← Chapters

အခန်း (၁၇၄)

Vol. 12 Ch. 174

အခန်း (၁၇၄)

Vol. 12 Ch. 174

ခဏအကြာ၌ ရေချိုးခန်းထဲက ရေသံတွေ ထွက်လာသည်။ ဖန့်ရှောင်နွမ်က သူမခင်ပွန်း အိပ်ခန်းထဲမှာ အမှန်တကယ်မရှိသည်ကို မြင်လိုက်ရသောကြောင့် သူမလက်တွေကို မျက်နှာပေါ်မှ ဖယ်လိုက်သည်။ သူမ ကုတင်ပေါ် ခုန်တက်ကာ ကြိမ်ဖန်များစွာ စိတ်လှုပ်ရှားစွာ လှည့်လိုက်သည်။ ထို့နောက် သူမ ကုတင်ပေါ်မှ ခုန်ဆင်းကာ မှန်ထဲမှာ မိမိကိုယ်ကို ကြည့်ရန် အဝတ်စားထားသည့် အခန်းထဲသို့ ပြေးသွားခဲ့သည်။ သူမ မျက်နှာက မှန်ထဲ၌ ခရမ်းချဉ်သီးလို နီရဲနေခဲ့သည်။ သူမ မျက်နှာကို ပွတ်သပ်ပြီး မှန်ထဲကိုပြောခဲ့သည်။ “နင် ရူးနေလား။ ဦးနှောက်ထဲမှာ ရေတွေဝင်နေတာလား။ နင်ဘာလို့ ရိုးရိုးသားသား မတွေးတာလဲ"

သူမ ထိုနေရာတွင် ခဏရပ်ပြီး အံ့အားသင့်သွားသည်။ ရေစီးသံကို သူမ မကြားနိုင်တော့ဘဲ အိပ်ရာထဲသို့ အမြန်ပြန်ဝင်ခဲ့သည်။

ခဏနေတော့ ကျီလင်းချန်က တဘက်ပတ်ထားပြီး ထွက်လာသည်။ သူ လှည့်ကြည့်လိုက်တော့ သူ့အကြည့်တွေက ကုတင်ပေါ်က သေးသေးလေးဖောင်းနေတဲ့နေရာပေါ်ရောက်သွားသည်။ သူ လျှောက်သွားလိုက်သည်နှင့် ကုတင်ပေါ်မှ ဖောင်းနေတဲ့သေးသေးလေးက လှုပ်သွားသည်။

သူ သူမကိုသတိပေးလိုက်သည်။ “ကိုယ့်ကိုယ်ကို အသက်ရှူမဝအောင် မလုပ်နဲ့။ အိပ်ရင် စောင်ကို ခေါင်းထိမခြုံထားနဲ့"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မ ရှင့်ကို မတွေ့ချင်ဘူး…”

ကျီလင်းချန် စိတ်ရှည်ရှည်နဲ့ အကြံပေးလိုက်သည်။ “ကိုယ်တို့က လင်မယားတွေလေ။ ခုဏက…"

" နားမထောင်ဘူး! နားမထောင်ဘူး! နားမထောင်ဘူး!" ဖန့်ရှောင်နွမ်က သူမ နားရွက်ကို အုပ်ကာ ခင်ပွန်းဖြစ်သူအား ကျယ်လောင်စွာ ဟန့်တားခဲ့သည်။

“ကောင်းပြီ ကိုယ် မပြောတော့ဘူး။ မင်းခေါင်းကို အရင်ထုတ်လိုက်။ မဟုတ်ရင် မင်းအသက်ရှုကျပ်လာလိမ့်မယ်။" သူစကားပြောနေစဉ်မှာပဲ ကျီလင်းချန်က စောင်ကိုဆွဲဖို့ လက်လှမ်းလိုက်သည်။

ဖန့်ရှောင်နွမ် လျင်မြန်စွာ လှိမ့်ကာ ကြက်သားလိပ်ကြီးကဲ့သို့ စောင်ထဲ၌ သူမကိုယ်သူမ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားသည်။

ကျီလင်းချန်က သူမ ဘာကြောင့် ဒီလောက်ပြင်းပြင်းထန်ထန် တုံ့ပြန်ရတာလဲလို့ တွေးမိသည်။ သူတို့က လင်မယားတွေပဲဟာ။ တစ်သက်လုံး သူမ သူ့ဆီကနေ ပုန်းနေတော့မှာလား။ သူမ ထူထဲတဲ့ အသားအရေ ဖွံ့ဖြိုးဖို့ လိုအပ်တယ်လို့ သူ ခံစားခဲ့ရသည်။ သူမ ရှက်နေတာကို ခွင့်ပြုပေးလိုက်ရင် ခင်ပွန်းတစ်ယောက်အနေနဲ့ သူ့ရဲ့အခွင့်အရေးကို ဘယ်အချိန်မှာ ကျင့်သုံးလို့ရနိုင်မှာလဲ။

ကျီလင်းချန် လုံးဝအကူအညီမဲ့သွားသလိုပင် အဲ့အချိန်မှာ သူ့ဖုန်းမြည်လာခဲ့သည်။ ကော်ဖီ စားပွဲဆီသို့ လျှောက်သွားပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဟယ်လို၊ ကျီလင်းချန်ပါ "

“ဟုတ်ပြီ ကိစ္စမရှိဘူး”

“ အခုထွက်လာမယ်။ မင်းအနားမှာ အမျိုးသမီးတွေဘယ်နှစ်ယောက်ရှိလဲ"

“ဟုတ်ပြီ၊ အဆင်ပြေတယ်။ နာရီဝက်အတွင်း ရောက်မယ်။"

ထိုစကားကိုပြောပြီးနောက် ကျီလင်းချန် ဖုန်းချလိုက်သည်။ သူ ကုတင်ပေါ် လှမ်းကြည့်လိုက်ပြန်သည်။ “အမျိုးသမီးတွေ” ဆိုတဲ့ စကားကိုကြားပြီးနောက် ဇနီးဖြစ်သူက ထထိုင်ကာ နှုတ်ခမ်းစူနေပြီပင်။

"ရှင် ဘယ်သွားမလို့လဲ" ဖန့်ရှောင်နွမ် ရာဇ၀တ်ကောင်ကို စစ်ဆေးမေးမြန်းနေသလိုမျိုး မေးနေသည်။ ဒီအချိန်မှာ သူမဟာ ခုနက ရှက်နေတဲ့ မိန်းမနဲ့ လုံးဝကို မတူတော့ပေ။ ဤအခိုက်အတန့်တွင် သူမ ရှက်မနေတော့ပေ။ သူမရဲ့ယောကျ်ား မိန်းမတချို့နဲ့ သွားတွေ့တော့မယ်ဆိုတာကိုသာ သူမ သိတော့သည်။

ခင်ပွန်းဖြစ်သူ ပြန်မဖြေတာကိုမြင်တော့ သူမဆက်မေးဖို့လုပ်လိုက်သည်။ “ရှင့်ကို စကားပြောနေတယ်လေ။ ရှင်ဘယ်သွားမလို့လဲလို့ "

ကျီလင်းချန် မဖြေသေးပေ။ သူ အဝတ်စားထားသည့်အခန်းထဲကို ဝင်သွားလိုက်သည်။

ဖန့်ရှောင်နွမ် ကုတင်ပေါ်က ဆင်းပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။

ဒါကိုမြင်တော့ ကျီလင်းချန်က သဘက်ကို ချွတ် ဟန်ဆောင်လိုက်သည်။ ဖန့်ရှောင်နွမ် ချက်ချင်းလှည့်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူမ မေးလိုက်သည်။ “ယောကျ်ား၊ ဖုန်းထဲမှာ ရှင်ပြောလိုက်တာကို ကျွန်မကြားပြီးပြီ။ အရမ်းအဝေးကြီးကို မသွားနဲ့!"

ကျီလင်းချန် ဗီရိုထဲမှအဝတ်အစားအချို့ကို အေးအေးဆေးဆေးထုတ်ကာ ဝတ်လိုက်သည်။ သူ့ခေါင်းထဲမှာ ဇနီးဖြစ်သူ၏ မရပ်မနားနားပူနားဆာလုပ်နေတဲ့အသံများဖြင့် ပြည့်နေသည်။

“ရှင်က လက်ထပ်ပြီးသား။ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဖြူစင်အောင်နေရမယ်"

“ကျွန်မတို့ နှစ်ယောက် မနေ့ညက စပြီးချိန်းတွေ့ထားကြတာလေ။ ရှင် ကျွန်မကိုလှည့်စားရဲရင် လမ်းခွဲဖို့ မေ့လိုက်။ ကျွန်မ ရှင့်ကို ချက်ချင်းကွာရှင်းပစ်မယ်!"

ကျီလင်းချန် သူ့အဝတ်အစားတွေကိုလဲနေပြီ။ သူ့အဝတ်အစားနဲ့ လိုက်ဖက်တဲ့ နာရီကို ရွေးပြီး ဝတ်ဖို့ ဗီရိုဆီကို အေးအေးလူလူ သွားခဲ့သည်။

ဖန့်ရှောင်နွမ် ခေါင်းမလှည့်ရဲပေ။ သူမ ယောကျ်ားဖြစ်သူကိုကျေပေးထားပြီး ဆက်ပြောနေခဲ့သည်။ “ယောက်ျားဆိုတာ ကတိတည်ရမယ်။ ရှင် လိုချင်တဲ့ မိန်းကလေးလှလှလေးတွေကို ရွေးလို့မရဘူး။ သူတို့က ဘယ်လောက်ပဲ လှနေပါစေ၊ သူတို့က ရှင့်ဟာမဟုတ်ဘူး။ ကျွန်မတစ်ယောက်ပဲ အိမ်မှာရှိတဲ့ ဒီပန်းကလေးကမှ ရှင့်အပိုင်"

ကျီလင်းချန် ခြေအိတ်တွေ ဝတ်ပြီးနေပြီ ဖြစ်သည်။ သူမတ်တပ်ရပ်လိုက်ပြီး သူ့မိန်းမနောက်ကို သွားခဲ့သည်။ သူ့မိန်းမကို ပခုံးတွန့်ပြရင်း အဝတ်စားထားတဲ့အခန်းကနေ ထွက်လာခဲ့သည်။

ဖန့်ရှောင်နွမ် အံ့သြသွားသည်။ သူ့အဝတ်အစားတွေကို ဒီလောက်မြန်မြန်လဲနိုင်တာလား။ သူမ သူ့နောက် အမြန်လိုက်သွားခဲ့သည်။

"ယောကျ်ား ရှင်နားထောင်နေလား"

ကျီလင်းချန် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ "အင်း အကျဉ်းချုပ်ပြောရရင် မင်းရဲ့ယောက်ျားအနေနဲ့ ကိုယ် ဆက်ပြီးဖြူစင်အောင်နေသင့်တယ်"

ဖန့်ရှောင်နွမ် ကျေနပ်စွာ ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ဟုတ်တယ်၊ အခု ရှင် ကျွန်မကိုပြော၊ ရှင် တခြားမိန်းမတွေနဲ့ သွားတွေ့မှာလား။"

ကျီလင်းချန် ပြောလိုက်သည်။ "တွေ့မှာ"

သူတို့စကားပြောနေစဉ် ကျီလင်းချန်က တံခါးဆီသို့ လျှောက်လှမ်းနေပြီဖြစ်သည်။ သူ ဖိနပ်တွေထည့်ထားသည်ဗီရိုထဲမှ အသစ်စက်စက် သားရေဖိနပ်တစ်ရံကို ယူကာ ဝတ်လိုက်သည်။ ကားသော့ကို ကောက်ကိုင်ကာ ထွက်သွားခဲ့သည်။ သူ မထွက်သွားခင်မှာ သူ့ဇနီးလေးကို ပြောလိုက်သည်။ "မင်း နေ့ခင်းဘက် ပျင်းရင် ရှောင်ဝမ်နဲ့ သွားကစားနေ။ မင်း တကယ်စိတ်မငြိမ်ဘူးဆိုရင် မင်းရဲ့ယောက်မနဲ့ ဈေးဝယ်ထွက်။ ကိုယ့်ကို မစောင့်နဲ့။ ကိုယ် နောက်ကျမှ ပြန်လာမှာ"

"ရှင်... ကျီလင်းချန်၊ ရှင် ထွက်သွားရင် ကျွန်မကိုဘယ်သူကားမောင်းသင်ပေးမှာလဲ!" ဖန့်ရှောင်နွမ် ဒေါသတကြီး ပြောလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "မနက်ဖြန်ကိုယ်သင်ပေးမယ်။ တစ်ယောက်ယောက်က ငါ့ကို စောင့်နေပြီ။ ကိုယ် အခုသွားမှရတော့မယ်။" ထိုစကားကိုပြောပြီးနောက် ကျီလင်းချန်က သူ့ကားနဲ့ ထွက်သွားခဲ့သည်။

ဖန့်ရှောင်နွမ် စိတ်ရှုပ်စွာဖြင့် သူမရဲ့အခန်းထဲသို့ ပြန်လာခဲ့သည်။ သူမ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာခဲ့သည်။

ကျီလင်းချန်က ကားမောင်းရင်း သိက္ခာမဲ့စွာ ရယ်နေခဲ့ပြီး ဇနီးဖြစ်သူ၏ သဝန်တိုနေတဲ့ မျက်နှာကို ပြန်တွေးနေမိသည်။ သူမကို သဝန်တိုအောင် မလုပ်ရင် သူ့ခံစားချက်ကို သူမ လုံးဝနားလည်မှာ မဟုတ်ပေ။ ထို့ကြောင့် ဇနီးဖြစ်သူက သူ့ကိုမကြာမီ လက်ခံလာမည်ဟု မျှော်လင့်ကာ သူမအား တမင်တကာ စနောက်ခဲ့တာဖြစ်သည်။

All Chapters