အခန်း (၁၆၄)
Vol. 11 Ch. 164
ဖန့်ရှောင်နွမ် အပေါ်ထပ်သို့ ချက်ချင်းပြန်တက်ကာ သူမ ခင်ပွန်းကိုရှာရန် စာကြည့်ခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ သူမ စာကြည့်ခန်းတံခါးကို ခေါက်ပြီး ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မပါ "
"ဝင်ခဲ့လေ" စာကြည့်ခန်းကနေ လူတစ်ယောက်ရဲ့ အသံထွက်လာသည်။
ဖန့်ရှောင်နွမ် တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ ခင်ပွန်းသည်ဆီသို့ လျှောက်လာရင်း သမ်းခဲ့သည်။ ခင်ပွန်းသည်၏ ကွန်ပျူတာက ဒေတာသိပ်သည်းစွာ ပြည့်နေမှန်း သူမ သိလိုက်သည်။ သူမ မျက်လုံးတွေကို ပွတ်သပ်ပြီး မေးလိုက်သည်။ “ကျွန်မ တစ်ခွန်းမှ နားမလည်ဘူး။ ယောကျ်ား၊ ခုက ပိတ်ရက်လေ။ ရှင် ဘာလုပ်နေတာလဲ"
"ကိုယ် အချိန်ပိုလုပ်နေတာ " ကျီလင်းချန် ကုလားထိုင်ကို လှည့်လိုက်ပြီး သူ့မိန်းမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ ပေါင်ပေါ်ထိုင်ကာ သမ်းလိုက်ပြန်သည်။
"အရမ်းအိပ်ထားတာကို ဘာလို့အိပ်ချင်နေသေးတာလဲ" ဖန့်ရှောင်နွမ် တိုးတိုးလေးပြောလိုက်သည်။
ကျီလင်းချန် အိပ်ချင်နေတဲ့ ဇနီးကိုကြည့်ပြီး ရယ်လိုက်သည်။ “မင်း အိပ်နေတာ ၁၁ နာရီရှိပြီ။ မင်း ဘာလို့အိပ်ချင်နေသေးတာလဲ"
ဖန့်ရှောင်နွမ် ခင်ပွန်းသည်ရဲ့လည်ပင်းကို ဖက်ထားလိုက်သည်။ ခင်ပွန်းဖြစ်သူ၏ ပခုံးပေါ် ခေါင်းမှီကာ နူးညံ့စွာပြောလိုက်သည်။ "ဟမ်၊ ယောကျ်ား၊ ကျွန်မ ပျင်းတယ်"
ဒါကိုကြားတော့ ကျီလင်းချန်လည်း သူ့မိန်းမ အရမ်းပျင်းနေပြီလို့ ခံစားမိသည်။ ဇနီးသည်၏ နူးညံ့တဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။ သူ အလုပ်လုပ်ချင်စိတ် ပျောက်နေတာကြာပြီပင်။ ရှေးခေတ်က ဧကရာဇ်အချို့က အမျိုးသမီးတွေကြောင့် နံနက်နန်းတော်ကို မတက်ခဲ့ကြသည်မှာ အံ့သြစရာမဟုတ်ပေ။ အကယ်၍ သူသည် ဧကရာဇ်မင်းတစ်ပါးဖြစ်ခဲ့လျှင် ဤကဲ့သို့ ဇနီးလေးကို ပွေ့ဖက်ကာ နံနက်ပိုင်းတရားရုံးကို တက်ချင်မှာမဟုတ်ပေ။
"မင်း အိပ်လို့ဝရဲ့လား" ကျီလင်းချန် ညင်သာစွာ မေးလိုက်သည်။
ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ “ဟုတ်”
“မနက်စာ သွားစားရအောင်” ကျီလင်းချန် ပြောလိုက်သည်။
ဖန့်ရှောင်နွမ် သူမယောကျ်ားရဲ့ပေါင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလိုက်သည်။ သူမ ခင်ပွန်းဖြစ်သူ၏ လက်မကို သူမရဲ့လက်ချောင်းလေးတွေနဲ့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ နှစ်ယောက်သား အောက်ထပ်သို့ ဆင်းသွားကြသည်။
“ဒီသခင်မလေးက အရမ်းတွယ်ကပ်တာပဲ။ အိပ်ရာက နိုးပြီး ဒုတိယသခင်လေးကို မတွေ့တဲ့အခါတိုင်း နေရာတိုင်းကို လိုက်ရှာတယ်” အိမ်ဖော်တွေက လှေကားထစ်များပေါ်တွင် အတင်းပြောနေကြသည်။
“အတိအကျပဲ။ ပြီးခဲ့တုန်းက သူမနိုးလာတော့ သခင်လေးက ရုံးသွားလိုက်ပြီ။ သခင်မလေးက တစ်အိမ်လုံးကို လိုက်ရှာခဲ့တာ။ သူ ရုံးသွားပြီဆိုတာ သိလိုက်ရတော့ ရုံးခန်းဆီ တည့်တည့်သွားရှာတော့တာပဲ ”
"မှန်တယ်။ အခုလေးတင် ဒုတိယသခင်လေး ဘယ်မှာလဲလို့ မေးသွားတာ။ သူ စာကြည့်ခန်းမှာလို့ပြောလိုက်တော့ စာကြည့်ခန်းထဲ တန်းတန်းမတ်မတ် သွားလိုက်တယ်"
“သူတို့ အိမ်ထောင်ပြုထားတာ မကြာသေးဘူးဆိုတော့ ဟန်းနီးမွန်းအဆင့်ကို ရောက်နေတာဖြစ်ရမယ်။ သူမက သူနဲ့မခွဲနိုင်ဘူး၊ သူ့ကို တွယ်ကပ်ချင်တာ ”
ခင်ပွန်းဖြစ်သူနှင့်အတူ အောက်ထပ်ကိုဆင်းတော့မည့် ဖန့်ရှောင်နွမ်မှာ ပြောစရာစကားမရှိဖြစ်သွားသည်။ သူမနားထောင်လေလေ ဒေါသပိုထွက်လေ ဖြစ်ကာ သူမရဲ့ မျက်နှာလေးက ဖောင်းလာသည်။
တစ်ဖက်တွင် ကျီလင်းချန် ဤစကားကိုကြားသောအခါ အထူးပင် ဝမ်းသာသွားသည်။ သူ အိမ်မှာမရှိတဲ့အခါ သူ့ဇနီးလေးက သူမ နိုးလာတဲ့အခါ သူ့ကို နေရာတိုင်းမှာ လိုက်ရှာနေပုံရသည်။
"ဒါဆို မင်း ကိုယ့်ကို မခွဲနိုင်ဘူးပေါ့။ ကိုယ်တို့ခဏ ခွဲခွာရတာလေးကို အဆင်မပြေဖြစ်နေတာလား" ကျီလင်းချန် ပြုံးပြီး မေးလိုက်သည်။
ဖန့်ရှောင်နွမ် ဒေါသတကြီးဖြင့် ခြေဆောင့်နင်းပြီး လှေကားဆီသို့ တည့်တည့် လျှောက်သွားကာ စကားစမြည်ပြောနေတဲ့ အိမ်ဖော်တွေကို အော်ပစ်လိုက်သည်။ “ရှင်တို့ ဘာလို့အဓိပ္ပါယ်မရှိတာတွေကို လေပန်းပြောဆိုနေကြတာလဲ။ ကျွန်မ အိပ်ရာကထပြီး ကိုယ့်ယောကျ်ားကို ချက်ချင်းမရှာဘူး။ ကျွန်မ သူ့အတွက် တစ်အိမ်လုံးပတ်မရှာဘူး။ ကျွန်မ မတွယ်ကပ်ဘူး။ ထင်ကြေးပေးပြောမနေကြနဲ့။ ကျွန်မ မရှိရင် မနေနိုင်တဲ့သူက ကျွန်မယောက်ျားပဲ ဟုတ်ပြီလား!"
“သခင်မလေး…”
ဖန့်ရှောင်နွမ်ရဲ့စကားကိုကြားတော့ အိမ်ဖော်တွေက သူမအား ထိတ်လန့်စွာကြည့်နေကြသည်။ အိမ်ဖော်တွေအတွက် အတားအဆီးအရှိဆုံးအရာမှာ သူတို့နောက်ကွယ်မှာ လုပ်ကိုင်နေတဲ့ မိသားစု၏ အရေးကိစ္စများကို ပြောဆိုခြင်းဖြစ်သည်။ ထို့အပြင်၊ သူတို့ကြားသွားကြသည်!
ကျီလင်းချန်က ဒေါသထွက်နေတဲ့ ကြောင်ပေါက်လေးကို နောက်သို့ အမြန်ဆွဲလိုက်ပြီး သူမ၏ နောက်ကျောကို ပွတ်ပေးခဲ့သည်။ “သူတို့ကို စိတ်မဆိုးဘူး။ သူတို့ပြောတာမှန်တယ်။”
ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ အဝတ်အစားကို လက်နှစ်ဖက်ဖြင့်ဆွဲကာ ချွဲပြီးပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မက အရမ်းတွယ်ကပ်နေတာလား "
ကျီလင်းချန် ရယ်လိုက်သည်။ “ကိုယ်က တွယ်ကပ်နေတာ။ ကိုယ် သဘောကျတာ ဒါပဲ”
ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ အဖြေကို မကြားချင်သောကြောင့် ဒေါသထွက်နေတဲ့ ကြောင်ကလေးက ခင်ပွန်းဖြစ်သူကို ထားခဲ့ကာ အောက်ထပ်ထမင်းစားခန်းသို့ တစ်ယောက်တည်း ဆင်းသွားခဲ့သည်။ သူမရောက်သွားတော့ ကျီဝမ်ကိုတွေ့ပြီး မေးလိုက်သည်။ "ဘာလို့ အခုထိအိပ်နေတာလဲ"
ကျီဝမ်က သူ့ဦးလေးနောက်ကနေ လိုက်လာတာကိုတွေ့တော့ တုံ့ပြန်ဖို့ ပြင်လိုက်သည်။ သူ့စကားတွေကို မြိုသိပ်လိုက်မိသည်။ "မနေ့ညက စာလုပ်တာ ပင်ပန်းသွားလို့ "
"နင့် အရေပြားက ပိုထူလာပြန်ပြီ" ဖန့်ရှောင်နွမ် လှောင်ပြောင် ပြောဆိုလိုက်သည်။ စကားပြီးတာနဲ့ ထိုင်ချလိုက်ပြီး အိမ်ဖော်က မနက်စာကို စားပွဲပေါ် အမြန်ယူလာပေးခဲ့သည်။
"ကျွန်မယောကျ်ားကော " ဖန့်ရှောင်နွမ် မေးလိုက်သည်။
သူမကိုယ်တိုင် အဲ့တာကို သတိမထားမိပေမယ့် “ကျွန်မယောကျ်ားကော”၊ “ကျွန်မယောကျ်ား ဘာလုပ်နေလဲ”၊ “ကျွန်မခင်ပွန်း…” အစရှိတဲ့ စကားတွေကို အမြဲပြောသည်။
အိမ်ဖော်တွေအတွက်တော့ ဖန့်ရှောင်နွမ်က ပို၍ပင် တွယ်ကပ်နေခဲ့သည်။
ကျီလင်းချန်က သူ့မိန်းမဘေးက ကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။ "ကိုယ် မနက်က စားပြီးသွားပြီ" သူ သူ့မိန်းမနဲ့ အဖော်နေပေးဖို့ ဒီကိုလိုက်လာတာ။
ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ လက်မောင်ကို ထိပြီး ပြောခဲ့သည်။ “ယောကျ်ား၊ ရှင် စာကြည့်လန်းထဲပြန်သွားပြီး အလုပ်ဆက်လုပ်လို့ရတယ်။ မဟုတ်ရင် လူတိုင်းက ကျွန်မကို တွယ်ကပ်နေတယ်လို့ ပြောကြလိမ့်မယ်။ ရှောင်ဝမ် ကျွန်မကို အဖော်လုပ်ပေးလိမ့်မယ်။"
ကျီလင်းချန် ပိုလို့တောင် ပျော်ရွှင်စွာ ပြုံးခဲ့သည်။ "ကိုယ်က တွယ်ကပ်နေတာပါ၊ မင်းစားနေတုန်း မင်းနဲ့အဖော်နေပေးချင်တယ်ဆိုတာ လူတိုင်းကို ကိုယ်သိသွားစေချင်လို့"