← Chapters

ဂုဏ်သိက္ခာပျက်စီးခြင်း

Vol. 27 Ch. 442

ဂုဏ်သိက္ခာပျက်စီးခြင်း

Vol. 27 Ch. 442

ချင်ယန်တစ်ယောက် ကျန်းမိသားစုကနေ လျှောက်ထွက်လာတော့ အရမ်းဖြူဖျော့ပြီး အားအင်ကင်းမဲ့နေပုံပေါ်သည်။ သူမရဲ့ခြေလှမ်းတွေက ယိမ်းယိုင်နေခဲ့ပြီး သူမကြည့်ရတာ စိတ်ဓာက်ကျနေပုံပေါ်သည်။ သူမအတွက် သခင်ကြီးကျန်းရဲ့မေးခွန်းကိုပဲ သူမစိတ်ကာ ထပ်ကာထပ်ကာတွေးမိနေသည်။

“ချင်ယန် ငါ့ကိုပြောစမ်း၊ ပုံထဲက မိန်းကလေးကို ဖယ်ရှားဖို့ ဘာလို့ငါ့လက်ကို အသုံးပြုချင်ရတာလဲ? ကုန်းထျန်းဟောက်ကြောင့်လား?”

“မဟုတ်ဘူး…မဟုတ်ပါဘူး…”

ချင်ယန်က ၎င်းကို အလိုလိုငြင်းဆိုခဲ့ပြီး ခေါင်းခါနေသည်။

“အလျင်စလိုမငြင်းပါနဲ့ဦး”

သခင်ကြီးကျန်းက ပြတ်ပြတ်သားသားနဲ့

“မင်းသာ အဲ့ဒီကုန်းမိသားစုက ကလေးကိုမကြိုက်ရင် ဘာလို့သူ့မျက်နှာကို ကျန်းထောင်နဲ့ လဲလိုက်တာလဲ?”

“ချင်ယန်၊ ငါကအရူးမဟုတ်ဘူး။ ငါက ငါ့တဘဝလုံးစစ်တပ်ထဲမှာ နေလာခဲ့တာ။ ငါ လူမျိုးစုံမြင်ခဲ့ဖူးပြီး ကိစ္စမျိုးစုံကို ကြုံခဲ့ဖူးတယ်။ မင်းလို မိန်းကလေးငယ်လေးတစ်ယောက်က ငါ့ကို လှည့်စားချင်တာလား? ချင်မိသားစုအတွက်သာမဟုတ်ရင် ငါ နင့်ကို အစောကတည်းက မြွေစာကျွေးပြီးပြီ။ ပရိယာယ်များတာ ကောင်းပါတယ်။ ဒါပေမယ့် မင်းရည်မှန်းချက်တွေက အရမ်းကြီးလွန်းတယ်။ မင်းက ငါ့ကို လှည့်စားနိုင်မယ် ထင်နေတာလား?”

“ဘာပဲဖြစ်ဖြစ် မင်းလုပ်ခဲ့တဲ့ ခွင့်မလွှတ်နိုင်စရာအကောင်းဆုံးကိစ္စက မင်းက အရှင်းကြီးကို တစ်ယောက်ယောက်ကိုကြိုက်နေရဲ့သားနဲ့ ကျန်းထောင်ကိုကြိုက်သလို ဟန်ဆောင်ခဲ့တာပဲ။ ကျန်းထောင်က တစ်ယောက်ယောက်ကို သဘောကျနေလို့ မင်းကိုသဘောမကျတဲ့ပုံစံတောင် လုပ်လိုက်သေးတယ်။ မင်းက သူ့ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးချင်လို့ ‌ခေါင်းငုံ့ပေးချင်တယ်လို့လည်း ငါ့ကိုပြောသေးတယ်”

“ချင်ယန်၊ ငါလူအတုအယောင်တွေအများကြီးမြင်ဖူးပေမယ့် မင်းလောက် အရှက်မရှိတဲ့သူတော့ မမြင်ဖူးဘူး။ မင်းက ကြောင်သူတော်ပဲ”

ချင်ယန်က တုန်ယင်လာတဲ့အထိကို သခင်ကြီးကျန်းဆီကနေ ဆူပူခံလိုက်ရသည်။ သူမရဲ့မျက်နှာက နီရဲသွားပြီး ဖျော့တော့သွားကာ ပြီးနောက်မှာ ပြာနှမ်းလာခဲ့သည်။ ၎င်းက ဆက်လက်ပြောင်းလဲနေခဲ့သည်။ သူမက ရှက်ရွံ့ အံ့ဩပြီး ကြောက်ရွံ့နေခဲ့သည်။ သူမက ဒယိမ်းဒယိုင်ဖြစ်ကာ မြေပြင်ပေါ် လဲကျသွားသည်။ သူမရဲ့ နှုတ်ခမ်းတွေ တုန်ယင်နေသည်။

သူမရဲ့ပါးစပ်ကို ဖွင့်လိုက်ပြီး တီးတိုးပြောကာ

“အဘိုး…”

သခင်ကြီးကျန်းက လက်ခါပြလိုက်ကာ

“ငါ့ကို အဘိုး လို့မခေါ်နဲ့။ ငါက မင်းရဲ့အဘိုးမဟုတ်ဘူး!”

ချင်ယန်က ဆို့နင့်လာသလို ခံစားလိုက်ရသည်။ သူမက အလွန်အမင်းနာကျင်နေပြီး နောင်‌တတွေနဲ့ ပြည့်နေခဲ့သည်။ သခင်ကြီးကျန်းက အရမ်းအကြင်နာကင်းမယ်လို့ သူမ မမျှော်လင့်မိခဲ့ပေ။ သူက သူမကို ဘာသနားကရုဏာမှကို မပြပေ။

ချင်ယန်က သူမဖြစ်ပေါ်စေခဲ့တဲ့ ဂယက်ရိုက်မှုကို မသိပေ။ သူမကြောင့် သခင်ကြီးကျန်းက မိသားစုလုပ်ကြံရေးသမားနှစ်ယောက် ဆုံးရှုံးလိုက်ရသည်။ ချင်ယန်က သူ့မြေးရဲ့ခံစားချက်တွေနဲ့ ကျန်းမိသားစုတစ်ခုလုံးကို ကစားဖို့လည်း ကြိုးစားခဲ့သည်။ အရေးအကြီးဆုံးကတော့ သူမက သခင်ကြီးကျန်းကို သခင်ကြီးကုန်းရှေ့မှာ မျက်နှာပျက်စေခဲ့သည်။

သူက ကုန်းမိသားစုကိုတောင် လုံးလုံးအမှားလုပ်မိတော့မလို ဖြစ်ခဲ့သည်။ သူသာ သခင်ကြီးကုန်းရဲ့ မြေးချွေးမကို တကယ်သတ်ပစ်လိုက်ရင် ၎င်းက မကျေအေးနိုင်တဲ့ရန်ငြှိုးဆီသို့ ဦးတည်နေတော့မည်။ မိသားစုနှစ်ခုက သေတဲ့အထိ တိုက်ခိုက်ကြလိမ့်မည်။ သူတို့ရဲ့မြေးချွေးမက အကြောင်းရင်းမရှိ အသတ်ခံလိုက်ရရင် ဘယ်မိသားစုကြီးမဆို ဒေါသထွက်မှာပဲဖြစ်သည်။

သခင်ကြီးကျန်းက ချင်ယန်ရဲ့အားနည်းချက်ကို လုံးဝလျစ်လျူရှုလိုက်ပြီး

“ချင်ယန်၊ မင်းနဲ့ ကျန်းထောင်ရဲ့ စေ့စပ်မှုကို ငါပြန်စဉ်းစားရတော့မယ်။ ဒီအကြောင်းပြောဖို့ ငါ မင်းအဖေကို ဆက်သွယ်လိုက်မယ်။ မင်းအခုသွားလို့ရပြီ”

ပြီးနောက်မှာ ချင်ယန်က ကျန်းမိသားစုကနေ မူးဝေဝေနဲ့ ထွက်လာခဲ့သည်။

“သခင်မလေး ဘာဖြစ်လာလို့လဲ?”

သူမရဲ့ဘော်ဒီဂတ်တွေ အပြေးရောက်လာပြီး စိုးရိမ်စွာမေးလိုက်သည်။ ချင်ယန်ရဲ့ဒေါသက သနားစရာဘော်ဒီဂတ်တွေကို ချက်ချင်းဦးတည်သွားခဲ့သည်။ သူမက ရုတ်တရက် ဘော်ဒီဂတ်တွေကိုအော်လိုက်ကာ

“ထွက်သွားစမ်း! နင်တို့တွေအကုန် ထွက်သွားကြစမ်း!”

သူမရဲ့အမူအယာက ရက်စက်ကြမ်းတမ်းနေကာ မူမမှန်ခဲ့ပေ။ ဒီမြင်ကွင်းကို အမှတ်မထင်ဖမ်းယူထားတဲ့ သတင်းထောက်တွေက မလှမ်းမကမ်းမှာရှိမယ်လို့ သူမ မမျှော်လင့်မိခဲ့ပေ။

.....

နောက်နေ့ကျ ‌နေ့စဉ်ပေကျင်းရဲ့ သတင်းတစ်ပိုင်းတစ်စက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်လိုက်သည်။

ဘာလို့ နံပါတ်တစ်အထက်တန်းမိန်းကလေး လှပတဲ့နတ်သမီးလေးက သူမရဲ့ဘော်ဒီဂတ်တွေကို အရမ်းဒေါသထွက်နေရတာလဲ?

သတင်းတစ်ပိုင်းတစ်စမှာ ထူးထူးခြားခြားကြည်လင်နေတဲ့ပုံတစ်ပုံကလည်း ပါလာသည်။ ပုံထဲမှာ မစ္စချင်က စိတ်ဓာတ်ကျနေပြီး လဲကျတော့မယ့် အခြေအနေပုံပေါ်နေသည်။ သူမရဲ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားပြီး ဘော်ဒီဂတ်တွေကို အော်ဟစ်နေခဲ့သည်။ သူမရဲ့အမူအယာက ထူးထူးခြားခြား ဒေါသထွက်ကာ မူမမှန်ဖြစ်နေခဲ့ပြီး လူတွေကို ကြောက်လန့်စေခဲ့သည်။

ဒါက နူးညံ့ပြီးကြင်နာတတ်တဲ့ သခင်မလေးချင်လား?

ဒါက လမ်းဘေးတိရစ္ဆာန်လေးတွေအတွက် အချစ်တွေပြည့်နေပြီး လမ်းဘေးတိရစ္ဆာန်လေးတွေ ညစ်ပတ်နွမ်းလျနေရင်တောင် တိရစ္ဆာန်ဆေးရုံကို ခေါ်သွားပေးတယ့် သခင်မလေးချင်လား?

သူမရဲ့ဂုဏ်သတင်းကိုဖျက်ဆီးဖို့ တစ်ယောက်ယောက်က တူယောင်ဆောင်ထားတာလား?

ဒါပေမယ့် သခင်မလေးချင် အယောင်ဆောင်ဖို့အထိ ဘယ်သူက သတ္တိရှိမှာလဲ?

‌ဒီပုံပေါ်လာ‌တော့ လူတွေက ထေ့ငေါ့ခဲ့ကြသည်။

သူတို့က သူတော်ကောင်းယောင်ဆောင်ပြီး ကြောက်စရာကောင်းပြီးတော့ သူတို့ကို မြင်ရသလို မဟုတ်ကြပေ။ ဒီသခင်မလေးချင်က နိုက်ကလဒ်ကို ဝင်သွားတာကို ကိုယ်တိုင်ကိုယ်ကျမြင်ဖူးတယ်လို့ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးသည်။

ဒီဂရုစိုက်တတ်တဲ့သခင်မလေးချင်က ဒဏ်ရာရနေတဲ့ခွေးလေခွေးလွင့်တစ်ကောင်ကို ကန်ကျောက်နေတာကို ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ဖူးတယ်လို့ တစ်စုံတစ်ယောက်က ပြောခဲ့သည်။ ၎င်းက သူမရဲ့လမ်းကို ပိတ်ဆို့နေခဲ့တဲ့အတွက် သူမက ဘော်ဒီဂတ်တွေကိုတောင် အဲ့ဒီခွေးကို သေအောင်ရိုက်နှက်စေခဲ့သည်။

အရင်က သူတို့က သခင်မလေးချင်ကို ဆန့်ကျင်ပြီး တစ်စုံတစ်ခုပြောဖို့ အရမ်းကြောက်ရွံ့နေခဲ့သည်။ တစ်ယောက်က သဘောတူစွာပြောကာ

“ဟေး ဘရားသား၊ ဒီမှာ နတ်ဆိုးတစ်ကောင်က နတ်သမီးလိုဟန်ဆောင်ပြနေတာကို မြင်တာ ငါတစ်ယောက်တည်းထင်နေတာ!”

“အတူတူပဲ!”

သတင်းတွေပျံ့လာတဲ့အတွက် ပိုများတဲ့လူတွေက ချင်ယန်ရဲ့ဖုံးကွယ်ထားတဲ့ တစ်ဖက်ခြမ်းကို ပိုဖော်ထုတ်လာကြပြီး သက်သေတွေကလည်း ခိုင်မာလာသည်။ ချင်မိသားစုက ဒီအကြောင်းကိုသိသွားတော့ ၎င်းကိုဖုံးဖိဖို့ လူတွေကို ချက်ချင်းအမိန့်ပေးခဲ့သည်။ ဒါပေမယ့်လည်း သူတို့က အင်တာနက်ကိုတော့ ဖိသိပ်ထားလို့မရပေ။

ညတွင်းချင်းပဲ ချင်ယန်ရဲ့ဂရုတစိုက်တည်ဆောက်ထားတဲ့ ကာရိုက်တာက ပျက်စီးသွားခဲ့သည်။

သူမရဲ့ ဂုဏ်သတင်းက ဖျက်စီးခံလိုက်ရသည်။

***

All Chapters