဆွေးနွေးမှုတွေက ပိုကျယ်ပြန့်လာလိမ့်မယ်။”

ကျီဝမ်နဲ့ ဖန့်ရှောင်နွမ်တို့က တစ်ယောက်နဲ့တစ်ယောက်သိလာကြတာ ဆယ်နှစ်ကျော်လောက်ရှိနေပြီပင်။ သူမအတွက် သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ဒါက သူ့အကြံဉာဏ်ပင်။

ဒါကိုကြားတော့ အားလုံး ငြိမ်ကျသွားသည်။

ဖန်ချီက အကယ်၍ သူမရဲ့သမီးက အသက် ၂၀ သာရှိပြီး ယောက္ခမက သူမကို ကလေးမွေးဖို့ နှောင့်ယှက်နေတယ်ဆိုရင် သူမ အဲ့တာကို လက်ခံနိုင်စရာ အကြောင်း ရှိမှာမဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်သွားသည်။

သခင်ကြီး ကျီလည်း သူ့အသိစိတ်ဝင်လာသည်။ ကျိ မိသားစုမှာ အဖွဲ့ဝင်အသစ်ထပ်ထည့်ဖို့ စဉ်းစားနေခဲ့ပြီး သူ့ချွေးမက ကျောင်းသူတစ်ယောက်ဖြစ်နေဆဲဆိုတဲ့အကြောင်းကို သူ မေ့သွားခဲ့သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ကျွန်တော်တို့နှစ်ယောက် ဒီကိစ္စကို ဆွေးနွေးလိုက်မယ်။ ရှောင်နွမ် ဘွဲ့ရပြီးတော့ သူ့လွတ်လပ်ခွင့်ကို ခဏလောက်စောင့်ပေးတာ ပိုကောင်းပါတယ်။ ပြီးမှ ကလေးယူဖို့ စဉ်းစားလိုက်မယ်။”

ထိုသို့ပြောပြီးနောက် မတ်တပ်ထရပ်ကာ သူ့ရဲ့နှင်းဆီပန်းတွေကို ကောက်ယူလိုက်သည်။ "ကျွန်တော် အပေါ်ထပ်ကို အရင်တက်နှင့်လိုက်မယ်။ အားလုံးပဲ စောစောအိပ်ကြပါ"

ဧည့်ခန်းထဲတွင် ဆွေးနွေးမှု ပြီးဆုံးသွားကြောင်းကို ခိုးနားထောင်နေတဲ့ ဖန့်ရှောင်နွမ် ကြားသိလိုက်ရပြီး သူမ၏ အိပ်ခန်းသို့ အမြန်ပြန်သွားခဲ့သည်။

ကျီလင်းချန်က သူ့အခန်းသို့ ပြန်လာပြီး သူ့ဇနီးလေး ဆိုဖာပေါ်မှာ ထိုင်ကာ စာအုပ်ကို ဇောက်ထိုးဖတ်နေသည်ကို တွေ့လိုက်ရသည်။ သူ ပြောလိုက်သည်။ "ရှောင်နွမ်၊ စာအုပ်က ဇောက်ထိုးဖြစ်နေတယ်"

ဖန့်ရှောင်နွမ် အနီးကပ်ကြည့်လိုက်သည်။ အိုး.. တကယ်ကို ဇောက်ထိုးဖြစ်နေတာပဲ။ သူမ ချက်ချင်းပင် စာအုပ်ကိုလှန်လိုက်ပြီး ဆက်ဖတ်ချင်ယောင်ဆောင်လိုက်သည်။ တကယ်တော့ သူမ စကားလုံးတစ်လုံးလေးတောင် မဖတ်ခဲ့ပါဘူး။

ကျီလင်းချန် ဘာမှမပြောခဲ့ပေ။ အဲဒီအစား နှင်းဆီပန်းစည်းကို ကိုင်ပြီး အခန်းထဲကို ခြေလှမ်းကျဲကျဲထြင့်သွားခဲ့သည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးမှာ သူ နှင်းဆီပန်းအတွက် သင့်တော်တဲ့ပုံးတစ်ပုံးကို တွေ့ရှိခဲ့သည်။

သူမရဲ့ယောကျ်ား ပုလင်းတစ်လုံးကို ရှာနေတာကိုတွေ့တော့ ဖန့်ရှောင်နွမ် ကူညီဖို့ ပြေးသွားလိုက်သည်။ သူမက မိန်းကလေးဖြစ်တာကြောင့် သူမယောကျ်ားထက် ပန်းအလှဆင်ရာမှာ ပိုကောင်းသည်။

ကျီလင်းချန်က သူ့ဇနီး ပန်းတွေယူလိုက်တာကို မြင်တော့ ဘေးနားမှာ ရပ်ကြည့်နေလိုက်သည်။ သူမက ပန်းပွင့်တွေကို ဟိုလိုလုပ်သည်လိုလုပ်နဲ့ အရွက်တွေကို ညှပ်နေသည်။

"အခု ဧည့်ခန်းထဲမှာ ကိုယ်တို့ပြောတာတွေကို မင်းကြားလား" ကျီလင်းချန်မေးလိုက်သည်။

ဖန့်ရှောင်နွမ် နှုတ်ခမ်း စူပြီး ခေါင်းညိတ်လိုက်သည်။ "ယောကျ်ား၊ ကျွန်မတို့တကယ် ကလေးယူတော့မှာလား" သူတို့ ကလေးလိုချင်ရင် သူတို့ရဲ့ အိမ်ထောင်သည်ဘဝက ပြောင်းလဲသွားလိမ့်မယ်။

ဒါပေမယ့်လည်း ကျီဝမ်က သူမနဲ့ အမြဲစကားများရန်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ သူက သူမအတွက်ရပ်တည်ပေးနေတာကြောင့် သူမ အံ့အားသင့်ခဲ့ရသည်။ သူမ အနည်းငယ် အံ့သြသွားပြီး ထိမိသွားသည်။

ကျီလင်းချန်က သူ့မိန်းမရဲ့ ဆံပင်တွေကို ပွတ်သပ်ပြီး ပြောလိုက်သည်။ “မင်း ကလေးယူချင်ချင် မယူချင်ချင် မင်းအပေါ်မှာပဲ မူတည်တယ်။ ရှောင်ဝမ်ပြောတာ မှန်တယ်။ မင်း ကျောင်းတက်နေတုန်း အိမ်ထောင်ပြုလိုက်တာက မင်းကို မုန်တိုင်းထဲပို့လိုက်တာပဲ။ မင်းမှာ အခု ကလေးရှိလာမယ်ဆိုရင် မင်းနဲ့ပတ်သက်တဲ့ အတင်းအဖျင်းတွေ ပိုများလာလိမ့်မယ်။"

ဖန့်ရှောင်နွမ် ပန်းတွေကိုစီစဉ်ပြီးနောက် သူမလက်နှစ်ဖက်ကိုဖွင့်ကာ ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

ကျီလင်းချန် သူ့ဇနီးရဲ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။ သူမက တွယ်ကပ်နေတဲ့ ကြောင်တစ်ကောင်ဖြစ်ပြီး သူမကို ပွေ့ဖက်ကာ သူမကိုနမ်းချင်လာစေသည်။

နောက်ဆုံး ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲမှာ ဖန့်ရှောင်နွမ်က စိတ်အေးလက်အေးဖြင့် ပြောလိုက်သည်။ “တကယ်တော့ ကျွန်မ ကလေးမယူချင်တာ မဟုတ်ပါဘူး” ဆွေးနွေးမှုတွေကို သူမ မကြောက်ဘူး။ ခင်ပွန်းဖြစ်သူနဲ့ ဆက်ဆံရေး မတည်မငြိမ်ဖြစ်မှာကို သူမ ကြောက်တာ။ ယခု အိမ်ထောင်ရေး ပြဿနာတွေ ကြုံလာပါက ကိုင်တွယ်ရန် အလွန်ခက်ခဲမည် မဟုတ်ပေ။ ဒါပေမယ့် သားသမီးရသောအခါတွင် လင်နှင့်မယားကြားမှာ တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် သားသမီးတွေလည်း ဒုက္ခရောက်ကြရပေလိမ့်မည်။

ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ဘဝက အရမ်းသာယာပေမယ့် နောက်ဆုံးမှာတော့ သူတို့ရဲ့အိမ်ထောင်ရေးက အစပဲရှိပါသေးသည်။ ရက်တစ်ရာတောင် မရှိခဲ့ဘူး။ ဒီလိုအချိန်တိုလေးအတွင်းမှာ သူမရှေ့ကလူကို အပြည့်အဝနားမလည်သေးပေ။

သူ့မှာ ရည်းစားဟောင်းတွေ ဘယ်လောက်ရှိလဲ။ သူ့ကိုယ်ပိုင်ဘဝက ဖရိုဖရဲဖြစ်နေလား။ သူ့မှာ ကျန်းမာရေး ပြဿနာရှိလား။ သူမ သင်ယူဖို့ လိုအပ်တဲ့ အရာတွေများစွာ ရှိနေသေးသည်။

သူမသည် အနာဂတ်ကလေး၏ ဖခင်ကို အနည်းဆုံးနားလည်ရန် လိုအပ်ပြီး ခဏတာတစ်ဖက်သတ်ကြိုက်တာကြောင့် ကလေးယူဖို့ အလျင်စလို မလုပ်သင့်ဘူး။ သူမက ငယ်ပေမယ့်လည်း ယခုနောင်တမရခဲ့သောအချက်က ခင်ပွန်းဖြစ်သူနှင့် အနာဂတ်ကို လိုချင်ကြောင်း ဖော်ပြနေသည်။

သူမရဲ့ စကားတွေက ကျီလင်းချန် ရဲ့ စိတ်ဝင်စားမှုကို ခံရပြီး သူ မေးလိုက်သည်။ "မင်းရဲ့ အခြေအနေက ဘယ်လိုလဲ"

All Chapters