← Chapters

ပ်ဆုံး အဆင့် ၄

Vol. 31 Ch. 431

ပ်ဆုံး အဆင့် ၄

Vol. 31 Ch. 431

မြွေဖြူက မီးတောက်အား မျက်မှောင်ကြီးကြုံ့၍ ကြည့်လိုက်သည်။ သူ သေချာ ကြည့်လေလေ ၊ ပို ကြောက်ရွံ့လာရလေပင် ။

" ဒီမီးတောက်က မီးတောက်ယူနီကွန်းရဲ့ အစွမ်းအထက်ဆုံး သဘာဝ အသက်မီးတောက် အစစ်ပဲ။ ဒါပေမယ့် အဲ့ထဲမှာ တခြားအစွမ်းတွေလဲ ရောပါနေပြီးတော့ အရင်မီးတောက်ထက်တောင် ပိုအစွမ်းထက်နေတာ။ ဒီတိုင်းကြီးတော့ လျစ်လျူရှုထားလို့ မဖြစ်ဘူးထင်တယ် "

မြွေဖြူ ခေါင်းထဲတွင် မေးခွန်းပေါင်းစုံသွားတော့သည်။

မီးတောက်ယူနီကွန်းသည် အလွန်ကပ်စေးနည်းသော သူတစ်​ယောက် ဖြစ်ပါ၏။

သူ မီးတောက်ယူနီကွန်းထံမှ မီးတောက်ကို ကြိမ်ဖန်များစွာ တောင်းခဲ့ဖူးသည့်တိုင် အမြဲတစေ အငြင်းခံခဲ့ရသည်ချည်း ဖြစ်သည်။

ယခု ဤကောင်လေးက ထိုမီးတောက်ကို မည်သို့ သုံးနေနိုင်ပါသနည်း။

သူ အံ့သြတုန်လှုပ်နေစဥ်မှာပင်..

" အား.. ကျုပ်ကို မီးတွေစွဲနေပြီ "

မီးတောက်များကြား ရောက်နေသော အာရှနဂါး မျိုးနွယ်စု၏ အကြီးဆုံးသားရဲထံမှ အော်သံတစ်သံ ရုတ်တရက် ထွက်လာ၏။

" ဝု.. "

ရှောက်ထျန်းလုံလေးက ထိုအသံကို ကြားကြားချင်း မီးတောက်များအား အမြန် ပြန်သိမ်းလိုက်သည်။

ထို့နောက်တွင်မူ မီးခိုးလုံးများ ကြားမှ အမည်းရောင် သားရဲတစ်ကောင်၏ ပုံရိပ် ထွက်လာ၏။

ထိုသားရဲမှာ အာရှနဂါး မျိုးနွယ်စုမှ အကြီးဆုံး သားရဲပင်။

" ကျုပ် ဘာတွေ ဖြစ်သွားတာလဲ ။ ကျုပ် မှတ်မိတာတော့ ခုနတုန်းက အေးခဲနေခဲ့တာ... ။ ကျုပ်အသက်ကို သခင်လေး ကယ်လိုက်တာလား "

ထိုသားရဲက ရှောက်ထျန်းလုံလေးဘက် ခေါင်းလှည့် ကြည့်လိုက်သည်။

ရှောက်ထျန်းလုံလေးက ခေါင်းညိတ်ပြကာ သူ့အား လျစ်လျူရှုထားလိုက်ပြီး ဒုတိယမြောက်သားရဲ ဆီသို့ လျှောက်သွား၏။

ထို့နောက်တွင်မူ..

ဝုန်း..

နောက်ထပ် မီးလုံးကြီးတစ်ခု ထပ်ပေါ်လာသည်။

တခဏအကြာတွင်ကား ဒုတိယသားရဲထံမှ အော်သံ ထွက်လာပြီး သူသည်လည်း မီးတောက်များကြားမှ မီးခိုးများကြောင့် မည်းနေသည့် မျက်နှာဖြင့် ထွကိလာ၏။

ရှောက်ထျန်းလုံက မည်သို့မှ မပြောဘဲ လက်သာ

ယမ်းလိုက်ပြီး တတိယမြောက် သားရဲဆီသို့ လျှောက်သွားကာ မီးတောက်များ ဆက်မှုတ်ထုတ်လိုက်သည်။

တတိယသားရဲမှာလည်း မကြာခင်မှာပင် ရေခဲမှ လွတ်မြောက်ပြီး ထွက်လာပါ၏။

တတိယသားရဲ ထွက်လာသည်ကို ကြည့်ကာ လူများ၏ စိတ်ထဲတွင် အထွေအထူး မတွေးမိကြသော်လည်း မြွေဖြူမှာကား ရင်တစ်ခုလုံး ဗြောင်းဆန်သွားသလိုပါပင်။

" ဒီကောင်လေး ပထမသားရဲကို ထုတ်ပေးခဲ့တုန်းက အဲ့သားရဲကိုယ်ကို မီးနည်းနည်း ကျွမ်းသွားခဲ့တယ်။ ဒုတိယသားရဲကို ထုတ်ပေးတဲ့အချိန်မှာတော့ မီးလောင်ရာတွေက အဲ့လောက် မဆိုးတော့ဘူး "

" ဒါပေမယ့် နောက်ဆုံးသားရဲကို ထုတ်ပေးတဲ့ အချိန်မှာ အဝတ်စားတွေတောင် မီးမလောင်သွားခဲ့ဘူး။ ရေခဲ အရည်ပျော်သွားတာနဲ့ တန်းပြီး ရပ်လိုက်တာ "

" ဒါကို ကြည့်ရင်တောင် ဒီကောင်လေးက မီးတောက်

ယူနီကွန်းရဲ့ မီးတောက်အစစ်ကို သုံးနိုင်ရုံတင် မကဘဲ ၊ ကိုယ့်ခြေကိုယ့်လက်ကို ထိန်းချုပ်နိုင်တယ် ဆိုတာကိုပါ ပြနေတာပဲ။ ချီး.. အဲ့ဒါ မသေမျိုးအဆင့် မီးတောက်ကွ။ အဲ့လိုမီးတောက်မျိုးကိုတောင် ထိန်းချုပ်နိုင်နေမှတော့ ဒီကောင်လေးရဲ့ အစွမ်းကလဲ ကောင်းကင်ဘုံတံခါးဝ အဆင့်ထက် သာတာ သိသာတယ် "

" ဒါပေမယ့်.. ကောင်လေးက အခမှ ပိစိလေးပဲ ရှိသေးတာလေ။ ဘယ်လို သားရဲမျိုးပါလိမ့် "

ထိုတခဏတွင် မြွေဖြူက ရှောက်ထျန်းလုံလေးအား မနာလိုဝန်တိုမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

မကြာသေးမီ အချိန်ကပင် သူ့သွေးအစွမ်းကို သူ ဂုဏ်ယူနေခဲ့သေးသော်လည်း ... ယခုတွင်ကား သူ့ရင်ထဲ သံသယများ ဝင်လာခဲ့လေပြီ။

ထိုစဥ် တဖက်မှ ရှောက်ထျန်းလုံက အာရှနဂါးမျိုးနွယ်စုမှ သားရဲသုံးကောင်ကို လွတ်မြောက်အောင် လုပ်ပေးပြီးသည်နှင့် မြွေဖြူဆီသို့ လျှောက်လာ၏။

" ဝု.. "

သူ လက်ခလယ် ထောင်ပြကာ ခြေဟန်လက်ဟန်ဖြင့် ထပ်ဆဲရေးလိုက်ပြန်သည်။

မြွေဖြူမှာ ခေတ္တမျှ အံ့သြမှင်သက်နေသေးသော်လည်း မကြာမီမှာပင် အခြေအနေကို ရိပ်မိသွားပြီး မေးလိုက်၏။

" မင်းက ငါ့ကို စိန်ခေါ်နေတာလား "

ရှောက်ထျန်းလုံလေးက ခေါင်းညိတ်ပြကာ လက်နှစ်ဖက် ခါးထောက်၍ မြွေဖြူအား ဒေါသတကြီး ကြည့်လိုက်သည်။

မြွေဖြူ မျက်မှောင်ကြုံ့သွားပြီး အေးစက်စက် ပြန်ပြောလိုက်၏။

" ကောင်းပြီလေ ၊ နောက်တစ်ဆင့် ပြိုင်ပွဲမှာ တွေ့ရင် ငါ မင်းနဲ့ ပျော်ပျော်ကြီးကို တိုက်ခိုက်မှာ "

သူ့အတွက် အခြားရွေးချယ်စရာလည်း မရှိပါချေ။ လောထျန်းကဲ့သို့ ဘီလူးတစ်ကောင်က ဘေးတွင် ရှိနေသည်ဖြစ်ရာ သူ့အနေဖြင့် မည်မျှ ဒေါသထွက်နေသည့်တိုင် စည်းမျဥ်းများအတိုင်း လိုက်နာရုံသာ ရှိပါသည်။

" ဝု.. "

ရှောက်ထျန်းလုံလေးက နှုတ်ခမ်း မဲ့ပြီး နောက်လှည့် ထွက်ခွာသွားလိုက်၏။

" ဒီကောင်လေး တော့လား "

မြွေဖြူမှာ ရှောက်ထျန်းလုံ၏ နောက်ကျောကို ကြည့်ရင်း ရင်ထဲ ဒေါသထွက်သွားရသည်။ သို့သော် သူ မည်သို့မှလည်း ပြန်မပြောနိုင်သဖြင့် နောက်လှည့်၍သာ ထွက်သွားလိုက်ရ၏။

မြွေဖြူတစ်ယောက် မူလနေရာသို့ ပြန်ရောက်သွားပြီး နောက်တွင်မူ အမှောင်ထုထဲမှ အသံတစ်သံကို ကြားလိုက်ရသည်။

" အဲ့ကောင်လေးက... "

" အဲ့ကောင်က အရမ်းအစွမ်းထက်တာ ကျုပ် သိတယ်။ လောထျန်းက အဲ့လိုကောင်မျိုးကို ဘယ်ကနေ ရလာလဲ မသိပါဘူး ။ နောက်ထပ် နှစ်နည်းနည်းလောက် နေရင်တောင် ကျုပ် အဲ့ကောင်လေးနဲ့ မယှဥ်နိုင်လောက်တော့ဘူးဗျ။ ဒါပေမယ့် ခုလောလောဆယ်တော့ သူ့ကို ကိုင်တွယ်လို့ရတဲ့ နည်း

လမ်းတွေ အများကြီး ရှိပါတယ် "

မြွေဖြူက ပြန်ပြောလိုက်သည်။

အမှောင်ထဲမှ အသံက ခေတ္တမျှ တုန့်ဆိုင်း​နေပြီးမှသာ ပြန်ပြောလာ၏။

" မင်း .. အဲ့ကောင်လေးကို ဆက်တော့ အသက်ရှင်ခွင့် မပေးဘူး မဟုတ်လား "

မြွေဖြူ၏ မျက်နှာထက်တွင် ယုတ်မာကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာပြီး ပြောသည်။

" ဒါပေါ့ ၊ အဲ့လို ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်တဲ့ အရာမျိုးက သေပဲ သေသင့်တာ "

အမှောင်ထဲမှ အသံပိုင်ရှင်က လှောင်ပြုံးသာ ပြုံးလိုက်ပီး မည်သို့မှ ထပ်မပြောတော့ချေ။

တဖက်ရှိ တိုက်ပွဲစင်မြင့်ထက်တွင်ကား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါ၏။

ပြိုင်ပွဲ၏ ထိပ်ပိုင်းအဆင့်သို့ပင် ရောက်လာပြီ ဖြစ်သဖြင့် ပါဝင်ယှဥ်ပြိုင်ကြသော သားရဲများ၏ အစွမ်းက

လည်း ပိုပို၍ မြင့်နေလေပြီ။

ယခု ပါဝင်ယှဥ်ပြိုင်ကြသော သားရဲများ အားလုံးနီးပါးမှာ အစွမ်းထက် သားရဲများ ဖြစ်ကြပြီး အနည်းဆုံးဆိုလျှင်ပင် နတ်ဘုရားအဆင့်နီးပါး သွေးအစွမ်းကို ပိုင်ဆိုင်ထားကြသည်။

ထိုသားရဲများကြားမှ တိုက်ပွဲမှာ ကြည့်၍လည်း ကောင်းလွန်းလှသဖြင့် ပွဲကြည့်စင်ပေါ်မှ လူအုပ်၏ အားပေးအော်ဟစ်သံများဖြင့် ဆူညံနေတော့၏။

ဤသို့ဖြင့် မ​ကြာမီမှာပင် ထိုအဆင့် ပြီးဆုံးသွားတော့သည်။

ကောင်းကင်ဘုံနဂါး ပြိုင်ပွဲ တစ်ခုလုံး၌ လောထျန်းတို့ လူစု အပါအဝင် အဖွဲ့ ရှစ်ဖွဲ့သာ ကျန်ပါတော့၏။

" သခင်လေး လောထျန်း ၊ ခနနေ ရှစ်ဖွဲ့ထဲက လေးဖွဲ့ပဲ ကျန်မယ့် အဆင့်မှာ သခင်လေးတို့ အရင်ဆုံး တိုက်ခိုက်ရမှာ "

ယွမ်ရှောက်မြို့စားကြီးက အပြုံးဖြင့် ဆိုလာသည်။

သူ့စကား ဆုံးသည့်အချိန်တွင် လောထျန်းမှာ မည်သို့မှ မနေသော်လည်း ရှောက်ထျန်းလုံလေးကမူ စိတ်လှုပ်ရှားသွားဟန် တူပါ၏။

ဝှစ်..

ချက်ချင်း ဆိုသလိုပင် ထိုကောင်လေးက စင်မြင့်ပေါ် အပြေးတက်သွားပြီး အော်ဟစ်လိုက်သည်။

သူသည် ပြိုင်ပွဲတစ်လျှောက် လက်စွမ်း ပြချင်နေခဲ့သော်လည်း ပွဲအစမှ ယခုချိန်အထိ မျက်လုံးသုံးလုံး ရွှေဖားကြီးအား လွင့်ပစ်နိုင်ခဲ့ရုံမှ လွဲ၍ တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ပါချေ။

ထို့ကြောင့်လည်း သူ မပျော်မရွှင် ဖြစ်နေခဲ့ရပါ၏။

" ဝိုး ချစ်စရာ ကောင်းလိုက်တာ "

သို့သော်.. သူ တိုက်ပွဲစင်မြင့်ပေါ် ရောက်သည်နှင့် ထွက်လာသော ပွဲကြည့်စင်မှ အမျိုးသမီး တသိုက်၏ အသံကြောင့် ရှောက်ထျန်းလုံလေး မျက်နှာပျက်သွားရပြန်သည်။

သို့သော် သူ ထိုကိစ္စကို ဂရုစိုက်ရန်လည်း ပျင်းလှပါ၏။

တက်လာသော ပြိုင်ဘက်က လုံလောက်အောင် အစွမ်းထက်ပြီး သူ့အစွမ်းအား ပြသခွင့် ရလိုက်သည် ဆိုလျှင်ပင် ကျေနပ်စရာ ဖြစ်သွားပေမည်။

ထို့ကြောင့် ရှောက်ထျန်းလုံလေးက တဖက် ပြိုင်ပွဲဝင်များ ထွက်လာမည့် အပေါက်ဘက်သို့သာ စိုက်ကြည့်နေလိုက်သည်။

သို့သော်..

" ကျုပ်.. ကျုပ် အရှုံးပေးပါတယ် "

ထိုစဥ် ခပ်လှမ်းလှမ်းရှိ သက်လတ်ပိုင်းအရွယ် သားရဲသခင်က ခေါင်းမော့ကာ မရဲတရဲ အော်ပြောလာသည်။

" ဝု.. "

ထိုစကားကို ကြားသောအခါ ရှောက်ထျန်းလုံလေး ကြက်သေ သေသွားရပြန်တော့သည်။

သူ ဤတိုက်ပွဲအား အကြီးအကျယ် မျှော်လင့်ထားသော်လည်း တစ်ဖက်လူများက ဒီတိုင်း အရှုံးပေးလိုက်ပြန်သတဲ့လား။

ထိုစဥ် တဖက်မှ သက်လတ်ပိုင်းအရွယ် သားရဲသခင်မှာလည်း အောင့်သက်သက် ခံစားနေရပါ၏။

သူ ရှောက်ထျန်းလုံအား ကြောက်စိတ်ဖြင့် ကြည့်ကာ ရင်ထဲမှ တိတ်တဆိတ် ဆဲရေးလိုက်သည်။

အမှန်တွင်မူ သူ့လက်အောက်မှ သားရဲများမှာ အတော်အသင့် အစွမ်းထက်သည်ဟု ပြော၍ရပြီး အစွမ်းထက် သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရလျှင်ပင် ထွက်တိုက်ရဲပါ၏။

သို့သော်.. အစောပိုင်းက ရှောက်ထျန်းလုံ မှုတ်ထုတ်သွားခဲ့သော မီးတောက်အား မြင်လိုက်ရပြီး နောက်ပိုင်းတွင်မူ သူ့သားရဲများက ထိုကောင်လေး၏ မီးတောက်ကို ခံနိုင်လိမ့်မည် မဟုတ်ကြောင်း နားလည်သွားခဲ့ရသည်။

သူ့လက်အောက်မှ သားရဲများအားလုံးက မီးတောက်

သားရဲများ ဖြစ်သောကြောင့်လည်း ထိုမီးတောက်အကြောင်း သူ သေချာ သိနေရခြင်းပင်။

အကယ်၍ သူ့သားရဲ သုံးကောင်လုံး ပေါင်းပြီး မီးများ တစ်ပြိုင်နက်တည်း မှုတ်ထုတ်လျှင်ပင် ရှောက်ထျန်းလုံလောက် အစွမ်းမထက်နိုင်ပါချေ။

သို့ဖြစ်ရာ.. သူ မည်သို့ တိုက်ခိုက်ရဲပါမည်နည်း။

" သခင်လေး လောထျန်း ၊ ပြိုင်ပွဲ နောက်တစ်ဆင့်ကို တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် "

ယွမ်ရှောက်မြို့စားကြီးက အပြုံးဖြင့် ဖားလိုက်သည်။

" ဟင်.. နောက်တစ်ဆင့်တောင် ရောက်သွားပြီလား ။ အဲ့လောက် လွယ်တယ်ပေါ့ "

လောထျန်း အံ့အားသင့်သွားရ၏။

သူ့စကားကို ကြားသည့်အချိန်တွင်မူ ယွမ်ရှောက်မြို့စားကြီး မျက်နှာညိုသွားတော့သည်။

လွယ်တယ် တဲ့လား...

ထိုသို့ ဖြစ်ရသည့်အကြောင်းမှာ လောထျန်းလက်အောက်မှ သားရဲများက ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ဆိုသည်ကို မသိလေရော့သလား.. ။

" ကောင်လေး ၊ ပြန်လာလို့ ရပြီ "

လောထျန်းက ရှောက်ထျန်းလုံလေးအား လက်ယမ်းပြ၍ ခေါ်လိုက်သည်။

တိုက်ပွဲစင်မြင့်ထက်တွင် ရှိနေသော ရှောက်ထျန်းလုံလေးမှာကား မျက်နှာဆိုးရွားစွာ ပျက်နေပြီး လောထျန်းဆီသို့ စိတ်ဓာတ်ကျနေသည့် မျက်နှာလေးဖြင့် လျှောက်လာ၏။

" စိတ်မပူပါနဲ့ကွာ။ မကြာခင် မင်း တိုက်ခိုက်ရမယ့် အခွင့်အရေး ရလာမှာပါ "

လောထျန်းက သူ့အား နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက်တွင်မူ အခြားအဖွဲ့များ ဆက်တိုက်ခိုက်လိုက်ကြပြီး နောက်တစ်ဆင့်သို့ အဖွဲ့သုံးဖွဲ့ တက်သွား၏။

လောထျန်း မျှော်လင့်ထားခဲ့သလိုပင်.. မြွေဖြူကလည်း ပြိုင်ဘက်များအား အနိုင်ယူခဲ့ပြီး ထိပ်ဆုံး အဆင့် ၄ အတွင်းသို့ ဝင်သွားခဲ့သည်။

ထို့နောက် ကင်းမွန်ကြီးကလည်း တစ်နေရာ ရသွားခဲ့ပါ၏။

သို့သော် တိုက်ပွဲက သူ့အတွက် မလွယ်ကူလှပေ။

ယခင်ကတည်းက ဒဏ်ရာဆိုးဆိုးရွားရွား ရနေခဲ့ပြီ ဖြစ်သော ကင်းမွန်ကြီးမှာ ပြိုင်ဘက်၏ အားပြင်းပြင်းဖြင့် ရိုက်ခြင်းကို ခံရကာ ဆက်မတိုက်ခိုက်နိုင်တော့ဘဲ ဒုတိယမြောက် သားရဲကိုပင် စေလွှတ်ခဲ့ရပါ၏။

ထို ဒုတိယမြောက်သားရဲမှာ ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်သော ဂဏန်းကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အဆင့် ၉ မှော်လက်နက်တစ်ခုလိုပင် မာကြောလှပြီး သူ့လက်ချောင်း ညှပ်များကလည်း နတ်ဘုရားလက်နက်တစ်ခုလို အစွမ်းထက်ပါ၏။

သို့တိုင် ပြိုင်ဘက်အား အနိုင်ရရန် သူ ခက်ခက်ခဲခဲပင် တိုက်ခိုက်ခဲ့ရပါသည်။

မည်သို့ပင်ဆိုစေ ၊ လောထျန်းအား အံ့အားသင့်သွားစေခဲ့သည့် အကြီးမားဆုံး အချက်မှာ အဆင့် ၄ အတွင်း ဝင်လာသော နောက်ဆုံးတစ်ယောက်ကြောင့် ဖြစ်ပါသည်။

All Chapters