← Chapters

အခန်း (၁၇၂)

Vol. 12 Ch. 172

အခန်း (၁၇၂)

Vol. 12 Ch. 172

ဖန့်ရှောင်နွမ် ကျီဝမ်ကို မေးလိုက်သည်။ "ဒီမနက် ဘယ်အချိန်ထလဲ"

ကျီဝမ် ပြန်ဖြေခဲ့သည်။ “မနက်ကိုးနာရီမထိုးခင်။ မင်းကရော"

"ကိုးနာရီ နည်းနည်းလေးကျော်တယ်" ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။

ထို့နောက် နှစ်ဦးစလုံးက တက်ကြွနေတဲ့ သခင်ကြီးကျီ ကိုကြည့်ကာ တစ်ချိန်တည်းမှာပင် မေးခဲ့သည်။ "အဖိုး၊ အဖိုး ဘယ်နှနာရီထလဲ"

"အဖေ ဘယ်အချိန်ထလဲ။"

သခင်ကြီး ကျီ ရှက်သွားသည်။ ဒီကလေးနှစ်ယောက်က သူ့ထက်စောစောထလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ သူက ခေါင်းစဉ်ကို မြန်မြန်ပြောင်းလိုက်သည်။ "ငါတို့ ဒီငြီးငွေ့စရာတွေအကြောင်း မပြောလို့မရဘူးလား" သူ ဆယ်နာရီမှ အိပ်ရာက နိုးလာတယ်ဆိုတာကို သူတို့ကို မပြောချင်ဘူး။

သခင်ကြီးကျီ မဖြေတာကိုတွေ့တော့ သူတို့နှစ်ယောက်က မေးခွန်းတွေမမေးတော့ပေ။ အကြောင်းအရာကို ဖိမိလျှင် သူတို့ဆူခံရနိုင်သည်။

"အဖေ၊ အဖေ့ဖုန်းမှာ မက်ဆေ့ချ်ပို့လို့ရတဲ့ အက်ပ်ရှိလား။" ဖန့်ရှောင်နွမ် မေးလိုက်သည်။

သခင်ကြီး ကျီ ပြောလိုက်သည်။ “ဒါက ငါ့အတွက် ဘာလိုအပ်လို့လဲ။ ဖုန်းခေါ်တာက ဘယ်အရာကိုမဆ်ို ဖြေရှင်းနိုင်တာပဲဟာ။ မက်ဆေ့ချ်ပို့တာက အသေးအဖွဲ့လေး" မျိုးဆက်ကွာဟမှုက သိသာထင်ရှားသည်။ စိတ်ထဲမှာတော့ သူက အရမ်းရှေးရိုးဆန်နေဆဲပင်။ သူက အသစ်အဆန်းများကို သိပ်လက်ခံလေ့မရှိပေ။ သူ့ပတ်ဝန်းကျင်က လူတွေက လူမှုဖျော်ဖြေရေးအတွက် ဖုန်းတွေသုံးနေတာကို မြင်ရင်တောင်မှ သူ လိုက်လျောညီထွေ မနေချင်တော့ဘူး။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျီဝမ်က သူ့အတွက် chatting app တစ်ခုကို ဒေါင်းလုဒ်လုပ်ပေးချင်တဲ့အကြောင်း ပြောခဲ့ဖူးသည်။ ဒါပေမယ့် ဒီခေါင်းမာတဲ့လူကြီးက ဘာပဲဖြစ်ဖြစ် သဘောမတူခဲ့ချေ။ နောက်ဆုံးမှာ သူသာ အရှုံးပေးခဲ့ရသည်။ ကျီဝမ်က ဖန့်ရှောင်နွမ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတ်တဆိတ် ပြောပြခဲ့သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အဖေ မှားယွင်းတဲ့နည်းလမ်းကို သုံးခဲ့တာဖြစ်မယ်" ထို့ကြောင့် သူမကိုယ်တိုင် လှုပ်ရှားခဲ့သည်။

"အဖေ၊ အဖေ group admin ဖြစ်ချင်လား" လို့ ဖန့်ရှောင်နွမ် မေးလိုက်သည်။

"Group Adminဆိုတာ ဘာလဲ" သခင်ကြီးကျီ စိတ်ဝင်တစား မေးလိုက်သည်။

ဖန့်ရှောင်နွမ်က အစားစားချိန်တုန်းက ဒီကိစ္စကို ပြောပြချင်ပေမယ့် သူမရဲ့ယောကျ်ားက အစားတွေကို သူမရဲ့ပါးစပ်ထဲထည့်နေတာကြောင့် သူမ ဒါကို မေ့သွားခဲ့သည်။ အခုတော့ သူမ ပြန်ဖော်လိုက်ပြန်ပြီ။

“Group Admin ဆိုတာက ကျွန်မတို့မိသားစုရဲ့ အကြီးအကဲပဲ။ ကျွန်မတို့ Group တစ်ခုဖွဲ့မယ် ပြီးရင် မိသားစုထဲက လူတွေအကုန်လုံးကို ထည့်ထားမယ်။ အဖေက အဖွဲ့ခေါင်းဆောင်ဖြစ်တာကြောင့် ဘယ်သူ့ကို ဖြတ်တောက်မယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ တစ်နေ့ အဖေ စိတ်အခြေအနေ မကောင်းဖြစ်ရင် အဖေလိုချင်တဲ့လူကို ထုတ်ပစ်နိုင်တယ်"

သခင်ကြီး ကျီက အချိန်အတော်ကြာ ခေါင်းဆောင်မဖြစ်ခဲ့တာကြောင့် Group admin အခန်းကဏ္ဍကို ရုတ်တရက် စိတ်ဝင်စားသွားခဲ့သည်။ " ရှောင်နွမ်၊ ဒီ group admin အကြောင်း ပြောပြ။ ငါဘယ်လိုလုပ်ရမှာလဲ။"

ဖန့်ရှောင်နွမ်ရဲ့အကြံက အောင်မြင်ခဲ့သည်။ သူမက သခင်ကြီးကျီအား group တစ်ခုတည်ဆောက်ပုံ၊ အဖွဲ့ခေါင်းဆောင်၏ အခွင့်အရေးများနှင့် အဖွဲ့တစ်ခုဖန်တီးခြင်း၏ အကျိုးကျေးဇူးများကို လျင်မြန်စွာ ရှင်းပြခဲ့သည်။

“ဒါက ဥပမာတစ်ခုပဲ အဖေ။ ကျွန်မယောကျ်ားမှာ လူမှုရေးပွဲတက်ဖို့ရှိရင် သူ အိမ်ကို ဖုန်းဆက်စရာမလိုဘူး။ ညစာစားဖို့ အိမ်ပြန်မှာမဟုတ်ဘူးလို့ အဖွဲ့ထဲမှာ မက်ဆေ့ခ်ျပို့လိုက်ရုံပဲ။ ကျွန်မတို့ရဲ့ မိသားစုတစ်စုလုံး မက်ဆေ့ချ်ကို မြင်နိုင်မယ်။ ပြီးရင် မီးဖိုချောင်ကို ဟင်းပွဲ လျှော့ချဖို့ အကြောင်းကြားလို့ရတယ်။”

“ဒါက တခြားဥပမာတစ်ခု။ အရသာရှိမယ့်ဟာတစ်ခုခုတွေ့ရင် Group မှာ ဓါတ်ပုံတစ်ပုံပို့ပေးပြီး စမ်းစားကြည့်ချင်တဲ့သူရှိမရှိ မေးလို့ရတယ်။ အဖေ စိတ်ဝင်စားတာကို ပြန်ပြောလို့ရတယ်၊ ကျောင်းဆင်းရင် အဲဒီအရသာရှိတဲ့ အစားအစာတချို့ကို အိမ်ပြန်ဝယ်လာပေးလို့ရတာပေါ့"

“ဒါ့အပြင် ကျွန်မရဲ့ယောက်မ စျေးဝယ်ထွက်ရင် ကျွန်မမှာဝယ်စရာတွေရှိတယ်ဆိုရင် အဖွဲ့ကို မက်ဆေ့ခ်ျပို့ပြီး ကျွန်မအတွက် ဝယ်လာပေးခိုင်းလို့ရတယ်”

သခင်ကြီးကျီ အဲ့တာကို ပိုနားထောင်လေ၊ ဒီ group က အကြံကောင်းတစ်ခုလို့ ပိုခံစားရလေလေပင်။ နားထောင်လို့ အဆင်ပြေတယ်။ မက်ဆေ့ခ်ျပို့ရုံနဲ့ မိသားစုအားလုံး မြင်နိုင်မယ်။ ပြဿနာအများကြီးကို သက်သာစေမယ်။

"ရှောင်နွမ် ဒါဆို ငါ group admin ဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲ" သခင်ကြီး ကျီ စိတ်ဝင်တစား မေးလိုက်သည်။

ဖန့်ရှောင်နွမ်က သူမရဲ့ဖုန်းကို ထုတ်ပြီး သခင်ကြီးကျီအား အက်ပ်ကို ဒေါင်းလုဒ်လုပ်နည်း၊ စာရင်းသွင်းရန်နှင့် အခြေခံအားဖြင့် အသုံးပြုနည်းကို စတင်သင်ကြားပေးခဲ့သည်။

သူတို့အနားမှာရှိနေတဲ့ ကျီဝမ်က အလွန်ရှောခ့်ရသွားကာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ ဖန့်ရှောင်နွမ်က စကားပြောကောင်းသူဖြစ်သည်ကို သူနားလည်ခဲ့သည်။ သူမက လူတွေကို ဆူပူကြိမ်းမောင်းခြင်း၊ လူတွေကို စော်ကားခြင်း၊ လူတွေကို ဒေါသထွက်စေခြင်း၊ လူတွေကို လှည့်စားခြင်းနှင့် လူတွေကို ချွဲကာ ချော့တတ်တဲ့သူဖြစ်သည်။ သူမက စွယ်စုံရနှင့် စွမ်းရည်ပြည့်ဝသော စကားပြောကောင်းသူတစ်ဦးဖြစ်သည်။ သူ နှစ်အနည်းငယ်ကြာအောင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူမက စကားအနည်းငယ်ပြောရုံဖြင့် သူ့အဖိုးကို အက်ပ်ကိုဒေါင်းလုဒ်ဆွဲရန် ဆွဲဆောင်နိုင်ခဲ့သည်။

"ရှောင်နွမ်၊ ဘာလို့ ဒီအတည်ပြုကုဒ်က ငါ့ဆီ မပို့သေးတာလဲ "သခင်ကြီး ကျီ စိုးရိမ်တကြီး မေးလိုက်သည်။ Group Admin ဖြစ်ဖို့ မစောင့်နိုင်တော့ဘူး။

ဖန့်ရှောင်နွမ်က အဲဒါကိုကြည့်ပြီး ပြောလိုက်သည်။ “ခဏနေရင် ရောက်လာလိမ့်မယ်။ အဖေ၊ စိတ်မပူနဲ့"

သူတို့နှစ်ဦး ဆယ်မိနစ်ကျော်ကြာအောင် သူတို့ ဖုန်းတွေနဲ့ ကလိနေကြသည်။

"ငါ အောင်မြင်စွာ စာရင်းသွင်းပြီးပြီ။" သခင်ကြီး ကျီက စာရင်းသွင်းထားသော အကောင့်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်ခဲ့သည်။

"ဒါဆို ငါ မင်းနဲ့ ဘယ်လို သူငယ်ချင်းလုပ်လို့ရမလဲ" သခင်ကြီး ကျီက ထပ်မေးလိုက်သည်။

ဖန့်ရှောင်နွမ်က သူငယ်ချင်းတွေ ထည့်တဲ့နည်းနှင့် မက်ဆေ့ချ်ပို့ပုံတို့ကို စိတ်ရှည်စွာ သရုပ်ပြခဲ့သည်။

ဒုတိယထပ်ရှိ အမျိုးသားက လက်ရန်းဘေးတွင် ရပ်ကာ ဇနီးဖြစ်သူအား စောင့်ကြည့်နေသည်။ အစကတော့ သူမကို တစ်ရေး အိပ်စေချင်ပေမယ့် သူ့အဖေကို သူမပြောနေတာကို ကြားလိုက်တာနဲ့ စိတ်ဝင်တစားဖြစ်သွားသည်။ သူအစကတည်းက ကြည့်နေခဲ့တာ။ သူ့အဖေက အသက်ကြီးပြီ။ သူ့မိသားစုက သူ့ကို စာဖတ်ပြီး အိမ်မှာပဲမနေဘဲ အပြင်ထွက်ဖို့ အကြံပေးခဲ့ဖူးသည်။ ဒါပေမယ့် သူ့အဖေက ခေါင်းမာပြီး အကြောင်းပြချက်ကို နားမထောင်ပေ။ နောက်ဆုံးတော့ လူတိုင်းလက်လျှော့လိုက်ကြသည်။

မမျှော်လင့်ဘဲ၊ သူ့ဇနီးလေး အိမ်ထဲဝင်ပြီးကတည်းက သူ့အဖေကို သူ့အခွံထဲကနေ ထွက်လာအေယင် ချော့ခေါ်နိုင်ခဲ့သည်။ သူ့ဇနီးလေးက သူ့မိသားစုအပေါ်မှာ အလွန်စိတ်ရှည်ကြောင်းကိုလည်း သူ တွေ့ရှိခဲ့သည်။ သူ့အဖေက သူ့ပရိုဖိုင်ပုံပြောင်းတာ၊ အတည်ပြုကုဒ်ကို ဘယ်လိုယူရမယ်ဆိုတာ ဘာမှမသိပေ။ စိတ်မရှည်တဲ့လူက ဒေါသတွေ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ။ ဒါပေမယ့် သူ့ဇနီးလေးက သူ့အဖေကို စိတ်ရှည်ရှည်နဲ့သင်ပေးနေသည်။ သူ့မိသားစုနဲ့ သူမဘယ်လောက်ထိ ရိုးရိုးသားသား ဆက်ဆံတယ်ဆိုတာ ရှင်းနေသည်။

All Chapters