ဆဲရေးခြင်း
Vol. 31 Ch. 426
မီးတောက်ယူနီကွန်းမှာ လောထျန်းစကားကြောင့် အံ့အားသင့်သွားရပြီး လောထျန်းတစ်ယောက် ဒေါသထွက်လွန်း၍ စိတ်များ လွတ်သွားပြီလားဟုပင် တွေးမိလိုက်သည်။
" ဟုတ်တယ် ၊ အဲ့စကားကို ငါကိုယ်တိုင် ပြောတာ။ အဲ့တော့ မင်းက ဘာလုပ်ချင်လဲ "
သူ အေးစက်စက် ပြောလိုက်၏။
ထိုစဥ်မှာပင် လောထျမ်းက လေထဲသို့ ဖြည်းဖြည်းချင်း ပျံတက်ပြီး မီးတောက်ယူနီကွန်းရှေ့သို့ ရောက်လာသည်။
" ဒီကောင်က ဘာလုပ်မလို့လဲ "
" ခုနက သူ ပြောသွားတာ မကြားလိုက်ဘူးလား ၊ မီးတောက် ယူနီကွန်းကို အော်ဆဲချင်လို့ ဖြစ်မှာပေါ့ကွ "
" အဲ့လို အော်ဆဲတော့ရော ဘာထူးမှာလဲကွာ။ သူ့
အသံထဲမှာ တဖက်ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့ လျှိူ့ဝှက်အစွမ်းမျိုး ပါမှာမှ မဟုတ်တာ။ ဟို တဖက်က မီးတောက်ယူနီကွန်းကွ "
" အင်း... ငါ ထင်တာတော့ ဒီတိုင်းကြီး မျက်နှာပျက်ပြီး အရှုံးပေးရမယ့်အစား ဒေါသဖြေတဲ့အနေနဲ့ အော်ဆဲချင်တာ တူပါတယ် "
" အဲ့လိုပဲ ဖြစ်နိုင်တယ် "
အားလုံးက ထင်ရာကို ပြောဆိုလိုက်ကြသည်။
ထိုစဥ် လောထျန်းမှာ မီးတောက်ယူနီကွန်း၏ အနားသို့ပင် ရောက်နေခဲ့လေပြီ ။
" ကောင်လေး ၊ မင်းက ဘာလုပ်ချင်လို့လဲ "
မီးတောက်ယူနီကွန်းက လောထျန်းကို ကြည့်ကာ လှောင်ပြောင်လိုသည့် မျက်နှာထားဖြင့် မေးလိုက်၏။
" သခင်လေး လောထျန်း ၊ ဘာမှ လုပ်မနေဘဲ ကိုယ့်နေရာကိုယ်သာ အေးအေးဆေးဆေး ပြန်လိုက်ပါ
ဗျာ။ မဟုတ်ရင်တော့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲခန်းမရဲ့ အကြီးအကဲတစ်ယောက် အနေနဲ့ သခင်လေးကို အပြစ်ပေးရလိမ့်မယ် "
အကြီးအကဲကလည်း အေးစက်စက်အသံဖြင့် ပြောလာသည်။
သို့သော် လောထျန်းက သူ့အား လျစ်လျူရှုထားကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
" ဟင်.. "
သွေးနီယူနီကွန်းမှာ ၎င်းကိုကြည့်ရင်း အံ့အားသင့်သွားရသည်။ ထိုကောင်လေးက သူ့ကို အမှန်တကယ် အော်ဆဲချင်နေပါသလား ။
ထိုသို့ အော်ဆဲ၍ရော ဘာထူးပါမည်နည်း။
သို့သော် တစက္ကန့်မျှ အကြာတွင်မူ သူ့အထင် မှားသွားခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရပါ၏။
လောထျန်းက အသက်ပြင်းပြင်း ရှိုက်ပြီးသည်နှင့် ချက်ချင်း အော်လိုက်သည်။
" မင်းကိုငါ #@$$# မအေ %#@#$$$ "
" ခွေးက စီးတာကို ခံရမယ့် ခြေလေးချောင်း သားရဲအို အမှိုက်ကောင်ကြီး "
" မြင်း $#@@#### ( ညစ်ပတ်လွန်း၍ ဖော်ပြရန် မသင့် :3 ) "
လောထျန်းက အားရပါးရ ဆဲပြီးမှသာ ကျေနပ်သွားဟန်ဖြင့် အသက်ပြင်းပြင်း ရှိုက်၍ ရပ်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်အတွင်းရှိ လူများအားလုံးမှာ အံ့သြမှင်သက်နေကြပါ၏။
သူတို့ အံ့သြရသည့် ပထမအချက်မှာ လောထျန်း ဆဲသွားခဲ့သည့် စကားလုံးများက ညစ်ပတ်လွန်း၍ ဖြစ်ပြီး...
ထို့ထက်ပို အရေးကြီးသည့် အချက်မှာ မီးတောက်ယူနီကွန်းကြောင့်ပင် ။
အစောပိုင်းတွင် မီးတောက်ယူနီကွန်းသည် အထင်သေးသည့် ထီမထင်မျက်နှာထားဖြင့် ဖြစ်နေခဲ့သော်လည်း..
လောထျန်း၏ အဆဲစကားလုံးကို စကြားလိုက်သည်နှင့် တစ်စုံတစ်ခု လွဲချော်နေပြီမှန်း ချက်ချင်း ရိပ်မိသွားခဲ့သည်။
လောထျန်း ဆဲခဲ့စဥ်က သူ့ဒေါသများ အားလုံးကို အသံထဲတွင် စုပြုံထည့်ထားခဲ့သည့်အတွက်..
အသံလှိုင်းထဲ၌ လောထျန်း၏ စိတ်စွမ်းအင်သာမက စိတ်ဝိဥာဥ်အစွမ်းများလည်း ပါဝင်နေကာ မီးတောက်ယူနီကွန်းဆီသို့ ရောက်သွားတော့သည်။
ထိုတခဏတွင် မီးတောက်ယူနီကွန်းမှာ ဂြိုလ်ကြီးတစ်ခုနှင့် မျက်နှာချင်းဆိုင် အရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးရှိ အရိုးများ ချက်ချင်း ကျိုးကြေသွားကာ သွေးများ ပန်းထွက်လာ၏။
လောထျန်း၏ ဒုတိယမြောက် အဆဲစာလုံးကို ကြား
သည့်အချိန်တွင်မူ မီးတောက်ယူနီကွန်း၏ အသက်မီးတောက် ရုတ်ချည်း အငြိမ်းခံလိုက်ရပြီး အသက်အစွမ်းများ မရှိသလောက် နီးပါးပင် ဖြစ်သွားတော့သည်။
လောထျန်းက တတိယအကြိမ် ထပ်ဆဲလိုက်သည့် အချိန်တွင်ကား.. အလောင်းကောင်ကြီးကို ကြာပွတ်ဖြင့် ရိုက်သည်နှင့် မခြားတော့ပါချေ။
မသေမျိုးအဆင့်ရှိသည့် မီးတောက်ယူနီကွန်းကား လောထျန်းရှေ့၌ သုံးကြိမ် အဆဲခံရရုံဖြင့် အသက်ဆုံးသွားခဲ့ရလေပြီ။
ဘုတ်..
တိတ်ဆိတ်မှုထဲ၌ မီးတောက်ယူနီကွန်း၏ ခန္ဓာကိုယ် မြေပြင်သို့ လဲကျသွားသည့်အသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ့ကိုယ်မှ မီးတောက်များလည်း ငြိမ်းသွားကာ အမည်းရောင် မီးခိုးအချို့ ထွက်လာသည်။
" သေ... သေသွားပြီလား ၊ မီးတောက်ယူနီကွန်းက တကယ်ကြီး သေသွားတာလား "
" မသေမျိုးအဆင့် ရှိတဲ့ နတ်ဘုရားသားရဲ တစ်ကောင်က တကယ်ကြီးကို အော်ဆဲခံရပြီး သေသွားခဲ့တာလား "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြလွန်း၍ ကြက်သေပင် သေနေကြတော့၏။
ဘာတွေ ဖြစ်နေသည်ကို သူတို့ နားမလည်နိုင်တော့ပါ ။
ထိုစဥ် ဆဲပြီးသွားသော လောထျန်းက မီးတောက်ယူနီကွန်းကို ကြည့်ရင်း မျက်မှောင်ကြုံ့၍ ပြောလာ၏။
" ဟင်.. သေသွားပြီလား ။ ပျော့လိုက်တာ "
ဝှစ်..
ထိုအချိန်မှာပင် ရှောက်ထျန်းလုံလေးက လောထျန်းနားသို့ အပြေးအလွှား ရောက်လာပြီး မီးတောက်ယူနီကွန်း၏ အလောင်းကို ကြည့်ရင်း လျှာသပ်လိုက်သည်။ ထို့နောက် အလောင်းဘေးသို့ အပြေးသွားပြီး မီးတောက်ယူနီကွန်း၏ လက်တစ်ဖက်ကို ကိုက်၍
လောထျန်းဘေး ပြန်လာ၏။
အားလုံး ဆွံ့အသွားပြန်တော့သည်။
ဘာတွေ ဖြစ်နေပါသနည်း။
မသေမျိုးအဆင့်ရှိသည့် မီးတောက်ယူနီကွန်းက သုံးကြိမ် အဆဲခံရရုံဖြင့် အသက်ဆုံးသွားခဲ့ရ သတဲ့လား။
ထိုမျှမကသေးဘဲ... လောထျန်း၏ တိုက်ပွဲဝင်သားရဲကလည်း မီးတောက်ယူနီကွန်း၏ လက်တစ်ချောင်းကိုပါ ကိုက်ဖြတ်သွားသေး၏။
ထိုကောင်လေး၏ အသွင်မှာ စားရန်အသင့် ဖြစ်နေပုံပင်။
သားရဲတိုက်ပွဲများ၌ သားရဲများ သေကြေကြရသည်မှာ မထူးဆန်းလှသော်လည်း သေသွားသည့် သားရဲအား စားခြင်းကမူ လွန်ပါသည်။
၎င်းမှာ တဖက်သားရဲ၏ ပိုင်ရှင်အတွက် အလွန်
အရှက်ရစရာ ကိစ္စကြီးတစ်ခု မဟုတ်ပါလား။
အကယ်၍ ဤသတင်းကို ယူနီကွန်း မျိုးနွယ်စုက ပြန်ကြားသွားလျှင်လည်း သူတို့ကြား၌ မဆုံးနိုင်သော ရန်ညိုးများ ဆက်ရှိနေတော့မည် ဖြစ်သည်။
ထိုစဥ် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှ အကြီးအကဲမှာလည်း မျက်နှာဆိုးရွားစွာ ပျက်နေ၏။
" မင်း.. မင်းက မီးတောက်ယူနီကွန်းကို တကယ်ကြီး သတ်လိုက်တာလား "
သူ လောထျန်းအား ဒေါသတကြီး လက်ညိုးထိုး၍ ပြောလိုက်သည်။
သို့သော် လောထျန်းက သူ့အား အေးစက်စက် မျက်လုံးများဖြင့် ပြန်လှည့်ကြည့်လာပြီး ပြော၏။
" ဘာဖြစ်လို့လဲ ၊ ဆဲတာ ဘာမှမဖြစ်ဘူးလို့ ခင်ဗျားကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား "
အကြီးအကဲ အံ့အားသင့်သွားပြီး ပြန်ပြောသည်။
" ဒါပေမယ့်.... "
သို့သော် ထိုအချိန်တွင် လောထျန်းမှာ စိတ်မရှည်တော့ပါချေ။
သူ စင်မြင့်ထက်သို့ ဝုန်းခနဲ တက်သွားလိုက်၏။
သူ သွားသည့် နှုန်းမှာ မြန်လွန်းလှသဖြင့် မည်သူကမှ သေချာ မမြင်လိုက်ရပေ။
သို့သော် လောထျန်းက တည်နေရာရွှေ့ပြောင်းသွားခြင်း ဖြစ်ရာ လူများ မမြင်လိုက်ရသည်မှာ မဆန်းပါ။
ထိုစဥ်မှာပင် လောထျန်းက သူ့အရောင်အဝါအား ထိန်းချုပ်မထားတော့ဘဲ ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်ချည်း ပေါ်လာ၏။
" ကောင်းကင်ဘုံနဂါး ပြိုင်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ခင်ဗျားတို့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲခန်းမကပဲ ချမှတ်ထားခဲ့ကြတာလေ။ ဒါပေမယ့် မီးတောက်ယူနီကွန်း စည်းမျဥ်း ချိုးဖောက်တုန်း
ကတော့ ခင်ဗျားတို့က ဘာမှ မပြောခဲ့ကြဘူး။ အခု ကျုပ်က အဲ့ကောင်ကို သင်ခန်းစာ ပေးလိုက်တော့မှ ခင်ဗျားကြီးက ကျုပ်ကို လာရန်ရှာနေတယ်ပေါ့။ ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် လက်မြှောက်၍ ကောင်းကင်ဘုံသားရဲ တိုက်ပွဲခန်းမ၏ အကြီးအကဲအား ပါးရိုက် သတ်လိုက်တော့သည်။
" ဘယ်လို ဖြစ်ပြီးတော့.. "
လူများမှာ ၎င်းကို ကြည့်ကာ အံ့သြမှင်သက်သွားကြပြန်၏။
ဘာတွေ ဖြစ်နေပါသနည်း။
လောထျန်းက မီးတောက်ယူနီကွန်းကို သတ်ခဲ့ရုံမက ၊ ဒိုင်လူကြီး ဖြစ်သော ကောင်းကင်ဘုံသားရဲ တိုက်ပွဲခန်းမမှ အကြီးအကဲကိုပါ သတ်ခဲ့သတဲ့လား။
ထိုစဥ် အားလုံး၏ လောထျန်းအပေါ် ကြည့်သော အကြည့်များမှာလည်း စိတ်ရှုပ်ထွေးနေဟန် ရှိနေတော့သည်။
ထိုအချိန်မှာပင် လောထျန်းက အေးစက်စက်အသံဖြင့် ထပ်ပြောလာ၏။
" ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်က အသက်ရှင်နေသေးတဲ့သူတွေ အကုန် ထွက်လာခဲ့ကြ "
သူ့အော်သံမှာ ကြောက်မက်ဖွယ် အသံလှိုင်းလုံးကြီး တစ်ခုအဖြစ် နေရာအနှံ့ ပျံ့သွားတော့သည်။
ထိုစဥ် ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ယွမ်ရှောက် မြို့စားကြီးမှာလည်း မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွား၏။
အစောပိုင်းလေးတင် လောထျန်းက မီးတောက်ယူနီကွန်းအား အော်ဆဲ၍ သတ်ခဲ့သည်ကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး အလွန်ကြောက်လန့်သွားခဲ့ရပါသည်။
အကယ်၍ လွေ့နန်၏ အကူအညီဖြင့် သူ မသေမျိုးအဆင့်သို့ ရောက်သွားခဲ့လျှင်ပင် မီးတောက်ယူနီကွန်းနှင့် မယှဥ်နိုင်သေးပါချေ။
သို့သော် လောထျန်းက ဤမျှ ကြောက်စရာကောင်းသော မီးတောက်ယူနီကွန်းကို အလွယ်တကူ သတ်ခဲ့သတဲ့လား။
လွေ့နန်တစ်ယောက် လောထျန်းကိစ္စနှင့် ပတ်သက်၍ စိတ်ပူနေသည်မှာ မထူးဆန်းတော့ပါ။
လောထျန်းက ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ပေလား...
သူ ထိုသို့ တွေးနေစဥ်မှာပင် လောထျန်းဆီမှ အသံ ထပ်ထွက်လာသဖြင့် တုန်လှုပ်သွားရပြန်၏။
ထို့နောက် အားလုံး၏ အကြည့်အောက်မှာပင် ယွမ်ရှောက်မြို့စားကြီး ထရပ်လိုက်ရသည်။
" သခင်လေး လောထျန်း ၊ ကျုပ်က ဒီယွမ်ရှောက်မြို့ရဲ့ မြို့စားကြီးပါ။ အခု လောလောဆယ်က ကောင်းကင်ဘုံနဂါး ပြိုင်ပွဲ ကျင်းနေတုန်းမို့ ကျေးဇူးပြုပြီးတော့ ဒီပြိုင်ပွဲကိုပဲ အရင် ဦးစားပေး တွေးပေးပါဗျာ "
လောထျန်းက သူ့အား ဒေါသထွက်နေသည့် အကြည့်
ဖြင့် ကြည့်ကာ ပြန်ပြော၏။
" ပြိုင်ပွဲအတွက် စဥ်းစားပေးရမယ်.. ဟုတ်လား။ ခုနက မီးတောက်ယူနီကွန်း ဝင်ရှုပ်ခဲ့တုန်းကတော့ ခင်ဗျားကြီး ထွက်လာပြီး ဒီစကားမျိုး ပြောတာလဲ မမြင်ခဲ့ရပါဘူး ။ ခင်ဗျားက ခုမှ ကျုပ်ကိုလာပြီး ပြိုင်ပွဲအတွက် စဥ်းစားခိုင်းနေတယ် ပေါ့လေ။ ကျုပ်က အနိုင်ကျင့်ဖို့ အဲ့လောက်လွယ်တဲ့သူလို့ ထင်နေတယ်ပေါ့ ။ ခင်ဗျားရော ကျုပ်ဆဲတာ ခံချင်ပြီလား "
ယွမ်ရှောက်မြို့စားကြီးမှာ ထိုစကားကို ကြားသည်နှင့် တစ်ကိုယ်လုံး တုန်သွားပြီး သေနေသော မီးတောက်ယူနီကွန်းဘက်သို့ လှည့်ကြည့်မိသွားသည်။
ထိုကောင်က လောထျန်း၏ အော်ဆဲခြင်းကို ခံရပြီး သေသွားခဲ့ရသည် မဟုတ်ပါလား။
အကယ်၍ လောထျန်းကသာ သူ့ကို အော်ဆဲလာလျှင် အလောင်းပင် မကျန်နိုင်ပါချေ။
" သခင်လေး လောထျန်း ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ... "
လောထျန်းက လက်ကာပြ၍ ပြန်ပြော၏။
" ဒီလို သိုင်းပညာ ယှဥ်ပြိုင်တဲ့ ပွဲမျိုးမှာ နောက်ကွယ်က သံသယဝင်စရာတွေ အမြဲတမ်း ဖြစ်လေ့ရှိတယ်ဆိုတာ ကျုပ် သိပြီးသား။ အစွမ်းထက်တဲ့ သူတွေကပဲ အမြဲတမ်း အထူးဧည့်သည်တော်တွေလို ဆက်ဆံခံရပြီးတော့ ကျန်တဲ့သူတွေက အနိုင်ကျင့် ခံကြရတာ "
လောထျန်း မျက်နှာကြီး သုန်မှုန်သွားကာ ဆက်ပြောသည်။
" ဒါပေမယ့် ဒီနေ့တော့ ကျုပ် အဲ့လို မတရားတာမျိုးကို မခံနိုင်ဘူး။ ဒါပေမယ့် ဒီလို နောက်ကွယ်က ကိစ္စမျိုးတွေက ရှောင်လွဲလို့လဲ ရတာ မဟုတ်ဘူး ဆိုတော့ ကျုပ်ကပဲ အဲ့နောက်ကွယ်က လူ လုပ်မယ်။ ခုချိန်ကစပြီးတော့ ကျုပ်ကိုယ်တိုင် ဒီပြိုင်ပွဲရဲ့ ဒိုင်လူကြီးအဖြစ် လုပ်မယ်။ စည်းမျဥ်းကို ချိုးဖောက်တဲ့သူ မှန်သမျှ ကျုပ်လက်ချက်နဲ့ သေရမယ်။ ဘယ်သူ ကန့်ကွက်ချင်လဲ "
" ဒါ... "
ယွမ်ရှောက်မြို့စားကြီးမှာ ဤလုပ်ရပ်က မသင့်တော်
ဟု ပြန်ပြောချင်နေပါ၏။
သို့သော် သူစကား စလိုက်သည့် အချိန်မှာပင် လောထျန်းက အေးစက်စက် လှည့်ကြည့်လာသဖြင့် အသံထွက် မပြောရဲတော့ဘဲ မြိုသိပ်လိုက်ရသည်။
" ကောင်းပြီ ၊ ဒါဆို ခင်ဗျားဘက်က သဘောတူတယ်လို့ သတ်မှတ်လိုက်မယ်။ ကန့်ကွက်ချင်တဲ့သူ တခြားဘယ်သူ ရှိသေးလဲ "
လောထျန်း ထပ်မေးလိုက်သည်။