← Chapters

အရင်ဘဝ (၁)

Vol. 27 Ch. 447

အရင်ဘဝ (၁)

Vol. 27 Ch. 447

ကုန်းထျန်းဟောက်ရဲ့အမူအယာက လေးနက်နေသည်။

ရှောင်လင်းယွီရဲ့မျက်လုံးအိမ်တွေ တင်းကျပ်သွားပြီး သူမရဲ့နှလုံးသားရုတ်တရက်ခုန်လာသည်။

သူမ ပါးစပ်ကိုဖွင့်ဟလိုက်ပြီး

“ထျန်းဟောက်၊ ကျွန်မ ဘာပြောရမှန်းမသိဘူး။ ရှင် ကျွန်မကို ဒီအကြောင်းစဉ်းစားခွင့်ပေးလို့ရမလား?”

ရှောင်လင်းယွီမှာ သေချာပေါက် လျှို့ဝှက်ချက်တွေပိုရှိနေမှန်း ကုန်းထျန်းဟောက်သိပေမယ့် သူမကို သူဖိအားမပေးခဲ့ပေ။ ဒါပေမယ့်လည်း သူတို့ကလေးအကြောင်းပြောတိုင်း ရှောင်လင်းယွီငိုတာကတော့ ထူးဆန်းသည်။ သူမရဲ့အမူအယာက ဝမ်းနည်းမှု၊ နာကျင်မှုနဲ့ နောင်တတွေနဲ့ ပြည့်နေသည်။

ရှောင်လင်းယွီက အတိတ်မှာ ကလေးတစ်ယောက်ဆုံးရှုံးခဲ့ဖူးရင်တော့ သူမရဲ့အမူအယာက ပုံမှန်ပဲဖြစ်လိမ့်မည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီက ဘယ်တုန်းကမှ ကလေးမရှိခဲ့ဖူးမှန်း သူကောင်းကောင်းသိသည်။ သူမမှာ အခုကျ ကလေးတစ်ယောက်ရှိနေပြီဖြစ်ပြီး ကလေးမှာ ပြည့်စုံတဲ့မိသားစုတစ်ခုရှိသည်။ ဒါကြောင့် သူတို့တွေ ကလေးရဲ့အ‌နာဂတ်အကြောင်းပြောရင် သူမပျော်ရွှင်သင့်သည်။

ဒါပေမယ့် အဲ့ဒီအစား သူမဘာလို့ ငိုနေရတာလဲ?

၎င်းက အသိသာကြီးကို မမှန်ကန်ပေ။

ကုန်းထျန်းဟောက်က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်ပြီး ရှောင်လင်းယွီကို စိုးရိမ်စွာ ကြည့်လိုက်သည်။ ပြီးနောက်မှာ သူက

“ဟုတ်ပြီ ဒါ‌ပေမယ့်ယွီအာ …”

သူက ဒါကိုပြောရင်း ရှောင်လင်းယွီရဲ့ဆံပင်ကိုဖြီးပေးဖို့ သူ့လက်ကိုမြှောက်လိုက်ကာ စစ်မှန်စွာနဲ့

“မင်းမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးပဲရှိရှိ ကိုယ့်ကိုယုံကြည်ပေးဖို့ မင်းကြိုးစားနိုင်မယ်လို့တော့ မျှော်လင့်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယုံထားပါ။ ကိုယ်မင်းကို မနာကျင်စေပါဘူး”

ရှောင်လင်းယွီရဲ့ မျက်လုံးအိမ်တွေ ထပ်ပြီးတင်းကျပ်သွားကာ

“ဟုတ်ပါပြီ!”

ကုန်းထျန်းဟောက်မှာ သူမကို နာကျင်စေစရာအကြောင်းမရှိဘူးလို့ သူမခံစားရသည်။

‘ရှောင်ထုန် ရှောင်ထုန်၊ မင်းကို အထင်မြင်သေးခံရစေတာက အမေကိုယ်တိုင်ပဲ'

ရှောင်လင်းယွီက ရှောင်ထုန်ရဲ့အိပ်ယာရှေ့မှာ ရပ်နေခဲ့ပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်ရင်း ကုတင်ကိုမှီကာ နာကျင်စွာငိုကြွေးနေတဲ့ သူမနဲ့ချွတ်စွပ်တူတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ဒီမြင်ကွင်းကို အရမ်းရင်းနှီးနေသည်။ ရှောင်လင်းယွီက အံ့ဩသွားသည်။

ဘာတွေဖြစ်နေတာလဲ?

သူမအရင်ဘဝကို ပြန်သွားမိတာလား?

ဒါပေမယ့်လည်း သူမက နောက်ထပ်ရှောင်လင်းယွီတစ်ယောက်ကို ကြည့်နေတဲ့အတွက် ၎င်းကမမှန်ကန်ပေ။ သူမ နားမလည်ခဲ့ပေ။

အဲ့ဒီအချိန်မှာ မေမေရှောင်က ဒေါသတကြီးလျှောက်လာသည်။ ရှောင်လင်းယွီကို အိပ်ယာရှေ့မှာ သူမမြင်လိုက်တော့ အရမ်းစိတ်ဆိုးဒေါသထွက်သွားသည်။ သူမဆီကို လျှောက်သွားလိုက်ပြီး မျက်နှာကို တစ်ချက်ရိုက်လိုက်သည်။

ရှောင်လင်းယွီက အရိုက်ခံလိုက်ရတဲ့ သူမမျက်နှာကို အုပ်ထားလိုက်သည်။

‘အမေ’

လေထဲမှာမျောနေခဲ့တဲ့ရှောင်လင်းယွီက အလိုလိုခေါ်လိုက်မိသည်။

အဲ့ဒီအချိန်မှာ အသက်ငါးဆယ်တောင်မရှိသေးတဲ့ သူမရဲ့အမေက နားထင်ပေါ်မှာ ဆံပင်ဖြူတွေရှိနေတာကို သူမသတိထားမိလိုက်သည်။ သူမရဲ့မျက်နှာက ချောင်ကျနေပြီး အရမ်းပိန်လှီနေသည်။ သူမရဲ့မျက်နှာက စိတ်ဒုက္ခတွေ ၊ စိုးရိမ်မှုနဲ့ ခေါင်းကိုက်ခြင်းတွေရောနှောထားတဲ့ဒေါသတွေနဲ့ ပြည့်လို့နေသည်။ သူမက ဘဝအသစ်က မေမေရှောင်နဲ့ မတူပေ။

၎င်းက သူမရဲ့ရှေ့မှာ ဇာတ်ကားတစ်ခုကို ပြန်လည်ပြသနေသလိုမျိုး အရမ်းရင်းနှီးနေသည်။ သူမရဲ့အရင်ဘဝမှာ သူမက လုပ်ငန်းခွင်မှာ လက်ရွေးစင်ပဲဖြစ်သည်။ သူမရဲ့သားက အပြစ်ကင်းစင်တယ်ဆိုတာကို နားလည်လိုက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားခဲ့ပြီဖြစ်သည်။ ဒါကြောင့် သူမရဲ့အမေဆီက အရိုက်နှက်ခံပြီး ဆူပူခံခဲ့သည်။ သူမရဲ့ကမ္ဘာကြီးက ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဝါးမျိုခံလိုက်ရသည်။

ရှောင်ထုန်ကို ဆေးရုံကနေ အိမ်ကိုခေါ်လာပြီး ထောင်ယွမ်ရွာက ရှောင်မိသားစုရဲ့ ဘိုးဘွားအုတ်ဂူမှာ မြှုပ်ပေးနေတာကို စူးအောင့်တဲ့အမူအယာနဲ့ သူမကြည့်နေခဲ့သည်။ အရင်ဘဝက ရှောင်လင်းယွီအတွက်တော့ သူမက သောကတွေနဲ့ သေဆုံးခဲ့သည်။

မြေးဖြစ်သူက နာမကျန်းလို့ သေသွားပြီး သမီးဖြစ်သူက ဝမ်းနည်းပူဆွေးပြီး သေသွားခဲ့သည်။ လဝက်အတွင်းမှာပဲ ဖေဖေရှောင်နဲ့ မေမေရှောင်က သူတို့ရဲ့အရင်းနှီးဆုံး သွေးသားနှစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်။ သူတို့နှစ်ယောက်က ချက်ချင်းပဲ နှစ်ပေါင်းများစွာ အိုစာကုန်ပြီး ညတွင်းချင်း ဆံပင်တွေဖြူကုန်ကြသည်။ မေမေရှောင်က သူမကိုယ်သူမ အဆုံးမရှိအပြစ်တင်နေခဲ့သည်။

‘ငါသာ ယွီအာကို အပြစ်မတင်ဘဲ မရိုက်နှက်ခဲ့ရင် သူဒီမှာ ငါတို့နဲ့အတူတူရှိနေလောက်ဦးမှာ။ ထုန်အာ ယွီအာ၊ မင်းတို့အမေနဲ့ အဘွားကို ဘယ်လိုလုပ်ဒီလိုမျိုး ထားခဲ့နိုင်ရတာလဲ...’

ဖေဖေရှောင်က မငို‌ခဲ့ပေမယ့် သူ့မျက်လုံးတွေက နီရဲနေပြီး အလွန်အမင်းဝမ်းနည်းနေပုံပေါ်သည်။ ဖေဖေရှောင်က သူ့ဇနီးကိုဖက်လိုက်ပြီး ဘာစကားမှမပြောခဲ့ပေ။

ရှောင်မိသားစုရဲ့ တခြားမိသားစုဝင်တွေကလည်း ဝမ်းနည်းနေပုံပေါ်သည်။ တစ်ခါက သူမရဲ့သားအရင်းကိုတောင် လျစ်လျူရှုခဲ့တဲ့ ရှောင်လင်းယွီက သူမသားရဲ့သေဆုံးမှုကြောင့် စိတ်ဒုက္ခရောက်စွာ သေဆုံးသွားလိမ့်မယ်လို့ သူတို့မထင်ခဲ့ကြပေ။ သူတို့ရဲ့သေဆုံးမှုတွေက မိသားစုကို လက်မှိုင်ချမှုတွေနဲ့ ဖုံးလွှမ်းခဲ့သည်။

ယွီအာ အစ်မ ဘာလို့အရမ်းအကြင်နာကင်းရတာလဲ?

တစ်ခါက ပျော်ရွှင်ခဲ့ဖူးတဲ့ သူ့မိသားစုက နှစ်အနည်းငယ်အတွင်းမှာပဲ ကျဆုံးပြီး ပျောက်ကွယ်သွားတာကို ရှောင်လင်းယဲ့မြင်ခဲ့သည်။ သူ့အမူအယာက ဝမ်းနည်းပူဆွေးနေသည်။ သူ့လက်တွေက လက်သီးကျစ်ကျစ်ဆုပ်ထားပြီး နှလုံးသားထဲက ထူထပ်တဲ့အမုန်းတရားကို ကြံ့ကြံခံရင်း အကြောတွေ ကိုက်ခဲနေခဲ့သည်။

ဒီအရာတွေအားလုံးရဲ့အရင်းအမြစ်က အဲ့ဒီမကောင်းတဲ့အကောင် ချန်းယန်ဆီ‌ကနေအရင်းခံလာတာပင်။ သူ့ရဲ့‌တောက်ပတဲ့အနာဂတ်အတွက် သူ့အစ်မဖြစ်သူကို တကယ်ပဲ အမှုဆင်ခဲ့သည်။ သူက ချန်းမိသားစုကို နေ့တိုင်းလာရောက်ပြီး ပြဿနာရှာဖို့တောင် လှုံ့ဆော်ပေးလိုက်သေးသည်။ သူတို့က သူ့အစ်မနဲ့ သူတို့မိသားစုရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်ခဲ့ကြသည်။

‌၎င်းက အကုန်မဟုတ်သေးပေ။ အဲ့ဒီလူက သူ့မိသားစုကို ပျက်စီးစေဖို့နဲ့ ထိခိုက်ဒဏ်ရာရစေ‌ဖို့ လူမိုက်အုပ်စုတစ်စုတောင် လွှတ်လိုက်သေးသည်။ ဒီနည်းလမ်းနဲ့ ချန်းယန်က လက်စားချေမှာကို မကြောက်ခဲ့ပေ။

ရှောင်လင်းယဲ့က ထေ့ငေါ့လိုက်သည်။

ကံကြမ္မာဆိုတာ တစ်ပတ်ပြန်လည်မှာပဲ။

ချန်းယန်၊ ကျောက်ဝမ်ဝမ်နဲ့ ချန်းမိသားစု ဝဋ်လည်တယ်ဆိုတာ မရှိဘူးလို့ မင်းတို့တကယ်ထင်နေတာလား?

မင်းတို့က ငါ့မိသားစုကို ဘေးဒုက္ခကြီးတစ်ခု ဖြစ်စေခဲ့တယ်။ ငါ မင်းတို့ကို ဆယ်ဆပြန်ပေးမယ်!

အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်က ရှောင်လင်းယဲ့ဆီ လျှောက်လာပြီး သူ့လက်ထဲကပစ္စည်းကို သူ့ကို တလေးတစားပေးလိုက်သည်။ ၎င်းက ဟိုင်ချင်ဂရု၊ ချန်းယန်၊ ကျောက်ဝမ်ဝမ်နဲ့ စုံစမ်းစစ်ဆေးမှုရလဒ်တွေရဲ့ သတင်းအကုန်ပဲဖြစ်သည်။

ရှောင်လင်းယဲ့က ယူလိုက်ပြီး အကြိမ်ရေများစွာ ခနခနလှန်လှောလိုက်သည်။ ထို့နောက် သူက ဖာသိဖာသာနဲ့

“ကောင်းပြီ မဆိုးပါဘူး”

ပြီးနောက်မှာ သူကအမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းဆောင်ရွက်! ပါဝင်ပတ်သတ်ခဲ့တဲ့လူတွေအားလုံး ဝဋ်ပြန်လည်တာကို ငါလိုချင်တယ်”

“ဟုတ်ကဲ့ပါ”

ထိုလူက ပြန်ဖြေလိုက်သည်။

***

All Chapters