အခန်း (၅၅၈)
Vol. 38 Ch. 558
“ဘယ်လို.. ဘယ်လိုဖြစ်နိုင်မှာလဲ”
စုရှန်းလော်က ကြောင်အသွားမိ၏။ အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူ၏ ကြောက်မက်ဖွယ်ရာ အားအင်အဆင့်ကို သူ့ထက် ပိုမိုကာ သိရှိသူဟူ၍ မည်သူမှ မရှိချေ။
ထို့အပြင် သူတို့သည် နှစ်ပေါင်းများစွာကြာအောင် ရောရုဝပြည်အား အလုပ်အကြွေး ပြုစုခဲ့သည့်လူများဖြစ်၏။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအင်များသည် တကယ်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေတွင် တည်ရှိနေ၏။ တစ်ယောက်၏ လုပ်နိုင်စွမ်းကို တစ်ယောက်က ကောင်းကောင်း သိရှိပြီးဖြစ်၏။ သို့ပေမဲ့ တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့် လူသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
နိရယအင်ပါယာ၏ အားအင်အဆင့်သည့် လုံလောက်အောင် အားကောင်းနေသောကြောင့် မဟုတ်ပေ။ သူမ၏ ဝှက်ဖဲများသည် ကျိန်းသေပေါက် ခုခံရန် ခက်ခဲလို့နေသောကြောင့်ပင်။ အဆင့်တူချင်းတွင် ရှိနေသည့် လူတစ်ယောက်ပင်လျှင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ စုရှန်းလော် အနေနှင့် ကျိန်းသေပေါက် အရှေ့ဆီသို့ သွားသည် ဆိုပါက သူပါတူညီသည့် ကံကြမ္မာထဲသို့ သက်ဆင်းသွားမှာ သေချာ၏။
“အင်း.. ငရဲလောကရဲ့ အမွေအနှစ်တွေကို ရရှိခဲ့တဲ့လူက ကျိန်းသေပေါက် ငါတို့အရှင်ထက် အားနည်းမှာ မဟုတ်ဘူး” စုရှန်းလော်က တီးတိုး ရေရွတ်လိုက်မိသည်။
သူတို့၏ အရှင်သည် များပြားသည့် ဝှက်ဖဲများကို ပိုင်ဆိုင်၏။ နိရယအင်ပါယာသည် မည်မျှ နက်ရှိုင်းသည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားကြောင်း သူတို့ သေသေချာချာ မသိရှိချေ။ သူ၏အမြင်အရ ဆိုလျှင် သူတို့၏ အရှင် ရောက်ရှိလာမည်ဆိုလျှင်တောင်မှ လက်ရှိအခြေအနေတွင် နိရယအင်ပါယာကို ရင်ဆိုင်တိုက်ခိုက်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
“အင်း.. ခင်ဗျား အဆင်ခြင်မဲ့စွာနဲ့ အနိဋ္ဌာရုံ မြစ်ကြီးကို ဖန်တီးခဲ့တယ်။ ကျုပ်မယုံနိုင်ဘူး။ အစစ်အမှန် အင်မော်တယ် စွမ်းအင်တွေလောက် နဲ့ ခင်ဗျား ဒီမြစ်ကြီးကို အချိန်ကြာကြာ ဖန်တီးထားနိုင်မယ်ဆိုတာ လုံးဝ ဖြစ်နိုင်မှာ မဟုတ်ဘူး” စုရှန်းလော်သည် နိရယအင်ပါယာကို လှမ်းကာ ကြည့်ရှုရင်း တင်းမာခက်ထန်စွာ ပြောလိုက်၏။
“ခုဏက ဖမ်းသွားခဲ့တဲ့လူကို လွှတ်ပေး။ ကျုပ်တို့ ချက်ချင်း ထွက်သွားပေးမယ်။ မြေအင်မော်တယ် လောကကို ဘယ်တော့မှ ထပ်ပြီး ခြေမချတော့ဘူး”
ဤအရာသည် သူ၏ နောက်ဆုံး အကန့်အသတ်သာလျှင် ဖြစ်သည်။ နိရယအင်ပါယာကို ခေါ်ဆောင်သွားဖို့ ဆိုသည်မှာ လက်ရှိ အခြေအနေတွင် မဖြစ်နိုင်ချေ။ သူတို့လုပ်နိုင်သည့် အကြောင်းအရာမှာ ဖမ်းချုပ် ခံလိုက်ရသော သူ၏ ဘက်တော်သားအား ပြန်လည်ခေါ်ဆောင် သွားရန်ပင် ဖြစ်၏။ နိရယ အင်ပါယာကို ခေါ်ဆောင်သွားနိုင်ခြင်း မရှိသည့်အပြင် များပြားလှသည့် အန္တိမ ကျွမ်းကျင်သူများကိုလည်း ဆုံးရှုံးခဲ့ရသည် ဖြစ်သောကြောင့် ကျိန်းသေပေါက် ကြီးမားသည့် ဆုံးရှုံးမှုပင်။ အရှင်ပြန်လာသည် ဆိုသည်နှင့် သူသည် ကျိန်းသေပေါက် အပြစ်တင်ခံရမှာပင်။
ထို့အပြင် အန္တိမကျင့်ကြံသူဆိုသည်မှာ ရောရုဝပြည်တွင်တောင်မှ များများစားစား တည်ရှိသည့် အရာမျိုး မဟုတ်ချေ။ သုံးယောက်အား ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သတ်ဖြတ်ခဲ့ပြီးသား ဖြစ်၏။ ယခု ငရဲလောကထဲတွင် အများအပြား သေဆုံးခဲ့သောကြောင့် ရောရုဝပြည်သည် ကျိန်းသေပေါက် အားနည်းသည့် အခြေအနေ ဆီသို့ ရောက်ရှိသွားပေလိမ့်မည်။
“အင်း.. ခုဏကလူကို လွှတ်ပေးရမှာလား” နိရယ အင်ပါယာသည် အကန့်အသတ်မဲ့ များပြားသည့် ရောင်စဉ်ရောင်ဝါများ ကို ထုတ်ဖော်ကာဖြင့် မတ်မတ်ရပ်လျက်ရှိ၏။ သူမ၏ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။
သူမသည် တစ်ချက်ကလေးမှ မလှုပ်ရှားသေးချေ။ သို့ပေမဲ့ မားမားမတ်မတ် ရပ်နေသည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ငရဲ၏ အရှင်မတစ်ပါးကဲ့သို့ပင်။ သူမ၏ ခြေထောက်အောက်တွင် များပြားသည့် နိယာမများ စုဝေးလျက် ရှိနေ၏။ အသင်္ချေ များပြားလှသည့် လောကအသီးသီးပင်လျှင် သူမ၏ ခြေထောက်အောက်တွင် ဒူးထောက်ကာ အညံ့ခံရမည့်ပုံပင်။
လက်ရှိအခြေအနေမှာတော့ သူမသည် အစစ်အမှန် အင်မော်တယ် အားအင်အဆင့်ကိုသာ ပိုင်ဆိုင်သည် ဆိုသော်လည်း အနိဋ္ဌာရုံမြစ်ကြီးနှင့် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်တို့၏ လွှမ်းမိုးမှုကို ရယူထားသောကြောင့် ကျိန်းသေပေါက် ရှေးယခင်တုန်းက ဖြစ်တည်ခဲ့သည့် ငရဲလောက၏ အရှင်တစ်ပါး ကဲ့သို့ပင်။ သူမသည် ရှေးယခင်က ငရဲလောကအရှင် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။
“ဒီလောကကြီးထဲမှာ ငရဲလောကထဲကို ဝင်နိုင်စွမ်း၊ ထွက်နိုင်စွမ်း ရှိတဲ့လူတွေ တကယ့်ကို ရှိတယ်။ ဒါပေမဲ့ အဲလိုလူတွေထဲမှာ ရှင်တို့ မပါဘူး” နိရယ အင်ပါယာ၏ အသံက အေးစက်လျက် ရှိနေလေ၏။ မူလအားဖြင့် ဤလောကထဲသို့ ဝင်လိုက်သည့် လူများအားလုံးတို့သည် သေဆုံးခြင်းကိုသာ ကြုံဆုံရမည်ဟု ပြောလိုက်ခြင်းပင်။
သို့ပေမဲ့ ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ကို ရုတ်တရက် သတိရသွားမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ငရဲလောကကြီး တစ်ခုလုံးကို သူ၏ နောက်ဖေးခြံဝန်းကဲ့သို့ သွားချင်တိုင်း သွား၍ရနိုင်ကြောင်း သူမ သတိရသွားသည်။ တစ်ဖက်လူသာ ထွက်ခွာသွားချင်သည်ဆိုပါက ကျိန်းသေပေါက် တားဆီး၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမသည် ကြေညာချက်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့သော ပြောင်းလဲထားခဲ့သည့် ကြေညာချက် ကပင်လျှင် စုရှန်းလော်နှင့် တခြားသော သူတို့၏ နှလုံးသားများကို တုန်ယင်စေခဲ့၏။
“နိရယ အင်ပါယာ... ခင်ဗျား ရောရုဝပြည်နဲ့ ရန်သူလုပ်ဖို့ ရည်ရွယ်နေတာလား” စုရှန်းလော်သည် လေးလေးနက်နက် အသံဖြင့် ခြိမ်းခြောက်လိုက်သည်။
“ဆိုးလိုက်တာ”
နိရယ အင်ပါယာက နှာခေါင်းရှုံ့လိုက်၏။ သူမသည် ပေါ့ပေါ့ပါးပါးဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “ငရဲလောကထဲကို အရင်ဆုံးဝင်လာခဲ့တာ ရှင် မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ပြောင်းပြန်တွေ ပြန်ခြိမ်းခြောက်နေရတာလဲ”
“မမေ့နဲ့အုံး နိရယ အင်ပါယာ”
စုရှန်းလော်သည် ပတ်ဝန်းကျင် တစ်ခုလုံးကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အနောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။ သူ၏ လေသံသည် အလုံးစုံ တည်ငြိမ်လျက် ရှိနေတုန်းပင်။
“ကျုပ်တို့ အရှင်က ငရဲလောကရဲ့ အမွေအနှစ်တွေကို စုံစမ်းခိုင်းလိုက်တာ။ ဒီနေ့ တစ်ခုခုဖြစ်ခဲ့ပြီဆိုရင် ခင်ဗျား ကျုပ်တို့ အရှင်ရဲ့ အာဏာစက်ကို တွန်းလှန်နိုင်မှာ မဟုတ်ဘူး။ အင်မော်တယ်ဘုရင်တစ်ယောက် ဆင်းသက်လာတဲ့ အချိန်မှာ ခင်ဗျားမပြောနဲ့ ဒီလောကငယ်လေးတစ်ခုလုံးတောင် ဖုန်အဖြစ် ပြောင်းလဲသွားနိုင်တယ်” စုရှန်းလော်က သတိပေးလိုက်၏။
“အင်မော်တယ်ဘုရင် ဟုတ်လား” နိရယ အင်ပါယာ၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ စုရှန်းလော်နှင့် တခြားသောသူများသည် သူမ၏ အသွင်သဏ္ဍာန်ကို သုံးသပ်လျက် ရှိနေတုန်းမှာပဲ သူမ၏ အေးစက်သည့် အသံသည် သူတို့၏ နားထဲသို့ ထပ်မံ ဝင်ရောက်လာခဲ့သည်။
“အင်မော်တယ်ဘုရင် ဖြစ်တော့ကော ဘာဖြစ်လဲ”
နိရယ အင်ပါယာသည် လက်တစ်ဖက်ကို မြှောက်ကာဖြင့် အသာဖိနှိပ်လိုက်၏။
ဝုန်း
များပြားလှသော အနိဋ္ဌာရုံ မြစ်အတွင်းရှိ ရေများအားလုံးသည် ဆူဝေလာခဲ့ပြီး ကောင်းကင်ပေါ်သို့ တက်သွား၏။ ပြီးနောက် ကောင်းကင်နေရာအနှံ့တွင် ရပ်တန့်လျက် ရှိနေပြီး အချိန်မရွေး ကျဆင်းလာရန် ပြင်ဆင်လျက် ရှိနေပုံပင်။
“မကောင်းတော့ဘူး။ နောက်ကိုဆုတ်တော့” စုရှန်းလော်သည် ထိတ်လန့်တကြားဖြင့် ထကာ အော်ဟစ်လိုက်၏။
သူသည် အားလုံးသော သူတို့ကို နောက်ဆုတ်ရန် အော်ဟစ်လိုက်၏။ ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ကျိန်းသေပေါက် ခပ်ဝေးဝေး တည်နေရာဆီသို့ ပြေး၏။ သူသည်သာ ဤတည်နေရာမှ ထွက်ခွာသွားနိုင်သည်ဆိုပါက ကျိန်းသေပေါက် အသစ်ပြန်စနိုင်ရန် ယုံကြည်ချက် ရှိလို့နေ၏။ ဤနေရာတွင် ပိတ်မိနေသည်ဆိုပါက အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။
“ရှင် မလွတ်ပါဘူး” နိရယ အင်ပါယာသည် ထူးမခြားနားသလို ပြောလိုက်သည်။
ကြည့်ရသည်မှာ သူမသည် လောကကြီး တစ်ခုလုံးနှင့် ပေါင်းစပ်နေသကဲ့သို့ပင်။ လက်ကို အသာမြှောက်လိုက်ပြီးသည့်နောက် တည်နေရာ အက်ကွဲကြောင်းများသည် လောကကြီး တစ်ခုလုံးတွင် ဖြစ်တည်လာ၏။ ချက်ချင်းဆိုသလိုပဲ စုရှန်းလော်နှင့် တခြားသောသူများ အားလုံးရှေ့တွင် ထိုအက်ကွဲကြောင်းကြီးများ ဖြစ်တည်လာခဲ့ပြီး အားလုံးသော သူတို့သည် ပျောက်ကွယ်သွားခဲ့၏။
“မဟုတ်ဘူး”
စုရှန်းလော်က အော်ဟစ်လိုက်၏။ သူသည် တည်နေရာတွင် ရှိနေသည့် အက်ကွဲကြောင်းကြီးဆီမှ ထွက်ပေါ်လာခဲ့သည့် စုပ်ယူအားကို လက်သီးနှင့် လှမ်းကာ ထိုးနှက်လိုက်၏။ သို့ပေမဲ့ သူတို့သည် ထိုအရာကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရလေ၏။ သူတို့ရောက်ရှိသွားသည့် တည်နေရာသည် မူလ မြေအင်မော်တယ်လောကကြီး မဟုတ်ချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ” စုရှန်းလော်သည် အလုံးစုံ ဆွံ့အလို့ နေခဲ့၏။ ငရဲလောကနှင့် ပတ်သက်သည့် သူ၏ နားလည်မှုသည် တစ်ရာခိုင်နှုန်းပင် မရှိကြောင်း ကောင်းကောင်းနားလည်သွားခဲ့ပြီ ဖြစ်၏။
ဤလောကကြီးသည် နိရယ အင်ပါယာ၏ ထိန်းချုပ်မှုကို ခံထားရ၏။ သူမသည် အလုံးစုံသော အုပ်စိုးသူ တစ်ယောက်ကဲ့သို့ပင်။ သူတို့မှာတော့ ရူးကြောင်ကြောင်နှင့် ထိုနေရာထဲသို့ ဝင်ရောက်လာပြီး သေလမ်းကို ရှာဖွေခဲ့၏။ လောကအထက်တွင် ရယ်မောစရာ လူသားများအဖြစ် ထင်မှတ်မှားရသည် မဟုတ်ပါလား။
“ဒါဆိုရင် နောက်ဘဝကို သွားတော့” နိရယ အင်ပါယာက ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ သူမ၏ စကား ထွက်ပေါ်လာလာချင်းမှာပဲ အနိဋ္ဌာရုံ မြစ်မှရေများ အားလုံးသည် တည်နေရာအနှံ့သို့ ကျဆင်းလာခဲ့တော့၏။ ငရဲလောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ စုရှန်းလော်နှင့် တခြားသောသူများ အားလုံးသည် တစ်ချက်ကလေးမှပင် မအော်လိုက်ရဘဲ ပျောက်ကွယ်သွားခဲ့၏။