မြွေဖြူ
Vol. 31 Ch. 429
လောထျန်းက လန့်သွားဟန်ဖြင့် ပြန်မေးလိုက်၏။
" တကယ်ကြီးလား "
" ဟုတ်ပါတယ် ၊ ရလဒ်ကို သခင်လေး ကိုယ်တိုင် ကြေငြာချင်လားဗျ "
ယွမ်ရှောက်မြို့စားကြီးမှာ ပေါ့ပေါ့တန်တန် မနေဝံ့ဘဲ တရိုတသေ ပြန်ပြောလိုက်သည်။
" ကောင်းပြီဗျာ။ ဒါဆို ကျုပ် ဒီပွဲကို နိုင်သွားပြီ ဆိုတော့ နောက်တစ်ဖွဲ့ အလှည့်ပေါ့ "
လောထျန်းက ပြောလိုက်သည်။
" ဝု.. "
ထိုစဥ် တိုက်ပွဲစင်မြင့်ထက်တွင် ရှိနေသော ရှောက်ထျန်းလုံလေး ကြက်သေ သေသွား၏။
သူ ဤတိုက်ပွဲတွင် အစွမ်းဘယ်လောက် ထက်ကြောင်း သေချာပြလိုက်မည်ဟု တွေးထားခဲ့ပါသည်။
သို့သော် သိုင်းကွက် တစ်ကွက်ပင် မသုံးလိုက်ရဘဲ နိုင်သွားပြီတဲ့လား။
ထိုတခဏ၌ သူ အလွန် ဒေါသထွက်သွားတော့သည်။
" ကြည့်ပါဦး ၊ ဟိုကောင်လေးက ဒေါသထွက်နေတာနဲ့ တူတယ် "
" ဒေါသထွက်တာတောင် ချစ်စရာ ကောင်းလိုက်တာ "
အမျိုးသမီး တစ်စုက ရှောက်ထျန်းလုံကို ကြည့်ရင်း အရူးအမူး ဖြစ်နေသည့် ပရိတ်သတ်များပမာ အော်လိုက်ကြ၏။
ရှောက်ထျန်းလုံလေးမှာ ထိုသူများကြောင့် ပို၍ပင် စိတ်ဓာတ်ကျသွားတော့သည်။
သူ ခေါင်းငုံ့သွားပြီး မျက်နှာ မသာမယာဖြင့် ဟင်းအိုးကြီး ဆီသို့သာ ပြန်လျှောက်သွားလိုက်၏။
ထိုမြင်ကွင်း အစအဆုံးကို ဘေးမှ ကြည့်နေသောမျောက် ကြောက်လန့်သွားကာ တီးတိုးပြောလိုက်သည်။
" စိတ်မပူပါနဲ့ ဘိုးဘေးလေးရယ် ။ နောက်တစ်ဆင့်မှာ တိုက်ခိုက်ဖို့ အခွင့်ရေး ရမှာပါ "
ရှောက်ထျန်းလုံလေးက မျောက်အား အေးစက်စက် လှည့်ကြည့်လိုက်သည်။
မျောက်မှာ ကြောက်လွန်းသောကြောင့် ထခုန်မိသွားပြီး နောက်ပင် ဆုတ်သွား၏။
သို့သော် ကံကောင်းထောက်မစွာပင် ရှောက်ထျန်းလုံလေးက ဘာမှ မလုပ်ခဲ့ပေ။
ထိုစဥ်မှာပင် ယွမ်ရှောက်မြို့စားကြီးက ပြောလာသည်။
" သခင်လေး လောထျန်း ၊ နောက်ပွဲမှာ ယှဥ်ပြိုင်ရမယ့် သူတွေက အဲ့လူတွေပါ "
မြို့စားကြီးက ပြောပြောဆိုဆိုပင် အာရှနဂါးမျိုးနွယ်စုမှ ညီအကိုသုံးယောက်အား လက်ညိုးညွှန်ပြလိုက်
သည်။
လောထျန်းမှာ မကြာသေးခင်ကမှ ထိုညီအကို သုံးယောက်နှင့် စကားပြောခဲ့သည့်အတွက် သူတို့ အခြေအနေကို သိခဲ့ရပါ၏။
ထိုသုံးယောက်မှာ ယွမ်ရှောက်မြို့ပြင်မှ တွေ့ရာလူကို ခေါ်ပြီး သူတို့၏ သခင်အဖြစ် ဟန်ဆောင်ခိုင်းကာ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲသို့ ဝင်ပြိုင်ခဲ့ကြခြင်းပင်။
ထို့ကြောင့် ပြိုင်ပွဲအစကတည်းက သူတို့ သုံးယောက်ကသာ အားလုံးကို ဦးဆောင်ခဲ့ပြီး သားရဲသခင် ဆိုသည့်သူမှာ ပြယုဒ်တစ်ခုသာ ဖြစ်ပါ၏။
ထိုသုံးယောက်ထဲမှ အကြီးဆုံးက ယွမ်ရှောက်မြို့စားကြီး၏ စကားကို ကြားသည်နှင့် ချက်ချင်း ထရပ်၍ ဆိုသည်။
" ကဲ.. ဒါဆို တိုက်ပွဲ စလိုက်ကြတာပေါ့ "
ထိုစကားကို ကြားသောအခါ ယွမ်ရှောက်မြို့စားကြီးက ကိုးယို့ကားယား နိုင်သည့် မျက်နှာထားဖြင့် လောထျန်းကို ကြည့်၍ ပြော၏။
" သခင်လေး လောထျန်း ၊ ကျုပ် တစ်ခု သတိပေးစရာတော့ ရှိတယ် "
" ဘာဖြစ်လို့လဲ "
လောထျန်း မေးလိုက်သည်။
ယွမ်ရှောက်မြို့စားကြီးက ပြန်ပြော၏။
" အဲ့သုံးယောက်နဲ့ ပြိုင်ရမယ့် သားရဲတွေက တောင်ပိုင်းဒေသကဗျ "
" တောင်ပိုင်းဒေသက သားရဲ ဆိုတော့ရော ဘာဖြစ်လို့လဲ "
လောထျန်းက နားမလည်နိုင်ဟန်ဖြင့် ထပ်မေးလိုက်သည်။
ယွမ်ရှောက်မြို့စားကြီးက ခြောက်နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ပြန်ပြော၏။
" သူတို့နဲ့ ယှဥ်ပြိုင်ရမယ့် ပြိုင်ဖက်က မီးတောက်ယူနီကွန်းတို့ အုပ်စုပဲဗျ။ မီးတောက်ယူနီကွန်းက သခင်လေးရဲ့ အဆဲကို ခံရပြီး သေသွားပြီ ဆိုပေမယ့် သူ့အဖွဲ့ထဲက နောက်ထပ် သားရဲနှစ်ကောင် ကျန်သေးတယ်။ အဲ့ကောင်တွေကလဲ မီးတောက်ယူနီလွန်းလို
အစွမ်းထက်ကြတယ် "
မီးတောက်ယူနီကွန်းနှင့် ထပ်တူ အစွမ်းထက်ကြသည်တဲ့လား။
လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်။
မီးတောက်ယူနီကွန်းမှာ မသေမျိုးအဆင့်ရှိ နတ်ဘုရားသားရဲ ဖြစ်ပါသည်။
သူနှင့် အစွမ်းချင်း တူသည် ဆိုပါက ကျန်သားရဲနှစ်ကောင်မှာလည်း မသေမျိုးအဆင့်ရှိသည့် နတ်ဘုရားသားရဲများ ဆိုသည့် အဓိပ္ပါယ်ပင်။
အာရှနဂါးမျိုးနွယ်စုမှ ညီအကိုသုံးယောက်မှာ ထူးခြားသော အစွမ်းများ ပိုင်ဆိုင်ကြသည် မှန်သော်လည်း ၎င်းက အခြားသားရဲများနှင့် ယှဥ်လျှင်သာ ဖြစ်ပါ၏။
မသေမျိုး အဆင့်ရှိသည့် နတ်ဘုရားသားရဲ ပြိုင်ဘက်နှင့် ရင်ဆိုင်ရလျှင်မူ သူတို့အစွမ်းက မလုံလောက်သေးပါ။
" မင်းတို့ သုံးယောက် ခုတည်းက အရှုံးပေးလိုက်ကြပါလား "
လောထျန်းက ညီအကိုသုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။
သုံးယောက်ထဲမှ အကြီးဆုံးမှာ သူ့စကားကြောင့် မျက်မှောင်ကြုံ့သွား၏။
" မပေးဘူး ၊ ကျုပ်တို့ တိုက်ခိုက်ချင်တယ် "
" ဟင် "
လောထျန်းက သူ့အား တအံ့တသြ လှည့်ကြည့်လိုက်သည်။
ထိုသားရဲကြီးက ပြန်ပြော၏။
" ကျုပ်တို့က ဒီကို နဂါးမျိုးနွယ်ရဲ့ ရတနာကို အရယူဖို့ လာခဲ့တာလေဗျာ။ အထူးသဖြင့် သခင်လေးနဲ့ တွေ့ပြီးနောက်ပိုင်းမှာ ကျုပ်တို့ ဒီရတနာကို မရရအောင် ယူဖို့ ဆုံးဖြတ်ချက် ပိုခိုင်မာသွားခဲ့တယ် "
" ပြီးတော့ ကျုပ်တို့ ဒီပြိုင်ပွဲကို ဝင်မပြိုင်ခင်ကတည်းက ဘယ်ပြိုင်ဘက်ကိုမဆို အစွမ်းကုန်သုံးပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီးသားဗျ။ ခုချိန်မှ
အရှုံးပေးပြီး နောက်ဆုတ်လိုက်လို့ ဘယ်ဖြစ်မလဲဗျာ "
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ပြန်ပြောလိုက်သည်။
" ဒါပေမယ့် အဲ့ကောင်တွေနဲ့ မင်းတို့ ယှဥ်နိုင်မှာ မဟုတ်ဘူးလေ "
တတိယမြောက် သားရဲက ရယ်ရင်း ပြောလာသည်။
" တကယ်လို့ ကျုပ်တို့ ရှုံးသွားခဲ့ရင်တောင် ပြိုင်ဖက်ရဲ့ အစွမ်းနဲ့ သိုင်းကွက်တွေကို တွေ့ရတာ အမြတ်ပေါ့ဗျာ။ အဲ့ကျ သခင်လေးအတွက်လဲ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုပေးပြီးသား ဖြစ်သွားတာပေါ့။ ဒါဆို နောက်ပိုင်း သခင်လေး သူတို့နဲ့ တိုက်ခိုက်တဲ့အခါ အသုံးဝင်နိုင်တယ် "
ထိုသို့ ပြောပြီးသည်နှင့် ညီအကိုသုံးယောက်လုံး ရှောက်ထျန်းလုံလေးအား ကြည့်လိုက်ကြသည်။
လောထျန်းမှာမူ ထိုသုံးယောက်က ဤမျှ ခေါင်းမာလိမ့်မည်ဟု ထင်မထားသဖြင့် အံ့အားသင့်နေပါ၏။
သူ ခေတ္တမျှ စဥ်းစားပြီး နောက်တွင်မူ ခေါင်းညိတ်လိုက်ရသည်။
" ကောင်းပါပြီ ၊ ဒါဆိုလဲ သွားတိုက်ခိုက်ကြပါ။ ဒါပေမယ့် ကိုယ့်ဘက်က အခြေအနေ မကောင်းတော့မှန်း သိတာနဲ့ ချက်ချင်း အရှုံးပေးလိုက်ပါ "
" ဟုတ်ကဲ့ပါ သခင်လေး "
ညီအကိုသုံးယောက် သံပြိုင် ပြန်ဖြေလိုက်ကြ၏။
ဝုန်း..
ပြီးသည်နှင့် သူတို့ထဲမှ အကြီးဆုံးက တိုက်ပွဲစင်မြင့်ထက်သို့ ပြေးတက်သွားလိုက်သည်။
" လာတိုက်ခိုက်စမ်းကွာ "
သူ ကျယ်လောင်စွာ အော်လိုက်သည်။
သူ စင်ပေါ်ရောက်သည်နှင့် ပွဲကြည့်စင်ပေါ်ရှိ လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
" ဝိုး.. အဲ့ကောင်ကြီးက စင်ပေါ် တကယ်တက်သွား
တာပဲ "
" အဲ့ဒါ ဘယ်သူ့သားရဲလဲ.. ရဲရင့်လိုက်တာ.. ။ ပြိုင်ဘက်က တောင်ပိုင်းဒေသက နတ်ဘုရားသားရဲတွေ ဖြစ်နေတာတောင် လုံးဝ ကြောက်တဲ့ပုံ မရှိဘူး "
" ဒီသုံးကောင်က ပြိုင်ပွဲအစတည်းက ခုချိန်ထိ တောင်ပိုင်းဒေသက သားရဲအုပ်ကို ပထမဆုံး ရင်ဆိုင်ရဲတဲ့ သူတွေပဲ "
" သတ္တိကောင်းတယ်ပဲ ပြောရမလား.. တုံးအတယ်ပဲ ပြောရမလား မသိတော့ပါဘူး "
အားလုံးက သူတို့အမြင်ကို တီးတိုးပြောလိုက်ကြသည်။
ထိုအချိန်မှာပင် လေအေးတစ်ချက် တိုက်ခတ်လာပြီး တိုက်ပွဲကွင်းပြင် တစ်ခုလုံးရှိ အပူချိန် သိသိသာသာပင် ကျသွား၏။
ထို့နောက်တွင်မူ ကြောက်မက်ဖွယ် တွားသွားလာနေသည့် အသံတစ်သံကို အားလုံး ကြားလိုက်ရသည်။
ထိုစဥ် မိန်းကလေးတစ်ယောက်၏ အလန့်တကြား အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
" အား... မြွေကြီး ၊ မြွေကြီးက အကြီးကြီးပဲ "
အားလုံးက အသံလာရာဘက် လှည့်ကြည့်လိုက်ကြရာ..
အားလုံး၏ မြင်ကွင်းထဲ၌ တိုက်ပွဲစင်မြင့်ဆီသို့ တွားသွားလာသော ပေတစ်ရာကျော်ခန့် ရှည်လျားသည့် မြွေဖြူကြီးတစ်ကောင် ပေါ်လာသည်။
" ဒါ... ရေခဲဦးချို မြွေဖြူ မဟုတ်လား။ တကယ့် ဒဏ္ဍာရီကျော် သားရဲကြီးပဲကွာ "
" အဲ့ကောင်ရဲ့သွေးအစွမ်းကလဲ ယူနီကွန်းမျိုးနွယ်စုထက် အစွမ်းမနိမ့်ဘူးကွ။ ဒီကောင်ကြီးက အဲ့လောက်ကြီးမယ်လို့ ထင်တောင် မထင်ထားမိဘူး "
" ချီး.. ဘာကောင်ကြီးလဲကွာ "
အားလုံး ခေါင်းတယမ်းယမ်း ဖြစ်ကုန်ကြသည်။
ထိုအချိန်တွင် မြွေဖြူမှာ တိုက်ပွဲစင်မြင့်ထက်သို့ တက်နေလေပြီ။
အာရှနဂါးမျိုးနွယ်စုမှ အကိုကြီးမှာလည်း ထိုမြွေကို မြင်ပြီးနောက် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်မိသွား၏။
တဖက်ပြိုင်ဘက်မှ ပေးလာသော ဖိအားက ကြောက်စရာကောင်းလွန်းနေရာ သူ နောက်မဆုတ်၍လည်း မရပါချေ။
" တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး လောထျန်း "
သို့သော် မြွေဖြူကြီးက စင်ပေါ်သို့ ရောက်သည်နှင့် တဖက်သားရဲအား လျစ်လျူရှုထားပြီး လောထျန်းဘက်လှည့်၍ ပြောလိုက်သည်။
လောထျန်းက သူ့အား အေးစက်စက်ကြည့်ကာ ပြန်ပြောလိုက်၏။
" ဘာဖြစ်လို့လဲ ၊ မီးတောက်ယူနီကွန်းအတွက် လက်တုန့်ပြန်ချင်လို့လား "
မြွေဖြူကြီးက ခေါင်းယမ်း၍ ပြန်ပြောသည်။
" မဟုတ်ပါဘူးဗျာ။ မီးတောက်ယူနီကွန်းက စည်းမျဥ်းကို ချိုးဖောက်ခဲ့တာမို့ သူ့အပြစ်နဲ့သူ သေရတာပါ။ သူ့အတွက် လက်တုန့်ပြန်ဖို့တွေ ဘာဖို့တွေ ကျုပ် စိတ်မဝင်စားဘူး။ ကျုပ်က သခင်လေး လောထျန်းကို မေးခွန်း တစ်ခုလောက်ပဲ မေးချင်လို့ "
" မေးလေ "
လောထျန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
မြွေဖြူကြီးက စကားဆက်၏။
" သခင်လေး လောထျန်း ၊ ခုနတုန်းက သခင်လေးကိုယ်တိုင် ဒိုင်လုပ်မယ်လို့ ပြောခဲ့တယ်နော်။ ကျုပ် အဲ့ကိစ္စကို ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့်.. ခု တိုက်မယ့် တိုက်ပွဲကရော ကောင်းကင်ဘုံနဂါးပြိုင်ပွဲရဲ့ စည်းမျဥ်းတွေအတိုင်း ပြိုင်ရမှာလားဆိုတာ ကျုပ် သိချင်ပါတယ် ။ တစ်နည်း ပြောရရင်တော့ သားရဲတွေကြားက တိုက်ပွဲပဲလား.. သခင်လေးကပါ ဝင်တိုက်ခိုက်မှာလား "
လောထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြန်ပြောလိုက်
သည်။
" တကယ်လို့ ငါက ဝင်တိုက်မယ်ဆိုရင်ရော ဘာဖြစ်လို့လဲ။ မင်းက ဘာလုပ်ချင်လို့လဲ "
မြွေဖြူ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" သခင်လေး လောထျန်းရဲ့ အစွမ်းက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်နဲ့ ညီမျှပါတယ်။ အဲ့တော့ တကယ်လို့ သခင်လေးသာ ဝင်တိုက်ခိုက်ရင် မီးတောက်ယူနီကွန်းလို ဖြစ်သွားမှာပေါ့ဗျာ။ ကျုပ်တို့အနေနဲ့ကတော့ သခင်လေးရဲ့ ပြိုင်ဘက် မဟုတ်တဲ့အတွက် ချက်ချင်း ပြိုင်ပွဲကနေ နှုတ်ထွက်သွားမှာပဲဗျာ။ ရမယ့် ဆုကိုလဲ ပြိုင်လုမနေတော့ဘူး "
လောထျန်းက မြွေဖြူအား မျက်မှောင်အနည်းငယ် ကြုံ့ကာ ကြည့်လိုက်သည်။
မြွေဖြူ ပြောသွားခဲ့သော စကားများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို သူ မသိဘဲ မနေပါချေ။
ထိုကောင်က စကားအေးအေးဖြင့် သူ ဝင်မတိုက်ခိုက်နိုင်အောင် ဖိအားပေးနေခြင်းပင်။
အကယ်၍ သူသာ ဝင်မတိုက်ခိုက်ပါက ကောင်းကင်ဘုံနဂါး ပြိုင်ပွဲ၏ ပထမနေရာကို ထိုမြွေဖြူသာ ရသွားနိုင်ပါသည်။
လောထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်၏။
" စိတ်မပူပါနဲ့ ။ မင်းတို့ဘက်က စည်းမျဥ်းတွေကို လိုက်နာနေသရွေ့ ၊ ငါ့ဘက်ကလဲ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေအတိုင်း လိုက်နာမှာပါ "
မြွေဖြူမှာ သူကြားချင်သည့် စကားကို ကြားလိုက်ရဟန်ဖြင့် မျက်လုံးများ အရောင်လက်သွားသည်။
" သခင်လေး တကယ်ပြောနေတာလား "
လောထျန်းက ခေါင်းညိတ်၍ ပြန်ပြော၏။
" ဒါပေါ့ ၊ ငါတို့ကလဲ ဒီနေရာကို ပထမဆု ရဖို့အတွက် လာခဲ့တာပဲလေ "
မြွေဖြူက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
" သခင်လေး လောထျန်းက တကယ်ကို ရဲစွမ်းသတ္တိနဲ့ ပြည့်ပါပေတယ် "
သူ လောထျန်း၏ စကားအား ယုံစရာတစ်ခုဟု မ
မြင်သည်မှာ သိသာပါသည်။
လောထျန်းလက်အောက်မှ မျောက်က အစွမ်းထက်သည် မှန်သည့်တိုင် သူနှင့်ယှဥ်လျှင် အလွန်အစွမ်းနိမ့်နေသေးသည် မဟုတ်ပါလား။
လောထျန်း၏ ကျန်သားရဲ နှစ်ကောင်ကမူ...
မြွေဖြူက အထင်သေးသည့် မျက်လုံးဖြင့် သားရဲ နှစ်ကောင်အား ဝေ့ကြည့်လိုက်သည်။ သို့သော်.. သူ ချက်ချင်းပင် အံ့အားသင့်သွားရ၏။
" အဲ့ကောင်လေးက... သွားရည်ကျနေတာလား "
မြွေဖြူ တအံတသြ ပြောလိုက်သည်။