အခန်း (၁၇၁)
Vol. 12 Ch. 171
“ယောကျ်ား” ဖန့်ရှောင်နွမ် ချွဲကာပြောလိုက်သည်။
ကျီလင်းချန် ပြောလိုက်သည်။ "အရင်စားရအောင်"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အာ ယောကျ်ား၊ ရှင့်ကို တစ်ခုလောက်အရင်ပြောပါရစေ"
ကျီလင်းချန်က အသားတစ်တုံးကို အမြန်ကောက်ယူပြီး သူ့ဇနီးလေးရဲ့ ပါးစပ်နား ကပ်ခဲ့သည်။ “စားကြည့်”
ဖန့်ရှောင်နွမ် သူမပါးစပ်ကို နာခံစွာဟလိုက်သော်လည်း အသားစားပြီးနောက် သူမပြောလိုက်သည်မှာ "ယောကျ်ား၊ group တစ်ခုဖွဲ့..."
ကျီလင်းချန်က သူမစကားဆုံးအောင်မစောင့်ဘဲ အခြားအသားတစ်တုံးကို ကောက်ယူပြီး သူမအား ကျွေးလိုက်သည်။
ဖန့်ရှောင်နွမ် ဒါကို မငြင်းပါပေ။ လက်ခံဖို့ သူမ ပါးစပ်ကို ထပ်ဟလိုက်ပြန်သည်။ ဝါးရင်းနဲ့ပြောလိုက်သည်။ “အဲဒါက မက်ဆေ့ချ်ပို့တဲ့ group မျိုး။ အိမ်မှာထားလို့ရ…”
"လာ၊ ပါးစပ်ဟ " ကျီလင်းချန်က သူ့ဇနီးလေးအား နှောက်ယှက်ရန် အသားကို ထပ်အသုံးပြုခဲ့သည်။
အဲဒါက စားပွဲတစ်ခုလုံးရဲ့ အာရုံကို ရောက်သွားသည်။ ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို အသားကျွေးနေတာကို လူတိုင်းက တိတ်တဆိတ် ကြည့်နေကြပေမယ့် ဖန့်ရှောင်နွမ်ရဲ့ပါးစပ်က ထပ်မဆံ့တော့ပေ။ ကျီလင်းချန်က သူမကို ဆက်ကျွေးနေခဲ့သည်။
"အိုး၊ ယောကျ်ား ကျွန်မပါးစပ်ပြည့်နေပြီ။ ကျွန်မကိုထပ်မကျွေးခင် ကျွန်မမျိုချပြီးတဲ့အထိ စောင့်ဦး။ ကျွန်မ ရှင့်ကို စီးပွားရေးအကြောင်း အရင်ပြောမယ်" ဖန့်ရှောင်နွမ် ကန့်ကွက်လိုက်သည်။
ကျီလင်းချန်က ဟင်းချိုပန်းကန်ကို ကောက်ယူပြီး လက်လွှဲပေးလိုက်သည် ။ "ဗိုက်နွေးသွားအောင် အရင်သောက်လိုက်"
ဖန့်ရှောင်နွမ် မသိစိတ်က ပန်းကန်လုံးကိုယူကာ သောက်လိုက်သည်။ သူမ သောက်ပြီးသွားတာနဲ့ "ယောကျ်ား"လို့ခေါ်လိုက်ချိန်မှာ နောက်ထပ် အသီးအရွက်နှစ်လုတ်ကို ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သူမ "ယောကျ်ား" ဟုအော်လိုက်တိုင်း သူမကို အစားပိုကျွေးခဲ့သည်။ အဆုံးမှာ သူမ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေနိုင်ခဲ့သည်။
သူမစကားမပြောတာကိုမြင်တော့ ကျီလင်းချန် လှည့်ပြီးမေးလိုက်သည်။ "မင်း ဘာစားချင်တာလဲ။ ကိုယ် မင်းကို ကျွေးမယ်"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျီလင်းချန်၊ ကျွန်မက မသန်မစွမ်းဖြစ်နေလို့လား"
ကျီလင်းချန် ပြောစရာစကားမရှိဖြစ်သွားသည်။ "ဘာလို့အဲ့လိုပြောတာလဲ။"
“ဒါဆို ကျွန်မကို ဆက်မကျွေးနဲ့။ ကျွန်မမှာ လက်တွေရှိတယ်။ ကိုယ့်ဘာသာ ကျွေးနိုင်တယ်” ဖန့်ရှောင်နွမ် ဒေါသတကြီး ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို မိသားစုတစ်စုလုံးရှေ့မှာ ပြစ်တင်ရှုတ်ချခဲ့သည်။ သူ ခုထိ ဒေါသ မထွက်သေးသလို ချေပတာမျိုးလည်းမလုပ်ပေ။ ကျီလင်းချန်က ဖန့်ရှောင်နွမ်နဲ့ ငြင်းခုံရန် မိသားစုတစ်စုလုံး စောင့်ဆိုင်းနေချိန်တွင် ဖန့်ရှောင်နွမ်က နှာမှုတ်လိုက်ကာ ခေါင်းကိုလှည့်ပြီး ကျီလင်းချန်ရဲ့ ခေါင်းနောက်ကို ရိုက်ပစ်လိုက်သည်။ တစ်မိသားစုလုံး စောင့်မျှော်နေကြတဲ့ လင်မယားနှစ်ယောက်ကြား ရန်ပွဲက ဖြစ်မလာခဲ့ပေ။
ကျီလင်းချန်၏ အမူအရာမှာ အနည်းငယ်ထူးဆန်းသော်လည်း သူက စိတ်ခံစားချက်ကို သိပ်မပြပေ။ ငါးတစ်တုံးကို ကောက်ယူပြီး ဇနီးဖြစ်သူ၏ ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။
ဖန့်ရှောင်နွမ် ဒေါသထွက်နေတာကြောင့် အစားအသောက်ကို မငြင်းဆန်ခဲ့ပေ။ အဲဒီအစား ငါးကို ပါးစပ်ထဲ ထည့်လိုက်သည်။ ထမင်းစားပြီးနောက် မိသားစုက သူမရဲ့ယောကျ်ားကို ကြည့်နေမှန်း သိလိုက်ရသည်။ အခုမှ ခင်ပွန်းဖြစ်သူကို သူမ ပြောလိုက်တဲ့ဟာကို ပြန်သတိရသွားသည်။ ပုံမှန်အားဖြင့် သူမက အိပ်ခန်းထဲတွင်သာ ပြုမူတတ်သည်။ ဒါပေမယ့် ဒီနေ့မှာ သူမက ခင်ပွန်းဖြစ်သူ၏ မာနကို ကမ္ဘာပေါ်တွင် ဂရုမစိုက်ခဲ့ပေ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် မတ်တပ်ထရပ်ပြီး ခင်ပွန်းဖြစ်သူအတွက် စားစရာအချို့ကို ကောက်ယူခဲ့သည်။ စားစရာကို ကောက်ကိုင်ရင်း သူမပြောလိုက်သည်။ " ငါး၊ မျှစ်၊ ကြာစွယ်၊ အမဲသား၊ ဘဲသား၊ ဒီအသား… ဒါတွေအားလုံးက ရှင့်အတွက်ပဲ။ များများစားပြီး ဝအောင်လုပ်!”
ထိုစကားကို ပြောပြီးနောက် အားလုံး ရယ်မောခဲ့ကြသည်ကို သူမ မသိလိုက်ပေ။ ခင်ပွန်းဖြစ်သူရှေ့မှာ ပန်းကန်အပြည့် ထည့်ပေးလိုက်သေးသည်။ သူမပြောလိုက်သည်။ “ရှင် ခုဏက ကျွန်မကို အများကြီး ကျွေးထားတာဆိုတော့ အခု ရှင့်အလှည့်ရောက်ပြီ။ မြန်မြန်စား!”
ကျီလင်းချန် ရယ်လိုက်သည်။ "ဒါပေမယ့် ကိုယ် မင်းကို အခုပဲ ဇွန်းနဲ့ခွံ့ကျွေးတာလေ"
ဖန့်ရှောင်နွမ် ပါးကိုဖောင်းပြီးပြောခဲ့သည်။ "ကျွန်မ ရှင့်ကို ခွံ့ကျွေးရင် ကျွန်မစားဖို့ လက်မလောက်ဘူး"
ဒါကိုကြားတော့ သူမဘေးမှာရှိနေတဲ့ ဖန်ချီက ဒါကို ကြာကြာ မထိန်းထားနိုင်တော့ပေ။ သူမ ဝါးလုံးကွဲ ရယ်ပစ်လိုက်ပြီး ကျီလင်းချန်လည်း ရယ်ခဲ့သည်။ သူမကိုယ်သူမ စားဖို့ လက်မလောက်ဘူးဆိုတဲ့ ဇနီးလေးရဲ့ အကြောင်းပြချက်ကို သူ ရယ်ခဲ့သည်။
ကျီလင်းချန် ပြောလိုက်သည်။ "မြန်မြန်စား။ ကိုယ့်ကို ကျွေးစရာ မလိုဘူး" သူက သူ့ဇနီးလေးကို စနောက်ချင်ရုံပဲ ပြီးတော့ သေချာတာက သူမက သူ့ကို ဘယ်တော့မှ စိတ်မပျက်စေဘူး။
လူရွှင်တော်လေး ဖန့်ရှောင်နွမ်က အိမ်၌ပင် ပျော်ရွှင်မှုများစွာရှိခဲ့သည်။
နေ့လည်စာစားအပြီးတွင် သခင်ကြီး ကျီ ဖန့်ရှောင်နွမ်ရဲ့ ကားမောင်းသင်ခန်းစာများအကြောင်း မေးမြန်းခဲ့သည်။
ဖန့်ရှောင်နွမ်က ကားမောင်းသင်ခန်းစာမှာ မနက်ခင်းက ဖြစ်ပျက်ခဲ့သမျှတွေကို တွေးခဲ့သည်။ သူမ အပြစ်ရှိစွာ ခေါင်းငုံ့ခဲ့သည်။ သူမ ပန်းတွေကို အသေသတ်ပစ်လိုက်ပြီးပြီ။ သူမ ဘယ်လိုသင်ယူနိုင်မှာလဲ။
ကျီလင်းချန် ပြောလိုက်သည်။ "ရှောင်နွမ် မှာ တိုးတက်ဖို့ လမ်းတွေအများကြီးရှိတယ်"
သခင်ကြီး ကျီက သူ့သားရဲ့ အဓိပ္ပါယ်ကို နားမလည်ဘဲ ချီးကျူးစရာလို့ ထင်နေခဲ့သည်။ သူ ပြောလိုက်သည်။ " ရှောင်နွမ်၊ မဆိုးဘူး။ ဆက်ကြိုးစား။ ငါ မင်းကို အားပေးတယ်။ မင်းကားမောင်းနိုင်ပြီဆိုရင် ငါ့ကို သရေစာလမ်းထဲ ခေါ်သွားလို့ရတာပေါ့။ မင်းပြီးခဲ့တုန်းက ပြောခဲ့တဲ့ ဟော့ဒေါ့ကို ငါစမ်းကြည့်ချင်သေးတယ်"
ဖန့်ရှောင်နွမ်က သူမ၏ ယာဉ်မောင်းစွမ်းရည်က အခုအချိန်မှာ မမှန်နေသေးဘူးဆိုတာ သိတာထင်ရှားသည်။ ထို့ကြောင့် သူမ လုံးဝသဘောမတူခဲ့ပေ။ "အဖေ၊ ကျွန်မ အဖေ့ကို အဲဒီကို ခေါ်သွားပေးမယ်လို့ ကတိပေးထားတယ်၊ ဒါပေမယ့် အဖေ့ကို အဲဒီနေရာဆီ မောင်းပို့ပေးမယ်လို့ ကတိမပေးနိုင်ဘူး"
' အဲဒါဟာ စိတ်ကုန်စရာကောင်းတဲ့ဟာသဖြစ်လိမ့်မယ်။ သူမက သခင်ကြီးကျီ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သူမ သဘောမတူရဲပေ။'
သခင်ကြီး ကျီ စိတ်ရှုပ်သွားပြီး မေးလိုက်သည်။ "ဘာလို့လဲ"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မကားမောင်းတာက အဖေ ကားစီးရတာကို မကြိုက်အောင်လုပ်မိမှာ ကြောက်လို့ "
သခင်ကြီးကျီ ပြောစရာစကားမဲ့သွားခဲ့သည်။
ကျီလင်းချန်က သူမဘေးမှာ ရယ်နေခဲ့သည်။
ညစာစားပြီးနောက် ကျီ မိသားစုက အချိန်ဖြုန်းရန် ဧည့်ခန်းထဲမှာ အေးအေးဆေးဆေး ထိုင်နေခဲ့သည်။ ကျီလင်းချန်က အလုပ်တွေရှုပ်နေတာကြောင့် တစ်ယောက်တည်း စာကြည့်ခန်းထဲသွားခဲ့တယ်။
ဖန်ချီက မနက်စောစောထကာ အိမ်မှုကိစ္စများကို ဂရုစိုက်ခဲ့သည်။ အခု အိပ်ချင်နေပြီမို့ တစ်ရေး အိပ်ဖို့ သူမရဲ့အခန်းကို ပြန်သွားသည်။
နောက်ဆုံးတော့ ဆိုဖာပေါ်၌ လူသုံးယောက်သာ ကျန်တော့သည်။