← Chapters

အခန်း (၁၆၂)

Vol. 11 Ch. 162

အခန်း (၁၆၂)

Vol. 11 Ch. 162

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူရဲ့အင်္ကျီထောင့်ကို ဆွဲကိုင်လိုက်ပြီး သူမ၏ လက်သေးသေးလေးကြားတွင် ပွတ်သပ်လိုက်သည်။ ထို့နောက် သူမ ပြောလိုက်သည်။ "ယောကျ်ား၊ကျွန်မကို ချစ်ပေးပါ"

ကျီလင်းချန် ပြောစရာစကားမဲ့သွားခဲ့သည်။

ဖန့်ရှောင်နွမ် ပြုံးပြီး စိတ်လှုပ်ရှားနေတဲ့ မျက်လုံးတွေကို မှိတ်လိုက်သည်။ သူမ စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။ “ယောက်ျား၊ ကျွန်မ တစ်ခါမှ မချစ်ဖူးဘူး။ ကျွန်မ ရှင့်ကို ချက်ချင်းကြီး လက်ထပ်လိုက်ရတာ။ ကျွန်မ ရှင့်ကို တရားဝင်ချစ်ကြည့်ချင်တယ် ဒါဆိုရင် ရှင့်အတွက် ကျားကလေးမွေးပေးမယ် ဟုတ်ပြီလား"

ကျီလင်းချန် မေးလိုက်သည်။ “ကိုယ်တို့က လက်ထပ်ပြီးပြီလေ။ ဒါပေမယ့် မင်း ကိုယ်နဲ့ ဒိတ်လုပ်ချင်တာလား"

“ဟုတ်တယ်၊ ဟုတ်တယ်။ ယောကျ်ား၊ ဒါက အရမ်း ရိုမန့်တစ်ဆန်တယ်လို့ မထင်ဘူးလား။" ဖန့်ရှောင်နွမ် အပြုံးချိုချိုနဲ့ ပြန်ပြောခဲ့သည်။ "တခြားသူတွေ အားလုံးက လက်မထပ်ခင် ချစ်သွားကြတာလေ။ သူတို့ အချိန်အကြာကြီး ဒိတ်လုပ်ခဲ့ကြတယ် ပြီးတော့ လက်မထပ်ကြဘူး ”

“ကျွန်မတို့ကတော့ မတူဘူး။ ကျွန်မတို့က အိမ်ထောင်ပြုပြီးသွားကြပြီ။ အဲ့တာက ဘေးကင်းရေး ပိုက်ကွန်ရှိတာနဲ့ အတူတူပဲ။ ရည်းစားဆက်ဆံရေးက ဘယ်လိုပဲ ဆုံးသွားပါစေ ကျွန်မတို့က အတူရှိနေကြပြီးသား။ ကျွန်မတို့ရဲ့ရည်းစားဆက်ဆံရေး ပျက်ကွက်မှုအတွက် လုံးဝစိတ်ပူစရာမလိုဘူး။”

“ဒါ့အပြင် ရည်းစားဆက်ဆံရေးက ကျွန်မတို့ရဲ့ဘဝတွေကို မထိခိုက်စေဘူး။ ပိုပြီး အဆင်ပြေပြေ ပေါင်းသင်းနိုင်မှာ ”

ကျီလင်းချန်က သူ့မိန်းမရဲ့ တွေးခေါ်ပုံက သာမန်လူတွေနဲ့ တကယ်ကို ကွဲပြားတယ်လို့ ခံစားမိသည်။

ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ “ရည်းစားဆက်ဆံရေးက ရှင် ကျွန်မကို ပိုပြီးနားလည်လာအောင် ကူညီပေးလိမ့်မယ်။ ကျွန်မက ရှင့်ရဲ့ ဇနီးဖြစ်ဖို့ မသင့်တော်ဘူးလို့ ရှင်ထင်ရင် ရှင့်ရဲ့ အတွေးတွေကို ထုတ်ပြောနိုင်တယ်"

"ဒါပေမယ့် အခု ကျွန်မတို့မှာ ကလေးတစ်ယောက်ရှိပြီး ကျွန်မတို့ကြားမှာ တစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မက ရှင့်ရဲ့ကလေးအမေဖြစ်လာလိမ့်မယ်။ အဲဒါက ထာဝရမပြောင်းလဲနိုင်တဲ့ အမှန်တရားပဲ။”

"ရှောင်နွမ်၊ မင်း ဒိတ်လုပ်တာကနေ ကိုယ့်ကို ပိုပြီးနားလည်ချင်နေတာ ဟုတ်တယ်မလား။ ကိုယ်က မင်းရဲ့ စံပြယောကျ်ားဟုတ်မဟုတ် မင်းကြည့်ချင်တယ်၊ ပြီးတော့ ကိုယ်နဲ့ ကလေးယူမလား၊ မမွေးဘူးလားဆိုတာ မင်း ဆုံးဖြတ်လိမ့်မယ်။" ကျီလင်းချန်က ဇနီးဖြစ်သူ၏ အမြင်ကို အညှာအတာမဲ့စွာ ဖွင့်ဟခဲ့သည်။

ဖန့်ရှောင်နွမ် အပြစ်ရှိစွာ ပြုံးပြီး ပြောလိုက်သည်။ “အင်း၊ နားလည်မှုဆိုတာ အပြန်အလှန်ပဲ။ ကျွန်မ ရှင့်ကိုစမ်းသပ်ရင် ရှင်လည်း ကျွန်မကို စမ်းသပ်လိုက်!"

"ရှင်လုပ်ပေးလို့ရမလား။ ယောကျ်ား၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ဆန္ဒသေးသေးလေးတစ်ခုကို ဖြည့်ဆည်းပေးပါနော်!"

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ်တို့ဒိတ်ပြီး စကားပြောကြမှာလား"

ဖန့်ရှောင်နွမ် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “ကျွန်မ အရင်က ရည်းစား တစ်ခါမှ မထားဖူးဘူး။ ရည်းစားနဲ့ ရုပ်ရှင်သွားကြည့်ချင်တယ်။ ရည်းစားနဲ့ နို့လက်ဖက်ရည် တစ်ခွက်သောက်ပြီး ရှက်ရွံ့စွာ နမ်းချင်သေးတယ်။ ချိန်းတွေ့ချင်တယ်၊ ဘုရားပွဲတွေသွားလည်ချင်တယ်၊ စုံတွဲတွေ အတူတူလုပ်တဲ့အရာအားလုံးကို လုပ်ကြည့်ချင်တယ်"

ကျီလင်းချန် ခဏစဉ်းစားပြီး တောက်ပနေတဲ့ သူ့ဇနီးရဲ့မျက်လုံးတွေကို ကြည့်လိုက်သည်။ သူ သူမကို ငြင်းပယ်ဖို့ ဘာမှ မပြောနိုင်တော့ပေ။

ဖန့်ရှောင်နွမ်က သူမ၏ နောက်ဆုံး ဝှက်ဖဲကို ထုတ်ဖော်ခဲ့သည်။ "ကျွန်မတို့ ချစ်သူကောင်လေးနဲ့ ချစ်သူကောင်မလေးဖြစ်သွားရင် နောင်မှာ မကြာခဏ နမ်းပြီး ပွေ့ဖက်လို့ရလိမ့်မယ်။"

ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။ သူ့မှာ ဘာပြဿနာမှ မရှိဘူး!

ဒါက သူ့ဇနီးငယ်ရဲ့လှည့်ကွက်မှန်းသိပေမဲ့ ကျီလင်းချန် က သူမကို ဟာသလုပ်ပြဖို့ ဆန္ဒရှိခဲ့သည်။ သူ ပြောလိုက်သည်။ "ချက်ချင်းစလိုက်ကြရအောင်"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “အိုခေ အွန့်…”

ချက်ချင်းပဲ ကျီလင်းချန်က ချစ်သူတစ်ယောက်အနေနဲ့ သူ့ရဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်တော့သည်။ သူ ဖန့်ရှောင်နွမ်ကို တိုက်ရိုက်မချီလိုက်ပြီး နံရံနဲ့ ဖိကပ်လိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့ ခန္ဓာကိုယ်က လေထုထဲမှာ ရပ်တန့်သွားပြီး သူမကို အဲ့လိုနဲ့ နမ်းခဲ့သည်။

"ယောကျ်ား၊ ချိန်းတွေ့တာနဲ့ ဘယ်သူက နမ်းကြလို့လဲ" ဖန့်ရှောင်နွမ် ချွဲကာပြောလိုက်သည်။

ကျီလင်းချန်ရဲ့ မျက်လုံးတွေက တပ်မက်မှုများ ပြည့်နှက်နေပြီပင်။ သူ သူ့စိတ်ဆန္ဒကို မျိုသိပ်လိုက်ပြီး သူ့လည်ဇလုတ်က လှုပ်ရှားသွားသည်။ "ရှောင်နွမ်၊ ကိုယ် သိပ်ပြီး စိတ်မရှည်တော့ဘူး။ အကြာကြီး မကစားရအောင်။"

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူရဲ့ မျက်လုံးထဲက ဆန္ဒကို ခံစားသိရှိပြီး ဖြစ်သည်။ သူမ အလွန်ထိတ်လန့်သွားပြီး အမြန် ခေါင်းညိတ်လိုက်သည်။

ညဘက်မှာ အချင်းချင်း ပွေ့ဖက်ကာ အိပ်ပျော်သွားကြသည်။ တစ်ခုခုပြောင်းလဲသွားသလိုပေမယ့် ဘာမှ မပြောင်းလဲသွားသလိုပင်။

ကျီလင်းချန် ဇနီးဖြစ်သူ၏ ကျောကို ပြင်းပြင်းထန်ထန် မထိရဲပေ။ သူမရဲ့နောက်ကျောက ဒဏ်ရာတွေအတွက် သူ အမြဲစိုးရိမ်နေရသည်။ ဒဏ်ရာတွေကို ဆေးလိမ်းပေးတိုင်း သူ့မိန်းမကို နာကျင်အောင် လုပ်တဲ့သူကို သူပိုမုန်းသည်။

"မင်း ဒီနေ့ကျောင်းတက်တုန်း ရန်ဖြစ်ကြသေးလား" လို့ ကျီလင်းချန်မေးလိုက်သည်။

“ဟင့်အင်း ယောကျ်ား။ ကျွန်မ ရန်မဖြစ်တော့ဘူး” လို့ ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။

"ဘာလို့လဲ" ကျီလင်းချန် မေးလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “လူတွေက ဖိုရမ်မှာ ကျွန်မအကြောင်း ထပ် မပြောကြတော့ဘူး။ ရှင်က ကျွန်ယောကျ်ားဆိုတာကို သူတို့သိသွားကြပြီလေ။ သူတို့ အရမ်းကြောက်လို့ ကျွန်မကို ရှောင်နေကြတာ။ သူတို့ ကျွန်မကို စကားတောင် မပြောကြဘူး။ ကျွန်မကဘယ်လိုလုပ် ရန်ဖြစ်ရမှာလဲ"

“ကြောက်သွားရလောက်အောင် သူတို့က ဉာဏ်ကောင်းတာလား။ ဒါဆို သူတို့ကို ပြန်လုပ်ဖို့ မင်းအတွက် လွယ်ကူသွားပြီ။ ဒီလိုနဲ့ မင်းသူတို့ကို ပြန်လုပ်တဲ့အခါကျရင်သူတို့ ရဲကိုတောင် ဖုန်းဆက်ရဲမှာမဟုတ်ဘူး” ကျီလင်းချန် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် သူမယောကျ်ားကို မော့ကြည့်ပြီး နှုတ်ခမ်းစူလိုက်သည်။ "ဒါတွေအားလုံးက ရှင့်ရဲ့အပြစ်တွေလေ ယောကျ်ား"

ကျီလင်းချန် ပြောလိုက်သည်။ "ဟင်" ငါ့ရဲ့အပြစ်လား?

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါအားလုံးရှင့်ရဲ့အပြစ်။ ရှင် ကျင်းတက္ကသိုလ်ကို ကျွန်မနာမည်အောက်မှာ ထားလိုက်တော့ ကျွန်မ ရုတ်တရက်ကြီး ကျောင်းအုပ်ဖြစ်လာတယ်။ ကျောင်းအုပ်က ကျောင်းသားကို ရိုက်တာတွေ့ဖူးလို့လား။”

“သတင်းထောက်တွေ သိသွားရင်တော့ သူတို့ရဲ့ အစီရင်ခံစာမှာ ကျွန်မကို ဝေဖန်ကြလိမ့်မယ်။ ပြီးရင် ကျွန်မယောကျ်ားက စီးပွားရေးလောကရဲ့ ကျော်ကြားတဲ့ဘုရင် ကျီလင်းချန် ဆိုတာကို သူတို့ သိလာလိမ့်မယ်။ သတင်းထောက်တွေက ကျွန်မကို 'ကျွန်မယောကျ်ားကို ဒီလိုပြုမူတယ်' လို့ ပြောပြီး 'ရှင်က မိန်းမကို အရမ်းအလိုလ်ုက်ထားတယ်' လို့ ပြောကြလိမ့်မယ်"

ကျီလင်းချန်က ဇနီးလေးရဲ့ ထူးဆန်းတဲ့ အမြင်တွေကို နားထောင်ရတာ နှစ်သက်သည်။ သူ အသံတိုးတိုးလေးနဲ့ပြောလိုက်သည်။ “မဟုတ်ဘူး၊ မင်းကိုထောက်ခံတဲ့လူက ကိုယ်ပဲဆိုတာ သူတို့သိသွားရင် မင်းကို ဆဲကြတဲ့လူတွေက မင်းကိုချက်ချင်း ချီးမွမ်းလာကြလိမ့်မယ်”

"ဘာလို့လဲ" ဖန့်ရှောင်နွမ် အံ့အားသင့်စွာ မေးလိုက်သည်။

All Chapters