← Chapters

အခန်း (၅၆၅)

Vol. 38 Ch. 565

အခန်း (၅၆၅)

Vol. 38 Ch. 565

“ငါ ဒီနေရာကနေ ထွက်သွားရမလား”

မုန့်ရှင်းကျီသည် စတင်ကာ စဉ်းစားလိုက်မိ၏။ ရောရုဝပြည်တွင် များပြားသည့် ရတနာများရှိ၏။ သို့ပေမဲ့ ထိုအရာများ အားလုံးကို ယူဆောင်သွားရန် ဆိုသည်မှာ မလွယ်လှချေ။ ရောရုဝပြည်၏ အရှင်သည် ကောလဟလများအတိုင်းပင် အင်မော်တယ်ဘုရင်အဆင့်နှင့် နီးကပ်လျက်ရှိသည့် လူပင် ဖြစ်၏။

လက်ရှိ များပြားသည့် လောကအသီးသီးတွင် စီနီယာနန်းဆောင်သခင် တိုက်ရိုက်ပါဝင်လှုပ်ရှားခြင်းမှလွဲလျှင် ထိုသူ့ကို အနိုင်ယူနိုင်မည့်လူဟူ၍ မည်သူမှ မရှိခဲ့ချေ။ ရောရုဝပြည်ကြီး တစ်ခုလုံးတွင် သူတို့သည် မြေမြှုပ် သင်္ဂြိုဟ်ခြင်း ကို ခံရရန်မှလွဲ၍ တခြား ဖြစ်နိုင်ချေ မရှိချေ။

“ကျုပ်ရဲ့ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့တွေကို ဖျက်ဆီးပစ်တယ်ဆိုမှတော့ မင်းတို့အားလုံး ဒီမှာနေရတော့မှာပေါ့” ရောရုဝပြည်၏ အရှင်သည် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းသည် တောင်ကြီး တစ်တောင်ကဲ့သို့ပင် မလှုပ်မရှား မြဲမြဲ တည်ရှိနေ၏။ မျက်လုံးများသည် အဆုံးစွန်အထိ အေးစက်လျက် ရှိနေပြီး လေဟာနယ် တစ်ခုလုံးကို ကောင်းကင် ဓားသွားကဲ့သို့ပင် ပိုင်းဖြတ်လေ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အကြည့်များသည် သူတို့၏ နှလုံးသားထဲသို့ တိုးဝင်သွားခဲ့၏။ လောကကြီး တစ်ခုလုံးသည် ခြောက်ခြားဖွယ်ရာ အတိပင်။

ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များ ဖျက်ဆီးခံလိုက်ရသောကြောင့် ရောရုဝပြည်တွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံး နီးပါးတို့သည် သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရ၏။ သံသယ ရှိစရာပင် မလိုချေ။ ဤအရာသည် သူ၏ အရှက်ကို ခွဲနေခြင်းပင်။ ရောရုဝပြည်သည် နက်နဲအလင်းလောကကြီးကို ယှဉ်ပြိုင်သူ တစ်ယောက်မှ မရှိဘဲ အနိုင်ယူ ဗိုလ်စွဲခဲ့ခြင်းဖြစ်၏။

ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များကို ဖျက်ဆီးရန်ဆိုသည့် အတွေးသည် မည်သူမှ မတွေးခဲ့သည့် အရာပင်။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များသည် ရောရုဝပြည်တွင် တည်ရှိနေသည် ဆိုလျှင်တောင်မှ ထိုသူတို့သည် အထဲသို့ မည်သို့ ဝင်ရောက်နိုင်မည်နည်း။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ရောရုဝပြည်၏ အရှင်သည် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များနှင့် ပတ်သက်၍ အစောင့်အရှောက်များကို လျော့ချခဲ့၏။ အားကောင်းသည့် လောကကြီးတစ်ခု ဆိုလျှင်တောင်မှ ၎င်းတို့ တည်နေရာထဲသို့ ဝင်ရောက်လာခဲ့ပြီး ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များကို ဖျက်ဆီးဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် အဘယ်ကြောင့် ဤကဲ့သို့အရာကို ပြုလုပ်နိုင် ရသနည်း။ မြေအင်မော်တယ်လောကသည် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်ရုံသာမက ရောရုဝပြည်၏ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့် အရာများကို ပျက်စီးစေခဲ့၏။ ယနေ့ သူ၏ ရှေ့တွင် ရှိနေသည့် လူအနည်းငယ်ကို သွေးစတေးခြင်း ပြုလုပ်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ သူ၏ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် ဒေါသမီးကို ငြိမ်းသက် နိုင်လိမ့်မည် မဟုတ်ချေ။

“ကျုပ်ကိုပြော။ သူ့ကိုထားလိုက်။ ခင်ဗျားဆီမှာ ဘယ်လောက်စွမ်းဆောင်ရည် ရှိလဲဆိုတာ ကျုပ်တို့ ကြည့်ကြတာပေါ့” တိုင်ချူးသည် အရှေ့သို့ လှမ်းတက်လိုက်၏။ သူသည် ထာဝရ အစစ်အမှန် အင်မော်တယ်၏ အရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ဖြစ်တည်လာသည့် လှိုင်းအဟုန်များကို တစ်ယောက်တည်း ခုခံထား၏။ တိုင်ချူး၏ ဝင်ရောက်လှုပ်ရှားမှုကြောင့် ထာဝရ အစစ်အမှန် အင်မော်တယ်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချမိ၏။

“စမ်းကြည့်လိုက်လေ”

ရောရုဝပြည် အရှင်ဆီမှ ထူးမခြားနားသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ သတ်ဖြတ် လိုခြင်းဆန္ဒများသည် ဒီရေလှိုင်းများကဲ့သို့ပင် တိုက်စားလျက် ရှိနေသည်။

ဘုတ်

ရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီးသည့်နောက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး အက်ကွဲထွက်သွားခဲ့၏။ ကြောက်မက် ဖွယ်ရာ ကောင်းလှသည့် နတ်ဆိုးအော်ရာများသည် စိတ်ရှိသလောက် ပျံ့နှံ့လျက် ရှိနေ၏။ ရေတွက်၍မရအောင် များပြားသည့် ဟောခန်းများ၊ နန်းဆောင်များသည် စာရွက်ဖြူများကဲ့သို့ပင် အောက်ကို ပြားချပ်ကာ ပျက်စီးကုန်၏။

ဘုန်း ....။

ရောရုဝပြည်၏ အရှင်သည် ကြီးမားသည့် လက်ကြီးတစ်ဖက်ဖြင့် အမဲရောင်နတ်ဆိုးဓားကြီးကို လှမ်းကိုင်ပြီး ခုတ်ပိုင်းခြင်းကို ပြုလုပ်၏။ သူ၏လက်နှင့် ဓားကို ထိတွေ့လိုက်သည်နှင့် တပြိုင်နက် လောကကြီး တစ်ခုလုံးသည် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်နှက်သွားခဲ့သည်။

သက်ရှိသတ္တဝါများ အားလုံးသည် တုန်ယင်သွားခဲ့ကြ၏။ ၎င်းတို့၏ ကျောရိုးမကြီးများသည် စိမ့်တက်နေခဲ့၏။ မည်သို့မှမနေနိုင်ဘဲ ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ပြားပြားဝပ်လျက် ရှိ၏။ ကွာစီအင်ပါယာနှင့် အင်ပါယာများ အားလုံးတို့သည် ထိုအရာကြီး၏ သက်ရောက်မှုကို ခံနေရ၏။

“သေစမ်း”

ရောရုဝပြည်၏ အရှင်က အော်ဟစ်လိုက်၏။ သူသည် ကောင်းကင်တစ်ခုလုံး တုန်ယင်သွားစေနိုင်သည့် အသံကြီးဖြင့် ဟစ်ကြွေးလိုက်ခြင်းပင်။

ခုတ်ပိုင်းချက် ကျဆင်းလာသည့် အချိန်မှာတော့ ရှုပ်ထွေးလှသည့် မြူများနှင့်အတူ ကောင်းကင်ကြီး တစ်ခုလုံးသည် နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့၏။ အမဲရောင်ဓားသွားကြီး၏ ရောင်စဉ်တန်းများသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့နေခဲ့၏။ လက်ရှိအခြေအနေတွင်တော့ ကောင်းကင်ယံထက်တွင် ရှိနေသည့် ကြယ်များအားလုံးသည် အရောင်အဆင်း ကင်းမဲ့သွားခဲ့၏။ တည်နေရာကြီး တစ်ခုလုံးသည် မိုးခြိမ်းသံများ တဝုန်းဝုန်းနှင့် ဖြစ်တည်နေခဲ့၏။

တိုင်ချူး၏ အမူအရာကတော့ ခက်ထန် တင်းမာလျက် ရှိနေတုန်းပင်။ ၎င်းသည် ဓားရှည်တစ်ခုကို ကိုင်ဆောင်ထား ပြီးသည့်နောက် သူ၏ ကျင့်ကြံခြင်း အဆင့်တစ်ခုလုံးကို ထိပ်ဆုံးအဆင့်အထိ မြှင့်တင်ကာ တည်တည်ငြိမ်ငြိမ်နှင့် အာရုံစိုက်ထားခဲ့၏။ ခန့်မှန်း၍ မရနိုင်သည့် ရန်သူတစ်ယောက်ကို တစ်ခါမှ မတိုက်ခဲ့ဘူးချေ။ ထို့ကြောင့် ယခု ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေရသည် ဆိုသော်လည်း နှလုံးသားထဲတွင် ကျိန်းသေပေါက် တစ်ရာ ရာခိုင်နှုန်း ယုံကြည်ချက် မရှိပေ။

အနိုင်ရရန်ထက် ရှုံးနိမ့်ဖို့က ပိုများ၏။ ထိုကဲ့သို့ အောက်စည်းသို့ ရောက်နေသည်ကို သိရှိသည် ဆိုလျှင်တောင်မှ လှုပ်ရှား တိုက်ခိုက်ရမှာဖြစ်၏။ တစ်ဖက်လူသည် သူ့ကို လွယ်လွယ်ကူကူနှင့် လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ရှုံးနိမ့်သွားမည် ဆိုပါက သူတို့သည် ရောရုဝအရှင်၏ သတ်ဖြတ်မှုကို ကျိန်းသေပေါက် ရင်ဆိုင်ရပေလိမ့်မည်။

ချလွမ်

ဓားရောင်စဉ်တန်းများ ဖြတ်သန်းသွားပြီးသည့်နောက် တိုင်ချူးသည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တိုက်ခိုက်လေ၏။ ဓား၏ ရောင်စဉ်ရောင်ဝါများသည် လေဟာနယ်ထက်တွင် ကြာပန်းများကဲ့သို့ ဖြစ်တည်လာခဲ့ လေ၏။ ထက်ရှလှသည့် ဓား၏ အော်ရာများသည် အရာအားလုံးကို ပိုင်းဖြတ်လျက် ရှိနေသည်။ ထိုအော်ရာများကို မည်သည့်အရာကမှ မတားဆီးနိုင်ခဲ့ချေ။

ဘုန်း

ဓားအလင်းတန်းများ ထိတွေ့သံသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဟုန် တစ်ခု ဖြစ်တည်စေခဲ့ပြီး မီးရှူးမီးပန်းများပင် ပေါ်ပေါက်စေခဲ့၏။ နက်နဲအလင်းလောကကြီး တစ်ခုလုံး ပျက်စီးတော့မည် အရှိန်အဝါမျိုးပင်။ နေရာအနှံ့တွင် အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့ပြီး အလုံးစုံ ပျက်စီးခြင်းကို ဦးတည်လျက် ရှိနေ၏။

ဘန်း

တိုက်ခိုက်ချက်ကို ပြုလုပ်ပြီးသည့်နောက် ကောင်းကင်ယံအထက်တွင် တည်ရှိနေသည့် တိမ်များ အားလုံးသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။ လူတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် ခပ်ဝေးဝေး တည်နေရာဆီသို့ လွင့်စင်သွားခဲ့သည်။

တိုင်ချူးပင် ဖြစ်၏။ ၎င်း၏ မျက်နှာသည် ဖြူလျော်လျက် ရှိနေပြီး ဓားကိုင်ထားသည့် လက်ကလည်း အဆမတန် တုန်ယင်နေခဲ့၏။

တိုက်ခိုက်ချက် တစ်ခုတည်းကိုသာ ပြုလုပ်ရသေး၏။ သို့ပေမဲ့ သူက အောက်စည်းသို့ ရောက်ရှိနေပြီဖြစ်၏။ ထို့အပြင် သူသည် စောဏတုန်းက တိုက်ခိုက်မှုတွင် အင်ပြည့်အားပြည့် ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ ရောရုဝပြည်၏ အရှင်သည် အားအင်အဆင့် မည်မျှ ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့သည်ဖြစ်ကြောင်း သူမသိရှိချေ။ ခုနှစ်ဆယ်ရာခိုင်နှုန်းလား၊ ရှစ်ဆယ်ရာခိုင်နှုန်းလား မသေချာပေ။ သို့ပေမဲ့ သေချာတာ တစ်ခုကတော့ လက်ရှိ သူ့အနေနှင့် တစ်ဖက်လူ၏ အားအင်အဆင့်ကို မယှဉ်နိုင်ခြင်းပင်။ သူ၏ အသက်သည် ယနေ့အချိန်မှာတော့ အန္တရာယ်အတွင်းသို့ သက်ဆင်းနေပြီ ဖြစ်သည်။

“နောက်ဘဝကို သွားလိုက်တော့။ မင်းက အားကောင်းတယ်။ သေဆုံးပြီးတဲ့နောက်မှာ ငါ မင်းကို ထာဝရ ရှင်သန်နိုင်တဲ့ အခွင့်အရေးကို ပေးမယ်။ ပြီးတော့ ငါ့လက်အောက်မှာ စစ်သည်တစ်ယောက် ဖြစ်လာစေရမယ်” ရောရုဝပြည်၏ အရှင်က ချဉ်းကပ်လာခဲ့၏။ သူ၏အသံသည် ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးကို ပဲ့တင်ထပ်လျက် ရှိနေ၏။

All Chapters