အတိတ်ဘဝ (၂)
Vol. 27 Ch. 448
“မင်းဘာပြောလိုက်တာ? တစ်ယောက်ယောက်က ဟွေ့ချင်အုပ်စုကို ကြားဝင်ခဲ့တာလား?”
ရှောင်လင်းယဲ့ရဲ့အေးစက်တဲ့မျက်နှာက တင်းတင်းကျပ်ကျပ် မျက်မှောင်ကျုံ့လိုက်သည်။ ရှောင်လင်းယဲ့က နှစ်နှစ်တိုင်တိုင် ပြင်ဆင်ခဲ့တာဖြစ်သည်။ သူက အခွန်ရှောင်မှုနဲ့ အမျိုးမျိုးသောမကောင်းသတင်းတွေလိုမျိုး ဟွေ့ချင်အုပ်စုရဲ့ သက်သေရင်းမြစ်မျိုးစုံကို စုဆောင်းဖို့ လူတွေ လွှတ်လိုက်သည်။ သူ့မှာ ကျောက်ဟွေ့ချင်ရဲ့ မယားငယ်၊ တရားမဝင်သားနဲ့ စတာတွေရဲ့ သက်သေတောင်ရှိသည်။
ဒီလိုသိက္ခာကျဖွယ်ဖြစ်ရပ်တွေက ကုမ္ပဏီကြီးတစ်ခုအတွက်တော့ ကြောက်လန့်စရာပင်။ ၎င်းတို့တွေ ဖော်ထုတ်ခံလိုက်ရတာနဲ့ သူတို့ဂုဏ်သတင်း ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။ ဒါပေမယ့် အရေးအကြီးဆုံးက ကုမ္ပဏီစတော့တွေ ကျဆင်းသွားလိမ့်မည်။
တရုတ်က ဒီလိုကိစ္စမျိုးတွေကို အရမ်းတင်းကျပ်ထားတဲ့အတွက် အခွန်ရှောင်တာက အပြင်းထန်ဆုံးပဲဖြစ်သည်။ အခွန်စာရင်းစစ်ကသာ တကယ်ပဲ တစ်စုံတစ်ခုရှာတွေ့သွားခဲ့ရင် ကုမ္ပဏီက ချက်ချင်းဆောင်ရွက်မှုတစ်ခုလုပ်ရင်လုပ် မဟုတ်ရင် လုပ်ငန်းပိတ်သိမ်းရလိမ့်မည်။
ရှောင်လင်းယဲ့က သူတို့ကို မြန်ဆန်တဲ့သေဒဏ်မပေးချင်သေးပေ။ သူက သူတို့ကို နည်းနည်းချင်းစီ နှိပ်စက်ညှင်းပန်းချင်သည်။
ရှောင်လင်းယဲ့က သူ့မိသားစုကို ထိခိုက်စေခဲ့တဲ့စုံတွဲကို မုန်းတီးခဲ့သည်။ ဒါပေမယ့်လည်း ဒီလူတွေမှာ သူတို့မိသားစုတွေရဲ့ ကြွယ်ဝမှုနဲ့ ဟွေ့ချင်အုပ်စု က သူတို့နောက်မှာ ရှိနေသရွေ့ ပြေးလွတ်နေကြဦးမည်ဆိုတာကို သူသိသည်။ ဒါကြောင့် သူတို့ကို လက်စားချေဖို့အတွက် သူတို့နောက်ခံလူကို သူအရင်ဆုံးဖျက်ဆီးပစ်ရမည်။ ကျောထောက်နောက်ခံသာမရှိရင် ရှောင်လင်းယဲ့က သူတို့ကို ပုရွက်ဆိတ်တွေကို ချေမွသလိုမျိုး ဖျက်ဆီးပစ်နိုင်သည်။
အရာအားလုံးကိုဆုံးရှုံးရတာက ဘယ်လိုမျိုးလဲဆိုတာကို ရှောင်လင်းယဲ့က သူတို့ကို ခံစားစေချင်သည်။ သူအရင်က နာကျင်ခံစားခဲ့ရသလိုမျိုး သူတို့ကို နာကျင်ခံစားစေချင်သည်။ တစ်ခါက သူ့မှာ လှပပြီးပျော်စရာကောင်းတဲ့မိသားစုတစ်ခုရှိခဲ့ပေမယ့် သူတို့တွေရဲ့တစ်ကိုယ်ကောင်းဆန်မှုနဲ့ စာနစိတ်ကင်းမဲ့မှုကြောင့် သူ့မိသားစုက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ငရဲမှာနေခဲ့ရသည်။
သူ့အစ်မနဲ့ သူ့တူက ထွက်သွားကြသည်။ ၎င်းက နာကျင်မှုကို ပိုတိုးစေသည်။ ရှောင်လင်းယဲ့က သူတို့ကို အလွန်တရာမုန်းတီးသည်။
ချန်းယန်နဲ့ ချန်းမိသားစု၊ ကျောက်ဝမ်ဝမ်နဲ့ ကျောက်မိသားစု၊ ဒီလူတွေနဲ့ သူ့မိသားစု အနိမ့်ကျသွားချိန်မှာ သူတို့ကို အနိုင်ကျင့်ခဲ့တဲ့သူတွေ။
သူဘာလို့ လက်တုံ့မပြန်သင့်ရမှာလဲ?
ရှောင်လင်းယွီက သူမရဲ့မောင်ဘေးမှာ တစ်လျှောက်လုံးရပ် နေခဲ့သည်။ သူမရဲ့ ပျော်ရွှင်ပြီးတက်ကြွတဲ့မောင်လေးက ဒီလိုမျိုးအေးစက်ပြီး ရက်စက်တဲ့လူတစ်ယောက်ဖြစ်လာတာကို သူမမြင်ခဲ့သည်။ သူမ မူးဝေမှုကြီးတစ်ခုကို ခံစားခဲ့ရသည်။ သူမရဲ့သေဆုံးမှုအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို မျက်မြင်တွေ့နေရမှန်း သူမသိလိုက်သည်။
သူမရဲ့မောင်လေးက ထက်မြက်တဲ့လူမှန်းသိပေမယ့် သူက စီအီးအိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့တော့ သူမ မထင်ထားခဲ့ပေ။ သူက ဟွေ့ချင်အုပ်စုကို ဒီလိုမျိုးပဲ ဖျက်ဆီးပစ်နိုင်သည်။ သူက အံ့ဩစရာပင်။
ဟွေ့ချင်အုပ်စုကို လက်တုံ့ပြန်ဖို့အတွက် ရှောင်လင်းယွီက အရင်ဘဝမှာ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့သည်။ ဒါပေမယ့် သူမရဲ့သေဆုံးမှုအတွင်းမှာတောင် သူမက အလယ်အလတ်အဆင့်အဖြူရောင်ကော်လံ အလုပ်သမားတစ်ယောက်ပဲ ဖြစ်ခဲ့သည်။ သူမက ဟွေ့ချင်အုပ်စုလိုမျိုး ကုမ္ပဏီကြီးတစ်ခုကို ထိတောင်မထိနိုင်ပေ။ ဒါပေမယ့်လည်း သူမက ရှုံးနိမ့်တာကိုဝန်ခံဖို့ ငြင်းဆိုနေတဲ့ လူလည်းဖြစ်နေပြန်သည်။ သူမ တစ်နေ့မှာ ဟွေ့ချင်အုပ်စု ကို ဆွဲချနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့သည်။
ဒါပေမယ့်လည်း အဲ့ဒီနေ့မတိုင်ခင် သူမသားသေဆုံးမှုရဲ့ ဝမ်းနည်းပူဆွေးမှုကြောင့် သူမသေဆုံးခဲ့သည်။ အခု သူမရဲ့မောင်လေးက သူမကို လက်တုံ့ပြန်ဖို့ ကူညီတော့မှာဖြစ်သည်။ သူမရဲ့မောင်လေး အရွယ်ရောက်လာပြီး သန်မာလာတာကို သူမပျော်ရွှင်သင့်သည်။ ဒါပေမယ့်လည်း ၎င်းက ကြီးမားတဲ့ပေးဆပ်မှုကြီးတစ်ခုနဲ့ ရောက်လာခဲ့သည်။
ရှောင်လင်းယွီက သူမမောင်လေးဘေးမှာ ရပ်နေခဲ့ပြီး သူမမျက်နှာက မျက်ရည်တွေနဲ့ ပြည့်နေခဲ့သည်။ သူမရဲ့ မောင်လေးကို ပွေ့ဖက်ချင်ခဲ့ပေမယ့် သူမရဲ့လက်တွေက ရှောင်လင်းယဲ့ရဲ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတာကို သဘောပေါက်သွားသည်။
သူမ သူ့ကို ထိလို့မရပေ!
ရှောင်လင်းယွီက သူမပါးစပ်ကိုအုပ်လိုက်ပြီး မျက်ရည်တွေစီးကျလာသည်။
ရှောင်လင်းယဲ့က သူ့အစ်မရဲ့တည်ရှိမှုကို ခံစားမိလိုက်တဲ့အတွက် ၎င်းက မောင်နှမတွေကြားက စိတ်အာရုံချင်းဆက်သွယ်မှုဖြစ်နိုင်သည်။ သူ့အမူအယာက ရုတ်တရက်ပြောင်းသွားပြီး သူ့စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့သည်။
သူက စိုးရိမ်တကြီးအော်ကာ
“အစ်မ အစ်မ၊ အစ်မပြန်လာတာလား?”
“အင်း အစ်မပြန်လာပြီ”
ရှောင်လင်းယွီက သူမပါးစပ်ကိုအုပ်ထားလိုက်ပြီး ငိုကြွေးရင်းပြောလိုက်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယဲ့က သူမကို လုံးဝမကြားနိုင်ပေ။ သူ့မျက်လုံးတွေနီရဲလာပြီး ပါးပြင်ပေါ်မျက်ရည်တွေစီးကျလာသည်။
သူက
“အစ်မ၊ အမေနဲ့အဖေက အစ်မကို ထပ်ပြီးအပြစ်မတင်တော့ဘူး။ ရှောင်ထုန်ကလည အစ်မကိုအပြစ်မတင်ဘူး။ သူတို့ကို မမုန်းပါနဲ့တော့ နော်?”
စီအီးအိုငယ်လေးက သုံးနှစ်ကလေးလိုမျိုး စတင်ငိုယိုခဲ့သည်။
ရှောင်လင်းယွီက သူမခေါင်းကိုခါကာ
“မောင်လေး၊ ဘာလို့အဲ့လိုထင်ရတာလဲ? ငါမင်းတို့တွေကို ဘယ်လိုလုပ်မုန်းနိုင်မှာလဲ? မုန်းရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းမှာပေါ့…”
ရှောင်လင်းယဲ့က သူ့အစ်မရဲ့အသံကို မကြားနိုင်ပေ။
သူက
“အစ်မ အစ်မအခု အေးအေးဆေးဆေး အနားယူနိုင်ပြီ။ ကျွန်တော့်မိသားစုကိုကာကွယ်ဖို့ ကျွန်တော်လုံလောက်အောင် အင်အားရှိနေပြီ။ အစ်မနဲ့ ကျွန်တော်တို့မိသားစုကို ထိခိုက်ခဲ့တဲ့အဲ့ဒီလူတွေကိုလည်း လက်စားပြန်ချေမှာ။ အကြွေးကို ပြန်ပေးဆပ်ရမယ်ဆိုတာကို သူတို့ကို သိစေရမယ်”
ရှောင်လင်းယွီက မျက်လုံးထဲမှာ မျက်ရည်စတွေနဲ့
“အင်းပါ ဒါပေမယ့် ယဲ့အာ၊ မင်းသတိထားရမယ်နော်”
ပြီးတော့ ဟွေ့ချင်အုပ်စု က Zမြို့ရဲ့ ထိပ်တန်းကုမ္ပဏီငါးခုထဲက တစ်ခုဖြစ်နေပြီးသားဖြစ်သည်။ သူသာ Z မြို့မှာ တစ်စုံတစ်ခုစတင်ချင်ရင် ဒုက္ခရောက်လိမ့်မည်။ သူမရဲ့မောင်လေးက နောက်ကွယ်ကနေ ဒုက္ခပေးနေမှန်း ကျောက်ဟွေ့ချင်နဲ့ ချန်းယန်တို့သိသွားတာနဲ့ သူ့နောက်ကိုလိုက်မှာကို သူမစိုးရိမ်နေသည်။ မတတ်သာတဲ့အဆုံး သူတို့က ညစ်ပတ်တဲ့လှည့်ကွက်တွေကို အသုံးပြုကြလိမ့်မည်။
ဖြစ်နိုင်ရင် သူမရဲ့မိဘတွေနဲ့ မောင်လေး လုံခြုံစိတ်ချရဖို့ကိုပဲ ရှောင်လင်းယွီမျှော်လင့်သည်။ လက်တုံ့ပြန်ဖို့ မလိုအပ်တော့ပေ။
ရှောင်လင်းယဲ့က သူ့အစ်မကို စကားပြောနေတုန်း ရှောင်လင်းယဲ့ရဲ့ လက်အောက်ငယ်သားတွေက အစီရင်ခံဖို့ ဝင်လာကြသည်။
“ဥက္ကဌ၊ တစ်ယောက်ယောက်က ဟွေ့ချင်အုပ်စုရဲ့ဝယ်လိုက်ပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါတယ်”
“ဘာ?”
***
=