← Chapters

လက်တုန့်ပြန် တိုက်ပွဲ ( အပိုင်း ၂ )

Vol. 31 Ch. 422

လက်တုန့်ပြန် တိုက်ပွဲ ( အပိုင်း ၂ )

Vol. 31 Ch. 422

မျောက်က သွေးနီယူနီကွန်းအားလူသတ်အရိပ်အငွေ့ အပြည့်ပါသော အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ပွဲကြည့်စင်မှ လူများမှာလည်း ထိုမြင်ကွင်းကြောင့် အံ့သြမှင်သက်သွားကုန်၏။

" ဒီကောင်က အတည်ကြီး လုပ်ချင်နေတာလား "

" ဒီမျောက်က ဟိုသားရဲကို တစ်ချက်တည်းနဲ့ တကယ်ကြီး အသေသတ်ခဲ့တာလား "

" ဒီတိုင်းဆို.. ဒဏ်ရာရထားတဲ့ မြည်းတစ်ကောင်က မြင်းထက်တောင် ပိုသာနေပါ့လား "

အားလုံးက ထင်ရာကို ပြောလိုက်ကြသည်။

သွေးနီယူနီကွန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွား၏။

ထို့နောက် ၎င်းက အနည်းငယ် လှုပ်ရှားသွားကာ တိုက်ပွဲစင်မြင့်ပေါ်သို့ တက်မည့်ဟန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်..

" သခင်ကြီး ရွှယ် ၊ ဒီပွဲကို ကျုပ်အတွက်ပဲ ထားလိုက်ပါဗျာ "

အခြားသားရဲတစ်ကောင်က ပြောကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ပြေးတက်သွား၏။

ဝုန်း..

ထိုသားရဲက စင်ပေါ်သို့ ရောက်သည်နှင့် ချက်ချင်းပင် ရှိသမျှ အစွမ်းများ ထုတ်လိုက်သည်။

အစွမ်းထက်သော စိတ်စွမ်းအင် ဖိအားတစ်ခုက တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ရုတ်ချည်း လွှမ်းခြုံသွား၏။

" မျောက်စုတ်... မင်းက ငါ့သူငယ်ချင်းကို အလစ်တိုက်ခိုက်ပြီးတော့ အနိုင်ယူနိုင်ခဲ့ပေမယ့် ငါက သူ့လို

မဟုတ်ဘူးကွ။ ငါက အစတည်းက အစွမ်းပြည့် ထုတ်သုံးထားတာ ဆိုတော့ မင်းဘက်က တိုက်ခိုက်ဖို့ အခွင့်ရေးတောင် ရမှာမဟုတ်ဘူး "

သားရဲက ခေါင်းမော့ရင်ကော့၍ ပြောလိုက်သည်။

" အဆုံးအစမဲ့ အဆင့်က နတ်ဆိုးသားရဲ တစ်ကောင်ပါလား။ ပြီးတော့ အဲ့ကောင်က နည်းနည်းတော့ ထူးဆန်းနေသလိုပဲနော်။ သူက နတ်ဘုရားအဆင့်နီးပါး သားရဲ မဟုတ်ပေမယ့် သူ့အရောင်အဝါကို ရင်းနှီးနေသလို ခံစားရတယ် "

" ဟို သွေးနီယူနီကွန်းရဲ့ လက်ချက်ကြောင့် နေမှာပေါ့ "

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

" သွေးနီယူနီကွန်း မျိုးနွယ်ရဲ့ မှော်အစွမ်းက နတ်ဘုရားသားရဲတွေရဲ့ သွေးကို စုပ်ယူပြီးတော့ ကိုယ့်အစွမ်းကိုယ် တိုးတက်အောင် လုပ်နိုင်ရုံတင် မကဘူးကွ။ နတ်ဘုရားသားရဲတွေနဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲတွေရဲ့ သွေးအစွမ်းကို တခြားသားရဲရဲ့ ခန္ဓာကိုယ်ထဲကိုပါ လွှဲပြောင်းပေးနိုင်တယ်။ တစ်

နည်း ပြောရရင်တော့ နတ်ဘုရားအဆင့်နီးပါး သားရဲတွေကို မဖန်တီးနိုင်ပေမယ့် ၊ အဲ့လောက်နီးနီး အဆင့်ရှိတဲ့ သားရဲတွေကို ဖန်တီးနိုင်တာပေါ့ကွာ "

" ဒါဆို အခု .. ဒီနတ်ဆိုးသားရဲက နတ်ဘုရားအဆင့် နီးပါး သွေးအစွမ်း ရှိနေတာပေါ့ "

" အဲ့လောက်နီးပါး တူတယ်လို့ ပြောလို့ရတယ် "

" အဆုံးအစမဲ့ အဆင့်က နတ်ဘုရားအဆင့်နီးပါး သားရဲပေါ့ ။ ဒါဆိုရင် မျောက်တော့ သွားပါပြီ "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဥ် တိုက်ပွဲစင်မြင့်ထက်ရှိ နတ်ဆိုးသားရဲက မျောက်အား လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလာ၏။

" တကယ့် အရူးပဲကွ။ သခင်ကြီး ရွှယ်က ပြီးခဲ့တဲ့တစ်ခေါက် မင်းအသက်ကို ချမ်းသာပေးခဲ့တာတောင် မင်းက ကျေးဇူးတင်မယ် မရှိဘူး။ ပြန်ပြီး လက်တုန့်ပြန်ဖို့တောင် ကြိုးစားလိုက်သေးတယ်။ မင်းက တကယ့်ကို ကျေးဇူးမသိတတ်တဲ့ ကောင်ပဲ "

" သခင်ကြီး ရွှယ်က ခွင့်လွတ်တတ်တဲ့ စိတ်ထား ရှိတယ် ဆိုပေမယ့် ငါကတော့ အဲ့လို မဟုတ်ဘူးကွ။ ဒီနေ့ မင်းကို သတ်ရမှ ကျေနပ်မယ် "

သားရဲက ထိုသို့ပြောကာ မျောက်ဆီသို့ ဝုန်းခနဲ ပြေးဝင်သွားသည်။

" မျောက်စုတ်ကောင် ၊ သေစမ်းကွာ "

ထိုအော်သံနှင့်အတူ သူ မျောက်ရှေ့သို့ ရောက်လာသည်။

ပွဲကြည့်စင်မှ လူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ခုန်နေကြ၏။

မျောက်က ဤတစ်ကြိမ်တွင် အန္တရာယ်နှင့် ကြုံရပြီဟုသာ သူတို့စိတ်ထဲ ထင်ထားကြပါသည်။

သို့သော် တခဏ အကြာတွင်မူ ထူးဆန်းသော အရာတစ်ခုကို လူများ သတိထားမိသွားကြတော့သည်။

မျောက်၏ မျက်လုံးအကြည့်က စင်အောက်မှ သွေးနီ

ယူနီကွန်း အပေါ်တွင်သာ ရှိနေပြီး စင်မြင့်ထက်မှ သားရဲအား တစ်ချက်လေးပင် လှည့်မကြည့်ပါချေ။

တစ်ဖက်သားရဲက သူ့ဆီသို့ ကစုန်ဆိုင်းပြီး ပြေးဝင်လာသည့်တိုင် မျောက်မှာ ၎င်းကို မော့၍ပင် မကြည့်ပါ။

တဖက်သားရဲမှာလည်း ထိုအချက်ကို သတိထားမိသွားကာ ချက်ချင်း ဒေါသူပုန် ထသွား၏။

လက်ရှိတွင် သူသည် နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင် ဖြစ်နေသည့်တိုင် တဖက်မှ မျောက်က သူ့အား အထင်သေးနေဆဲလား။

သူ ၎င်းကို မည်သို့ သည်းခံရပါမည်နည်း။

" သေစမ်းကွာ "

သားရဲက ဒေါသတကြီး အော်ကာ မျောက်အား တစ်ချက်တည်းဖြင့် အ​သေသတ်ရန် ကြိုးစားလိုက်သည်။

" မျောက်လေး.. "

ထိုမြင်ကွင်းကို ကြည့်နေသော ဟွမ်ယင်ထံမှ

စိုးရိမ်တကြီး အော်သံ ထွက်လာ၏။

သို့သော် ထိုအချိန်မှာပင် မျောက်က လက်တစ်ဖက် မြှောက်လိုက်သည်။

" ဟင်.. "

တဖက်သားရဲ အံ့အားသင့်နေစဥ်မှာပင် မျောက်၏ လက်က သူ့မျက်နှာပေါ်သို့ ရောက်လာ၏။

ထို့နောက် မျောက်က လက်ကို ဆုပ်လိုက်ရာ..

ဝုန်း..

သားရဲ၏ ခေါင်းမှာ မျောက်လက်ထဲတွင်ပင် ဖိချေခံလိုက်ရတော့သည်။

သွေးများ ချက်ချင်း ပန်းထွက်သွား၏။

ထိုသို့ လုပ်နေစဥ် တလျှောက်လုံး မျောက်၏ အကြည့်က သွေးနီယူနီကွန်းထံတွင်သာ ရှိနေဆဲပင် ။

ဘုန်း..

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ သားရဲ၏ အလောင်းက တိုက်ပွဲစင်မြင့် ကြမ်းပြင်ပေါ် ကျသွားသည်။

ပွဲကြည့်စင်တလျှောက် အသံများ ရုတ်ချည်း တိတ်သွား၏။

အစောက သားရဲမှာ နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်ကဲ့သို့ အစွမ်းထက်ပြီး အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့် ရှိထားပါသည်။

ထို့အပြင် ၎င်းသားရဲက စင်ပေါ်သို့ တက်လာစဥ်ကတည်းက အရောင်အဝါအပြည့် ထုတ်လွှတ်ထားသေးရာ ပြိုင်ဘက်အား လုံးဝ လျှော့တွက်ထားခြင်း မရှိ ဆိုသည့် သဘောပင်။

သို့သော် ၎င်းက မျောက်၏ တစ်ချက်တည်းဖြင့် သတ်ခြင်းကို ခံခဲ့ရပါ၏။

ထိုမျှမက... ပွဲအစမှ အဆုံးတိုင် မျောက်၏ အကြည့်က ထိုသားရဲအပေါ်တွင် လုံးဝ ရှိမနေခဲ့ပါ။

၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း။

" သွေးနီ ယူနီကွန်း ၊ ဒီကိုလာပြီး အသေလာခံစမ်း။ ဘာလဲ မင်းဖိုးဖိုးမျောက်ကို ကြောက်လို့ အမြီးကုပ်နေတာလား "

ထိုစဥ်မှာပင် မျောက်ထံမှ တတိယအကြိမ် ရန်စလှောင်ပြောင်သံ ထပ်ထွက်လာသည်။

ထိုအသံက တိတ်ဆိတ်နေသော တိုက်ပွဲကွင်းပြင်တစ်လျှောက် လျင်မြန်စွာပင် ပျံ့သွားပြီး ပဲ့တင်ပင် ထပ်သွားပါ၏။

မျောက်က ထိုသို့ ပြောလိုက်ချိန်မှသာ ပွဲကြည့်စင်ပေါ်ရှိ လူများထံမှ ရုတ်ရုတ်သဲသဲ အသံများ စီခနဲ ထွက်ပေါ်လာတော့သည်။

" ဘုရားရေ ၊ ဒီမျောက်က သေကြောင်းကြံနေတာ မဟုတ်ဘူးပဲကွ "

" သူက သားရဲ နှစ်ကောင်လုံးကိုတောင် တစ်ချက်တည်းနဲ့ သတ်သွားခဲ့တာ။ အဲ့ကောင်က တော်တော်အစွမ်းထက်တာပဲကွ "

" ငါ မှားသွားပြီကွာ။ အစကတော့ ငါက ဒီ တိုက်ပွဲကို တစ်ဖတ်သက်ကြီး ဖြစ်မယ်ပဲ ထင်နေတာ။ အခုတော့ တော်တော်စိတ်ဝင်စားစရာ ကောင်းတာပါလား "

ပွဲကြည့်စင်ပေါ်ရှိ လူများထံမှ တအံ့တသြ ရေရွတ်သံများ ထွက်လာကြသည်။

ခန်းမထဲမှ သားရဲသခင်များမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်ရွံ့သွားကြ၏။

အထူးသဖြင့် ဝူကျီပင်လယ်မှ သားရဲသခင်မှာ မျောက်ကို မျက်မှောင်ကြုံ့ကြည့်ရင်း ရင်ခုန်သံများ မြန်နေသည်။

" ဒီကောင်က အဲ့လောက်တောင် အစွမ်းထက်တာလား။ ဒါဆို လောထျန်းရဲ့ သားရဲတွေထဲမှာ ဟို ထူးဆန်းတဲ့ ကောင်လေးကတင် အစွမ်းထက်တာ မဟုတ်ဘဲ မျောက်ကလဲ အစွမ်းထက်နေခဲ့တာပဲ။ ဒီတိုင်းဆိုရင်.. သူ့ကို အနိုင်ယူဖို့ အဲ့လောက် မလွယ်နိုင်ဘူး "

သူ တွေးမိလိုက်သည်။

ထိုအချိန်တွင် အားလုံး၏ အကြည့်မှာ သွေးနီယူနီကွန်းပေါ်တွင်သာ ရှိနေပါ၏။

သွေးနီယူနီကွန်းက စင်ပေါ်မှ မျောက်အား မျက်မှောင်ကြုံ့နေရင်း ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။

" ဟား ဟား.. စိတ်ဝင်စားစရာ ကောင်းသားပဲကွ ၊ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာ။ မင်းလို အရှုံးသမားက ဒဏ်ရာတွေ ပြန်သက်သာသွားခဲ့ပြီးတော့ ကျင့်ကြံခြင်းအဆင့် တက်ရုံတင် မကဘဲ၊ သွေးအစွမ်းပါ တိုးသွားခဲ့တဲ့ ပုံပါလား။ ကြည့်ရတာ မင်း စွန့်စားခန်းတွေ အများကြီး ဖြတ်ကျော်ခဲ့တယ်နဲ့ တူတယ် "

သွေးနီယူနီကွန်းက အပြုံးဖြင့် ပြောလိုက်သည်။

သို့သော် မျောက်က သူ့ကို မည်သို့မှ ပြန်မပြောဘဲ စိုက်၍သာ ကြည့်​နေ၏။

ယခု ပြိုင်ပွဲ ဒုတိယအဆင့်တွင် စည်းမျဥ်းများက သုံးပွဲထဲမှ အနိုင်ရသူ နှစ်ပွဲ မဟုတ်တော့ဘဲ တစ်ဖက်နှင့်တစ်ဖက် အသေအကြေ တိုက်ခိုက်ရမည့် ပုံစံ ဖြစ်

သွားခဲ့လေပြီ။

သို့ဖြစ်ရာ သွေးနီယူနီကွန်းအနေဖြင့် အရှူံးပေးလိုစိတ် မရှိပါက ၊ ကိုယ်တိုင် မဖြစ်မနေ တိုက်ပွဲစင်မြင့်ပေါ် တက်ကာ တိုက်ခိုက်ရမည် ဖြစ်ကြောင်းကို မျောက် သေချာသိထားပြီး ဖြစ်ပါသည်။

" ကောင်းပြီလေ ၊ အစကတော့ ငါက မင်းကို ဒီတစ်ခေါက် လွှတ်ပေးလိုက်တော့မလို့ပဲ။ ဒါပေမယ့် မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ကွာ "

သွေးနီယူနီကွန်းအသံက တဖြည်းဖြည်း အေးစက်သွား၏။

" အကိုကြီး သွေးနီယူနီကွန်း ၊ သတိထားပါ။ အဲ့ကောင်ရဲ့အစွမ်းက ထူးဆန်းတယ် "

ထိုစဥ် တတိယမင်းသားကလည်း စိုးရိမ်ဟန်ဖြင့် သတိပေးလာသည်။

သို့သော်..

" ပါးစပ်ပိတ်ထားစမ်း "

သွေးနီယူနီကွန်းက နောက်ပင် လှည့်မကြည့်ဘဲ အော်လိုက်သဖြင့် တတိယမင်းသား ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် လူများ ပိုလှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါ၏။

တတိယမင်းသားသည် သွေးနီယူနီကွန်း၏ ပိုင်ရှင် ဖြစ်ပါသည်။

သို့သော် ပိုင်ရှင်က တိုက်ပွဲဝင်သားရဲ၏ ခွေးတစ်ကောင်လို သဘောထား အော်ဟစ်ခြင်းကို ခံခဲ့ရသတဲ့လား။

ဝုန်း..

လူများ အံ့သြမှင်သက်နေကြစဥ်မှာပင် သွေးနီယူနီကွန်း ကိုယ်မှ သွေးလှိုင်းလုံးများ လိမ့်တက်လာပြီး စင်ပေါ် တက်လာ၏။

ထို့နောက် သွေးနီယူနီကွန်း တိုက်ပွဲစင်မြင့်ထက် ရောက်သည်နှင့် ကောင်းကင်ဘုံသားရဲ တိုက်ပွဲ

ကွင်းပြင် တစ်ခုလုံး ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ဖုံးလွှမ်းသွားတော့သည်။

" ဒါ.. ဘယ်လို အရောင်အဝါမျိုးပါလိမ့် ။ ကြောက်စရာ ကောင်းလိုက်တာကွာ "

" နတ်ဘုရားသားရဲတစ်ကောင်ရဲ့ ဖိအားဆိုတာ ဒါမျိုးလား "

" မသုတ်ဘူးကွ ၊ အရင်က နတ်ဘုရားသားရဲတွေရဲ့ ဖိအားကို ငါ ခံခဲ့ဖူးတယ်။ အခုလို လုံးဝ မဟုတ်ဘူး။ ဒီဟာက ယူနီကွန်းမျိုးနွယ်တွေမှာပဲ သီးသန့်ရှိတဲ့ မိစ္ဆာဝိဥာဥ်သွေးအစွမ်းပဲ ။ အဲ့အစွမ်းနဲ့သာ လွှမ်းခြုံခံရရင် လူသားပဲ ဖြစ်ဖြစ် ၊ သားရဲပဲ ဖြစ်ဖြစ်.. ခန္ဓာကိုယ် သွေးလည်ပတ်နှုန်းကို အပိတ်ခံရမှာ။ အဲ့ကျရင် ကိုယ့်အစွမ်းရဲ့ ၇၀ ရာခိုင်နှုန်းလောက် ထုတ်သုံးဖို့တောင် မလွယ်တော့ဘူး "

" အဲ့လိုနည်းလမ်းမျိုး တကယ်ကြီး ရှိတာလား "

အားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။

ဝုန်း..

ထိုစဥ်မှာပင် သွေးနီယူနီကွန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

သူ့နောက်မှ သွေးမှုန်များနှင့် စွမ်းအင်များကလည်း လှိုင်းလုံးကြီး တစ်ခုသဖွယ် ရွေ့လျှားသွားကြသည်။

ဝုန်း..

နောက်ခြေတစ်လှမ်း ထပ်တိုးပြီး နောက်တွင််မူ သွေးနှင့် စွမ်းအင်များက သွေးပင်လယ်ကြီး တစ်ခုအဖြစ် စုစည်းသွားတော့၏။

ဝုန်း..

တတိယမြောက် ခြေလှမ်း လှမ်းပြီးသွားချိန်တွင်ကား ကောင်းကင်ကြီး တစ်ခုလုံး နီရဲသွားသလိုပင် ​။

" ဟေ့.. အရှုံးသမားကောင် ၊ မင်းက ကျင့်ကြံခြင်းအဆင့်နဲ့ သွေးအစွမ်းလေး နည်းနည်း တိုးတက်လာရုံလောက်နဲ့ ငါနဲ့ယှဥ်ပြီး တိုက်ခိုက်နိုင်ပြီလို့ ထင်နေ

တယ်ပေါ့လေ။ မင်းက တော်တော်လေးကို တုံးတာပဲကွ။ ဒီကြားထဲမှာ မင်း ဘယ်လိုအခွင့်ကောင်းမျိုးနဲ့ တွေ့ခဲ့ရလဲဆိုတာ ငါ စိတ်မဝင်စားဘူး။ ဒီတစ်ခေါက်တော့ ငါက မင်းကိုယ်ထဲက နတ်ဘုရားအရိုးကို ထုတ်ပြီး နတ်ဘုရားသွေးကို သောက်ရုံတင်မကဘူး ၊ မင်းရဲ့ အသက်ကိုရော ၊ မင်းရထားတဲ့ အခွင့်ကောင်းတွေရော အကုန် ငါ့အပိုင် ဖြစ်သွားအောင် လုပ်မှာ "

သွေးနီယူနီကွန်းက အေးစက်စက်အသံဖြင့် ပြောလိုက်သ

All Chapters