အခန်း (၅၅၅)
Vol. 38 Ch. 555
“ထင်ထားတဲ့ အတိုင်းပဲကိုး။ သာမန်ထက် ပိုတာပဲ” စုရှန်းလော်နှင့် အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိ၏။ တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် အံ့အားသင့်မှုများကို တစ်ယောက်က မြင်ရ၏။
ကြည့်ရှုလိုက်သည်နှင့် ဤနေရာကြီးသည် သာမန်ထက်ပိုသည့် တန်ဖိုးကို ပိုင်ဆိုင်ကြောင်း သူတို့က အတတ် ပြောနိုင်၏။ နိရယအင်ပါယာကိုသာ ဖမ်းဆီးနိုင်မည်ဆိုပါက ကျိန်းသေပေါက် ထိုထက် များပြားလှသည့် အောင်မြင်မှုများ ကို ရမှာ သေချာသည်။
ချက်ချင်းဆိုသလိုပဲ စုရှန်းလော်သည် ဆော်ဩလိုက်၏ “ဝင်ကြရအောင်”
သူသည် ရှေ့မှဦးဆောင်ပြီး လှမ်းဝင်လိုက်၏။ အထဲသို့ ဝင်ပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို လှမ်းကာ ကြည့်ရှုလိုက်သည်။
ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးသည် မဲမှောင်လျက်လျက် ရှိနေပြီး ကောင်းကင်ယံထက်တွင် မည်သည့် ကြယ်စင်စုမှ မရှိပေ။ လောကကြီး တစ်ခုလုံးသည် ထူထဲလွန်းလှသည့် မြူများနှင့် ရစ်သိုင်းကာ အုပ်မိုးခံထားရ၏။ နတ်ဘုရား အသိစိတ်များပင်လျှင် ထိုနေရာထဲသို့ ဝင်ရောက်ကြည့်ရှုရန် ပြင်းပြင်းထန်ထန် ကြိုးစားရ၏။
သို့ပေမဲ့ ဤအကန့်အသတ်သည် အန္တိမအဆင့် ကျင့်ကြံသူများအတွက်တော့ အတားအဆီးမဟုတ်သကဲ့သို့ပင်။ နတ်ဘုရားသိစိတ်များဖြင့် တည်နေရာ တစ်ခုလုံးကို လှည့်ပတ်ကာ ကြည့်ရှုပြီးသည့်နောက် လောကကြီး၏ တစ်ဝက်လောက်ဆီသို့ ရောက်ရှိသွားသည်။
မကြာခင်မှာပဲ စုရှန်းလော်သည် ဤလောကကြီးထဲရှိ သာမန်ထက်ပိုသော တည်နေရာ တစ်ခုကို မြင်လိုက်ရ၏။
“တွေ့ပြီပဲ”
စုရှန်းလော်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားခဲ့၏။ ဤခရီးစဉ်သည် ဤမျှ လွယ်ကူလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ အလှည့်အပြောင်းဟူ၍ မရှိဘဲ ရိုးရှင်းလွန်းလှ၏။
ဤလောကထဲသို့ ဝင်ရောက်ပြီးတည်းက သူတို့သည် နိရယအင်ပါယာ၏ သဲလွန်စများကို ရှာဖွေတွေ့ရှိနှင့်ပြီး ဖြစ်၏။ လဝက်နီးပါးလောက် ကြိုတင်စီစဉ်ခဲ့ရခြင်းသည် ဘာမှမဟုတ်ဘဲ အချိန်ဖြန်းခဲ့ရသလိုပင်။
တစ်ရက်၊ နှစ်ရက်အတွင်း ၎င်းတို့အနေနှင့် ရောရုဝပြည်သို့ ပြန်နိုင်လိမ့်မည်ဟု တွက်ချက်လိုက်မိ၏။ ထို့အပြင် နိရယအင်ပါယာသည် အစစ်အမှန် အင်မော်တယ်တစ်ယောက်သာ ဖြစ်သောကြောင့် သူတို့၏ အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ အန္တိမ ကျင့်ကြံသူအဆင့် လူခြောက်ယောက်တို့ ရှာဖွေနေခြင်းကို မည်သူက လွတ်အောင် ရှောင်နိုင်မည်နည်း။
လောကကြီး၏တစ်ဖက်ခြမ်း ထောင့်တစ်ခုမှတော့ ......
နက်နဲလွန်းလှသည့် လှိုဏ်ခေါင်းကြီးတစ်ခု ရှိနေခဲ့ပြီး ထိုနေရာကြီးသည် ရှေးနန်းတော်ကြီး တစ်ခုကဲ့သို့ပင် ထင်ထင်းကြီး တည်ရှိနေခြင်းဖြစ်သည်။ နံရံများသည် တကယ့်ကို ထူထဲလွန်းလှပြီး နှစ်သန်းနှင့်ချီ တည်ရှိခဲ့သည့် အရာတစ်ခုကဲ့သို့ပင် ရှေးဆန်လွန်းလှ၏။
နန်းတော်၏ အတွင်းဘက်တွင် နိရယ အင်ပါယာသည် အင်ပါရီယာဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီးသည့်နောက် ကျက်သရေရှိကာ လှပသည့် ဟန်ပန်အမူအရာများနှင့် ရှိနေ၏။ သူမ၏ အမဲရောင်ဆံနွယ်များသည် ကျောဘက်သို့ ကျဆင်းလျက်ရှိနေပြီး သူမ၏ အသားအရေကလည်း ကျောက်စိမ်းကဲ့သို့ပင် ကြည်လင်နေသည်။
သူမသည် မျက်လုံးကိုမှိတ်၍ထားပြီး ကျင့်ကြံခြင်းတွင် အလုံးစုံ အာရုံစိုက်ထားခဲ့၏။ ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် အင်ပါယာပိုင်လီတို့နှင့် နှိုင်းယှဉ်လျှင် သူမ၏ အားအင်အဆင့်မှာ မလုံလောက်သေးကြောင်း နက်နက်နဲနဲ နားလည် သိရှိခဲ့ရသည်။ ထို့ကြောင့် သူမသည် ကြိုးစားနေခြင်းပင်။
လက်ရှိအခြေအနေ၌ အစစ်အမှန် အင်မော်တယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသည် ဆိုလျှင်တောင်မှ အပြင်သို့ ထွက်မည်ဆိုပါက ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် အင်ပါယာပိုင်လီတို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ကို ခံရပေဦးမည်။ သက်သက် အပြင်ဘက်သို့ထွက်၍ အရှက်ကွဲခံမည့်အစား ဤနေရာတွင် ငြိမ်ငြိမ်သက်သက်နှင့် နေထိုင်၍ ကျင့်ကြံခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်သို့ ရောက်သည့်အချိန် သို့မဟုတ် အန္တိမ ကျင့်ကြံသူအဆင့်သို့ ရောက်သည့်အချိန်မှသာလျှင် သူမသည် ထိုနှစ်ယောက်အား ပြန်လည်ကာ လက်စားချေနိုင်ပေလိမ့်မည်။
ကျင့်ကြံခြင်းအပေါ်တွင် အာရုံစိုက်လျက် ရှိနေတုန်းမှာပဲ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်ခုက ဖြစ်တည်လာ၏။ လောကကြီး တစ်ခုလုံးသည် တုန်ခါသွားခဲ့ပုံပင်။ ကောင်းကင်ယံ တစ်ခုလုံးတွင် အက်ကွဲကြောင်းကြီးအဖြစ် ပွင့်လို့သွားခဲ့ပြီး ပင့်ကူမျှင်များ ကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ထိုပင်ကူမျှင်ကဲ့သို့သော အက်ကွဲကြောင်းများသည် လောက၏တစ်ဝက်လောက်ကိုပင် လွှမ်းခြုံသွားခဲ့၏။ လောကကြီး တစ်ခုလုံးသည် ဖျက်ဆီးခံရတော့မည့် ပုံပန်းသွင်ပြင်မျိုးပင်။
“ဘာတွေဖြစ်နေတာလဲ” နိရယ အင်ပါယာသည် ကျင့်ကြံရာမှ နိုးထလာခဲ့၏။ သူမသည် မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်၏။ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သူမ၏ မျက်စိသူငယ်အိမ် များက ကြုံ့ဝင်သွားခဲ့၏။ သူမ၏ နှလုံးသား တစ်ခုလုံးကလည်း လှုပ်ခါသွားခဲ့၏။ တစ်စုံတစ်ယောက်သည် သူမ၏ လောကထဲတွင် တည်နေရာ လမ်းကြောင်းတစ်ခု ဖွင့်လှစ်ခဲ့လေသည်လား။ ထို့အပြင် ချက်ချင်း ဖြစ်တည်ခဲ့ပုံ ပေါ်၏။
သူမပင်လျှင် ဤကဲ့သို့ စွမ်းအင်မျိုး မရှိချေ။ သူမထက် ပိုမိုကာ သာလွန်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သူသာလျှင် ဖြစ်ပေလိမ့်မည်။ မည်သူဖြစ်မည်နည်း။
ထာဝရ အစစ်အမှန် အင်မော်တယ်ပင်လား။ ဤအတွေးသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။ ထာဝရ အစစ်အမှန် အင်မော်တယ်သည် အားကောင်းလှသည် ဆိုလျှင်တောင်မှ လက်ရှိအခြေအနေကို ကြည့်ရှုရမည် ဆိုလျှင်တောင်မှ ဤသို့ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ပြုလုပ်နိုင်သည်ဆိုပါက ထိုသူသည် သူမအား အင်ပါယာပိုင်လီ နှင့် ပူးပေါင်းတိုက်ခိုက်ရန် မလိုအပ်ဘဲ တစ်ယောက်တည်းသာ တိုက်ခိုက် သတ်ဖြတ်မှာဖြစ်သည်။
နိရယအင်ပါယာ စဉ်းစားလျက် ရှိနေတုန်းများပဲ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိုအက်ကွဲကြောင်းဆီမှ အသာလှမ်းထွက်လာခဲ့၏။ ပထမဦးဆုံး လူသုံးယောက်ကို လှမ်းကာ မြင်လိုက်၏။ ထိုသူများကို မြင်ရသည့် အချိန်မှာတော့ နိရယ အင်ပါယာသည် အေးခဲသွားမိ၏။
ငရဲလောက၏ ဆက်ခံသူ တစ်ယောက်အနေနှင့် သူမသည် သူမတို့နှင့် တူညီသည့် တခြားသော ငရဲလောက သတ္တဝါများ အကြောင်းကို ကောင်းကောင်းနားလည်သည်။
“ရောရုဝပြည်”
နိရယ အင်ပါယာသည် ထိုစကားစုကို အံကြိတ်ကာ ရွတ်ဆိုလိုက်တော့၏။ ရောရုဝပြည်ဆိုသည်မှာ သူမ တည်ထောင်ထားခဲ့သည့် နိရယပြည်နှင့် သိပ်ပြီး ခြားနားလှသည် မဟုတ်ချေ။ တူညီသည့် မူလအရင်းအမြစ်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်၏။
လက်ရှိ အခြေအနေတွင် သူမသည် တကယ်ပင် စိတ်ဝင်စားလျက် ရှိနေ၏။ မြေအင်မော်တယ်လောကတွင် သူမ မရှိသည့် အတောအတွင်း အပြင်လောကကြီးသည် ဘာတွေ ဖြစ်နေသနည်း။ ရောရုဝပြည်မှ သတ္တဝါများ ရောက်ရှိ ပေါ်ပေါက်လာခဲ့၏။ ထို့အပြင် ထိုသူများသည် သူမ၏ လောကထဲသို့ပင် ရောက်ရှိလာခဲ့သည်။
“ဒါတွေ အကုန်လုံးက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် လမ်းညွှန်ပေးခဲ့တာလား” နိရယ အင်ပါယာက စဉ်းစားလိုက်မိ၏။
ငရဲလောကကြီးသည် ကောင်းမွန်သည့် နောက်ခံတည်ရှိသည့် အရာဟု သတ်မှတ်ရမှာဖြစ်ပြီး သူမ၏ ကိုယ်ပိုင် အမွေအနှစ် တည်နေရာလည်း ဖြစ်၏။ သူမအပြင် မည်သူမှသည် သူမ၏ ခွင့်ပြုချက် မရှိဘဲ ငရဲလောကကြီးထဲသို့ လှမ်းဝင်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ ကိစ္စရပ်များကို ပြုလုပ်နိုင်သည့် တစ်ဦးတည်းသောလူကို ပြောဆိုရမည်ဆိုပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကိုသာလျှင် ပြောဆိုရမှာဖြစ်၏။ ဤရောရုဝပြည်၏ သတ္တဝါများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသွင်သဏ္ဍာန်မျိုးဖြင့် ချဉ်းကပ်လာခဲ့သည် ဖြစ်သောကြောင့် မကောင်းသည့် ရည်ရွယ်ချက်များ ပါဝင်လာမှာ သေချာသည်။
ငရဲလောက၏ ဆက်ခံသူ ရောင်းရင်းများသည် သူမ၏ ငရဲလောကကို စိတ်ဝင်စားနေပြီ ဖြစ်ကြောင်း သူမ နားလည်လိုက်မိသည်။ ထို့အပြင် ပထမဦးဆုံးရောက်ရှိလာခဲ့သည့် လူများသည် သူမထက် ပိုမိုကာ အားကောင်းလျက် ရှိနေပြီး ခုခံရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
“သူတို့ရဲ့အားအင်အဆင့်က အနည်းဆုံး အန္တိမကျင့်ကြံသူအဆင့်မှာ ရှိနေတာပဲ” နိရယ အင်ပါယာသည် ခေါင်းဆောင် ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် စိတ်တစ်ခုလုံး လေးလံသွားခဲ့လေ၏။
သူမ မည်ကဲ့သို့ ထွက်ပြေးရမည် ဖြစ်ကြောင်းကို စဉ်းစားလျက် ရှိနေတုန်းမှာပဲ စုရှန်းလော်နှင့် တခြားသော လူများသည် နန်းတော်ထဲသို့ မြန်မြန်ဆန်ဆန် ဝင်လာခဲ့ကြ၏။ ၎င်းတို့သည် ကောင်းကင်ယံ၏ တည်နေရာ လေးခုကို အသာဖြန့်ကျက်ကာဖြင့် စောင့်ကြပ်လျက် ရှိနေသည်။ နိရယ အင်ပါယာ ထွက်ပြေးနိုင်မည့် လမ်းစဉ်များ အားလုံးကို ပိတ်ပင်ထားခဲ့ခြင်းပင်။
“အင်း.. မဖိတ်ဘဲနဲ့ ဒီကို ဘာလို့ ရောက်လာကြတာလဲ။ ဘာကိစ္စ ရှိလို့လဲ” နိရယ အင်ပါယာသည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် ပြောလိုက်၏။ သူမသည် တည်ငြိမ်သည့် ဟန်ပန်အမူအရာများကို ထိန်းသိမ်းထားပြီး အေးစက်စက် ပြောလိုက်ခြင်းပင်။
“နိရယ အင်ပါယာလား” စုရှန်းလော်သည် မေးမြန်းလိုက်၏။ သူ၏ ဆံနွယ်များသည် လေထဲ၌ လွင့်လျက် ရှိနေပြီး ၎င်း၏ ဝတ်စုံများသည်လည်း လှုပ်ခါလျက် ရှိနေ၏။ နိရယ အင်ပါယာကို ငုံ့မိုးကာ ကြည့်ရှုပြီးသည့်နောက် ၎င်း၏ လှုပ်ရှားမှု သွင်ပြင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် နတ်ဆိုးဘုရင် တစ်ပါးကဲ့သို့ပင် ဖြစ်လို့နေ၏။
နိရယ အင်ပါယာသည် လက်ရှိ အခြေအနေ၌ ပိတ်လှောင်ခြင်းကို ခံထားရသည့် လိပ်ကလေး တစ်ကောင်ကဲ့သို့ပင် ဖြစ်လို့နေသည်။ သို့ပေမဲ့ အန္တိမ ကျင့်ကြံသူအဆင့် ခြောက်ယောက်ကို ရင်ဆိုင်သည့် နေရာတွင် အစစ်အမှန် အင်မော်တယ်အဆင့်သာရှိသော သူမ ဘာလုပ်နိုင်မည်နည်း။ အဆုံးသတ်တွင် အမွေအနှစ်ကို ပေးအပ်ရမှာသာ ဖြစ်၏။ အမွေအနှစ် ဆိုသည်မှာ လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ခြင်း မရှိပါက လက်ဝယ် ထားရမည့် အရာမျိုး မဟုတ်ချေ။
“ကောင်းပြီ” နိရယ အင်ပါယာက ခေါင်းညိတ်လိုက်၏။ သူမ၏ အကြည့်များသည် အပေါ်တွင် ရှိနေသည့် လူတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများကို သေသေချာချာ ကြည့်ရှုကာ မှတ်သားနေမိ၏။
“အင်း... နိရယ အင်ပါယာ ဆိုမှတော့ ကျုပ်တို့နဲ့ လိုက်ခဲ့လိုက်။ ကျုပ်တို့ရဲ့ အရှင်က ခင်ဗျားကို တွေ့ချင်နေတယ်။ ပြီးတော့ ကျုပ်တို့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူးမို့လား။ မဟုတ်ရင် ...” စုရှန်းလော်၏ မျက်နှာက ပြုံးလျက်ရှိ၏။ သူ၏မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေသည်။ နိရယ အင်ပါယာသည် အခြေအနေကို ကောင်းကောင်း နားလည်သည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ နားမလည်ဘူး ဆိုပါက အလောင်းအဖြစ်သို့ ပြောင်းလဲလိုက်ရန် ဆိုသည်မှာ ပြဿနာ မဟုတ်ချေ။
ထို့အပြင် ရောရုဝပြည်၌ များပြားလွန်းလှသည့် ဆန်းကြယ်သော နည်းလမ်းများ ပိုင်ဆိုင်၏။ ထို့ကြောင့် ဝိညာဉ်များ ကို ဆက်သွယ်ခြင်း၊ သေဆုံးသွားခဲ့သည့် အလောင်းများကို ဆက်သွယ်ခြင်း ဆိုသော အရာများကို ပြုလုပ်ရန် ဆိုသည်မှာ စားခြင်း၊ သောက်ခြင်း ကဲ့သို့ပင် လွယ်ကူလွန်းလှ၏။ သူတို့ လိုချင်သည့် မည်သည့် နည်းလမ်းကိုမဆို အသုံးပြု၍ ရနေသည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဒီနေရာကို ရောက်အောင်လာဖို့ လမ်းညွှန်ပေးခဲ့တာလား” နိရယ အင်ပါယာက ဖြည်းညှင်းစွာ မေးမြန်းလိုက်၏။ သူမသည် သူမ၏ အကြီးမားဆုံးသော သံသယကြီးကို ထုတ်ဖော်ကာ မေးမြန်းလိုက်ခြင်းဖြစ်၏။