← Chapters

အတိတ်ဘဝ (၃)

Vol. 27 Ch. 449

အတိတ်ဘဝ (၃)

Vol. 27 Ch. 449

ရှောင်လင်းယွီက ရှောင်လင်းယဲ့ရဲ့ရှေ့မှာ ရပ်နေခဲ့ပြီး သူမရဲ့အမြင်အာရုံတွေ ရုတ်တရက် မှောင်မိုက်သွားသည်။ သူမရှေ့က မြင်ကွင်းက ချက်ချင်းပြောင်းလဲသွားသည်။ ရှောင်လင်းယွီ နားမလည်နိုင်ဖြစ်သွားသည်။ သူမ မမြင်ရသေးခင် ရင်းနှီးနေတဲ့အသံနှစ်သံကို ကြားလိုက်ရသည်။

“ထျန်းဟောက်၊ လူတစ်ယောက်က သေပြီးရင် ပြန်မရှင်နိုင်ဘူးလေ။ မင်း…မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လိုတယ်!”

“ထျန်းဟောက်?”

ရှောင်လင်းယွီရဲ့အမူအယာက ချက်ချင်းပြောင်းလဲသွားသည်။ သူမမျက်လုံးတွေကို ဖွင့်လိုက်သည်။

အနက်ရောင်ခုံရဲ့ရှေ့မှာ လူနှစ်ယောက်ရှိနေသည်။ သူမ ဒီလူနှစ်ယောက်ကို အရမ်းရင်းနှီးနေသည်။ ခုနလေးတင် စကားပြောလိုက်တဲ့လူက ကုန်းထျန်းဟောက်ရဲ့အထူးလက်ထောက် လီယွမ်ဟန်ဖြစ်သည်။

‘ဒါထျန်းဟောက်လား?'

ရှောင်လင်းယွီက အရမ်းနားမလည်နိုင်ဖြစ်သွားသည်။ ဒါပေမယ့်လည်း သူမမစဉ်းစားနိုင်သေးခင်မှာပဲ ပျော်ရွှင်နေတဲ့အမူအယာတစ်ခု သူမမျက်နှာမှာ ပေါ်လာခဲ့သည်။

သူမ အမြန်ပြေးသွားပြီး အော်လိုက်ကာ

“ထျန်းဟောက်…ထျန်းဟောက်…”

ဒါပေမယ့်လည်း သူမရပ်တန့်လိုက်သည်။ ရှောင်လင်းယဲ့လိုပဲ သူမကြည့်နေတဲ့လူတွေဆီမှာ ဘာတုံ့ပြန်ချက်မှ မရှိပေ။ ရှောင်လင်းယွီက လမ်းလျှောက်သွားပြီး ကုန်းထျန်းဟောက်ရဲ့ပခုံးတွေကို ထိဖို့ လက်ဆန့်လိုက်သည်။ သူမရဲ့လက်က သူ့ခန္ဓာကိုယ်ကို ဖြတ်သွားခဲ့သည်။ ရှောင်လင်းယွီက တူညီတဲ့အရာကိုပဲထပ်လုပ်ခဲ့ပြီး တူညီတဲ့ရလဒ်ပဲရခဲ့သည်။

ရှောင်လင်းယွီက လှည့်လိုက်ပြီး လီယွမ်ဟန်ရဲ့ပခုံးကို ပုတ်လိုက်သည်။ ၎င်းက သူ့ကို ဖြတ်သွားခဲ့သည်။

ဒီလူတွေက သူမကို မမြင်ရ မကြားရတာကို ရှောင်လင်းယွီနောက်ဆုံးမှာ နားလည်လိုက်သည်။ သူမက ဝိညာဉ်အခြေအနေမှာဖြစ်သည်။

ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ပြီးတော့ ဘာလို့ သူမက အတိတ်ဘဝကို ပြန်ရောက်လာရတာလဲ?

ကုန်းထျန်းဟောက်က အနည်းငယ်ဝမ်းနည်းနေပုံပေါ်သည်။

သူက

“ငါသာ သူတို့ကို စောစောတွေ့ခဲ့ရင် အမေဖြစ်သူနဲ့ ကလေးက အဆင်ပြေနေပြီး အနှိပ်စက်ခံခဲ့ရမှာမဟုတ်ဘူး။ သူတို့တွေ အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်ရှိနေကြမှာ”

ရှောင်လင်းယွီက ပထမတော့ အနည်းငယ်နားမလည်နိုင်ဖြစ်သွားသည်။

သူ ဘယ်သူ့အကြောင်းပြောနေတာလဲ?

သူက ဒီဘဝမှာ အိ‌မ်ထောင်တောင်ပြုပြီးသွားပြီလား?

ရှောင်လင်းယွီရဲ့နှလုံးသားက ရုတ်တရက် နာကျင်သွားသည်။

လီယွမ်ဟန်က လေးပင်စွာသက်ပြင်းချကာ

“ဒါပေမယ့် ထျန်းဟောက်၊ ဒါမင်းအမှားမှမဟုတ်ဘဲ။ ဒါမတိုင်ခင် သူတို့ရဲ့တည်ရှိမှုကို မင်းသိခဲ့တာတောင် မဟုတ်ဘူးလေ။ ဆေးရုံရဲ့ မတော်တဆ သွေးအမျိုးအစား ကိုက်ညီမှုကြောင့်သာမဟုတ်ရင် မင်းမှာ သားတစ်ယောက်ရှိတယ်ဆိုတာကို ငါတို့ရှာတွေ့ခဲ့မှာမဟုတ်ဘူး”

ကုန်းထျန်းဟောက်က နောင်တတွေနဲ့ ပြည့်နေခဲ့သည်။ သူ့ခေါင်းကိုခါကာ

“မဟုတ်ဘူး။ Zမြို့မှာကတည်းက ငါဒီအကြောင်းကို သိခဲ့သင့်တာ။ တစ်ယောက်ယောက်က ငါ့အခန်းထဲကို လက်ဆောင်အနေနဲ့ မိန်းကလေးပို့ပေးလိုက်တယ်လို့ ငါထင်ခဲ့တာ။ ငါသူနဲ့အိပ်ခဲ့တယ်။ ဒါပေမယ့် ငါတို့မှာ ဆွေးနွေးရမယ့် စီးပွားရေးကိစ္စတစ်ခုရှိသေးလို့ ငါအရင်ထွက်လာခဲ့တယ်။ ငါတို့တွေပြန်လာတော့ သူကသွားနှင့်ပြီ”

ရှောင်လင်းယွီ “…”

ဘာလို့ ဒီစကားတွေက အရမ်းရင်းနှီးသလိုဖြစ်နေတာလဲ?

လီယွမ်ဟန်က တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ကုန်းထျန်းဟောက်က နောင်တတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှုတွေပြည့်နေမှန်း သူသိခဲ့သည်။ လီယွမ်ဟန်က ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်ခဲ့သည်။ ကောင်မလေးမှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိရမယ်လို့ သူထင်မြင်ယူဆခဲ့သည်။ ဒါကြောင့် သူက စုံစမ်းစစ်ဆေးမှုကို မပြုလုပ်ခဲ့ပေ။

ကောင်မလေးက ဆေးခတ်ခံရပြီး ကုန်းထျန်းဟောက်ရဲ့အခန်းထဲမှာ မတော်တဆအဆုံးသတ်သွားမိလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ?

ပိုပြီးအံ့ဩဖို့ကောင်းတာက ပုံမှန်ဆိုရင် မိန်းကလေးတွေကို ထိကိုင်လေ့မရှိတဲ့ကုန်းထျန်းဟောက်က အဲ့ဒီညက သူမနဲ့အတူတူအိပ်ခဲ့ပြီး ချက်ချင်းကိုယ်ဝန်ရသွားစေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကုန်းထျန်းဟောက်က သူ့မှာ သားတစ်ယောက်ရှိတယ်ဆိုတာကို ရှာတွေ့ပြီး‌ ပျော်နေဆဲမှာပဲ သူ့သားနဲ့ သူ့သားရဲ့အမေက သေဆုံးသွားပြီဆိုတာကို သိလိုက်ရသည်။

လီယွမ်ဟန်က

“ထျန်းဟောက် ငါလည်းမှားတာပဲ။ အရင်က ငါတို့ သေသေချာချာသာစုံစမ်းခဲ့ရင် သူက လုံးဝဖြူစင်တယ်ဆိုတာကို ငါတို့သတိပြုမိခဲ့လောက်တယ်။ သူက ‌တစ်ယောက်ယောက်ဆီကနေ ဆေးခတ်ခံရပြီး မင်းအခန်းထဲကို မတော်တဆ ဝင်လာခဲ့တာ။ ဖြစ်နိုင်တာက…”

လီယွမ်ဟန်က အဲ့ဒါပြီးတော့ ဘာမှဆက်မပြောခဲ့ပေ။

ဘာဆက်ဖြစ်မယ်ဆိုတာကို ဘယ်သူသိမှာလဲ?

သူတို့တွေ ကောင်မလေးကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့နိုင်သည်။ ဒီကိစ္စကို ဖုံးကွယ်ထားဖို့အတွက် သူတို့တွေ ကောင်မလေးကို ငွေပေးခဲ့နိုင်သည်။

လီယွမ်ဟန်က နက်နက်ရှိုင်းရှိုင်း သက်ပြင်းချကာ

“ထျန်းဟောက်…”

ကုန်းထျန်းဟောက်ကို ဘယ်လိုနှစ်သိမ့်ရမယ်မှန်း သူတကယ်မသိချေ။ အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်ရဲ့မျက်လုံးတွေက ဝမ်းနည်းမှုကနေ အေးစက်မှုကို ပြောင်းလဲသွားသည်။

"ငါ့သားလေးနဲ့ သူ့အမေအတွက် လက်တုံ့ပြန်‌ပေးဖို့လိုတယ်။ ငါဒီလူတွေကို ခွင့်လွှတ်မှာမဟုတ်ဘူး။ ငါတို့တွေ ဟွေ့ချင်အုပ်စုရဲ့ပိုင်ဆိုင်မှုကနေစမယ်။ အဲ့ဒီကျောက်ဝမ်မန့်က ရက်စက်တဲ့ကိစ္စတွေအများကြီးလုပ်ခဲ့ပေမယ့် သူ့ရဲ့ချမ်းသာတဲ့အဖေကြောင့် အပြစ်ပေးမခံခဲ့ရဘူး။ သူ့အဖေရဲ့ငွေတွေမရှိဘဲ သူဘာဖြစ်သွားမလဲဆိုတာ ငါတို့ကြည့်ကြတာပေါ့။ အချိန်ကျလာရင် ငါ ယောက်ျားဖြစ်တဲ့သူကို ကျွန်တစ်ယောက်အနေနဲ့ အာဖရိကို ပို့ပြီး မိန်းမဖြစ်တဲ့သူကို ပြည့်တန်ဆာအိမ်ကို ပို့လိုက်မယ်။ ဟွေ့ချင်အုပ်စုအတွက်ကတော့ အဲ့ဒါက ငါ့ဟာဖြစ်လာမှာပေါ့။ ကျောက်ဟွေ့ချင်က ထောင်ထဲမှာ အဆွေးခံရမယ်”

လီယွမ်ဟန်က ခေါင်းညိတ်လိုက်သည်။ ပြီးနောက်မှာ သူက တစ်စုံတစ်ခုကို စဉ်းစားလိုက်ကာ လေးနက်တဲ့အမူအယာနဲ့

“ထျန်းဟောက်၊ ငါတို့တွေမလှုပ်ရှားခင် ဟွေ့ချင်အုပ်စု ကိုပစ်မှတ်ထားနေတဲ့ နောက်ထပ်အုပ်စုတစ်ခုရှိတယ်”

“ဘယ်သူလဲ?”

ကုန်းထျန်းဟောက်က တင်းတင်းမာမာမေးလိုက်သည်။

လီယွမ်ဟန်က သက်ပြင်းချကာ

“ရှောင်လင်းယွီရဲ့မောင်လေး ရှောင်လင်းယဲ့ပဲ”

ရှောင်လင်းယွီရဲ့မျက်လုံးတွေက မယုံနိုင်စွာချက်ချင်း ပြူးကျယ်သွားသည်။

ဒီတော့ ကုန်းထျန်းဟောက်က သူမအတွက် လက်တုံ့ပြန်ပေးနေတာပေါ့?

ကုန်းထျန်းဟောက်က ဒါကိုကြားတော့ မျက်မှောင်ကျူံ့လိုက်ပြီး အနည်းငယ်သင်္ကာမကင်းစွာနဲ့

“ရှောင်လင်းယွီရဲ့မောင်လေး ရှောင်လင်းယဲ့?”

လီယွမ်ဟန်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ဟိုးအရင်နှစ်တွေတုန်းက ရှောင်လင်းယဲ့ရဲ့ခြေထောက်က ချန်းမိသားစုကြောင့် အချိုးခံလိုက်ရတယ်။ သူအချိန်မှီ မကုသနိုင်ခဲ့လို့နဲ့ ပြီးတော့ ဆေးရုံငယ်လေးက ဆေးပညာနဲ့ ပစ္စည်းကိရိယာကန့်သတ်မှုတွေကြောင့် သူ ခြေကျိုးသွားခဲ့တယ်”

ကုန်းထျန်းဟောက်က သူ့ကို နားမလည်စွာကြည့်လိုက်သည်။

မသန်မစွမ်းတစ်ယောက်က ဟွေ့ချင်အုပ်စုကို ခြိမ်းခြောက်ဖို့ စီမံနိုင်တယ်လား?

“နောက်ပိုင်းကျ သူကြိုးစားခဲ့ပြီးတော့ ပေကျင်းတက္ကသိုလ်တက်ခွင့်ရသွားတယ်။ သူပထမနှစ်ကျောင်းသားဖြစ်တုန်းက အ‌တန်းဖော်တချို့နဲ့ နည်းပညာကုမ္ပဏီတစ်ခု စတင်ခဲ့တယ်။ လူနည်းနည်းနဲ့ ကုမ္ပဏီငယ်လေးတစ်ခုကနေ နှစ်နှစ်အတွင်းမှပဲ ရှယ်ယာနှစ်သန်းနဲ့ ကုမ္ပဏီကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့လောဘတွေကြောင့် သူ့အတန်းဖော်တွေက ကုမ္ပဏီကို လက်ဝါးကြီးအုပ်ချင်လာတယ်။ ဒါကြောင့် သူ့ရှယ်ယာတွေကိုယူဖို့ လျှို့ဝှက်ကြံစည်ခဲ့ကြတယ်။ သူက ဉာဏ်ထက်တော့ ကုမ္ပဏီရှယ်ယာက သူ့ဝေစုတွေကို ပြတ်ပြတ်သားသားရောင်းထုတ်ပစ်လိုက်တယ်။ သူက အဲ့ဒီနည်းပညာကုမ္ပဏီကို အပြည့်အဝစွန့်ခွာခဲ့တယ်။ ဒါပေမယ့် သူ့စွန့်ခွာမှုပြီးတော့ ကုမ္ပဏီက သိပ်မကြာခင်ပဲ ဒေဝါလီခံခဲ့ရတယ်။ ရှောင်လင်းယဲ့က ကုမ္ပဏီရဲ့ ကိုင်တွယ်စီမံမှုတွေနဲ့ အရင်းနှီးဆုံးတစ်ယောက်တည်းသောသူမို့ သူလုပ်ခဲ့တာလို့ လူတော်တော်များများပြောကြတယ်။ အတွင်းထဲကနေ ကုမ္ပဏီကို ဖျက်ဆီးပစ်ဖို့က သူ့အတွက် အရမ်းလွယ်တယ်။ ရှောင်လင်းယဲ့က ဝန်မခံခဲ့သလို ငြင်းလည်းမငြင်းခဲ့ဘူး။

သူတက္ကသိုလ်စတုတ္ထနှစ်ရောက်တော့ သူက ကမ္ဘာပေါ်မှာ အဆင့်၅၀ရှိတဲ့ အဓိကကုမ္ပဏီကြီးတစ်ခုနဲ့ စာချုပ်ချုပ်ခဲ့ပြီး တရုတ်က ကုမ္ပဏီကိုယ်စားလှယ်အဖြစ် ရုတ်တရက် ပေါ်ထွက်လာတယ်။ သူက လက်တုံ့ပြန်ဖို့အတွက် အခုလိုထွက်လာတာပဲ။”

ကုန်းထျန်းဟောက်က ဒါကိုကြားတော့ သူ့အေးစက်တဲ့မျက်နှာက ပြုံးလိုက်ကာ

“ကောင်းပြီလေ သူလက်တုံ့ပြန်ချင်မှတော့ ငါတို့တွေ သူ့ကိုကူညီမယ်”

***

All Chapters