← Chapters

အခန်း (၁၆၅)

Vol. 11 Ch. 165

အခန်း (၁၆၅)

Vol. 11 Ch. 165

ဖန့်ရှောင်နွမ် နှုတ်ခမ်းကို ဖိရင်း ထမင်းစားခန်းထဲက အိမ်ဖော်နှစ်ယောက်ကို ကြည့်လိုက်သည်။ "အဲဒါကိုကြားကြလား။ ကျွန်မယောကျ်ားက တွယ်ကပ်တဲ့သူဆိုတာလေ။ ကြည့်ထားကြ!”

အိမ်ဖော်နှစ်ယောက်က “ဟုတ်ကဲ့ပါ သခင်မလေး” လို့ အမြန်ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် ခေါင်းငုံ့ကာ ရယ်လိုက်ကြသည်။ သူမကို ဒီလောက်ချစ်ဖို့ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။

ဖန့်ရှောင်နွမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူတို့ ထမင်းစားနေတုန်း ကျီလင်းချန်က ကျီဝမ်ကို မေးခဲ့သည်။ "မင်း စာရင်းကိုင်အောင်လက်မှတ် စာမေးပွဲ ဖြေပြီးပြီလား"

ကျီဝမ် ခေါင်းယမ်းလိုက်သည်။ "မဖြေရသေးဘူး၊ ကျွန်တော်မလုပ်ချင်ဘူး။"

ကျီလင်းချန် ပြောလိုက်သည်။ “မင်းမှာ ဘာမှလုပ်စရာမရှိရင် စာအုပ်များများဖတ်။ စာရင်းကိုင် အောင်လက်မှတ် စာမေးပွဲ ဖြေချင်ရင် ကောင်းကောင်း ပြင်ဆင်ထားဖို့လိုတယ်။ လွယ်တာလေးတွေနဲ့ အရင်စလုပ်ရမယ်။ တတိယနှစ်မတိုင်ခင် မင်း စာမေးပွဲဖြေရမယ်။ မင်းရဲ့ စတုတ္ထနှစ်ပြီးရင် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ဖို့ အာရုံစိုက်လို့ရပြီ"

ကျီဝမ် ကျီလင်းချန်ရဲ့ စကားကိုကြားတော့ အသက်ရှူမဝလုနီးပါးဖြစ်ကာ ပြောလိုက်သည်။ “ဦးလေး ကျွန်တော် စာမေးပွဲမဖြေချင်ဘူး”

ဖန့်ရှောင်နွမ်က သူမရဲ့ အသားပေါင်မုန့်ကြီးကို ပါးစပ်အပြည့် ကိုက်နေသည်။ သူမ ကျီဝမ်ကို ကြည့်လိုက်ပြီးနောက် သူမခင်ပွန်းကို ကြည့်လိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ငါ မင်းရဲ့ထင်မြင်ချက်ကို တောင်းနေတာမဟုတ်ဘူး။"

ဆယ်နှစ်ကျော် သူငယ်ချင်းဖြစ်လာပြီးနောက် ဖန့်ရှောင်နွမ်က ကျီဝမ်အကြောင်းကို ကောင်းကောင်းကြီးသိပြီး ကျီဝမ်က ဒီလမ်းကြောင်းကို လုံးဝ မလိုက်ချင်ဘူးဆိုတာ သူမ ကောင်းကောင်းသိသည်။ ကျီလင်းချန်နဲ့ အပေးအယူလုပ်ခဲမယ့် ကျီဝမ်ကို ကြည့်ရင်း တစ်ခုခုပြောချင်လာသည်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ သူမ ဇွန်းကို ကောက်ယူကာ ခေါင်းငုံ့ပြီး သူမရဲ့ဆန်ပြုတ်ကို တိတ်တိတ်လေး စားခဲ့သည်။

ခဏအကြာ စားသောက်ပြီးနောက် ခင်ပွန်းဖြစ်သူကို လှည့်ကြည့်လိုက်သည်။ ကျီဝမ်က စာမေးပွဲမဖြေချင်ဘူးလို့ ပြောပြီးနောက် သူမရဲ့ယောကျ်ား မပျော်နေတော့ကြောင်း သိသာထင်ရှားသည်။ ခုနက ငြိမ်သက်နေခဲ့တာ သိသာထင်ရှားပေမယ့် အခုတော့ လေထုက အေးစက်သွားခဲ့ပြီ။

ဖန့်ရှောင်နွမ် တွေးလိုက်မိသည်။ 'ငါအတွေးလွန်နေတာများ ဖြစ်နိုင်မလား'

"ယောကျ်ား၊ ကျွန်မ ရှင့်ကို မေးခွန်းတစ်ခုမေးချင်တယ်" ဖန့်ရှောင်နွမ် သူမလက်သေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး ခင်ပွန်းသည်ရှေ့မှာ ဝှေ့ယမ်းလိုက်သည်။

ကျီလင်းချန်က သူ့မိန်းမရဲ့လက်ကို ဆွဲချခဲ့သည်။ သူ့အမူအရာက တော်တော်နူးညံ့သွားပြီး သူပြုံးပြုံးလေးနဲ့ပြောလိုက်သည်။ “မေးလေ”

ဖန့်ရှောင်နွမ် နှုတ်ခမ်းကို ဖိကာမေးလိုက်သည်။ "ကျွန်မ စာရင်းကိုင်အောင် လက်မှတ်နဲ့ CFA စာမေးပွဲ ဒါမှမဟုတ် တစ်ခုခုဝင်ဖြေလိုက်ရမလား"

“ဖြေချင်ရင် ဖြေလို့ရတယ်လေ။ မင်းမဖြေချင်ဘူးဆိုရင် မဖြေနဲ့” ကျီလင်းချန် ပြောလိုက်သည်။ သူ့မှာ ဇနီးအတွက် လိုအပ်ချက် အလွန်နည်းပါးသောကြောင့် ကျီဝမ် အရမ်းမနာလိုဖြစ်လာသည်။

ဖန့်ရှောင်နွမ် ထပ်မေးလိုက်ပြန်သည်။ "ယောကျ်ား၊ ရှင် ဘယ်အောင်လက်မှတ်တွေယူထားလဲ။ အရမ်းခက်လား"

ကျီဝမ် ကြားဖြတ်ဝင်ပြောခဲ့သည်။ "အဲ့ဒါတွေက ခက်ရုံတင်မကဘူး၊ အရမ်းပျင်းစရာကောင်းတယ်!"

ဖန့်ရှောင်နွမ် ကျီဝမ်ကို လှည့်ကြည့်လိုက်သည်။ "နင်ဒီဟာတွေကို မကြိုက်ရင် ဘာလို့ စီးပွားရေးကျောင်းတက်ချင်တာလဲ"

ကျီဝမ်က ကျီလင်းချန်ကိုကြည့်ကာ သူ့ခေါင်းကို အစားအစာထဲမှာ မြှုပ်ထားလိုက်သည်။ ဘာမှပြောစရာမလိုဘူး။ ထင်ရှားနေပြီ။ ကျီလင်းချန်က သူ့အတွက် ဒီလမ်းကို ရွေးချယ်ပေးထားတာ။

ဖန့်ရှောင်နွမ် သူမယောကျ်ားကို ကြည့်ပြီး ပြောလိုက်သည်။ “အဲ့တာက ခက်တယ်ဆိုရင် ကျွန်မ စာမေးပွဲ ဖြေမှာ မဟုတ်ဘူး”

“အဆင်ပြေပါတယ်။ ကိုယ် သိတယ်။ မင်း လေ့လာချင်ရင်တော့ ကိုယ်တစ်ယောက်တည်း သင်ပေးနိုင်တယ်။ အဲဒါက ပိုက်ဆံကုန်မှာ မဟုတ်ဘူး။ ကိုယ်တို့ ဆုပေးတာနဲ့ လုပ်လို့ရတယ်” ကျီလင်းချန် ပြောလိုက်သည်။

ခင်ပွန်းဖြစ်သူက “ဆုပေးတာ” လို့ ပြောလိုက်တဲ့အခါ ဖန့်ရှောင်နွမ် မနေ့ညက သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကို ချက်ခြင်း တွေးမိသွားပြီး သူမရဲ့ မျက်နှာက ချက်ချင်းနီရဲသွားခဲ့သည်။

“ကျွန်မ အဲဒါကို မလေ့လာချင်ဘူး” ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး ပြောလိုက်သည်။

ကျီလင်းချန်က သူ့မိန်းမ တွေးနေတာတွေကို ခန့်မှန်းပြီး တိုးတိုးလေး ရယ်လိုက်သည်။ ပြီးတော့ သူ ပြောလိုက်သည်။ “အိုကေ၊ မင်း သင်စရာမလိုဘူး။ မြန်မြန်စား။ ကိုယ် မင်းကို ကားမောင်းနည်းသင်ပေးမယ်"

"ရှင်က ကျွန်မကို ကားမောင်းသင်ပေးချင်တာလား" ဖန့်ရှောင်နွမ် နှုတ်ခမ်းစူနေသေးသည်။

"ယောကျ်ား၊ ကျွန်မ ပျော်နေတဲ့ခရီးသည်ဖြစ်လို့မရနိုင်ဘူးလား"

ကျီလင်းချန် ပြောလိုက်သည်။ "မင်း ဇိမ်ခံကားတစ်စီး မပိုင်ဆိုင်ချင်ဘူးလား"

ရည်မှန်းချက် လုံးဝမရှိတဲ့ ဖန့်ရှောင်နွမ်က ခေါင်းယမ်းလိုက်သည်။ “ကျွန်မ မလိုချင်ဘူး။”

ကျီလင်းချန် စကားမပြောနိုင်ဖြစ်သွားသည်။ "ဒါဆို မင်းအနာဂတ်မှာ မင်းသွားချင်တဲ့နေရာကို မသွားချင်ဘူးလား"

ဖန့်ရှောင်နွမ် ခေါင်းခါနေသေးသည်။ "အိမ်မှာ ကားရှိတယ်၊ လမ်းပေါ်မှာ တက္ကစီရှိတယ်၊ ရှင် ကျွန်မကို ခေါ်သွားလို့ရတာပဲ"

ကျီလင်းချန် စကားမပြောနိုင် ဖြစ်သွားသည်။ သူ့မိန်းမက ကားမောင်းနည်းကို သင်ယူဖို့ ဘာကြောင့် ခုခံနေရတာလဲ။

"ဒါဆို ကိုယ် နိုင်ငံခြားကို အလုပ်ကိစ္စနဲ့သွားလိုက်လို့ လမ်းပေါ်မှာ တက္ကစီမရှိဘူးရင် မင်း ဘယ်လိုလုပ်မှာလဲ" ကျီလင်းချန် ထပိမေးလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါဆို အဖေ ဒါမှမဟုတ် ရှောင်ဝမ်ကို ဖုန်းဆက်လိုက်မှာပေါ့ "

"မင်းမှာ ကားမောင်းပေးမယ့်သူတွေ အများကြီး ရှိတာပဲ" ကျီလင်းချန် သူ့မိန်းမရဲ့လက်ကိုဆွဲပြီး မေးလိုက်သည်။ "မင်း တကယ် မသင်ချင်ဘူးလား"

ဖန့်ရှောင်နွမ် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ “ကျွန်မ သင်ချင်ပါတယ်၊ ဒါပေမယ့် ရှင့်ကို မသင်ပေးခိုင်းစေချင်ဘူး” ထိုစကားကို ပြောပြီးနောက် သူမ ကျီဝမ်ကို ကြည့်လိုက်သည်။ "ယောကျ်ား၊ ရှင်ဘာလို့ ရှောင်ဝမ်ကို ကျွန်မကို သင်ပေးခွင့်မပေးတာလဲ"

ကျီလင်းချန် ပြောလိုက်သည်။ "မရဘူး၊ မင်း သင်ချင်ရင် ကိုယ်ပဲသင်ပေးမယ်"

"ဒါပေမယ့် ယောကျ်ား၊ ရှင် ကျွန်မကို သင်ပေးရင် ကျွန်မက တုံးတယ်လို့ ရှင်ထင်သွားလိမ့်မယ်။ ရှင် ကျွန်မကိုတောင် ဆူနိုင်တယ်။ ဒေါသထွက်ပြီး....ကျွန်မ ရိုက်မိမှာ ကြောက်တယ်” သူမ ဝါကျ၏ ဒုတိယပိုင်းကိုပြောပြီးနောက်၊ ဖန့်ရှောင်နွမ်၏အသံက ပျော့ပျောင်းလာပြီး ဝေဖန်မှုများစွာခံရပြီးနောက် ခင်ပွန်းဖြစ်သူကို ရိုက်မိသွားမည်ကို သူမတကယ်ကြောက်သည်။ သူမယောကျ်ား ဒေါသထွက်ပြီး သူမကို မချစ်တော့ရင်ကော။

'ဒါပေမယ့် ကျီဝမ်က သူမကို သင်ပေးရင် ကျီဝမ်က မအော်ရဲမှာ သေချာတယ်။ ကျီဝမ် တကယ်ပဲ အော်ဟစ်နေရင်တောင်မှ သူမ သူ့ကို ရိုက်လိုက်ရုံပဲ။ ခင်ပွန်းဖြစ်သူရဲ့ တူလေးကို ရိုက်တာက ကောင်းပါတယ်၊ ဒါပေမယ့် ခင်ပွန်းဖြစ်သူကိုတော့ မရိုက်နိုင်ဘူး။ ' ဤနည်းအားဖြင့် ခင်ပွန်းသည်နှင့် ချိုသာသောဆက်ဆံရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ အများစုကတော့ ကျီဝမ်ကို ရိုက်တာ အပြစ်နည်းနည်းရှိမှာပဲ။ သူမ အနာဂတ်မှာ အဲ့တာကို ဖြည့်ဆည်းပေးလိမ့်မည်။

ဖန့်ရှောင်နွမ်က သူမခေါင်းထဲမှာ ကိစ္စအားလုံးကို ပြေလည်အော င်ဖြေရှင်းပေးခဲ့ပေမယ့် သူမယောကျ်ားက ပြတ်ပြတ်သားသား ပြောခဲ့သည်။ "မရဘူး!"

All Chapters