← Chapters

ချင်မိသားစုစည်းမျဉ်း

Vol. 27 Ch. 443

ချင်မိသားစုစည်းမျဉ်း

Vol. 27 Ch. 443

တစ်ခုခုကို ရိုက်ခွဲနေတဲ့အသံတွေကို ချင်ယန်ရဲ့ဗီလာကနေ ကြားနေရသည်။ ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီမှန်း ဘယ်သူမှမသိချေ။ ထုရိုက်တာတွေ ရပ်တန့်သွားတဲ့အတွက် နောက်ဆုံးတော့ သူမောပန်းသွားတာပဲဖြစ်ရမည်။

အဲ့ဒီနေရာမှာ အလုပ်လုပ်နေကြတဲ့ အိမ်အကူတွေက ကြောက်ရွံ့ပြီး သတိရှိနေခဲ့ကြသည်။ သူတို့ခေါင်းတွေကိုငုံ့လိုက်ပြီး ထပ်မော့ကြည့်လိုက်ကြသည်။ သူတို့တွေက အပေါင်းအပါတွေနဲ့ အကြည့်ချင်းဖလှယ်လိုက်ကြကာ မျက်လုံးတွေက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေခဲ့သည်။

သခင်မလေးက မီဒီယာကြောင့် ဖော်ထုတ်ခံရပြီးကတည်းက အိမ်မှာပိုပြီး စိတ်ဆိုးမာန်ဆိုးဖြစ်လာခဲ့သည်။ သူမက ပိုပြီးကြောက်စရာကောင်းကာ ကြမ်းတမ်းလာခဲ့သည်။ သူမက ပစ္စည်းတွေကို လှည့်ပတ်ပစ်နေသည်။ အိမ်ထဲက ကျိုးပျက်သွားတဲ့ပစ္စည်းအားလုံးကို ပြောင်းလဲလိုက်ကြသည်။ ပြီးနောက်မှာ သူမက အိမ်အကူတွေကို ရိုက်နှက်ပြီး ဆူပူသည်။

တစ်ခါကဆို အိမ်အကူက သူမကို အရမ်းပူနေတဲ့လက်ဖက်ရည်တစ်ခွက် ချပေးခဲ့ပြီး သူမက အိမ်အကူရဲ့လက်ကို ဖြတ်ပစ်လိုက်သည်။ အိမ်အကူရဲ့လက်ကပြတ်သွားတာတောင် ချင်ယန်က သူမအတွက် ဆရာဝန်မခေါ်ပေးခဲ့ပေ။ သူမက အကူအညီခေါ်ဖို့ ဘယ်သူ့ကိုမှလည်း ခွင့်မပြုခဲ့ပေ။ အိမ်အကူက နာကျင်မှုကြောင့် သတိလစ်သွားခဲ့ပြီး သေလုမျောပါးဖြစ်နေခဲ့သည်။

အဆုံးမှာတော့ အိမ်အကူကို မကုသဘူးဆိုရင် သူမတကယ် သေသွားမည်ဖြစ်ကြောင်းကို ဝန်ထမ်းတွေက ချင်ယန်ကို အရဲစွန့်ပြီး သတိပေးခဲ့ရသည်။ သူမသာ ဗီလာထဲမှာ သေသွားခဲ့ရင် သတင်းထောက်တွေအားလုံး ဒီအကြောင်းကိုသိသွားပြီး မီးထဲကို လောင်စာထပ်ထည့်လိုက်ကြလိမ့်မည်။ ချင်ယန်ရဲ့ဂုဏ်သတင်းက ပိုဆိုးလာလိမ့်မည်။

ချင်ယန်ရဲ့ဂုဏ်နဲ့ သူတို့ရဲ့လုံခြုံမှုအတွက် ဝန်ထမ်းတွေ တစ်ခုခုတော့ ပြောမှဖြစ်မည်။ အိမ်အကူတွေနဲ့ ဘော်ဒီဂတ်တွေက သာမန်လခစားနိုင်ငံသားတွေဖြစ်သည်။ နိုင်ငံရဲ့ဥပေဒက သူတို့ကို ကာကွယ်ထားသည်။ သူတို့က သူတို့ဘဝတွေကို ချင်ယန်ကိုရောင်းစားထားတဲ့ ကျွန်တွေမဟုတ်ပေ။ သူတို့က သခင်ဖြစ်သူကအရာအားလုံးလုပ်နိုင်တဲ့ ပဒေသရာဇ်စနစ်ခေတ်မှာ မဟုတ်ပေ။ သူမအလုပ်ရှင်ရဲ့ဂရုစိုက်မှုအောက်မှာ အိမ်အကူ‌ကသေသွားပြီး သက်သေကလည်းခိုင်မာနေရင် အလုပ်ရှင်က ဘယ်လောက်ပဲ အင်အားရှိရှိ ထောင်ကျရင်ကျ မဟုတ်ရင် သေမိန့်ကျလိမ့်မည်။

ချင်ယန်က အိမ်အကူရဲ့သေဆုံးမှုကို ဂရုမစိုက်ပေ။ ချင်မိသားစုရဲ့အာဏာနဲ့ သေဆုံးမှုကို ဖုံးကွယ်လိုက်ဖို့ အရမ်းလွယ်သည်။ ဒါပေမယ့်လည်း သူမက လောလောဆယ် လူထုရ့အာရုံစိုက်မှုထဲမှာ ရှိနေသည်။ သူမရဲ့သံချပ်ကာထဲကို အက်ကြောင်းထပ်မထည့်လိုက်တာက ပိုကောင်းသည်။

ဒါပေမယ့်လည်း ချင်ယန်က အရမ်းရူးသွပ်လွန်းသည်။ သူမက လူတိုင်းကို သတ်ပစ်ချင်နေသည်။

သူမက ဘာလို့ နိမ့်ကျသူတစ်ယောက်ရဲ့ ဘဝတစ်ခုကို ဂရုစိုက်နေရမှာလဲ?

ဒါကြောင့် လတ်အဖြတ်ခံလိုက်ရတဲ့အိမ်အကူက ခြံထဲမှာပဲ နာကျင်စွာ သေဆုံးခဲ့သည်။

ချင်ရှင်းပေါင်က ဒီအကြောင်းကို ဘော်ဒီဂတ်ဆီကကြားတော့ ဒေါသနဲ့ ညိုမည်းသွားခဲ့သည်။ သူ့ရဲ့သမီးက ပိုပြီး အထိန်းအကွပ်မဲ့လာသည်။ ဒါပေမယ့်လည်း ချင်ရှင်းပေါင်အနေနဲ့ ၎င်းကို အရင်ကိုင်တွယ်ဖို့လိုသည်။ အရင်ဆုံး သူက သိထားတဲ့လူတိုင်းကို နှုတ်ဆိတ်နေအောင် ပိုက်ဆံသုံးခဲ့သည်။ ပြီးနောက်မှာ သူက သေဆုံးသွားတဲ့အိမ်အကူရဲ့မိသားစုကို နှုတ်ဆိတ်စေဖို့ ပိုက်ဆံသုံးခဲ့သည်။

ချင်ရှင်းပေါင်က ချင်ယန်ကို ပြန်ခေါ်လိုက်ပြီးတော့ ချက်ချင်းသူမကို ခပ်ပြင်းပြင်းရိုက်ချလိုက်ကာ ဒေါသတကြီးဆဲရေးတော့

“မကောင်းတဲ့ကောင်မ! နင်ဘာလုပ်နေတာလဲ?”

ချင်ယန်က သူမမျက်နှာကို ကာလိုက်ပြီး မျက်လုံးပြူးသွားခဲ့သည်။ သူမက ချင်ရှင်းပေါင်ကို မယုံနိုင်စွာကြည့်ကာ အရမ်းအံ့ဩစွာနဲ့

“အဖေ၊ အဖေ တကယ်ကြီးသမီးကိုရိုက်လိုက်တာလား? ဘာလို့…”

သူမက ချက်ချင်းဒေါသထွက်သွားကာ မှားယွင်းတဲ့လေသံနဲ့

“အဖေ၊ သမီးကိုငယ်ငယ်ကတည်းက အဖေမရိုက်ခဲ့ဖူးဘူး။ ဒါပေမယ့် အခု နိမ့်ကျတဲ့အစေခံတစ်ယောက်ကြောင့် သမီးကို ရိုက်တယ်ပေါ့?”

ချင်ရှင်းပေါင်ရဲ့ဒေါသက အနည်မကျသေးပေ။ သူက ချင်ယန်ကို လက်ညှိုးထိုးပြီး အော်လိုက်ကာ

“ငါနင့်ကို သေအောင်တောင် ရိုက်ပစ်ချင်တာ!”

သူက အနားပတ်လည် ကိုကြည့်လိုက်ပြီး သူလိုချင်တဲ့ပစ္စည်းကို မတွေ့ခဲ့ပေ။ သူက အိမ်တော်ထိန်းကို စာကြည့်ခန်းထဲကို ကြိမ်လုံးသွားယူဖို့ ပြောခဲ့သည်။

“အိမ်တော်ထိန်း၊ ကြိမ်လုံးသွားယူချေ။ ငါသူ့ကို မိသားစုရဲ့စည်းကမ်းနဲ့ အပြစ်ပေးမယ်!”

အိမ်တော်ထိန်းက ဒါကိုကြားတော့ သူ့အမူအယာက ချက်ချင်းပြောင်းသွားခဲ့သည်။ သူက ခနလောက်တွေးတောလိုက်ပြီး ဖျောင်းဖျကာ

“သခင်ကြီး၊ အကြီးဆုံးသခင်မလေးက မိန်းကလေးတစ်ယောက်ပါ။ သူက မိသားစုစည်းကမ်းကို မတောင့်ခံနိုင်လောက်ဘူး။ ပြီးတော့ သခင်ကြီးက မိသားစုစည်းကမ်းကိုသုံးပြီး သခင်မလေးရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာချန်ထားရင်…”

ချင်ယန်က သူမရဲ့နီရဲပြီး ဖူးယောင်နေတဲ့မျက်နှာကို အုပ်ထားလိုက်သည်။ သူမရဲ့အဖေက သူမကို မိသားစုစည်းကမ်းနဲ့ ဆောင်ရွက်တော့မယ်ဆိုတာကို ကြားလိုက်တော့ သူမရဲ့အမူအယာက ချက်ချင်းပြောင်းလဲသွားပြီး ပိုပြီးမယုံသင်္ကာဖြစ်လာပုံပေါ်သည်။

“အဖေ၊ အဖေက…မိသားစုစည်းကမ်းကို သမီးအပေါ်မှာ သုံးချင်တာလား?”

ချင်ယန်က ကြောက်လန့်စွာ မေးလိုက်သည်။

ချင်မိသားစုရဲ့ မိသားစုစည်းကမ်းက အကြိမ်နှစ်ဆယ်ကြိမ်ဒဏ်ဖြစ်သည်။ ဒီကြိမ်က သာမန်ကြိမ်လုံး မဟုတ်ပေ။ ၎င်းက တစ်မီတာခွဲရှည်သည်။ ကြိမ်လုံးပေါ်မှာ ဆူးထစ်တွေရှိသည်။ ၎င်းက ကြိမ်လုံးတစ်လုံးထက် ကင်းခြေများတစ်ကောင်နဲ့ ပိုတူနေသည်။ ကြိမ်လုံးကိုသုံးတဲ့အခါ ဆူးတွေက အသားထဲကို ဖောက်ဝင်သွားလိမ့်မည်။ ၎င်းက အံ့ဩစရာကောင်းအောင်ကို နာကျင်သည်။ ၎င်းက လူတိုင်းအတွက် မမေ့နိုင်တဲ့သင်ခန်းစာဖြစ်လာလိမ့်မည်။

အရင်က သူမရဲ့အဖေက မိသားစုစည်းကမ်းကို သူမရဲ့မောင်အပေါ်မှာ သုံးတာကို မြင်ဖူးခဲ့သည်။ အဲ့ဒီအချိန်က သူမ သတိလစ်မတတ်ဖြစ်ခဲ့သည်။ သူမက ၎င်းမှာ ရှင်သန်ရမှာကိုတောင် စိတ်ကူးမယဉ်ရဲပေ။

ချင်ရှင်းပေါင်က ချင်ယန်ကို အေးစက်စွာကြည့်လိုက်ပြီး အသံကျယ်ကျယ်ပြောကာ

“နင်က ချင်မိသားစုရဲ့ဂုဏ်သတင်းကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ကိစ္စကိုလုပ်ခဲ့တယ်။ ဒီတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရဖို့လိုတယ်!”

တနည်းအားဖြင့်တော့ မိသားစုစည်းကမ်းကို လိုအပ်သည်။

ချင်ယန်ရဲ့ရင်က ပြင်းပြင်းထန်ထန်တုန်ယင်သွားပြီး မတတ်သာဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။ သူမရဲ့မျက်နှာက အရမ်းဖြူဖျော့နေပြီး သူမရဲ့အမူအယာက ကြောက်ရွံ့မှုကို ပြသနေသည်။

“သွား!”

ချင်ရှင်းပေါင်က အိမ်တော်ထိန်းကို ကျယ်လောင်စွာပြောလိုက်သည်။

အိမ်တော်ထိန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ အကြီးဆုံးသခင်မလေးအတွက် သူ့ရင်ကဆို့နင့်နေပေမယ့်လည်း သခင်ကြီးရဲ့အမိန့်ကို မလိုက်နာလို့မဖြစ်ပေ။ အကြီးဆုံးသခင်လေးနဲ့ သခင်မတို့ မကြာခင်ပြန်လာဖို့ပဲ သူဆုတောင်းခဲ့သည်။ အဲ့လိုဆိုရင် အနည်းဆုံးတော့ သူတို့တွေ သခင်မလေးရဲ့ခံစားရမှုကို အဆုံးသတ်ပေးနိုင်လိမ့်မည်။

သခင်မလေးက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတာဖြစ်သည်။ သူမက ဒီဆင်းရဲဒုက္ခမှာ အသက်ရှင်မှာမဟုတ်ပေ။

အိမ်တော်ထိန်းက ကြိမ်လုံးကို ယူလာပြီးတော့ ချင်ရှင်းပေါင်က ၎င်းကို သူ့လက်ထဲမှာ ကိုင်လိုက်ကာ ချင်ယန်ကို တင်းတင်းမာမာအော်လိုက်သည်။

“ဒူးထောက်စမ်း!”

ခုခံဖို့က အကျိုးမရှိမှန်း ချင်ယန်သိသည်။ သူမရဲ့နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး ဒူးထောက်ချလိုက်သည်။

ချင်ရှင်းပေါင်ရဲ့မျက်နှာက အေးစက်ပြီး တင်းမာနေသည်။ သူက ကြိမ်လုံးကို ကောက်ယူလိုက်ပြီး ၎င်းကို လွှဲချလိုက်သည်။

“အစ်မ!”

“ယန်အာ!”

***

All Chapters