အတိတ်ဘဝ (၄)
Vol. 27 Ch. 450
အဲ့ဒါပြီးတော့ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ဘေးမှာ နေခဲ့သည်။ သူက သူမမောင်လေးလမ်းကြောင်းထဲက ဒုက္ခတွေရှင်းပေးဖို့ ကူညီနေတာကို သူမမြင်လိုက်သည်။
ရှောင်လင်းယွီမျှော်လင့်ထားသလိုပဲ သူတို့ကိုတိုက်ခိုက်နေတဲ့သူက ရှောင်လင်းယဲ့မှန်း ကျောက်ဟွေ့ချင်နဲ့ ချန်းယန်တို့သိသွားတော့ မျက်လုံးတွေ မယုံကြည်နိုင်စွာ ပြူးကျယ်ကုန်ကြသည်။ အရင်က အစ်ကိုရန်လို့ခေါ်ပြီး သူ့နောက်ကိုလိုက်ခဲ့တဲ့ကလေးက အရမ်းအင်အားကြီးလာဖို့အထိ အရွယ်ရောက်လာပေပြီ။
ဟွေ့ချင်အုပ်စုကို ဝယ်ယူချင်တဲ့ နောက်ထပ်အုပ်စုတစ်ခုရှိနေတယ်ဆိုတာကို သူ့လက်အောက်ငယ်သားတွေဆီကနေ ရှောင်လင်းယဲ့ သတင်းလက်ခံရလိုက်သည်။ ဒါပေမယ့်လည်း အဲ့ဒါပြီးတော့ ဘာလုပ်ဆောင်မှုမှရှိမလာခဲ့ပေ။ ဒါပေမယ့် သူ့ရဲ့လက်နှစ်ဖက်နဲ့ လက်စားပြန်ချေနိုင်တော့မှာမလို့ သူပျော်ရွှင်နေသည်။ သူ့ပလန်အတိုင်း လုပ်ဆောင်ခဲ့ပြီး သူတို့ကို တစ်ဆင့်ချင်း ကိုင်တွယ်ခဲ့သည်။
သူက ကျောက်မိသားစုရဲ့ သိက္ခာကျဖွယ်လုပ်ရပ်တွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ခဲ့သည်။ အရင်ဆုံး ကျောက်ဟွေ့ချင်ရဲ့ မယားငယ်က ကျောက်မိသားစုကိုအလည်လာဖို့ သူမရဲ့သားနဲ့အတူ ရောက်လာခဲ့သည်။ ကျောက်ဟွေ့ချင်က သူ့သားကို အိမ်မှာနေခွင့်ပြုလိုက်တော့ သူ့မိန်းမက အရမ်းဒေါသထွက်သွားပြီး သတိလစ်သွားခဲ့သည်။ ဒါပေမယ့်လည်း သူဂရုမစိုက်ခဲ့ပေ။
ပြောရရင် ကျောက်မိသားစုတွင် လုပ်ငန်ကြီးတစ်ခုရှိလေသည်။ သူ့မှာ သားမက်တစ်ယောက်ရှိရင်တောင် သူ့သားကိုပဲ အမွေဆက်ခံခွင့်ပြုမှာဖြစ်သည်။
မီဒီယာက ဒီကိစ္စကို အကြောင်းမဲ့သက်သက် သတင်းထုတ်ဖော်လာခဲ့သည်။ မကောင်းသတင်းတွေအဖော်ခံလိုက်ရတာနဲ့ ၎င်းက ဟွေ့ချင်အုပ်စုရဲ့ စတော့ဈေးကွက်ကို ချက်ချင်းဂယက်ရိုက်သွားတော့သည်။
သူမရဲ့အဖေမှာ တရားမဝင်သားတစ်ယောက်ရှိနေပြီး သူမအဖေက သူ့ရဲ့ဆက်ခံသူဖြစ်လာအောင် ထိန်းကျောင်းပေးနေမှန်း ကျောက်ဝမ်မန့်သိသွားတော့ သူမ ဒေါသထွက်သွားခဲ့သည်။အစကတည်းက တစ်ဦးတည်းသောသမီးအနေနဲ့ ကျောက်ဝမ်မန့်မှာ အရာအားလုံးရှိခဲ့သည်။ ဒါပေမယ့်လည်း သူမဆီကနေ အရာအားလုံး လုယူသွားဖို့ အခုတရားမဝင်ကလေးတစ်ယောက် ရောက်လာသည်။
သူမ ဒါကို ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ?
ဒါကြောင့် သူမရဲ့သုံးနှစ်အရွယ်မောင်လေးက လှေကားကနေဆင်းနေတုန်း နောက်ကနေ တွန်းချလိုက်သည်။ သူက မသေခဲ့ပေမယ့် ပြုတ်ကျသွားချိန်မှာ လှေကားအုံအစွန်းနဲ့ သူ့မျက်လုံးတစ်လုံးနဲ့ ရိုက်မိခဲ့တာကြောင့် မျက်စိတစ်ဖက်ကန်းသွာခဲ့သည်။
၎င်းက လူသတ်ရန်ကြံစည်မှုဖြစ်မေယ့် ကျောက်ဟွေ့ချင်က သူ့မျက်နှာနဲ့ သူ့သမီးအတွက် ၎င်းကို ဖုံးအုပ်ခဲ့သည်။ သဘာဝကျကျပဲ ကောင်လေးအမေက မကျေနပ်ခဲ့ပေ။ သူမက ရဲတွေဆီ တိုက်ရိုက်သွားလိုက်သည်။ ပြီးနောက်မှာ မီဒီယာတွေ သိရှိသွားပြီး ကိစ္စတွေ ပျံ့နှံ့လာသည်။
မီဒီယာဖိအားနဲ့ အထက်က ဖိအားတွေရယ် ခိုင်မာတဲ့သက်သေတွေရယ်ကြောင့် ရဲတွေက ကျောက်ဝမ်မန့်ကို ဖမ်းရတော့မည်။
ဒီလိုနဲ့ ယိုင်နဲ့နေခဲ့တဲ့ ဟွေ့ချင်အုပ်စုက ပြိုလဲသွားခဲ့သည်။ တစ်ရက်တည်းအတွင်းမှာပဲ စတော့ဈေးနှုန်းက အနိမ့်ဆုံးကိုကျဆင်းသွားခဲ့သည်။ ကျောက်ဟွေ့ချင်နဲ့ ချန်းယန်က အရမ်းအစိုးရိမ်လွန်လာပြီး ကုမ္ပဏီကို ကယ်တင်ခဲ့ကြသည်။ ဘဏ်ချေးငွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတစ်ယောက်ရှာဖို့ သူတို့တွေအကောင်းဆုံး ကြိုးစားခဲ့ကြပေမယ့် ဘာတုံ့ပြန်ချက်မှ မရှိခဲ့ပေ။
ကျောက်ဟွေ့ချင်က အရမ်းစိတ်တိုပြီး ပစ္စည်းတွေကို ရိုက်ခွဲနေခဲ့သည်။ ပရိဘောဂတွေက ချန်းယန်ဆီလွင့်လာပြီး သူ့ခန္ဓာကိုယ်က ပွန်းပဲ့ကာ သွေးထွက်နေခဲ့သည်။ ဒါပေမယ့်လည်း ချန်းယန် ဘာစကားမှ မပြောရဲခဲ့ပေ။ သူက ပြီးခဲ့တဲ့ ခုနစ်နှစ်မှာ ၎င်းကိုအသားကျခဲ့ပြီဖြစ်သည်။
သူ ကျောက်ဝမ်မန့်ကို လက်ထပ်လိုက်ကတည်းက ဒီလိုနေထိုင်လာခဲ့ရတာဖြစ်သည်။ သူ့ယောက္ခထီး မပျော်မရွှင်ဖြစ်နေသမျှ ရန်လိုစွာဆက်ဆံခံခဲ့ရသည်။ အစကတော့ သူ့မိန်းမဖြစ်တဲ့ ကျောင်ဝမ်မန်က သူ့ကို အနည်းငယ်ကာကွယ်ပေးခဲ့သည်။ ဒါပေမယ့် အချိန်တွေကုန်လွန်လာတာနဲ့ သူမစတင် ငြီးငွေ့လာသည်။
နောက်ဆုံးမှာတော့ သူမက အရင်တုန်းက မနည်းရရှိအောင်ကြိုစားထားရတဲ့ ဒီလူကို စိတ်ကုန်လာသည်။
ပြောကြတာတွေက အမှန်ပဲဖြစ်သည်။ မရနိုင်တဲ့အရာတွေကိုမှ လိုချင်ကြသည်။ အရင်တုန်းက ချောမောပြီးရည်မှန်းချက်ရှိတဲ့ချန်းယန်ကို သူမတကယ် သဘောကျခဲ့သည်။ ဒါပေမယ့်လည်း သူမကို တကယ်တွန်းအားပေးလိုက်တာက ဒီလူမှာ ဆယ်နှစ်ကြာချစ်သူတစ်ယောက်ရှိနေခဲ့သည်။ ကုမ္ပဏီထဲက မိန်းကလေးတိုင်း သူ့ချစ်သူကောင်မလေးကို အားကျကြသည်။
ကျောက်ဝမ်မန့်က စိန်ခေါ်မှုကို နှစ်သက်ခဲ့သည်။ ဒါကြောင့် သူမက သူ့ကို ဆက်တိုက်ဆွဲဆောင်နေခဲ့သည်။ ကနဦးငြင်းဆိုမှုကနေ နောက်ပိုင်းလက်ခံမှုအထိ ကျောက်ဝမ်မန့်က ၎င်းကို အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားမိခဲ့သည်။
ဒီအချိန်အတွင်းမှာ သူမက ချန်းယန်ကို ချစ်ကြိုက်မိခဲ့သည်။ ဒါကြောင့် ချန်းယန်ရဲ့ဂုဏ်သတင်းကိုကာကွယ်ဖို့အတွက် ရှောင်လင်းယွီကို အမှုဆင်ဖို့ သူမလှည့်ကွက်သုံးခဲ့သည်။
ဒါပေမယ့်လည်း သူတို့ရဲ့ မညီမျှတဲ့အဆင့်အတန်းကြောင့် သူတို့ကြားထဲမှာ သိသာတဲ့ ကွာခြားချက်ကြီးတစ်ခုကတော့ ရှိနေမြဲဖြစ်သည်။
ကျောက်ဟွေ့ချင်ကလည်း တောဘက်ကလာခဲ့တဲ့ ဒီသမက်ကို အထင်သေးခဲ့သည်။ ကျောက်ဝမ်မန့်က ဒီယောက်ျားနှစ်ယောက်ရဲ့သဘောထားမတိုက်ဆိုင်မှုတွေကို ကိုင်တွယ်တဲ့အခါ အရမ်းစိတ်မရှည်နိုင်ဖြစ်လာခဲ့သည်။ အချိန်တွေကုန်လွန်လာတာနဲ့ သူမရဲ့ ချန်းယန်အပေါ် စိတ်ဝင်စားမှုက ကျဆင်းသွားသည်။
ကော့တေးပါတီတစ်ခုအတွင်းမှာ Zမြို့၏ ဂုဏ်သရေအရှိဆုံးယောက်ျား ယန်စစ်မင်ကို သူမမြင်ခဲ့သည်။ သူမက သူ့ရဲ့လှပမှုဆီကနေ ဖမ်းစားခံလိုက်ရသည်။ သူ့ကိုဖျားယောင်းဖို့ သူမရဲ့အကောင်းဆုံးဝတ်စုံကို ဝတ်ဆင်ခဲ့ပေမယ့် လျစ်လျူရှုခံလိုက်ရသည်။
ယန်စစ်မင်နဲ့ ဆယ်မီတာအတွင်းထိနီးကပ်လာတာကို တားမြစ်ခံလိုက်ရတဲ့အထိကို ထိုသူနဲ့နီးကပ်အောင် သူမကြိုးစားခဲ့သည်။ သူမသာကပ်လာခဲ့ရင် ယန်စစ်မင်ရဲ့ဘောဒီဂတ်တွေဆီကနေ ဆွဲထုတ်ခံရမည်ဖြစ်သည်။
၎င်းက Zမြို့ရဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ဟာသတစ်ခုဖြစ်လာခဲ့သည်။
ဒါပေါ့ သူတို့တွေက ယောက်ျားဖြစ်သူ ချန်းယန်ကိုလည်း ရယ်မောခဲ့ကြတယ်လေ။ သူ့မိန်းမက နောက်ထပ်ယောက်ျားတစ်ယောက်ကို ဖျားယောင်းဖို့ ပေါ်ပေါ်ထင်ထင်ကြိုးစားခဲ့ပေမယ့် သူကဘာမှမလုပ်ခဲ့ဘူးလေ။
အသုံးမဝင်လိုက်တဲ့ကောင်ပဲ။
ကျောက်ဝမ်မန့်ရဲ့လုပ်ရပ်တွေက ကျောက်မိသားစုကို မျက်နှာပျက်စေသည်။ သူမက လှောင်ပြောင်စရာတစ်ခု ဖြစ်လာခဲ့သည်။ ကျောက်ဟွေ့ချင်က အရမ်းစိတ်ဆိုးပြီး သူ့သမီးကို ထပ်မံဆူပူခဲ့သည်။ သူ့သမက်ကိုတောင်ဆူပူလိုက်ပြီး မိန်းမဖြစ်သူကို ထိန်းချုပ်ဖို့ အမိန့်ပေးခဲ့သည်။
ချန်းယန်က တစ်ယောက်ယောက်ကို ရိုက်နှက်ပစ်ချင်မိသည်အထိ စိတ်တိုသွားခဲ့သည်။ ကျောက်ဟွေ့ချင်က သူ့သမီးကို ဆယ်စုနှစ်များစွာပျိုးထောင်လာခဲ့ပေမယ့် သူက သူမကို မထိန်းချုပ်နိုင်သေးပေ။
ဒီတော့ သူက ဘာများလုပ်နိုင်မှာလဲ?
ပြီးတော့ ချန်းယန်ကို ကျောက်ဝမ်မန့်ကို ရိုက်ဖို့နဲ့ ဆူပူဖို့ကို ခွင့်ပြုမထားပေ။
ဒီတော့ သူက သူမကို ဘယ်လိုလုပ်ပြီးထိန်းကွပ်ရမှာလဲ?
ချန်းယန်က အရမ်းမကျေမနပ်ဖြစ်ခဲ့သည်။ ဒါပေမယ့်လည်း ဆန့်ကျင်တုံ့ပြန်ဖို့ သူဘာမှမပြောနိုင်ခဲ့ပေ။ သူ၎င်းကို သည်းပဲသည်းခံနိုင်ခဲ့သည်။
အိမ်ပြန်ရောက်တာနဲ့ ချန်းယန်က ကျောက်ဝမ်မန့်ရဲ့သဲအိတ်တစ်ခု ဖြစ်လာခဲ့သည်။ သူမက သူ့ကို အားနည်းတဲ့လူ၊ အသုံးမဝင်တဲ့အရာလို့ပဲ ခေါ်ဆိုခဲ့သည်။ သူမကြောင့်သာမဟုတ်ရင် သူက ဟွေ့ချင်အုပ်စုရဲ့ အထွေထွေမန်နေဂျာဖြစ်လာမှာမဟုတ်ဘူးလို့လည်း သူမပြောခဲ့သည်။ အတိုချုပ်ရရင် သူမက သူ့ကို မနက်ဖြန်ဆိုတာမရှိတော့သလိုမျိုး စော်ကားပြောဆိုခဲ့သည်။
ချန်းယန်က ဒေါသထွက်နေသလောက် သူ့မိန်းမကို မောပန်းလာတဲ့အထိ ချော့မြူဖို့ပဲ တတ်နိုင်ခဲ့သည်။ ကျောက်ဝမ်မန့်ရဲ့ဒေါသငြိမ်းသွားပြီး သူမအိပ်ယာဝင်သွားတော့ ချန်းယန်က လသာဆောင်ပေါ် ဆေးလိပ်သောက်ဖို့ ထွက်လာခဲ့သည်။ သူက စိတ်ရှုပ်ပြီး နောင်တရနေပုံ ပေါ်ခဲ့သည်။
သူသာ ကျောက်ဝမ်မန့်ဆီကနေ ဖျားယောင်းမခံခဲ့ရရင်၊ သူသာ ရှောင်လင်းယွီကို လက်ထပ်ခဲ့ရင် သူတို့နှစ်ယောက်သေချာပေါက် သက်သောင့်သက်သာရှိတဲ့ဘဝတစ်ခုကို နေထိုင်နေကြလောက်သည်။
ဒါပေမယ့် ဘဝမှာ နောင်တဆိုတာ မရှိပေ။
ကျောက်ဝမ်မန့်က ညလယ်ခေါင်မှာနိုးလာပြီး လသာဆောင်ပေါ် လမ်းလျှောက်လာခဲ့သည်။ ချန်းယန်ရဲ့မျက်နှာပေါ်က နောင်တတွေကိုမြင်တော့ သူမဒေါသတွေ တစ်ခါထပ်ပြီးကြွလာသည်။
သူမက ချက်ချင်းပဲ ဒေါသတကြီးမေးခွန်းထုတ်ကာ
“ရှင်အဲ့ဒီကောင်မအကြောင်း ထပ်စဉ်းစားနေပြန်ပြီမလား? ရှင်နောင်တရနေတာလား?”
“မဟုတ်ပါဘူး!”
ချန်းယန်က အားနည်းစွာနဲ့ ခိုကိုးရာမဲ့စွာ ဖြေလိုက်သည်။
ဒါက ကျောက်ဝမ်မန့်ကိုပိုပြီး ခဲယမ်းထည့်ပေးလိုက်တဲ့အတွက် သူနှုတ်ဆိတ်နေရင်တော့ အဆင်ပြေခဲ့လောက်မည်။
“မဟုတ်ဘူးပေါ့? ဒါဆို ရှင့်မျက်နှာပေါ်က နောင်တရတဲ့ပုံကဘာလဲ? ကျွန်မပြောမယ်။ ရှင်အခုနောင်တရနေလည်း အသုံးမဝင်ဘူး။ အရင်က ရှင့်ရွေးချယ်မှုကို ရှင်ကိုယ်တိုင်လုပ်ခဲ့တာ။ ရှင့်လည်ပင်းပေါ် ဘယ်သူမှဓားထောက်မထားဘူး။ အဲ့ဒီကောင်မ…”
ပြီးနောက်မှာ အရာအားလုံးက အတူတူပဲဖြစ်နေပြန်သည်။ ကျောက်ဝမ်မန့်က သူ့ကိုရိုက်နှက်ပြီး ကြိမ်းမောင်းခဲ့သည်။ သူမ မောလာတဲ့အခါမှသာ ရပ်ခဲ့သည်။
၎င်းက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆက်တိုက်ဖြစ်နေခဲ့သည်။ ဒီလိုဆိုရင်တောင် ချန်းယန်မှာ ကွာရှင်းခွင့်တောင်းဖို့ သတ္တိမရှိခဲ့ပေ။ ဘာလို့လဲဆိုတော့ သူတောင်းလိုက်တာနဲ့ ဟွေ့ချင်အုပ်စုရဲ့ အထွေထွေမန်နေဂျာဖြစ်မှာ မဟုတ်တော့ပေ။ စီးပွားရေးလောကထဲက သူ့ဟန်ချက်ကို ဆုံးရှုံးလိုက်ရလိမ့်မည်။
သူသာကွာရှင်းလိုက်ရင် ဘာမှမဟုတ်ဘဲ အဆုံးသတ်သွားလိမ့်မည်။ ဟွေ့ချင်အုပ်စုကို မဆန့်ကျင်မိစေဖို့အတွက် သူအလုပ်ဖြုတ်ခံရပြီးနောက်မှာ ဘယ်သူမှသူ့ကို အလုပ်ခန့်ရဲမှာ မဟုတ်ပေ။
အခု ကျောက်ဝမ်မန့်က အဖမ်းခံလိုက်ရပြီး ကုမ္ပဏီစတော့တွေကလည်း မြန်မြန်ဆန်ဆန်ကျဆင်းသွားသည်။
ချန်းယန်က သူ့မိန်းမကို လုံးဝဂရုမစိုက်ပေမယ့် စတော့တွေရဲ့ မတည်မငြိမ်ဖြစ်မှုကိုတော့ အရမ်းစိုးရိမ်နေသည်။ သူ့စိတ်ထဲတွင် ဒေါသလှိုင်းထန်နေခဲ့သည်။ ဟွေ့ချင်အုပ်စုက အနာဂတ်မှာ သူ့အပိုင်ဖြစ်လာလိမ့်မယ်လို့ သူအမြဲတွေးခဲ့သည်။
ဒါကြောင့်ပဲ သူပိုစိုးရိမ်နေခဲ့ခြင်းပင်။
ကျောက်ဟွေ့ချင်က သူ့ဒေါသတွေကို ချန်းယန်ကို ပုံချပြီးတော့ စိတ်လျှော့လိုက်သည်။
သူက ခနလောက်စဉ်းစားလိုက်ပြီး အမိန့်ပေးကာ
“သွားပြီး လှည့်ပတ်မေးချေ။ ငါတို့ ဟွေ့ချင်အုပ်စုကို တမင်တကာဆန့်ကျင်နေတဲ့သူရှိလားဆိုတာ?”
ပြီးတော့ လက်ရှိ ဟွေ့ချင်အုပ်စုက ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်နေပြီဖြစ်သည်။ ၎င်းမှာ အာဏာနဲ့ အဆက်အသွယ်တွေရှိသည်။ ဒါပေမယ့်လည်း သူအကူအညီအတွက် ရှာဖွေဖို့ကြိုးစားတော့ သူ့အဆက်အသွယ်တွေအားလုံးက သူ့ကို ရှောင်ကျဉ်ကြသည်။
ဒါကြောင့် တစ်ခုခုတော့ ဖြစ်နေပြီမှန်း ကျောက်ဟွေ့ချင် သိလိုက်သည်။
ဒါပေမယ့်လည်း Zမြို့ရဲ့စီးပွားရေးလောကတစ်ခုလုံးမှာ ဟွေ့ချင်အုပ်စုကို စိန်ခေါ်ဖို့ အစွမ်းအစရှိတဲ့တစ်ဦးတည်းသောသူက ယန်ကော်ပရေးရှင်း ဒါမှမဟုတ်ရင် ယန်စစ်မင်ပဲဖြစ်သည်။
ကျောက်ဝမ်မန့်ရဲ့အနှောင့်အယှက်ပေးမှုကြောင့် ယန်စစ်မင်က ဟွေ့ချင်အုပ်စုကို လက်တုံ့ပြန်နေတာလား?
ကျောက်ဟွေ့ချင်က အဲ့ဒီအတိတ်ကို ယန်စစ်မင်အပေါ် ပုံမချခဲ့ပေ။ ဒါပေမယ့်လည်း ယန်စစ်မင် ဘယ်လောက်ပဲအင်အားရှိရှိ ဟွေ့ချင်အုပ်စုမှာ အရမ်းလွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ကြီး ဂယက်မရိုက်စေနိုင်မှန်းလည်း သူသိခဲ့သည်။
ကျောက်ဟွေ့ချင်က မသေချာမရေရာဖြစ်နေခဲ့ပြီး နားမလည်နိုင်ဖြစ်နေခဲ့သည်။
***