အခန်း (၅၆၈)
Vol. 38 Ch. 568
ဓားအလင်း ကျဆင်းလာခဲ့ပြီးနောက် ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးတစ်ခုသည် ပြန်လည်ကာ ဖြစ်တည်လာ၏။ မုန့်ရှင်းကျီသည် အစီအရင်ကို အသက်သွင်းပြီးသည့်နောက် တိုင်ချူးကို ပံ့ပိုးလျက် ရှိ၏။
ရောရုဝ၏အရှင်သည် ကြီးမားလှသည့် ဖိအားဒဏ်ကို ခံစားနေရ၏။ တိုက်ပွဲကြီး နောက်တစ်ကြိမ် ဖြစ်ပွားသည့်အချိန်မှာတော့ ကောင်းကင်ယံတွင် ရှိနေသည့် နေနှင့်လပင်လျှင် အရောင်အဆင်း ကင်းမဲ့သွားခဲ့၏။ စကြဝဠာရှိ ကြယ်စင်စုများ အားလုံးသည်လည်း ပျောက်ကွယ်ကုန်သည်။
သူတို့သည် ကောင်းကင်ဆီမှ မြေပြင်ပေါ်သို့ ဆင်းသက်ကာ တိုက်ခိုက်ခဲ့ကြ၏။ ထိုကဲ့သို့သော အခြေအနေမျိုး တွင်ပင်လျှင် ကောင်းကင်ယံထက်၌ ရှိနေသည့် ကြယ်စင်စုများ အားလုံးက ပျက်စီးကုန်၏။ တိုက်ခိုက်မှု၏ အရှိန် သက်ရောက်မှုသည် တကယ်ကို ကြီးမားပြင်းထန်လွန်းလှ၏။ တည်နေရာကြီး တစ်ခုလုံးသည် အပျက်အစီးများဖြင့် ပြည့်နှက်နေ၏။
ရောရုဝအရှင်သည် ခုနစ်ခါ၊ ရှစ်ခါလောက် ကြိုးစားကာဖြင့် အစီအရင်ကို ချိုးဖြတ်ရန် စီစဉ်ခဲ့၏။ သို့ပေမဲ့ မလွတ်မြောက်နိုင်ခဲ့ချေ။ တိုင်ချူးသည် သူနောက်ဆုတ်မည့်လမ်းတိုင်းကို တားဆီးပြီး ကျိန်းသေပေါက် ပြင်းပြင်းထန်ထန် လိုက်လံတိုက်ခိုက်နေ၏။ အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိချေ။
သွေးပင်လယ်ကြီး တစ်ခုသည် ကောင်းကင်ယံတွင် ဖြစ်တည်လျက်ရှိနေပြီး ရောရုဝ၏အရှင်သည် တိုင်ချူး၏ ဓားနှင့် ခုတ်ပိုင်းမှုကို ခံရကာ ၎င်း၏ ခန္ဓာကိုယ်တစ်ပိုင်းလောက်သည် သွေးများဖြင့် ဖုံးလွှမ်းလျက်ရှိနေ၏။ သွေးများသည် ရေကဲ့သို့ပင် ပန်းထွက်လျက်ရှိနေပြီး အရိုးများပင် ထင်ပေါ်နေ၏။ လက်ထဲတွင် ရှိနေသည့် နတ်ဆိုးဓားကြီးပင်လျှင် အဝေးဆီသို့ လွင့်စင်လျက် ရှိနေ၏။
အန္တိမကျင့်ကြံသူအဆင့်ဆီသို့ ချိုးဖြတ်ပြီးသည့်နောက် ဆိုးဆိုးရွားရွား အခြေအနေဆီသို့ ကြုံရသည်မှာ သူ့အတွက် ပထမဦးဆုံးအကြိမ် ဖြစ်၏။ သူသည်သာ မြန်မြန်ဆန်ဆန် မရှောင်ရှားနိုင်ပါက ကျိန်းသေပေါက် သူ၏ ခန္ဓာကိုယ်တစ်ပိုင်းသည် ပိုင်းဖြတ်ခြင်းကို ခံရပေလိမ့်မည်။ သူ၏ဦးခေါင်းပင်လျှင် တည်နေရာ၌ တည်ရှိတော့မည် မဟုတ်ချေ။
ရောရုဝအရှင်သည် သူ၏ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်ရန် ကြိုးစားပြီး အော်ဟစ်ကြုံးဝါးလိုက်၏။ သို့ပေမဲ့ တိုင်ချူးသည် ထိုကဲ့သိုသော အခွင့်အရေးကို မပေးခဲ့ချေ။
ချလွမ်
ဓားအလင်းတန်းသည် ကျယ်ပြောလှသည့် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့ပြီး ဓားအော်ရာများသည် ဆင်းသက်လာခဲ့၏။ ရောရုဝ၏ အရှင်သည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်တည်ရန် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။ ဤကဲ့သို့ကြမ်းတမ်းလှသည့် သတ်ဖြတ်မှု၏ အောက်တွင်တော့ ရောရုဝအရှင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တုန်လှုပ်စရာ မြင်ကွင်းသည် အားလုံးသောသူတို့၏ မျက်လုံးများပင် ကျိန်းစေခဲ့၏။ နက်နဲအလင်း လောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်လို့နေ၏။
အတိတ်တုန်းက ရောရုဝအရှင်သည် လောကအသီးသီးကို ဖြတ်သန်းပြီး နှိုင်းယှဉ်၍ မရနိုင်သည့် လူတစ်ယောက်အဖြစ် အစွမ်းအစကို ပြသခဲ့၏။ ၎င်း၏ ကြီးမားပြီး ခန့်ညားလွန်းလှသည့် အရှိန်အဝါနှင့် ခန္ဓာကိုယ်သည် အားလုံးသောသူတို့၏ စိတ်ထဲတွင် ပန်းပဲရေးထိုးထားသလို ထင်ကျန်ခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ အချိန် အတိုင်းအတာတိုအတွင်း အခြေအနေတစ်ခုလုံးက ပြောင်းပြန်လန်သွားခဲ့၏။ ရောရုဝအရှင် သည် ကျိန်းသေပေါက် လိုက်လံသတ်ဖြတ်ခြင်းကို ခံရပြီး လက်ရှိအခြေအနေတွင် ပျောက်ကွယ် သွားခဲ့ပြီးဖြစ်၏။ မယုံကြည်နိုင်စရာပင်။
ဘုန်း ....။
တိုင်ချူးသည် ရောရုဝအရှင်အား သွေးမြူများအဖြစ်သို့ ပြောင်းလဲအောင် တိုက်ခိုက်လိုက်၏။ ပြီးနောက် ၎င်းသည် လေဟာနယ်ထဲတွင် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင် မတ်မတ်ရပ်လျက် ရှိနေ၏။ ဤမြင်ကွင်း သည် တကယ်ကို ကြည့်ကောင်းလွန်းလှချေ၏။ ရောရုဝ၏အရှင်ကိုတောင် သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် တိုင်ချူးသည် အိမ်မက်မက်သလိုပင် ခံစားနေမိသည်။
သူသည် မုန့်ရှင်းကျီကို လှမ်းကာကြည့်ရှုလိုက်၏။ မုန့်ရှင်းကျီ၏ အားအင်အဆင့်ကို ရှာဖွေတွေ့ရှိပြီး သည့်နောက် မုန့်ရှင်းကျီသည် တော်ဝင်အင်ပါယာ ကျင့်ကြံသူထက် မပိုသည့် သူတစ်ယောက်သာဖြစ်ကြောင်း သိရှိလိုက်ရ၏။ ဤကဲ့သို့သော လူမျိုးသည် အဘယ်သို့သော သတ္တိမျိုးကို ပိုင်ဆိုင်သောကြောင့် ရောရုဝပြည်၏ ဂိတ်တံခါးရှေ့တွင် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို လာရောက် တည်ဆောက်ရသနည်း။
စီနီယာနန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုကို ရရှိခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ အမှန်ပင် မုန့်ရှင်းကျီ သည် စီနီယာနန်းဆောင်သခင်၏ ထောက်ပံ့မှုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျှင် အန္တိမကျင့်ကြံခြင်းအဆင့် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို လာရောက်ကာ ဖန်တီးနိုင်ခြင်းပင်။
“အတိတ်တုန်းက နက်နဲအလင်းလောကကြီး ဒုက္ခရောက်ခဲ့တယ်။ စီနီယာနန်းဆောင်သခင်နဲ့ မတွေ့ခဲ့လို့ပဲ။ အခု နည်းနည်းလေး လမ်းညွှန်မှုကိုရတာနဲ့ အန္တိမအဆင့် သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို ဖန်တီးနိုင်တယ်။ အရာအားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရနေတာကိုး” တိုင်ချူးသည် စိတ်လှုပ်ရှားသွားမိ၏။
နက်နဲအလင်းလောကကြီးတွင် စီနီယာနန်းဆောင်သခင်သာ တည်ရှိသည်ဆိုပါက ရောရုဝပြည်သည် မည်ကဲ့သို့ မြင့်တက်လာနိုင်မည်နည်း။ စီနီယာနန်းဆောင်သခင်သာ လူကိုယ်တိုင် ဝင်ရောက် လှုပ်ရှားသည် ဆိုပါက ရောရုဝပြည်တစ်ခုလုံးသည် ဇောက်ထိုးမိုးမျှော်ပင် ဖြစ်သွားမှာ သေချာသည်။
ဗွပ် ဗွပ် ....။
ရေကျသည့်အသံများ ပဲ့တင်ထပ်လျက်ရှိ၏။ သွေးစီးကြောင်းများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက် ရှိနေပြီး ကောင်းကင်ယံတစ်ခုလုံးတွင် သွေးမှုန်သွေးစများနှင့် ပြည့်နှက်နေ၏။ ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်ဖြင့် ခြောက်ခြားဖွယ်ရာလည်း ကောင်းလွန်းလှ၏။
ထိုလေဟာနယ်ထဲတွင် ဆန်းကြယ်လွန်းလှသည့် ခန္ဓာကိုယ်တစ်ခုက ဖွဲ့တည်လာခဲ့၏။ ထိုသူသည် ရောရုဝပြည်၏ အရှင်မှလွဲ၍ အခြားမဟုတ်ချေ။ ၎င်းသည် အပိုင်းပိုင်းအစစဖြင့် ပေါက်ကွဲထွက်သွားသည် ဆိုသော်လည်း မူလအရင်းအမြစ်ကို မထိခိုက်ခဲ့ချေ။
ခဏလောက် ကြာမြင့်ပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ ပြန်လည်ကာ ကောင်းမွန်ခဲ့သည်ဖြစ်၏။ ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်လာခဲ့ပြီးနောက် သူသည် တိုက်ခိုက်ရန်စွမ်းအင်များကို ပြန်လည်ကာ ပိုင်ဆိုင်လာခဲ့သည်။
“တိုင်ချူး၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ... ဒီအရှင်က အင်မော်တယ်ဘုရင် ဖြစ်လာတဲ့အချိန်ကျရင် မင်းတို့အားလုံးအတွက် သွေးကြွေးပြန်ဆပ်မယ်။ ကျုပ်ရဲ့ ဒီဓားအောက်ထဲမှာ မင်းတို့ရဲ့ဝိညာဉ်တွေလည်း ပျက်စီးစေရမယ်” ရောရုဝ၏အရှင်က အော်ဟစ်လိုက်၏။
သူ၏အသံသည် ကောင်းကင်ယံတစ်ခုလုံးကို ပဲ့တင်ထပ်လျက် ရှိနေ၏။ လောကထဲတွင်ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ထိုအသံကို ကြားနေရသည်။
“ဟမ့်”
တိုင်ချူးသည် တစ်ဖက်လူကို လှမ်းကာကြည့်ရှုရင်း ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်းဆန္ဒများ ထွန်းတောက်လာပြန်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုသည်မှာ သူ၏နှလုံးသားထဲတွင် ကြီးကြီးမားမား တည်ရှိနေသည့် စီနီယာကြီးသာလျှင်ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သာ မရှိပါက ယနေ့အချိန်ထိ အသက်ရှင်ရပ်တည်ဖို့ဆိုသည်မှာပင် မဖြစ်နိုင်ခဲ့ချေ။
စီနီယာနန်းဆောင်သခင်သည် သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ လမ်းညွန်ပြသခဲ့ခြင်း မရှိဘူး ဆိုရင်တောင်မှ တိုင်ချူးသည် ကျိန်းသေပေါက် တစ်ဖက်လူအတွက် ရင်ဆိုင်တိုက်ခိုက်ဖို့ စဉ်းစားထား၏။ သူ၏ ကယ်တင်ရှင်ကို ဤကဲ့သို့ ပြောဆိုနေသည်ကို အဘယ်သို့ ငြိမ်ခံရမည်နည်း။
တိုက်ပွဲသည် ပြန်လည်ဖြစ်တည်လာခဲ့၏။ နှစ်ဖက်သား တိုက်ခိုက်မှုသည် တကယ့်ကို ပြင်းထန်သည့် အခြေအနေမျိုးပင် ဖြစ်လေ၏။ အစီအရင်သည် မကျိုးမပျက်နှင့် တည်ရှိလျက် ရှိနေလျှင်တောင်မှ ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပျက်စီးမှုမျိုးနှင့် ကြုံနေရ၏။
ရက်အနည်းငယ် ကြာပြီးသည့်နောက် တိုင်ချူးသည် ရုတ်တရက် အော်ဟစ်လိုက်၏။ မုန့်ရှင်းကျီ၏ အစီအရင်နှင့်အတူ သူတို့သည် တသားတည်း ဖြစ်တည်နေပုံပင်။ တိုင်ချူး၏ စိတ်ဝိညာဉ် စွမ်းအင်များသည် ထိပ်ဆုံးအခြေအနေဆီသို့ ရောက်ရှိနေ၏။ ၎င်း၏ သွေးစွမ်းအင်များသည် နေလုံးကဲ့သို့ပင် ပူပြင်း တောက်လောင်လွန်း၏။ ဆန်းကြယ်လွန်းလှသည့် ဓား၏ ဖိအားဒဏ်သည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့လျက် ရှိနေ၏။ ထိုဓား၏ အရှိန်အဟုန်များသည် ရောရုဝအရှင်ပေါ်သို့ ကျဆင်းသွားသည်။။
ဝုန်း
ဓား၏ရောင်စဉ် အလင်းတန်းများအောက်တွင် ရေတွက်မရအောင် များပြားလှသည့် လူများသည် ရောရုဝအရှင်တစ်ယောက် ရုန်းကန်နေရသည်ကို မြင်ရ၏။ အတိတ်တုန်းကဆိုလျှင် ထိုလူအနေနှင့် ရှောင်ရှားခြင်း (သို့မဟုတ်) ပြန်လည်တိုက်ခိုက်ခြင်းကို ပြုလုပ်ကောင်း ပြုလုပ်နိုင်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အစီအရင်၏ ချုပ်နှောင်မှုကို ခံနေရသောကြောင့် ထိပ်တိုက် ခုခံရင်ဆိုင်ရန် မည်သို့မှ မဖြစ်နိုင်သလိုပင်။
ချလွမ်
သံသံခြင်း ထိခိုက်သံ ထွက်ပေါ်လာခဲ့၏။ လေဟာနယ်ထဲတွင် ဆန်းကြယ်လွန်းလှသည့် ခေါင်းလောင်းကြီး တစ်ခုကို တီးခတ်လိုက်သကဲ့သို့ပင်။ ထိုအသံသည်ပင်လျှင် အားလုံးသော သူတို့၏ နားစည်များကို လှုပ်ခါ စေခဲ့၏။ ရောရုဝ၏အရှင်သည် ကျိန်းသေပေါက် ပေါက်ကွဲသွားကာဖြင့် အနောက်ဘက်သို့ လွင့်စင်သွား ခဲ့၏။ သူ့အနေနှင့်တိုက်ခိုက်ချက်ကို မည်သို့မျှ မခုခံနိုင်ခဲ့ချေ။
ဤတစ်ကြိမ်တွင်တော့ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားခဲ့ပြီး နတ်ဘုရားဝိညာဉ်သည်သာ အလင်းတန်းများအဖြစ် ဖြစ်တည်ကာ ကျန်ရှိတော့၏။ ထိုအရာသည် ဆန်းကြယ်လွန်းသည့် မှော်ဓား တိုက်ခိုက်ချက်ကို ရှောင်ရှားပြီးသည့်နောက် အစီအရင်မှတဆင့် အပြင်ဘက်လောကဆီသို့ ထွက်ပြေးသွားလေတော့သည်။