← Chapters

ချင်ယန်ရဲ့ အငြှိုး

Vol. 27 Ch. 444

ချင်ယန်ရဲ့ အငြှိုး

Vol. 27 Ch. 444

ချင်ယန်က ပါးလွှာတဲ့ဂါဝန်တစ်ထည်ကို ဝတ်ထားပြီး အိပ်ယာပေါ်မှာ လဲလျောင်းနေသည်။ သူမရဲ့မျက်နှာပေါ်တွင်တော့ မခံမရပ်နိုင်တဲ့နာကျင်နေသည့်အမူအရာမျိုး ရှိလို့နေခဲ့သည်။

ချင်ယန်က သူမအမေကို နီရဲနေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး ငိုကြွေးလိုက်ကာ

“အမေ သမီးအရမ်းနာနေတယ်။ ဘာလို့အဖေက အရမ်းရက်စက်ရတာလဲ?”

သူမသမီးရဲ့မျက်ရည်တွေကိုမြင်တော့ မဒမ်ချင်ရဲ့ရင်က ပိုပြီးဆို့နင့်လာသည်။ သူမရဲ့လက်ကိုမြှောက်ပြီး သူမသမီးရဲ့ပခုံးနဲ့ ကျောကုန်းကိုပုတ်ပေးချင်ပေမယ့် သူမသမီးကထိခိုက်ထားတယ်ဆိုတာကို မှတ်မိသွားတော့ ပြန်ထိန်းထားလိုက်သည်။ အဲ့ဒီအစား သူမက ဒေါသတကြီး သံယောင်လိုက်ကာ

“နင့်အဖေ ဘယ်လိုတွေတွေးနေမှန်း အမေလည်း မသိတော့ပါဘူး။ သူက သူ့ရဲ့အဖိုးတန်သမီးအပေါ်မှာတောင် မိသားစုစည်းကမ်းကို သုံးလိုက်သေးတယ်!”

သူမက ချင်ယန်ရဲ့ဆံပင်ကိုသိမ်းပေးကာ ဆေးလိမ်းပေးဖို့ ပြင်လိုက်သည်။

“ယန်အာ အမေသူ့ကို သမီးအတွက် ဆူပေးမယ်။ သူမှားသွားမှန်း သူသိပါတယ်။ သမီး ပြန်သက်သာဖို့ကိုပဲ အာရုံစိုက်ဖို့လိုတယ်။ ကျန်တဲ့ကိစ္စတွေကို သမီးအစ်ကိုနဲ့ အဖေကို လွှဲထားလိုက်။ အဲ့ဒီလူတွေက ဘယ်လိုလုပ် သမီးနာမည်ကို အသေရဖျက်ရဲရတာလဲ။ ချင်မိသားစုက သူတို့ကို သေချာပေါက် တန်ရာတန်ကြေးပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်”

သူမက လိမ်းဆေးကို ညင်သာစွာလိမ်းပေးရင်း မကျေမချမ်းဖြစ်လို့နေသည်။

“သမီးအအဖေက တကယ်အရမ်းရက်စက်လွန်းတယ်။ သမီးရဲ့ဖြူဖြူဖွေးဖွေးအသားရေကို သူဘယ်လိုဖျက်ဆီးလိုက်လဲ‌ဆိုတာ ကြည့်ဦး”

သူမနဲ့ သူမရဲ့သားအကြီးဆုံးအိမ်ပြန်ရောက်လာတော့ သူမကလိပ်ပြာလွင့်မတတ်ဖြစ်စေတဲ့ တစ်စုံတစ်ခုကို သူတို့မြင်လိုက်ကြရသည်။ သူမရဲ့ယောက်ျားက သူတို့သမီးကို မိသားစုစည်းကမ်းနဲ့ အပြစ်ပေးနေသည်။ ဒါပေမယ့်လည်း သူတို့က အရမ်းနောက်ကျမှ ရောက်လာကြခြင်းဖြစ်သည်။

ချင်ယန်တစ်ယောက် ပြင်းပြင်းထန်ထန် အရိုက်ခံနေရပြီးလေပြီ။ ဒုတိယရိုက်ချက်ကို ရိုက်လိုက်တော့ သူမရဲ့အကြီးဆုံးသားက ချင်ယန်ကို ကာပေးဖို့ သွားလိုက်သည်။ ချင်ယန်က ထိုအချိန်ကို အမိအရယူကာ သတိလစ်ချင်ယောင်ဆောင်လိုက်လေသည်။ အလိုလိုပဲ မိသားစုရဲ့စည်းမျဉ်းကို ရပ်တန့်ရတော့မည်။ ဒီလိုဆိုရင်တောင် ရိုက်ချက်တစ်ခုတည်းက ချင်ယန်ရဲ့အရေပြားကို ကွဲသွားစေဖို့ လုံလောက်သည်။

ပြီးတဲ့နောက်မှာ မဒမ်ချင်က တစ်ယောက်ယောက်ကို မိသားစုဒေါက်တာကို ခေါ်ခိုင်းလိုက်သည်။ ၎င်းက အပေါ်ယံဒဏ်ရာသာဖြစ်သည်။ သူမက ဒဏ်ရာတွေကို သူမရဲ့အမေကို ကိုယ်တိုင်မြင်စေချင်နေသည်။ ဒီနည်းလမ်းနဲ့ သူမရဲ့အမေက သူမကိုသနားပြီး သူမရဲ့အဖေကို ကြမ်းတမ်းတဲ့သင်ခန်းစာတစ်ခု ပေးလိုက်လိမ့်မည်။

“အမေ သမီးအရမ်းနာတယ်။ အဟင့် ဟင့်..”

မဒမ်ချင်က ချင်ယန်ရဲ့ဒဏ်ရာတွေကို ထိလိုက်တာနဲ့ သူမကအရမ်းနာကျင်ပြီး ကျယ်လောင်စွာအော်ငိုတော့သည်။ သူမက ၎င်းကို ဟန်ဆောင်နေတာမဟုတ်ပေ။ တကယ့်ကိုနာကျင်ရသည်။

သူမငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရပြီး လူတိုင်းဆီက တုန်နေအောင်အချစ်ခံခဲ့ရသည်။ ဒီလိုအရိုက်ခံရဖို့မပြောနဲ့ ရှရာလေးတစ်ခုတောင် မဖြစ်ခဲ့ဖူးပေ။ သူမက အက်ကွဲသွားတော့မည့်အတိုင်း ခံစားနေရသည်။

မဒမ်ချင်က ဒါကိုမြင်တော့ သူမရဲ့ရင်တွေအရမ်းဆို့နင့်လာပြီး မျက်လုံးတွေတောင်နီရဲလာသည်။ သူမက လိမ်းဆေးကို ချင်ယန်ရဲ့ကျောပေါ်မှာ ဂရုတစိုက်လိမ်းပေးလိုက်ပြီး

“ချင်ရှင်းပေါင်၊ ရှင် ကျွမ်မသမီးကို ဘယ်လိုလုပ်ဒါမျိုးလုပ်ရဲရတာလဲ? ဒီဟာအတွက် ကျွန်မရှင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး!”

လိမ်းဆေးကို သူမရဲ့ကျောပေါ်မှာလိမ်းပေးဖို့ မဒမ်ချင် တော်တော်အချိန်ယူခဲ့ရသည်။ သူမ ၎င်းကိုလိမ်းပေးလိုက်တိုင်း ချင်ယန်က နာကျင်စွာငိုသည်။

မဒမ်ချင်က လိမ်းပြီးသွားတော့ သူမမျက်လုံးတွေက အေးစက်နေပြီး

“ယန်အာ၊ သမီးဒီတစ်ခေါက် အရမ်းခံစားလိုက်ရမှာပဲ။ သမီးလက်တုံ့ပြန်နိုင်အောင် မာမီသေချာပေါက် ကူညီပေးမယ်။ ဒီတော့ အစေခံတစ်ယောက် သေသွားတော့ရော? အမေတို့တွေ သူ့မိသားစုကို လျောကြေးပေးပြီးပြီပဲ။ သူသေပြီးတာတောင် ဘယ်လိုလုပ်ပြန်လာပြီး သမီးကိုထိခိုက်စေရဲရတာလဲ? သူက သမီးကို အရမ်းနာကျင်ခံစားရအောင် လုပ်ခဲ့တာပဲ။ အမေတို့ သူ့မိသားစုကို ပေးပြီးခဲ့ပေမယ့် သူတို့အဲ့ဒါကို ကောင်းကောင်းပျော်နိုင်မပျော်နိုင် ကြည့်ရဦးမယ်!”

“ဟုတ်တယ် အမေ၊ လက်တုံ့ပြန်ဖို့ သမီးကို အမေကူညီ‌ပေးရမယ်”

ချင်ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ မှားယွင်းတာက နိမ့်ကျတဲ့အိမ်အကူလို့ သူမက ထောက်ခံခဲ့သည်။

သူသေသွားတော့ရော?

ဘာလို့ သူက သူမရဲ့အဖေကို အရမ်းစိတ်ဆိုးမာန်ဆိုးဖြစ်စေရတာလဲ?

အိမ်အကူနဲ့ သူ့မိသားစုက အပြစ်ပေးခံရမည်။ အိမ်အကူရဲ့သေဆုံးမှုက သူမအဖေရဲ့နားကို ရောက်သွားပြီး ၎င်းကြောင့် ချင်ယန်ဝေဒနာခံစားခဲ့ရသည်။ အဲ့ဒါကြောင့်ပဲ အိမ်အကူရဲ့မိသားစုလည်း ဝေဒနာခံစားရမည်!

မဒမ်ချင်က ထွက်သွားတော့မလို့မှာပဲ ချင်ယန်က

“အမေ သမီးကြောင့်အဖေနဲ့ စကားမများပါနဲ့ နော်? အဖေက များသောအားဖြင့် လုပ်စရာကိစ္စတွေအမျာကြီးရှိပြီး အလုပ်များနေတာ။ ဒီဟာကြောင့် သမီးအဖေ့ကို မပျော်မရွှင်မဖြစ်စေချင်ဘူး”

သူမက စဉ်းစားတွေးခေါ်တတ်တာကိုပြသဖို့ ၎င်းကိုပြောလိုက်ခြင်းဖြစ်သည်။ သူမက ဘယ်လောက်နားလည်ပေးနိုင်မှန်း သူမရဲ့အမေက သူမအဖေကိုပြောတဲ့အခါ သူမအဖေက အပြစ်ရှိသလို ခံစားရလိမ့်မည်။

မဒမ်ချင်က ဒါကိုကြားတော့ ချက်ချင်းသူမမျက်ရည်တွေကို သုတ်လိုက်ပြီး

“အမေ့ယန်အာက တကယ်တွေးပေးတတ်တာပဲ။ အင်းပါ အမေသိပါတယ်။ အမေ ဘာလုပ်ရမယ်မှန်း သိပါတယ်။ သမီးကောင်းကောင်းအနားယူသင့်တယ်”

သခင်မချင်က အခန်းထဲက ထွက်သွားတော့ အိပ်ယာပေါ်မှာလှဲနေတဲ့ချင်ယန်က ချက်ချင်းပဲ ဒေါသ၊ အမုန်းနဲ့ ရက်စက်ကြမ်းတမ်းမှုတွေကို မျက်နှာပေါ်မှာပြသနေခဲ့သည်။ အရပ်သားတစ်ယောက်အတွက် သူမကိုရိုက်နှက်လို့ သူအဖေကို အပြစ်တင်ခဲ့သည်။ သူမက ကျန်းမိသားစုက အဲ့ဒီအဘိုးကြီးကိုလည်း မုန်းသည်။ သူက သူမကို ဓာတ်ပုံတစ်ပုံကြောင့်နဲ့ ပြစ်တင်ကြိမ်းမောင်းခဲ့သည်။ သူသာ ၎င်းကိုမလုပ်ခဲ့ရင် သူမလည်း ကျန်းမိသားစုရဲ့ရှေ့မှာ တည်ငြိမ်အေးဆေးမှုကို ဆုံးရှုံးသွားမှာ မဟုတ်ခဲ့ပေ။ သူမက သတင်း‌ထောက်တွေဆီကနေ အဖမ်းခံခဲ့ရမှာမဟုတ်ဘဲ ဂုဏ်သတင်းလည်း ဖျက်ဆီးခံလိုက်ရမှာမဟုတ်ပေ။

ဒါပေမယ့်လည်း သူမက ပုံထဲက အမျိုးသမီးကို အနာကျည်းဆုံးနဲ့ အမုန်းဆုံးဖြစ်သည်။ သူမအတွက်ကြောင့်သာမဟုတ်ရင် သူမ မနာလိုခဲ့မှာမဟုတ်ပေ။ သူမသာ မနာလိုမဖြစ်ခဲ့ရင် သခင်ကြီးကျန်းကို စိတ်ဆိုးစေခဲ့မှာမဟုတ်ပ။ သူမသာ သခင်ကြီးကျန်းကို စိတ်မဆိုးစေခဲ့ရင် ဒီဟာတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပေ။ သူမဂုဏ်သတင်းလည်း ဖျက်ဆီးခံလိုက်ရမှာ မဟုတ်ပေ။

သူမက လူတိုင်းရဲ့မျက်လုံးထဲမှာ လှပ ကြင်နာ ကျက်သရေရှိပြီး မွန်မြတ်တဲ့အထက်တန်းလွှာမိန်းကလေးတစ်ယောက် ဖြစ်နေဦးမှာ ဖြစ်သည်။

ချင်ယန်ရဲ့လက်တွေက လက်သီးဆုပ်တွေအဖြစ် တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ကာ ဖြူဖျော့နေတဲ့လက်ထိပ်တွေက အသားထဲ နစ်ဝင်နေခဲ့သည်။ သူမ အံကြိတ်လိုက်ပြီး

“‌ကောင်မ နင်စောင့်နေလိုက်၊ ငါခံစားခဲ့ရတဲ့နာကျင်မှုထက် နင့်ကို အ‌ဆထောင်ပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းမယ်”

***

All Chapters