လက်တုန့်ပြန် တိုက်ပွဲ ( အပိုင်း ၃)
Vol. 31 Ch. 423
ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် တစ်နေရာတွင် ရှိနေသော မီးတောက်ယူနီကွန်းသည် သွေးနီယူနီကွန်းအား အပြုံးဖြင့် ကြည့်နေ၏။
မည်သို့ပင်ဆိုစေ ၊ ထို သွေးနီယူကွန်းအား သူတို့မျိုးနွယ်၏ မျိုးဆက်တစ်ယောက်အဖြစ် သတ်မှတ်၍ ရပေသည်။
သူက ယူနီကွန်းမျိုးနွယ်သို့ ပြန်မရောက်လာခင် ကတည်းကပင် ဤမျှ အစွမ်းထက်နေခဲ့ပြီ မဟုတ်ပါလား။
အကယ်၍သာ သူ ယူနီကွန်းမျိုးနွယ်သို့ ပြန်ရောက်ပြီး အမွေအနှစ်ကို လက်ခံယူကာ ၊ မျိုးနွယ်စုထဲမှ အကြီးအကဲများ၏ သွေးအစွမ်းကို စုပ်ယူလိုက်ပါက သူ့အစွမ်း မည်မျှ အတိုင်းအတာအထိ တိုးသွားပါမည်နည်း။
ကောင်းကင်ဘုံ တံခါးဝအဆင့်ကို ဖြတ်ကျော်ကာ မသေမျိုးအဆင့် ရောက်သွားပါမည်လား။
ထိုအချိန်ဆိုလျှင် သွေးနီယူနီကွန်း၏ သွေးအစွမ်းကလည်း အလွန်တရာ အစွမ်းထက်သွားမည် ဖြစ်ကာ သာမာန် မှော်သားရဲများထက် သာလွန်သွားမည် ဖြစ်သည်။
ထို့အပြင် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်၏ အစွမ်းဖြင့်သာ ထပ်မံပေါင်းစပ်လိုက်ပါက မည်မျှ အတိုင်းအတာအထိ အစွမ်းတိုးသွားပါမည်နည်း။
နတ်ဆိုးသခင်ကြီး ယွမ်လင်ထက်ပင် ပိုသာသွားမည်လား...
ထိုအတိုင်းသာ ဆိုပါက သူတို့ ယူနီကွန်း မျိုးနွယ်စုသည် ဤထျန်းယွမ်ကမ္ဘာရှိ နတ်ဆိုးသားရဲ မျိုးနွယ်စုများထဲ၌ အစွမ်းအထက်ဆုံး မျိုးနွယ်စုတစ်ခု ဖြစ်သွားပေလိမ့်မည်။
နတ်ဆိုးသခင်ကြီး ယွမ်လင်သည်ပင် သူတို့ကို ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပါချေ။
မီးတောက်ယူနီကွန်းမှာ ထိုသို့ တွေးမိလိုက်ရင်း တစ်
ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသလိုပင် ခံစားလိုက်ရသည်။
ထိုစဥ် တိုက်ပွဲစင်မြင့်ပေါ်မှ သွေးနီယူနီကွန်းကလည်း မျောက်အား ငုံ့ကြည့်ရင်း လှောင်ပြုံးဖြင့် ပြောလာ၏။
" မြင်ပြီလား... ဒါ လက်ရှိ ငါ့ကိုယ်ထဲက နတ်ဘုရားသွေးရဲ့ အစွမ်းပဲကွ။ ပြီးတော့... "
သွေးနီ ယူနီကွန်း စကားရပ်လိုက်သည့် အချိန်မှာပင် သူ့ကိုယ်မှ အရောင်အဝါ ပေါက်ကွဲထွက်လာသည်။
ဝုန်း..
ချက်ချင်းမှာပင် ကြောက်မက်ဖွယ် စိတ်စွမ်းအင်များလည်း ကောင်းကင်ယံသို့ ထိုးတက်သွား၏။
" ဒီကောင်ကြီးက အဆုံးအစမဲ့ အဆင့်ကိုတောင် ရောက်နေပြီပဲ "
" ချီး.. ဒေါသထွက်လိုက်တာကွာ။ ငါတို့လို လူသားတွေအတွက်ကျတော့ ကျင့်ကြံခြင်း အဆင့်တက်ဖို့
ခက်လိုက်တာ။ ဒါပေမယ့် ဒီ သွေးနီယူနီကွန်းကတော့ တခြား နတ်ဘုရားသားရဲတွေရဲ့ သွေးကို စုပ်ယူလိုက်ရုံနဲ့ အချိန်တိုလေးအတွင်းမှာ ကျင့်ကြံခြင်းအဆင့်တွေ အများကြီး တက်သွားတယ်။ ဒါ လုံးဝ မတရားဘူး "
" ဟူး... ဘယ်တတ်နိုင်မလဲကွာ။ ငါက သူ့လို နတ်ဘုရားသားရဲ တစ်ကောင်မှ မဟုတ်တာ။ ဒီတိုင်းဆို မျောက်တော့ ဒုက္ခရောက်ပြီနဲ့ တူတယ် "
အားလုံးက စိတ်ထင်ရာကို ပြောလိုက်ကြသည်။
ထိုစဥ် မျောက်မှာကား သွေးနီယူနီကွန်း၏ ဖိအားကို ကြောက်ရွံ့ဟန် အလျဥ်းမရှိဘဲ ရင်ဆိုင်နေပါ၏။
ဝုန်း..
ထိုအချိန်မှာပင် မျောက်ကိုယ်မှ အစွမ်းထက်သော စိတ်စွမ်းအင်တစ်ခု ထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ထိုအစွမ်းမှာ သွေးနီယူနီကွန်း၏ အစွမ်းထက် လုံးဝ မလျော့ချေ။
" ဟင်... "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်သွားကြပြန်သည်။
သွေးနီယူနီကွန်းက လှောင်ပြုံးဖြင့် ထပ်ပြော၏။
" ငါ ထင်ထားသလို မင်းကလဲ အဆုံးအစမဲ့ အဆင့် ရောက်နေတာပဲ။ သိပ်ကောင်းတယ်ကွာ ၊ မင်းက အစွမ်းနိမ့်လွန်းနေသေးတယ် ဆိုပေမယ့် ခုလို အဆင့်တောင် ရောက်နေမှတော့ အသတ်ခံရဖို့ ထိုက်တန်ပါတယ်။ သေစမ်းကွာ "
သွေးနီယူနီကွန်းက ထိုသို့ ပြောပြီးသည်နှင့် မျောက်ဆီသို့ ခြေထောက်ဖြင့် ကန်လိုက်သည်။
ထိုကန်ချက်မှာ သာမာန်ဟုသာ ထင်ရသော်လည်း တောင်တန်းပေါင်းများစွာ၏ အလေးချိန် ပါဝင်နေသလိုပါပင် ။
သွေးနီယူနီကွန်းက ယခင်ကလည်း အစွမ်းထက်သားရဲတစ်ကောင်အား ထိုကန်ချက်ဖြင့်ပင် အသေသတ်ခဲ့ဖူးကြောင်း အားလုံး ပြန်သတိရလိုက်
ကြ၏။
ထို့ကြောင့်လည်း အားလုံးပင် မျောက်အား စိတ်ပူသွားကြသည်။
သို့သော်..
မျောက်က လက်တစ်ဖက် ဆန့်ထုတ်ပြီး အသာအယာ ဝေ့ယမ်း၍ ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ဝုန်း..
သို့တိုင် ထိုကန်ချက်ထဲတွင် ပါဝင်သော အစွမ်းက လေပြင်း တစ်ခုအဖြစ် ပြောင်းသွားကာ အရပ်မျက်နှာစုံသို့ တိုက်ခတ်သွားသည်။
" မင်း.. "
သွေးနီယူနီကွန်း မျက်မှောင်ကြုံ့သွားကာ မျောက်အား ကြည့်လိုက်သည်။
မျောက်ကလည်း သူ့အား ခေတ္တမျှ ကြည့်နေပြီးနောက် ရုတ်တရက် အရူးတစ်ယောက်သဖွယ် အော်
လိုက်၏။
ဝုန်း..
ရုတ်တရက် ကြမ်းတမ်းသော အစွမ်းတစ်ခုကြောင့် သွေးနီယူနီကွန်း လွင့်ထွက်သွားတော့သည်။
သို့သော် လေထဲ လွင့်သွားပြီး ချက်ချင်းမှာပင် သွေးနီယူနီကွန်းက သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်ပါ၏။
" မင်းက တကယ်ကို အစွမ်းထက်လာတာပဲ "
သွေးနီယူနီကွန်းမှာ အနည်းငယ် အံ့အားသင့်သွားသည့်တိုင် ဂရုစိုက်ဟန် မပြပါချေ။
" ဟမ့်.. ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး "
၎င်းက သွေးကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
သူ့ခေါင်းပေါ်တွင်လည်း သွေးပင်လယ်ကြီးတစ်ခု စုစည်းလာပါ၏။
သူ တိုက်ခိုက်တော့မည့်ဆဲဆဲ အချိန်မှာပင်..
တတိယမင်းသားက လောထျန်းဆီသို့ ရုတ်တရက် လျှောက်လာသည်။
" မျောက်ကတော့ တကယ်ကို သနားစရာပဲကွာ ။ တကယ်လို့ ခုနတည်းကသာ ဘာမှ မခုခံဘဲနဲ့ အကိုကြီး သွေးနီယူနီကွန်း တိုက်ခိုက်တာကို ခံခဲ့မယ်ဆိုရင်တောင် အများကြီး ပိုကောင်းဦးမှာ။ ဒီလိုဆို ခုခံရတော့မယ့် နာကျင်မှုမျိုးကိုလဲ ရှောင်လွဲလိုက်နိုင်မှာပဲ "
တတိယမင်းသားက အပြုံးဖြင့် ပြောလိုက်သည်။
" ရှင်ပြောတာ ဘာအဓိပ္ပါယ်လဲ "
ဟွမ်ယင်က သုန်မှုန်နေသည့် မျက်နှာဖြင့် ပြန်မေးလိုက်၏။
တတိယမင်းသားက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြန်ပြောသည်။
" ဘာမှ မဟုတ်ပါဘူး ၊ ကျုပ်က အမှန်တိုင်း ပြောတာပါ "
" ရှင်... "
ဟွမ်ယင် ပြန်ရန်တွေ့မည့်ဟန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် လေထဲရှိ သွေးနီယူနီကွန်းက တိုက်ခိုက်ရန် အသင့်ပြင်နေလေပြီ။
" ငရဲကို သွားစမ်း "
သူ၏ ဒေါသတကြီး အော်သံနှင့်အတူ လေထဲတွင် သွေးလှိုင်းလုံးကြီးများ ရုတ်တရက် စုစည်းလာပြီး ကြောက်မက်ဖွယ် ဝိဥာဥ်မျက်နှာကြီးတစ်ခု အဖြစ် ပြောင်းသွား၏။
" အဲ့ကောင်ကို မြိုလိုက် "
သွေးနီယူနီကွန်း၏ အမိန့်သံ ဆုံးသွားသည်နှင့် ၎င်းမျက်နှာကြီးက မျောက်အား ဝါးမြိုလိုက်တော့သည်။
" မျောက်လေး.. "
၎င်းကို မြင်လိုက်ရသော ဟွမ်ယင်တစ်ယောက် အလွန်စိုးရိမ် ကြောက်လန့်သွား၏။
တတိယမင်းသားက အေးအေးဆေးဆေးပြုံး၍ ပြောလာသည်။
" အစောကတည်းက ဒီပွဲကို ဘာမှ သံသယဝင်စရာ မလိုဘူးလို့ ကျုပ် ပြောခဲ့တယ်လေ။ မျောက်က ဒဏ်ရာတွေ ဘယ်လိုသက်သာလာပြီးတော့ ကျင့်ကြံခြင်းအဆင့်နဲ့ သွေးအစွမ်းတွေပါ ဘယ်လို တိုးတက်လာတယ် ဆိုတာကိုတော့ ကျုပ် မသိဘူး။ ဒါပေမယ့် နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်နဲ့ နတ်ဘုရားသားရဲ အစစ်တစ်ကောင်ကြားက ကွာဟချက်က ကြီးနေတုန်းပဲလေ။ အကိုကြီး သွေးနီယူနီကွန်းသာ အတည် တိုက်ခိုက်ရင် မျောက်ဘက်က အသက်ရှက်ဖို့ အခွင့်အရေးကို မချစ်တာ "
သို့သော် ထိုစဥ်မှာပင် လောထျန်းက သူ့အား လှည့်ကြည့်၍ ပြောလာသည်။
" မျောက်က နတ်ဘုရားအဆင့်နီးပါး သားရဲလို့ ဘယ်သူ ပြောတာလဲ "
တတိယမင်းသားက အပြုံးဖြင့် ပြန်ပြော၏။
" မဟုတ်ဘူးလား.. ။ အကိုကြီး သွေးနီယူနီကွန်းက ကျင့်ကြံချင်းအဆင့်တူတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲတွေကို အဲ့တစ်ကွက်တည်းနဲ့တင် ဝါးမြိုလာတာ။ တကယ်လို့ မျောက်က နတ်ဘုရားသားရဲတစ်ကောင် ဖြစ်နေခဲ့ရင်တော့ လွတ်မယ့် အခွင့်အရေး ရ
မှာပေါ့။ ဒါပေမယ့် သူ လွတိအောင် ပြေးနိုင်မယ် ထင်လို့လား။ ငါ စောနက ပြောခဲ့သလိုပဲ.. အားလုံး ပြီးသွားပါပြီကွာ "
သို့သော်.. သူ့စကား မဆုံးခင်မှာပင်..
ဝိဥာဥ်မျက်နှာကြီးက တုန်ခါလာပြီး အက်ရာများ ပေါ်လာသည်။
" ဟင်.. "
တတိယမင်းသား အံ့သြမှင်သက်သွားသည်။
ထို့နောက်တွင်မူ..
ခွမ်း...
သွေးမျက်နှာကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့၏။
အပျက်အစီးများ အလယ်တွင်ကား မျောက်က မာထန်သည့် မျက်နှာထားဖြင့် ရပ်နေသည်။
" ဘယ်လို ဖြစ်ပြီးတော့..
တတိယမင်းသား အလွန်ပင် အံ့သြတုန်လှုပ်သွားရတော့သည်။
သွေးနီယူနီကွန်း သုံးသွားခဲ့သော သိုင်းကွက်၏ အစွမ်းကို သူ သေချာ သိထားပါ၏။
ပုံမှန်အတိုင်း ဆိုပါက.. အကယ်၍ မျောက်၏ ဒဏ်ရာအားလုံး သက်သာပျောက်ကင်းပြီး ယခင်အခြေအနေအတိုင်း ပြန်ရောက်သွားလျှင်ပင် လွတ်မြောက်ရန် မဖြစ်နိုင်ပါချေ။
သို့သော်...
ရုတ်တရက် သူ့ခေါင်းထဲ၌ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။
တဖက်ရှိ တိုက်ပွဲစင်မြင့်ထက်မှ သွေးနီယူနီကွန်းကလည်း မျောက်အား အံ့အားသင့်နေဟန်ဖြင့် ကြည့်လိုက်၏။
ထို့နောက်တွင်မူ သူ ရုတ်တရက် အော်ရယ်လိုက်သည်။
" ကောင်းတယ်ကွာ ၊ သိပ်ကောင်းတယ်။ မျောက်ရေ.. မင်း ငါ့ကို အဲ့လို အံ့သြအောင် လုပ်နိုင်မယ်လို့ ငါ ထင်တောင် မထင်ထားခဲ့မိဘူး။ မင်းက နတ်ဘုရားအဆင့်နီးပါး သားရဲ မဟုတ်တော့ဘဲ နတ်ဘုရားအဆင့်သားရဲ တစ်ကောင်တောင် ဖြစ်သွားပြီပဲ "
သူ့စကားကို ကြားပြီးနောက် လူများအားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။
" ဘယ်လို.. ဒီမျောက်က နတ်ဘုရားအဆင့် သားရဲတစ်ကောင်တောင် ဖြစ်နေပြီလား "
" အပြင်က ကြည့်ရုံနဲ့ ပြောလို့တောင် မရဘူး "
" ဒါဆို... အဆုံးအစမဲ့အဆင့်ရှိတဲ့ နတ်ဘုရားသားရဲ နှစ်ကောင် ဖြစ်သွားတာပေါ့။ ငါတို့တွေ ဒီတိုက်ပွဲကို လွတ်လို့ မဖြစ်ဘူး "
အားလုံးက ပြောလိုက်ကြသည်။
မျောက်က သွေးနီယူနီကွန်းအား မော့ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
" အဲ့လောက်ဆို မင်းကို သတ်ဖို့ လုံလောက်ပြီလား "
သွေးနီယူနီကွန်းက မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။
" ငါ့ကို သတ်မယ်.. ဟုတ်လား ၊ မင်း အတွေးလွန်နေပြီကွ။ မျောက် ၊ မင်းနားလည်အောင် ငါ တစ်ခု ပြောပြမယ်။ နတ်ဘုရားသားရဲချင်း တူရင်တောင် သွေးမျိုးဆက်ရဲ့ အစွမ်းတွေက မတူကြဘူးကွ။ အခု မင်းက ဘယ်ကနေ ဘယ်လိုဖြစ်ပြီးတော့ အဆင့်တက်ပြီး နတ်ဘုရားသားရဲ ဖြစ်သွားလဲ ငါ မသိဘူး။ မင်းက တခြားသားရဲတွေရှေ့မှာ အစွမ်းထက်ကောင်း ထက်နေနိုင်ပေမယ့် ငါ့အတွက်တော့ မလုံလောက်သေးဘူးကွ ။ ဘာဖြစ်လို့လဲ ဆိုတော့... "
သွေးနီယူနီကွန်းက ပြောပြောဆိုဆို ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ရုတ်တရက်.. သူ့အနီးနားမှ သွေးလှိုင်းလုံးကြီးများ သူ့ဆီသို့ စုစည်းလာကြပြန်သည်။
" ငါ့ရဲ့ သွေးမျိုးဆက်အစွမ်းက မင်းထက် အများကြီးပိုပြီး အစွမ်းထက်တယ်ကွ "
ဝုန်း..
ထိုစဥ်မှာပင် သွေးလှိုင်းလုံးကြီးများက သွေးနီယူနီကွန်း၏ ကိုယ်ထဲ တိုးဝင်သွားကြပြီး သူ့ကိုယ်ပေါ်၌ သွေးနီရောင် ထွင်းစာများ ရုတ်တရက် ပေါ်လာကာ အရောင်လက်လာကြသည်။
သူ့ခန္ဓာကိုယ်ကလည်း စတင်ပြောင်းလဲလာ၏။
ထို့နောက်.. သွေးနီယူနီကွန်း ခန္ဓာကိုယ်အဖြစ်မှ လူသားတစ်ယောက်အသွင်သို့ ဖြည်းဖြည်းချင်း ပြောင်းသွားသည်။
" အသွင်ပြောင်း.... သူက အသွင်ပြောင်းနေတာပဲ "
လူတစ်ယောက်၏ တအံ့တသြ ရေရွတ်သံ ထွက်ပေါ်လာ၏။
" ဒါ သာမာန် အသွင်ပြောင်းခြင်း မဟုတ်ဘူးကွ။ နတ်ဘုရားသွေးအစွမ်း အပြည့်ကို အသက်သွင်းနိုင်တဲ့ ထူးခြားအသွင်ပြောင်းခြင်း ပဲ "
ထိုအချိန်တွင် သွေးနီယူနီကွန်းမှာ အရပ် ကိုးပေ
ကျော် ရှည်လျားသည့် လူသားတစ်ယောက်အသွင် ဖြစ်နေပြီး လက်ထဲတွင်လည်း သွေးနီရောင် ဓားရှည်တစ်လက် ကိုင်ထားကာ သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့များ ထုတ်လွှတ်နေသည်။
ထိုအရောင်အဝါက ယခင် သူ ထုတ်လွှတ်ခဲ့သော အရောင်အဝါထက်ပင် များစွာ ပိုကြောက်စရာ ကောင်းနေပါ၏။
ပွဲကြည့်စင်ပေါ်တွင် ရှိနေကြသော လူများထဲမှ ကောင်းကင်ဘုံတံခါးဝ အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူများသည်ပင် ၎င်းကို ကြည့်ရင်း စိတ်မသက်မသာ ခံစားလိုက်ကြရပါသည်။
" မျောက် ၊ မင်းရဲ့ သွေးအစွမ်းကို ငါ ကျေကျေနပ်နပ် လက်ခံတယ် "
သွေးနီယူနီကွန်းက ထိုသို့ပြောကာ မျောက်ဆီသို့ ဝုန်းခနဲ ပြေးဝင်သွား၏။
ဝှစ်..
သူ့လက်ထဲမှ ဓားဖြင့်လည်း လွှဲခုတ်လိုက်သည်။
သို့သော် မျောက်က ထိုဓားအား လက်ဖြင့်ပင် ပြန်တားလာ၏။
ထို့နောက်တွင်မူ သွေးစက်အချို့ ဖြာထွက်လာပြီး မျောက် အဝေးသို့ လွင့်သွားသည်။
သို့သော် ထိုသွေးစက်များမှာ ကြမ်းပြင်သို့ပင် မကျလိုက်ဘဲ ဓားရှည်ထဲသို့ တိုက်ရိုက် စုပ်ယူခြင်းကို ခံလိုက်ရကာ သွေးနီယူနီကွန်း၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။
" အမ်း.. တော်တော်အရသာ ရှိတဲ့ သွေးပါလား။ မျောက်.. မင်းကိုယ်ထဲမှာ အဲ့လိုသွေးမျိုး ရှိနေတာ နှမျောစရာကြီးကွာ။ အဲ့သွေးတွေကို ငါ့ကိုပဲ ကုန်ပေးစမ်း "
သွေးနီယူနီကွန်းက ပြောပြောဆိုဆို ကျောချမ်းဖွယ် အသံကြီးဖြင့် ရယ်လိုက်ပြီး မျောက်ဆီသို့ ထပ်ပြေးဝင်သွားလိုက်သည်။
ဝုန်း... ဝုန်း.. ဝုန်း..
မျောက်များစွာသော ဓားချက်များလည်း ဆက်တိုက်ပင် ပေါ်လာ၏။ ဓားချက်တစ်ချက်ဖြင့် တွေ့လိုက်တိုင်း မျောက်မှာ အနောက်ဘက် ပေတစ်ရာခန့်အထိ လွင့်ထွက်သွားပြီး သွေးများလည်း ဖြာကျလာသည်။
" ဒီ တိုက်ပွဲကတော့ ပြီးသွားပါပြီကွာ။ သူတို့နှစ်ယောက်ကြားက အစွမ်းကွာဟချက်က အဲ့လောက် ကြီးနေတာ "
" ဟုတ်တယ်ကွ ၊ သွေးနီယူနီကွန်းက တော်တော်ကြောက်စရာ ကောင်းတာပဲ။ ဒီတိုင်းဆို အသက်ကြီးတဲ့ သားရဲတချို့က လွဲပြီး သူ့ကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး "
ထိုအချိန်တွင် သွေးနီယူနီကွန်းထံမှ ဖိနှိပ်အစွမ်းမှာ အဆုံးစွန်ထိပင် ရောက်နေခဲ့လေပြီ။
၎င်း၏ အသွင်မှာလည်း ပြိုင်ဘက်ကင်း သိုင်းသမားတစ်ယောက် အလားပင် ။
ဝုန်း..
သွေးနီယူနီကွန်းက မျောက်အား နောက်တစ်ကြိမ် ထပ်လွင့်ထွက်သွားအောင် လုပ်လိုက်ပြီးနောက် ဓားရှည်ပေါ်တွင် ပေနေသည့် သွေးများအား လျှာဖြင့် လျက်လိုက်သည်။ သူ့အသွင်မှာလည်း စိတ်လှုပ်ရှားနေဟန် တူပါ၏။
" မျောက် ၊ ဒီလို ဒုက္ခရောက်နေတဲ့ ခံစားချက်မျိုးကို ကြိုက်လား။ ငါ မင်းကို တစ်ခုကြိုပြီး သတိပေးထားမယ်နော်။ အရှုံးပေးလို့ ရမယ် ဆိုပြီး မျှော်လင့်မထားနဲ့။ မင်းဘက်က အရှုံးပေးလိုက်တာနဲ့ မင်းက ကောင်းကင်ဘုံနဂါးပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တစ်ယောက် မဟုတ်တော့ဘူး။ အဲ့ကျရင် ငါ မင်းကို ပိုရက်စက်တဲ့ နည်းမျိုးစုံ သုံးပြီးတော့ သတ်လို့ ရသွားပြီ "
သွေးနီယူနီကွန်း၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်တို့ ရှိနေပါသည်။
သူ့မျက်နှာကို ကြည့်ပြီး သူ့စကားကို ကြားလိုက်ရသော ပွဲကြည့်စင်မှ လူများသည်ပင် မျောက်အပေါ် သနားစိတ် ဖြစ်သွားကြ၏။
မျောက်က ဤမျှ ရက်စက်ကြမ်းကြုတ်လှသည့် ရန်သူတစ်ယောက်ကို မည်သို့ ရသွားခဲ့ပါသနည်း။
သို့သော်.. ထိုအချိန်တွင် လွင့်ထွက်သွားသော မျောက်ထံမှ ရယ်သံကျယ်ကြီး ရုတ်တရက် ထွက်လာသည်။
" ရယ်နေတယ်ပေါ့လေ.. ၊ မင်းက ဘာကို ရယ်နေတာလဲ "
သွေးနီယူနီကွန်းက မျောက်အား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။
မျောက်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြန်ပြော၏။
" ငါက မကြာခင် လက်တုန့်ပြန်ခွင့် ရတော့မှာလေ။ အဲ့တော့ ရယ်ရတာပေါ့ကွာ "
" ဘာပြောလိုက်တယ်.. လက်တုန့်ပြန်မယ် ၊ ဟုတ်လား။ ငါ နားကြားများ လွဲသွားသလား "
သွေးနီယူနီကွန်း အံ့အားသင့်သွားရသည်။
မျောက်က သူ့အား ခေါင်းမော့ကြည့်လာကာ
ပြန်ပြော၏။
" သွေးနီယူနီကွန်း ၊ ခုနတုန်းက မင်းရဲ့ သွေးမျိုးဆက်အစွမ်းက ငါ့ထက် ပိုသာတယ်လို့ ပြောလိုက်တာ မဟုတ်လား "
သွေးနီယူနီကွန်း မျက်မှောင်ပိုကြုံ့သွားသည်။
" အဲ့ဒါက အသိသာကြီးပဲလေ "
မျောက်က နှုတ်ခမ်းကွေးအောင် ပြုံး၍ ပြန်ပြော၏။
" မောက်မာတဲ့ ခွေးကောင် ၊ မင်း မျက်လုံးတွေကို သေချာဖွင့်ပြီး ကြည့်ထား "
မျောက်က ထိုသို့ ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထို့နောက် အသံကျယ်ကြီးဖြင့် မာန်ဖီအော်ဟစ်လိုက်၏။
ဂျုန်း...
မျောက်၏ အော်သံ ဆုံးသည်နှင့် သူ့ကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု တိုးထွက်လာသည်။ မိုးကြိုးသံ ခပ်သဲ့သဲ့လည်း ထွက်ပေါ်လာ၏။
ဝီ..
ထိုအချိန်တွင် မျောက်၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းများ လင်းလက်နေပြီး မိုးကြိုးလျှပ်စီးများလည်း ဖြတ်ပြေးနေကာ သူ့တစ်ကိုယ်လုံးမှ အမွေးများလည်း ထောင်နေကြသည်။