← Chapters

အတိတ်ကိုပြန်သွားခြင်း

Vol. 14 Ch. 140

အတိတ်ကိုပြန်သွားခြင်း

Vol. 14 Ch. 140

ညနေတွင် သူတို့နှစ်ယောက် အိမ်ပြန်လာကြ၏။ သူတို့၏ စိတ်အခြေအနေမှာ သိပ်မကောင်းလှချေ။ အားကျောက်၏ ယူဆချက်အရဆိုလျင် ပထမဆုံးလူသတ်မှု၏ ပစ်မှတ်မှာ အားကျောက် ဖြစ်နေ၏။ ၎င်းမှာ ဝမ်းသာစရာမကောင်းလှချေ။

"ဟန်နီ လူသတ်သမားက ကျွန်မကို ဘာလို့သတ်ချင်နေရတာလဲ မသိဘူးနော်"

အားကျောက်က အိပ်ယာထဲတွင် လဲလျောင်းရင်း ထိုကိစ္စကို ခေါင်းထဲမှ ထုတ်မရနိုင်အောင် ဖြစ်နေ၏။

"ရှောက်မေက လူသတ်သမားကို သိနေတယ်ပြောရအောင်လဲ သူက အလွန်ကြောက်တတ်တာ ဒါ မဖြစ်နိုင်ပြန်ဘူး"

"ထားလိုက်ပါတော့ကွာ ဘာမှမဖြစ်ပါဘူး"

ကျန်းကျင်းခိုင်က အားကျောက်ကို ဆွဲဖက်လိုက်၏။

"ဒါတွေအားလုံးက ထင်ကြေးတွေပဲရှိသေးတာလေ သူ့ရဲ့ မူလပစ်မှတ်က ကျောက်ရန်းချူပဲ ဖြစ်လိမ့်မယ် မင်းတို့နှစ်ယောက်နဲ့ မဆိုင်လှဘူးထင်တယ် မင်းမှတ်မိသေးတယ်မလား ကျောက်ရန်းချူက မိန်းကလေး ပြောင်းတာကို မကန့်ကွက်ခဲ့ဘူးလေ"

"အင်း"

အားကျောက် မျက်လုံးလေးမှေးရင်း စဥ်းစားနေ၏။

"ဟုတ်တယ်နော် လူသတ်သမားက ရှောက်မေကို မသိဘူးဆိုရင် သူ့အတွက် လက်တုံ့ပြန်ပေးစရာအကြောင်းမှ မရှိတာပဲ"

"ပြီးတော့ မင်းသာ ပထမဆုံးသားကောင်ဖြစ်မယ်ဆိုပါစို့ကွာ ဒါဆို မင်းကိုသတ်ဖို့ သူ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ တကယ်လို့ သူသာ မင်းသေတာကို လိုချင်ခဲ့ရင် ကျုပ်တို့ကိုဆက်ပြီး ပစ်မှတ်ထားသင့်တာပေါ့ မဟုတ်ဘူးလား"

"ဒါပေမဲ့ ကျွန်မက မိတ်ကပ်ပြင်ထားတယ်လေ"

အားကျောက်က ကျန်း​ကျင်းခိုင်ကို ကြည့်ရင်း ပြောလိုက်ပြန်သည်။

"မုမင်းယွမ်ရဲ့ မိတ်ကပ်ပညာက အရမ်းကောင်းလွန်းလို့ လူသတ်သမားက ကျွန်မကို မမှတ်မိတာနေမှာပေါ့"

"မင်းပြောတာ ဖြစ်နိုင်တယ်"

ကျန်းကျင်းခိုင်င်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"ဒီလူသတ်သမားဟာ ကျုပ်ကို သိနေတယ် တစ်ချိန်တည်းမှာပဲ မင်းကို မမှတ်မိပြန်ဘူး ဒါကြောင့် သူ မပေါ်လာတာဖြစ်နိုင်တယ်"

"ဟုတ်တယ်"

အား​ကျောက် ခေါင်းည်ိတ်လိုက်၏။

"အဲ့ဒါ ဖြစ်နိုင်တယ်"

"ဒါဆို ကျုပ်တို့ နည်းနည်းဗျူဟာပြောင်းလိုက်ရင်ကောင်းမလား"

ကျန်းကျင်းခိုင် သူ့စကားကိုသူ အဆိုပြုဟန်​ဖြင့် ရေရွတ်လိုက်၏။

"မင်းအစား ကျုပ် ရုပ်ဖျက်လိုက်ရင်ရော"

သို့သော် ​ကျန်းကျင်းခိုင်က တစုံတခုကို တွေးမိဟန်​ဖြင့် ချက်ချင်းခေါင်းခါလိုက်ပြန်သည်။

"မဟုတ်သေးဘူးကွ ဒါအရမ်းအန္တရာယ်များတယ် တစ်ယောက်ယောက်က မင်းကို မှတ်မိသွားရင် ကိစ္စတွေက အများကြီး ရှုပ်ထွေးလာနိုင်တယ် ပြီးတော့ မင်း အသက်အန္တရာယ်ရှိမယ်ဆိုရင် ကျုပ်အဖို့ ဒီအမှုကို မ​ဖြေရှင်းပဲနေတာ ပိုကောင်းလိမ့်မယ်"

"ဟန်နီ ရှင် ဘာပြောလိုက်တာလဲ"

ကျန်းကျင်းခိုင်၏စကားကြောင့် အားကျောက် နည်းနည်း​တော့ အံ့သြသွား၏။

"ကျွန်မအတွက် အမှုကို မဖြေရှင်းတော့ဘူးပေါ့ ဟုတ်လား"

"ဟုတ်တယ်"

ကျန်းကျင်းခိုင်က ပြတ်ပြတ်သားသားပင် ခေါင်းညိတ်လိုက်သည်။

"မင်းမိတ်ကပ်ပြင်မထားဘူး ရုပ်ဖျက်မထားဘူးဆိုရင် လမ်းကြားထဲက မိန်းကလေးတွေ မင်းကိုအကုန်မှတ်မိကုန်မယ် ဒီလိုစွန့်စားမှုမျိုးကို ကျုပ် မလုပ်နိုင်ဘူး"

"ရှင် ရူးနေတာလား"

အားကျောက် တခစ်ခစ် ရယ်မောလိုက်သည်။

"ကျွန်မက အရင်နဲ့တူသေးလို့လား အရင်ကဆို ကျွန်မ ဆံပင်ရှည်နဲ့လေ အခုကျ ဆံပင်တိုနဲ့ဖြစ်နေပြီ ပြီးတော့ ဝတ်ပုံစားပုံကလဲ တခြားစီ ကျွန်မကို ဒီလိုပုံစံနဲ့ ရှင်တောင်မှတ်မိဖို့ မနည်းအချိန်ယူလိုက်ရတယ်မလား"

"မဟုတ်သေးဘူး ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ လက်မခံနိုင်သေးဘူး"

ကျန်းကျင်းခိုင်ကား ဆန့်ကျင်နေဆဲပင်။

"ဟန်နီလို့"

အားကျောက်က ချွဲနွဲ့သောအသံနှင့် ပြောလိုက်သည်။

"စမ်းကြည့်ရအောင်လားလို့ နှစ်ရက်လောက်ပဲလေ"

နောက်တစ်မနက် ကျန်းကျင်းခိုင် ရုံးရောက်ချိန်မှာ အတော်လေးနောက်ကျနေ၏။ အားကျောက် တညလုံး နားပူနားဆာလုပ်နေသဖြင့် သူ အိပ်ရေးပျက်သွားခဲ့ရ၏။ ထို့ကြောင့် သူ ဤနေ့မနက်တွင် နောက်ကျနေခြင်းပင်။

"ရှောက်ချိန် ခနလာဦး"

ကျန်းကျင်းခိုင်က လူရှောက်ချိန်က်ို လှမ်းခေါ်လိုက်သည်။ ရှောက်ချိန်၏ ပုံစံမှာလည်း အိပ်ရေးပျက်ဟန်ပေါ်နေ၏။

ထိုအချိန်တွင် အားကျောက်မှာကား ကျန်းကျင်းခိုင်နှင့် ဆန့်ကျင်ဘက်ပင်။ သူမသည် အိပ်ယာထသည်နှင့် လသာဆောင်တွင် လေ့ကျင့်ခန်းလုပ်၏။ မနက်စာ ချက်ပြုတ်စားသောက်၏။ ထို့နောက် သူမသည် ယခင်အလုပ်ဟောင်းတွင် ဝတ်ဆင်ခဲ့သည့် အဝတ်အစားတချို့ကို ရှာဖွေမွေနှောက်ပြန်သည်။ ထိုအဝတ်အစားများကို ဝတ်ဆင်ပြီးသည်နှင့် သူမက မှန်ရှေ့တွင် ရပ်ပြီး ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်၏။

"ဒါက ငါ့အရင်ပုံစံတဲ့လား"

အားကျောက် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။

"ငါက ဘာလို့ဒီလိုပုံပေါက်နေရတာလဲ"

ကြည့်ရသလောက် ရှေးက အားကျောက်၏ပုံစံမှာ ယခုထက်ပိုဆိုးမှန်း သူမ မေ့သွားသည့်ပုံပင်။

တစ်ချိန်တည်းမှာပင် ကျန်းကျင်းခိုင်နှင့် လူရှောက်ချိန်တို့က အားချွန်နှင့်အားရှာကို သွားတွေ့လိုက်ကြသေးသည်။။ ဤတကြိမ်တွင် သူတို့ ရှောက်မေနှင့်ပတ်သက်သည့် မေးခွန်းများကို မေးမြန်းခဲ့ကြ၏။ ကံမကောင်းစွာပင် ရှောက်မေနှင့်ပတ်သက်၍ ဘာအချက်အလက်သစ်မှ သူတို့မရခဲ့။ သူတို့မျက်လုံးထဲတွင် ရှောက်မေသည် အားနည်းသည့် အမျိုးသမီးတစ်ယောက်သာ ဖြစနေသည် မဟုတ်ပါလား။

All Chapters