← Chapters

အခန်း (၁၆၃)

Vol. 11 Ch. 163

အခန်း (၁၆၃)

Vol. 11 Ch. 163

ကျီလင်းချန် အလေးအနက် ပြောလိုက်သည်။ “မင်းက ကိုယ့်မိန်းမ။ သူတို့တွေ မကောင်းတာပြောရဲရင် မထိမရှနဲ့ လွတ်ကြမှာလား”

ဖန့်ရှောင်နွမ် ကြက်သေသေသွားသည်။ သူမယောကျ်ားက အရမ်းရက်စက်တာလား။ ဒါက တကယ်ကို ကြီးစိုးလွန်းသွားပြီ။

“ယောကျ်ား၊ ရှင် ဒီလိုဖြစ်တာ မကောင်းဘူး။ရှင်က လူကောင်းဖြစ်သင့်တယ်။ ရှင့်မှာ ပိုက်ဆံနဲ့ အာဏာရှိလို့ တခြားသူတွေကို ခေါင်းငုံ့ခိုင်းလို့ မရဘူး"

“ဒီလိုမှမဟုတ်ရင် တစ်နေ့နေ့မှာ ရှင် ငမွဲဖြစ်သွားမယ်ဆိုရင် အဲဒီလူတွေက ရှင့်ရဲ့ရန်သူဖြစ်လာမှာ မဟုတ်ဘူးလား။ ရှင် ငမွဲဖြစ်လာတဲ့အခါ သူတို့က ရှင့်ကိုကန်ထုတ်ဖို့လာကြရင် ဘယ်လိုလုပ်မလဲ"

“အဝေးကြီး မသွားနဲ့။ အဲ့တာက အနာဂတ်မှာ သူတို့ကိုရင်ဆိုင်ဖို့ ပိုလွယ်လိမ့်မယ်”

ဒါက သူတို့ကြင်စဦးခါစတုန်းက သူမရဲ့ယောက်မနဲ့ ယောက္ခထီးတို့နဲ့ ရန်ဖြစ်ရာမှ ဖန့်ရှောင်နွမ် သင်ယူခဲ့တာဖြစ်သည်။

ကျီလင်းချန် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ "ကိုယ့်ကို ဘယ်သူမှနင်းချလို့မရနိုင်လို့ ဒီလိုဖြစ်လာမှာမဟုတ်ဘူး။"

သူ သူ့ရဲ့ သေးငယ်တဲ့ ဇနီးဖြစ်သူကို ကြည့်လိုက်သည်။ သူက ကျင်းမြို့တော်၏ စီးပွားရေးလောကရဲ့ ဘုရင်ဖြစ်သည်ကို သူမ ကြားသိခဲ့ရသော်လည်း သူ၏ စီးပွားရေးအင်ပါယာကို အမှန်တကယ်နားမလည်ခဲ့ပေ။

"ရှောင်နွမ်၊ ကိုယ်အနာဂတ်မှာ မင်းနဲ့အတူ နေ့တိုင်း အိမ်မှာနေရင်တောင် ကျီ ကော်ပိုရေးရှင်းက ကျင်း မြို့တော် ရဲ့ စီးပွားရေးလောကထဲမှာ အမြဲတမ်း ဒဏ္ဍာရီဖြစ်လာမှာ " ကျီလင်းချန် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် မျက်တောင်ခတ်ပြီး သူ့ခင်ပွန်းက သူ့ကိုယ်သူ အလွန်အမင်း မြှောက်ပြောနေသည့်အတွက် သူ့ကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် မလိမ်ဘူး" သူ့မှာ သူမရဲ့စိတ်ကိုဖတ်နိုင်စွမ်းရှိပုံရပြီး သူမ၏ အပြောအဆိုများမှ သူမ၏ အတွေးများကို ခန့်မှန်းနိုင်သည်။

ဖန့်ရှောင်နွမ် လျှာထုတ်လိုက်သည်။ “အဲဒါလည်း ဖြစ်နိုင်တယ်။ အသုံးအဖြုန်းကြီးတဲ့သားကို မွေးပြီးတော့ အနာဂတ်မှာ သူ ကုမ္ပဏီကို ဒေဝါလီခံရအောင် လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။”

ကျီလင်းချန် ပြောလိုက်သည်။ "စိတ်မပူပါနဲ့ အဲဒါကဖြစ်လာမှာမဟုတ်ဘူး"

"ဘာဖြစ်လို့လဲ ယောကျ်ား" ဖန့်ရှောင်နွမ်က အတန်းထဲတွင် ထိုပါမောက္ခဟောင်း ကျီလင်းချန် အကြောင်းကို ပြောသောအခါ နှစ်နာရီကြာအောင် ရွှင်မြူးနေခဲ့ကြောင်းကို သတိရမိသွားသည်။ ဒါပေမယ့် သူမ ဂရုတစိုက်နားမထောင်ဘဲ ငြီးငွေ့ခြင်းကိုသာ ခံစားခဲ့ရသည်။

သူမ ကျီလင်းချန်နဲ့ လက်ထပ်ပြီးနောက် သူမ၏ မိဘတွေက ကျီလင်းချန်က သူတို့ရဲ့သားမက်ဖြစ်ကြောင်း ကြေညာလိုက်တိုင်း သူမမိဘတွေက အလွန်သဘောကျနေကြသည်။

"ယောကျ်ား၊ ရှင်က သေနိုင်တဲ့ကမ္ဘာကို ဆင်းသက်လာတဲ့ နတ်ဘုရားများဖြစ်နိုင်မလား" ဖန့်ရှောင်နွမ် မေးလိုက်သည်။

ကျီလင်းချန်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားသည်။ "ဘာလို့အဲ့လိုပြောတာလဲ။"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင့်ကို လူသားလို့ မထင်လို့ "

ကျီလင်းချန် စကားတစ်ခွန်းကြောင့် ဆုံးရှုံးသွားခဲ့သည်။ သူ့မိန်းမက သူ့ကို ဆဲဆိုကြိမ်းမောင်းနေတယ်လို့ ဘာကြောင့်ခံစားနေမိတာလဲ။

အချိန်ကနောက်ကျနေပြီ။ ကျီလင်းချန် သူ့စာအုပ်ကို ကောက်ယူပြီး ခဏလောက် ဖတ်ချင်နေခဲ့သည်။ သူစာအုပ်ကို ဖွင့်လိုက်တော့ သူ့မိန်းမက လုယူသွားပြီး ခေါင်းအုံးအောက်မှာ ထည့်လိုက်သည်။

ဖန့်ရှောင်နွမ်က ကြီးစိုးတဲ့ အသံလေးဖြင့် အမိန့်ပေးခဲ့သည်။ "ယောကျ်ား အိပ်ဖို့လုပ်တော့"

ကျီလင်းချန် သူတကယ်မအိပ်မီ တစ်စက္ကန့်မျှ အံ့အားသင့်သွားသည်။ သူ့ကြောင်ပေါက်လေးကို ခေါင်းအုံးပေးဖို့အတွက် လက်နှစ်ဖက်ကိုတောင် ဆန့်ထားလိုက်သည်။

ကြောင်ပေါက်လေးက ခင်ပွန်းသည်ရဲ့ လက်မောင်းကို ကျွမ်းကျင်စွာ ခေါင်းအုံးပြီး ပြောခဲ့သည်။ “ယောကျ်ား၊ ရှင့်လက်မောင်းက တကယ်ကောင်းတဲ့ ခေါင်းအုံးပဲ။ ကျွန်မလည်ပင်း အဆစ်အမြစ်ရောင်တာ သက်သာသွားပြီ။”

ကျီလင်းချန် ပြောလိုက်သည်။ “မင်း ကိုယ့် လက်မောင်းပေါ်မှာ အိပ်ချင်တယ်ဆိုရင် တစ်ချိန်လုံး အိပ်ပါ။ ဆင်ခြေပေးစရာ မလိုပါဘူး။”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကောင်းပြီ ယောကျ်ား။မနက်ဖြန်ညနဲ့ နောက်ညတွေမှာ ရှင့်ရဲ့လက်မောင်းပေါ်မှာပဲ ကျွန်မအိပ်ချင်တယ်"

ကျီလင်းချန် ပြောလိုက်သည်။ "ကောင်းပါပြီ"

…

နောက်တစ်နေ့တွင် သူမမှာ အတန်းမရှိသောကြောင့် ဖန့်ရှောင်နွမ် အိပ်နေခဲ့သည်။ ယခင်က သူမသည် သူမရဲ့ယောက္ခထီးအိမ်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို အမြဲသတိပေးခဲ့ဖူးသည်။ အိပ်မပျော်နိုင်ဘဲ ပျင်းရိခြင်း သို့မဟုတ် သူမ ယောက္ခထီးရဲ့ ဝေဖန်ခြင်းကို ခံရလိမ့်မည်။ ဒါပေမယ့် ဘယ်အချိန်က စတင်ခဲ့သည်ကိုတော့ မသိတော့ပေ။ အခု ဒီနေရာကို သူမရဲ့ အိမ်အဖြစ် သတ်မှတ်ခဲ့သည်။ ပိတ်ရက်တိုင်း ပုံမှန်လို နိုးလာသည်အထိ သူမ အိပ်သည်။ သူမကို ဘယ်သူမှ နှောင့်ယှက်မှာ မဟုတ်ပေ။

ကျီဝမ်လည်း အိပ်နေသည်။ ဖန်ချီက မနက်စောစော ထက မိသားစုကိစ္စတွေကို ဂရုစိုက်လုပ်ပေးသည်။ သူမသည် မူလက ဖန့်ရှောင်နွမ်ကို အကူအညီတောင်းချင်ခဲ့သော်လည်း ရှောင်နွမ်က ငယ်ရွယ်သေးသည်ကို သတိရသွားသောအခါ ပြန်လှည့်ပြီး သူ့သားရဲ့အခန်းသို့ သွားခဲ့သည်။ “မအိပ်နဲ့တော့။ ထပြီး လာဝိုင်းကူပေးဦး"

နိုးလာတဲ့ ကျီဝမ်က မကျေမနပ်ဖြစ်နေသည်။ “ဟာ အမေ၊ အဖေ့ကို အကူအညီသွားတောင်းလိုက်။ ကျွန်တော် မထချင်သေးဘူး"

ဖန်ချီပြောလိုက်သည်။ "မင်းအဖေက အလုပ်ကိစ္စနဲ့ အပြင် ထွက်သွားပြီ။ သူအိမ်မှာမရှိဘူး”

ကျီဝမ် ပြောလိုက်သည်။ "ဒါဆို ဖန့်ရှောင်နွမ်ကို နှိုးလိုက်"

ဖန်ချီ ပြောလိုက်သည်။ "မင်းအဒေါ်က အိပ်နေတုန်းပဲ။ မြန်မြန်ထ"

ကျီဝမ် ဒေါသတွေ ပေါက်ကွဲတော့မည်။ "အမေ၊ ကျွန်တော်လည်း အိပ်နေတုန်းလေ!"

"အခုမထသေးဘူးလား" လို့ ဖန်ချီ ပြောလိုက်သည်။

"ကျွန်တော့်ကိုကျတော့နှိုးတယ်။ ဖန့်ရှောင်နွမ်ကို ကျတော့ ဘာလို့ သွားမနှိုးတာလဲ။ "ကျီဝမ် ဒေါသထွက်သွားသည်။ ဖန့်ရှောင်နွမ်က သူ့မိသားစုနဲ့ အိမ်ထောင်ကျပြီးကတည်းက သူက အချစ်ခံရဆုံးသူ မဟုတ်တော့ပေ။

သူ့မိဘတွေနဲ့ အဖိုးတွေအားလုံးက ဖန့်ရှောင်နွမ် အပေါ်မှာ အာရုံထားကြသည်။ သူ့ကို ဘယ်သူမှ အရေးမလုပ်ကြတော့ဘူး။ ဒါတွေ အားလုံးမဟုတ်သေးဘူး။ ဒုက္ခရောက်တဲ့ကိစ္စတွေကို ကူညီပေးဖို့ သူ့ကို လိုအပ်တဲ့အခါ သူတို့က သူ့ဆီ လာကြသည်။ သူတို့ မလိုအပ်တဲ့အခါ သူ့ကို ဖယ်ထားကြသည်။

"ရှောင်ဝမ်၊ မြန်မြန်ထ၊ ဒါမှမဟုတ်ရင် မင်းဦးလေးကို ခေါ်လိုက်မှာနော် " ဖန်ချီက သူ့သားကို ခြိမ်းခြောက်လိုက်သည်။

သူ့ဦးလေးလို့ ပြောလိုက်ခါမှ ကျီဝမ် ဒေါသကို ထိန်းကာ ထလိုက်သည်။ သူ့အမေကို ဝိုင်းကူပေးပြီးတာနဲ့ အိပ်ခန်းထဲကို ချက်ချင်းပြန်သွားခဲ့ပြီး ဆက်အိပ်ဖို့ ခေါင်းကိုစောင်နဲ့ဆွဲခြုံထားလိုက်သည်။

ဖန့်ရှောင်နွမ် နိုးလာပြီ။ သူမ ခန္ဓာကိုယ်ကို ဆန့်ပြီး မသိစိတ်က ခေါ်ခဲ့သည်။ "ယောကျ်ား "

တုံ့ပြန်မှု မရှိခဲ့ပေ။ သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အချိန်ကို ကြည့်လိုက်သည်။ မနက်ကိုးနာရီထိုးနေပြီ။ သူမထကာ အောက်ထပ်သို့ မဆင်းမီ ပေါ့ပေါ့ပါးပါး ဆွယ်တာအင်္ကျီကို ၀တ်လိုက်သည်။ အိမ်ဖော်တစ်ယောက်ကိုတွေ့တော့ သူမ အမြန်မေးလိုက်သည်။ "ကျွန်မယောကျ်ားကော"

“ဒုတိယသခင်လေး စာကြည့်ခန်းထဲမှာပါ ” အိမ်ဖော်က ပြန်ပြောခဲ့သည်။

All Chapters