စိတ်လှုပ်ရှားစရာည
Vol. 14 Ch. 137
ကျန်းကျင်းခိုင်တယောက် ကျန်းနန် ရွေးချယ်ထားသောအိမ်သို့ ဦးတည်ရင်း ဖြေးညှင်းစွာ လမ်းလျှောက်လာ၏။ တကယ်တော့ သူ တမင်တကာ ဖြေးဖြေးချင်း လျှောက်နေခြင်းပင်။ သို့သော် အမျိုးသမီးတချို့ တစ်ခါတစ်ရံ သူ့ကို စကားလာပြောသည်မှလွဲ၍ ဘာထူးခြားမှုမှ ပေါ်ပေါက်မလာလေရာ သူ စိတ်ပျက်သွား၏။ ပုံမှန်အားဖြင့် သူ အားကျောက်ထံရောက်ရန် သုံးမိနစ်ခန့်သာ လျှောက်ရမည် ဖြစ်သည်။ သို့သော် ကျန်းကျင်းခိုင်ကတော့ ဆယ်မိနစ်ခန့် အချိန်ယူထား၏။ သို့သော် ၎င်းကိုပင် သူ့စိတ်ထဲဲတွင် မြန်နေသည်ဟု ကျန်းကျင်းခိုင် ခံစားနေရသည်။
"အစ်ကိုကြီး ဆက်ရှင်ယူအုံးမလားရှင့်"
သူ့ဆီသို့လျှောက်လာသာ ကျန်းကျင်းခိုင်ကို အားကျောက်က နောက်ပြောင်လိုက်သည်။ ထို့နောက် သူမက ကျန်းကျင်းခိုင်ကို မြူဆွယ်ဟန်ဖြင့် ကြည့်နေ၏။
"ဈေးတန်တယ်နော် ဘယ်လိုလဲ"
အားကျောက်၏ အလွန်အေးဆေးသော အမူအရာကြောင့် ကျန်းကျင်းခိုင် စကားမပြောနိုင်ဖြစ်သွားသည်။ ရဲများသည် ပြည့်တန်ဆာများကို ဖမ်းဆီးရာတွင် ကျွမ်းကျင်သော်လည်း ဖောက်သည်အဖြစ်တော့ လူတိုင်း ဟန်မဆောင်တတ်ချေ။
"ဘာဖြစ်လို့လဲ ရှက်လို့လား"
အားကျောက်က ကျန်းကျင်းခိုင်အနီးသို့ တိုးကပ်ရင်း ထပ်မံစနောက်လိုက်ပြန်သည်။
"ဒါမှမဟုတ် ပိုက်ဆံအိတ် ယူလာဖို့ မေ့သွားတာလား"
"ဟုတ်တယ် ကျုပ် နည်းနည်းမွဲနေတယ်ကွ"
ဘာပဲပြောပြော အားကျောက်၏ စနောက်မှုကြောင့် ကျန်းကျင်းခိုင် စိတ်ပျော်လာ၏။
"ညီမလေး ကျုပ်မှာပိုက်ဆံသိပ်အများကြီးမပါဘူးကွာ"
"ဟင် ရှင်က ပိုက်ဆံမပါပဲ ဒီနေရာကို ဘာလာလုပ်တာလဲ"
အားကျောက်၏ ပါးစပ်မှ ရိုင်းရိုင်းစိုင်းစိုင်းစကားများ စတင်ထွက်ပေါ်လာတော့သည်။
"ဒီမှာ အလကားလုပ်လို့ရမယ်ထင်ရအောင် ရှင့်ကိုယ်ရှင် ဘယ်သူများ ထင်နေလို့လဲ"
"ကျုပ်… "
ကျန်းကျင်းခိုင်က စိတ်ရှုပ်ဟန်ဖြင့် ခေါင်းခါလိုက်သည်။
"ကျုပ်က ဆင်းရဲတယ် ထမင်းစားဖို့တောင် အနိုင်နိုင်ရယ်"
"ဟွန့် သနားစရာကောင်းလိုက်လေရှင်"
အားကျောက် မဲ့ကာရွဲ့ကာနှင့် ပြောနေလေသည်။
"ကောင်းပြီလေ ဒီည ကျွန်မ စိတ်ကောင်းဝင်နေတယ် ရှင့်ကို အလကားပေးလိုက်မယ်"
"ညီမလေး ကျုပ်မှာ တစ်ရာတော့ပါလာတယ် ရမလား"
ကျန်းကျင်းခိုင်က သနားဖွယ်အမူအရာနှင့် ပြောလိုက်ပြန်သည်။
"တစ်ရာပါတယ် ဟုတ်လား ဟုတ်ပြီ ဟုတ်ပြီ ကျွန်မတို့ပြီးသွားရင် တစ်ရာပေးခဲ့ပေါ့ ဟုတ်ပြီလား"
"ဟုတ်ပြီ ဟုတ်ပြီ"
ကျန်းကျင်းခိုင်က ခေါင်းကို ခပ်မြန်မြန်ညိတ်ပြီး အားကျောက်ကို တိုးတိုးလေး ပြောလိုက်၏။
"ဒီလောက်ဆိုရပြီ သွားရအောင်"
"ဒါပေမဲ့ ဘယ်သူမှလိုက်လာတာ မတွေ့ပါလား"
အားကျောက်ကလည်း ခပ်တိုးတိုး ပြန်ပြောလိုက်၏။
"လူသတ်သမား ဒီနေ့ ဒီမှာမရှိဘူးထင်တယ် ဘာပဲဖြစ်ဖြစ် သွားရအောင် သူ မပေါ်လာလည်း တစ်ညလုံး စကားရပ်ပြောနေလို့တော့ မဖြစ်ဘူးလေ"
ထို့နောက် သူတို့နှစ်ယောက် ရွေးချယ်ထားသည့်အိမ်ဆီသို့ ဦးတည်လိုက်ကြသည်။ လမ်းတလျှောက်တွင် သူတို့နှစ်ယောက်လုံး နှုတ်ဆိတ်နေကြ၏။ သို့သော် အသီးသီး၏နှလုံးသားများမှာ ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ခံစားနေရလေသည်။
အိမ်ဝသို့ရောက်သည်နှင့် အားကျောက်က တုန်ယင်နေသောလက်အစုံနှင့် သော့ကိုဆွဲထုတ်လိုက်သည်။ ယခုတွင်မူကား အားကျောက်၏ ပုံစံမှာ ကနဦး စကားရွှမ်းရွှမ်းဝေအောင်ပြောနေသော အားကျောက် မဟုတ်တော့သကဲ့သို့ ရှိလေသည်။
"စိတ်ကိုငြိမ်ငြိမ်ထားပါ"
ကျန်းကျင်းခိုင် အားကျောက်၏ ပုခုံးပေါ်လက်တင်ရင်း နှစ်သိမ့်လိုက်သည်။
"ဘာမှစိတ်မပူနဲ့ အဆင်ပြေသွားလိမ့်မယ်"
အားကျောက် ခေါင်းညိတ်ပြီး သော့ကိုဖွင့်လိုက်၏။
"ဝင်လာခဲ့လေ"
အားကျောက်၏ အသံမှာ တိုးညှင်းပြီး တုန်ရီနေသည်။ ကျန်းကျင်းခိုင် ခေါင်းညိတ်ပြီး အားကျောက်လက်က်ိုဆွဲပြီး အိမ်ထဲသို့ လှမ်းဝင်လိုက်၏။ ထို့နောက် သူက တံခါးကို ချက်ချင်း မပိတ်သေးပဲ မေးလိုက်ပြန်သည်။
"ဘယ်အခန်းလဲ"
"ဟိုမှာ"
အားကျောက် ကတုန်ကရင်နှင့် တောင်ဘက်ခြမ်းရှိအိပ်ခန်းကို လက်ညိုးထ်ိုးပြလိုက်ဉ။
"ဟုတ်ပြီ"
ထိုသို့ပြောပြီး ကျန်းကျင်းခိုင် တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ သို့သော် သူ တံခါးကို လော့ခ်မချပဲ ဖွင့်ထားခဲ့လိုက်၏။
သိပ်မကြာမီ သူတို့နှစ်ယောက်လုံး အဝတ်မပါကိုယ်ဗလာနှင့် အိပ်ယာပေါ် ရောက်နေကြလေပြီ။ ထိုအခါ အားကျောက်က မေးလိုက်ပြန်၏။
"ကျွန်မတို့....တကယ်ပဲ....ဟို...စကြတော့မှာလား"
"အင်း"
ကျန်းကျင်းခိုင် ထိုသို့ ပြန်ဖြေလိုက်သော်လည်း လူမှာလှုပ်ရှားလာခြင်းမရှိပဲ ငြိမ်သက်နေ၏။ နာရီဝက်ခန့်ကြာသွားပြီးမှ အားကျောက်က ပြောလိုက်လေသည်။
"ကျွန်မတို့ စကြရအောင်လား အချိန်အတော်ကြာသွားပြီ သူတို့ ကျွန်မတို့ကို စောင့်နေကြလိမ့်မယ်"
ထို့နောက် သူတို့နှစ်ယောက် ရမက်ပြင်းပြင်းနှင့်ပင် ချစ်တင်းနှောကြတော့သည်။ ကိစ္စဝိစ္စများ ပြီးသွားပြီးသကာလ ကျန်းကျင်းခိုင်က ပြောလိုက်၏။
"ဟန်နီ ကြည့်ရတာ သူ မလာဘူး ထင်တယ်"
"မသိတော့ဘူး ကျွန်မက ရှင့်ကို ချစ်တာပဲ သိတယ်"
ထို့နောက် အားကျောက်တယောက် ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲ တိုးဝင်လိုက်၏။
ည၂နာရီခန့် မြောက်ဘက် ထိန်းချုပ်ခန်းထဲတွင် ဖြစ်သည်။ ဆာဂျင်ကျန်းနန်က မော်နီတာကိုကြည့်ရင်း လူရှောက်ချိန်ကို ပြောလိုက်၏။
"အင်စပက်တာကျန်းတို့စုံတွဲ နောက်ဆုံးတော့ အိပ်ယာက နိုးလာကြပြီ သွား ဒီတော့ ရှောက်ချိန်ရေ သူတို့များ ညလယ်စာစားချင်မလားလို့ သွားမေးလိုက်စမ်းပါကွာ"