← Chapters

အခန်း (၁၆၆)

Vol. 12 Ch. 166

အခန်း (၁၆၆)

Vol. 12 Ch. 166

ဖန့်ရှောင်နွမ်က သူမအဖေသင်ပေးခဲ့တဲ့ ကားမောင်းသင်ခန်းစာတွေကို ပြန်တွေးကြည့်လိုက်မိသည်။ ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် စည်းရုံးဖို့ ဆုံးဖြတ်လိုက်သည်။ “ယောကျ်ား၊ ကားမောင်းရတာက ကျွန်မအတွက်တော့ အရမ်းအန္တရာယ်များတယ်။ ကျွန်မ သတိမထားလိုက်ရင် တစ်ယောက်ယောက် သေသွားနိုင်တယ်။”

ကျီလင်းချန် ပြောလိုက်သည်။ "ရတယ်။ အချစ်အတွက် ကိုယ့်အသက်ကိုစွန့်မယ်"

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ စကားကြောင့် စကားမပြောနိုင်ဖြစ်ခဲ့သည်။

အစားစားပြီးနောက် ကျီလင်းချန်က သူ့ဇနီးကို ခြံထဲသို့ ဆွဲခေါ်သွားသည်။ ကားသော့ကို သူမလက်ထဲထည့်ပေးလိုက်သည်။ "ဝင်လေ"

ဖန့်ရှောင်နွမ် အပြစ်ရှိစွာပြောလိုက်သည်။ "ယောကျ်ား၊ စျေးသက်သာတဲ့ကားကို ရွေးရအောင်" စျေးသက်သာတဲ့ကားကိုသုံးရင် သူမ အရမ်းဆိုးတယ်လို့ မခံစားရတော့ဘူး။ သူမ အဲ့တာကိုပြင်ဖို့တောင် တတ်နိုင်သေးသည်။

ကျီလင်းချန် ပြောလိုက်သည်။ “ကိုယ်တို့အိမ်မှာ စျေးသက်သာတဲ့ကား မရှိဘူး။ မင်း ဒီကားကို မောင်းလို့ရတယ်၊ မင်း လုပ်ချင်သလို လုပ်နိုင်တယ်။"

ဖန့်ရှောင်နွမ် ဇိမ်ခံကားတွေကို ကြည့်လိုက်သည်။ သူဌေးတစ်ယောက်နဲ့ လက်ထပ်ရခြင်းအတွက် စိတ်ပျက်စရာ တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့သည်။ 'ကားမောင်းလေ့ကျင့်ဖို့ စျေးပေါတဲ့ ကားတစ်စီးတောင် ရှာမတွေ့ခဲ့ဘူး။ အားလုံးက သန်းနဲ့ချီပြီး တန်တယ်။'

"ယောကျ်ား၊ ပျက်စီးသွားရင် ရှင် ကျွန်မကို အဲ့အတွက်ပိုက်ဆံပေးခိုင်းစေချင်လို့လား" ဖန့်ရှောင်နွမ် အားနည်းစွာမေးလိုက်သည်။

ကျီလင်းချန် တမင်ပြောလိုက်သည်။ "ဒါကို မင်းပေးရမယ်၊ ဒါပေမယ့် ကိုယ် မင်းကို ပြန်ပေးနိုင်ပါတယ်"

ဖန့်ရှောင်နွမ်က သူမရဲ့ယောကျ်ား အဓိပ္ပါယ်မရှိပြောနေတာကို ခံစားမိသည်။ ကားပျက်သွားရင် သူမ ပြင်ပေးရမယ်တဲ့ ပြီးတော့ သူမယောကျ်ားက ပိုက်ဆံပြန်လျော်ပေးမယ်တဲ့။ ပြုပြင်မှုအတွက် သူကိုယ်တိုင် ပေးမယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။

ကားထဲသို့ဝင်ပြီးနောက် ဖန့်ရှောင်နွမ် သူမခင်ပွန်း၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ သူမ မျက်တောင်ခတ်ပြီး ပြုံးကာ မေးလိုက်သည်။ "အိုး! ယောကျ်ား၊ ရှင်ပြောတာက ကျွန်မက နစ်နာမှုအတွက် ပေးစရာ မလိုဘူးလို့ ဆိုလိုတာလား။"

ကျီလင်းချန် သူ့ဇနီးလေးရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကို ကြည့်ပြီး နှုတ်ခမ်းထောင့်တွေကို မသိစိတ်က ကွေးညွတ်ခဲ့သည်။ “မင်း သိပ်ကိုတုံးနေတာမဟုတ်ဘူး။ ကုသလို့ရနိုင်တယ်။”

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ မျက်နှာကို ညင်သာစွာ ပုတ်ကာ နှုတ်ခမ်းစူလိုက်သည်။ "ဟွန့် ၊ ဒီထက်ရှင်းအောင် မပြောနိုင်ဘူးလား။ ရှင် ကျွန်မကို စိတ်ရှုပ်အောင်လုပ်နေတာလား"

“မင်း ဒါကို ကိုင်တွယ်နိုင်လားဆိုတာ ကိုယ် မကြာခင် သိရတော့မှာပါ” လို့ ကျီလင်းချန် ပြောလိုက်သည်။ ရုတ်တရက် သူ ခရီးသည်ထိုင်ခုံမှထကာ ယာဉ်မောင်းထိုင်ခုံရှိ ဖန့်ရှောင်နွမ်ဆီ ချဉ်းကပ်ခဲ့သည်။

ဖန့်ရှောင်နွမ်က သူမအပေါ်တွင် ကြီးမားသော အရိပ်တစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူမ နှလုံးခုန်သံကချက်ချင်း ရပ်တန့်သွားသည်။ ခင်ပွန်းသည်က သူမကို နမ်းတော့မည်ဟု သူမ ထင်ခဲ့သည်။

“အာ၊ ယောကျ်ား ကားထဲမှာ ဒီလိုမလုပ်နဲ့။ အပြင်မှာ လူတွေရှိတယ်…” ဖန့်ရှောင်နွမ် ချွဲကာ ပြောလိုက်သည်။

မထင်မှတ်ပဲ ကျီလင်းချန်က သူမထိုင်ခုံကို ချိန်ညှိဖို့ ခန္ဓာကိုယ်ကို ကိုင်းလိုက်သည်။ သူမက သေးပြီး ခြေထောက်တွေက တိုသည်။ ညွှန်ကြားချက်တွေနဲ့ သူမကို ရှုပ်ယှက်ခတ်သွားမှာကို ကြောက်တဲ့အတွက် သူမအတွက် သူပဲ ပြင်ပေးလိုက်သည်။ ဒါပေမယ့် သူ့မိန်းမက ကားထဲမှာ သူမကို နမ်းတော့မယ်လို့ ထင်နေခဲ့သည်။

ထိုင်ခုံက ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့သွားသည်။ ထိုအချိန်မှပင် ဖန့်ရှောင်နွမ်က သူမယောကျ်ားက ထိုင်ခုံကို ချိန်ညှိပေးဖို့ ကူညီပေးနေခြင်းသာဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ဒါပေမယ့် ထိုင်ခုံရွှေ့လိုက်သည်နှင့် သူမခင်ပွန်း၏ မျက်နှာနှင့် နီးကပ်လာသည်။ သူမ၏ မျက်လုံးတွေက ခင်ပွန်းဖြစ်သူ၏ နှုတ်ခမ်းပေါ်သို့ အမြဲတမ်း အမှတ်မထင် ရောက်သွားတတ်သည်။ သူတို့နှစ်ယောက်ကြားတွင် စင်တီမီတာအနည်းငယ်သာရှိသောအခါတွင် ထိုင်ခုံက ရပ်သွားသည်။

ဖန့်ရှောင်နွမ်ရဲ့ နောက်ကျောကို ထိုင်ခုံနှင့် ဖိထားသည်။ သူမက ခင်ပွန်းဖြစ်သူ၏ နှုတ်ခမ်းကို ထိမိသွားမှာကို စိုးရိမ်သဖြင့် ဂရုတစိုက် ပြောလိုက်သည်။ "ယောကျ်ား၊ နောက်နည်းနည်းပြန်ဆုတ်ပေး။ ဒီလို အနီးကပ်နေရတာ အဆင်မပြေဘူး။”

သူမစကားပြီးသည်နှင့် ကျီလင်းချန်က သူမကို နမ်းလိုက်ပြီး သူမရဲ့နှုတ်ခမ်းတွေကို လောဘကြီးစွာ နမ်းလိုက်သည်။

ဖန့်ရှောင်နွမ် သူမ၏ လက်လေးတွေကို ထိတ်လန့်စွာ ဆုပ်ထားခဲ့ပြီး သူမ၏ ရင်ဘတ်ထဲမှ နှလုံးက ခုန်ထွက်လာတော့မည်ပင်။ ကားပေါ်မှာ တပ်မက်မှု အပြည့်နဲ့ နမ်းလေလေသူတို့ ပိုစွဲလန်းလာလေလေပဲ။ ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏လည်ပင်းကို ဘယ်အချိန်က သိုင်းဖက်လိုက်မိမှန်းတောင် မသိလိုက်ပေ။ နောက်ဆုံး တုံ့ပြန်လိုက်သောအခါတွင် နောင်တက သူမရင်ထဲ တိုးဝင်လာသည်။

သူမမျက်နှာလေးကို လက်နှစ်ဖက်နဲ့အုပ်ပြီး နောင်တရစွာပြောလိုက်သည်။ “ဟာ ယောကျ်ား ကျွန်မတို့ မနမ်းရဘူးလို့ ကျွန်မ ပြောထားပြီးသားလေ။ အပြင်မှာ အိမ်ဖော်တွေ အများကြီးရှိတယ်။ လူတွေ ကျွန်မတို့ကိုမြင်သွားရင် ရှက်စရာကြီး”

ကျီလင်းချန် ရယ်ပြီး ပြောလိုက်သည်။ “ကိုယ် အဲဒါကို မကူညီနိုင်ဘူး။ ကိုယ် ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘူး။" အဲဒီနောက်မှာတော့ ဇနီးဖြစ်သူကို ထိုင်ခုံခါးပတ် ကူပတ်ပေးလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို သူက ခရီးသည်ထိုင်ခုံမှာ ပြန်ထိုင်ခဲ့သည်။

“မင်းလက်တွေကို ချလိုက်။ မင်းကို ဘယ်သူမှမမြင်နိုင်ဘူး" ကျီလင်းချန် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် ရှက်လွန်းလို့ မျက်နှာကို ပြတင်းပေါက်ဘက် အမြန်လှည့်လိုက်သည်။

ကျီလင်းချန် အလျင်စလိုမဖြစ်ပေ။ ပြုံးပြီး သူ့မိန်းမနဲ့ ကားထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။ ခဏအကြာတွင် ဖန့်ရှောင်နွမ်က သူမ၏ အတွေးတွေကို ဖြောင့်တန်းအောင် ဖြေလိုက်သည်။ သူတို့ နှစ်ယောက်က လက်ထပ်ထားပြီးသား။ သူမ တစ်ချိန်လုံး ရှက်နေလို့မရဘူး။ သူမ မျက်နှာလေးကို ပုတ်ကာ ကားကို စတင်နှိုးလိုက်သည်။

ကျီလင်းချန် ညွှန်ကြားလိုက်သည်။ “နောက်ကျ ကားနားမှာ ဘယ်သူမှ ရပ်မနေဘူးဆိုတာ သေချာအောင်လုပ်။ ကားနားမှာ ဘယ်သူမှမရှိဘူးဆိုတာ သေချာပြီဆိုတာနဲ့ ကားပေါ်တက်ပြီး တံခါးကိုလောခ့်ချ။ ပြီးရင် ထိုင်ခုံခါးပတ်ကို ပတ်"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မ သိပါတယ်။ ကားဆရာက သင်ပေးထားတယ်။” ကားထဲသို့ဝင်ပြီးနောက် ဖန့်ရှောင်နွမ်က အသစ်လေးတစ်ယောက်လို ပြုမူကာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

ဇနီးဖြစ်သူ၏ တုံ့ပြန်မှုကို ကြည့်ပြီး ကျီလင်းချန်က ဇနီးဖြစ်သူက သီအိုရီပိုင်း ဆိုင်ရာ အသိပညာ ခိုင်မာတဲ့ အမျိုးအစားဖြစ်ကြောင်း သေချာပေါက် သိနားလည်ခဲ့သော်လည်း အသိပညာကို လက်တွေ့ အကောင်အထည်ဖော်ရန် လုံးဝ မစွမ်းဆောင်နိုင်ခဲ့ပေ။

“ဘရိတ်ကိုနင်းပြီး ဂီယာတင်… ဘာလုပ်ရမလဲ။ ဂီယာက ဘယ်မှာလဲ" ဖန့်ရှောင်နွမ် စိုးရိမ်ပူပန်စွာ လှည့်ပတ်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် စတီယာတိုင်နောက်က ဂီယာတံကို တွေ့သွားခဲ့သည်။ ထိုမှသာ သူမ ငြိမ်သက်သွားခဲ့သည်။ သူမ ခေါင်းကို လှည့်ပြီး မေးလိုက်သည်။ "ယောကျ်ား D ရဲ့ အဓိပ္ပါယ် မောင်းတာ ဟုတ်တယ်မလား"

ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။

ဖန့်ရှောင်နွမ် တိုးတိုးလေး ရေရွတ်လိုက်သည်။ "မီးဖွင့်၊ ဟွန်းတီး" ခြံဝင်းထဲမှာ ကားဟွန်းသံ ထွက်ပေါ်လာသည်။

ကျီလင်းချန် စကားလုံးတွေ ပျောက်ဆုံးသွားခဲ့သည်။

All Chapters