အခန်း (၁၇၈)
Vol. 12 Ch. 178
ကျီလင်းချန်က သူမ လုပ်လို့ပြီးပြီဟု ထင်လိုက်သောအခါတွင် ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ အိမ်သာသန့်စင်ဆေးကို စတင်လောင်းချလိုက်သည်။ စူးရှသောအနံ့က ကျီလင်းချန်၏ နှာခေါင်းထဲသို့ ချက်ချင်းရောက်သွားသည်။ သူ မပျော်ရွှင်စွာပြောလိုက်သည်။ "ရှောင်နွမ်၊ မင်းဘာလုပ်နေတာလဲ!"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မ အခုပိုးသတ်နေတာ၊ အခု ကျွန်မ သန့်ရှင်းရေး လုပ်နေတယ်!" ဒါပေမယ့် မပြီးသေးဘူး။ စားပွဲပေါ်တွင် ချွတ်ဆေးပုလင်းတစ်ပုလင်း ရှိနေသေးသည်။
ကျီဝမ်နဲ့ ဖန်ချီတို့ သူတို့ရဲ့အာရုံတွေဆီ ပြန်ရောက်ရှိသွားကြသည်။ အခြေအနေတွေ ပိုဆိုးလာတာကို တွေ့လိုက်ရတော့ ဖန့်ရှောင်နွမ်ကို အမြန်တားလိုက်ပြီး အိမ်သာသန့်စင်ဆေးကို သူမဆီကနေ ဖယ်လိုက်သည်။ ဖန့်ရှောင်နွမ်ကို ဆွဲထုတ်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ကြသည်။ ဖန်ချီ မေးလိုက်သည်။ " ရှောင်နွမ်၊ စိတ်အေးအေးထား။ ဘာဖြစ်တာလဲ ပြောပြပါဦး။ မင်း ဘာလို့ ဒေါသထွက်နေတာလဲ"
ကျီဝမ်က အခွင့်အရေး ယူပြီး စားပွဲကို ဆွဲကာ ကျီလင်းချန်ကို အိမ်ထဲပေးဝင်ခဲ့သည်။ “ဦးလေး၊ ဦးလေး အသုံးမကျဘူး။ အဒေါ်က ဦးလေးကို တစ်နေ့ခင်းလုံးလိုက်ရှာနေခဲ့တာ"
ကျီလင်းချန် ဧည့်ခန်းထဲသို့ ၀င်သွားသည်။ သူ သူ့မိန်းမကို ပြစ်တင်ရှုံ့ချတော့မယ့်အချိန်မှာ သူ ရုတ်တရက် အေးခဲသွားသည်။
သူ့မိန်းမက နှုတ်ခမ်းတွေကို ဖိထားကာ ဒေါသတကြီး ကြည့်နေသည်။ သူမ မျက်လုံးတွေက မှုန်မှိုင်းနေပြီး၊ သူမ အချိန်မရွေး ငိုတော့မယ်လို့ ထင်ရသည်။ သူ့မိန်းမကိုမြင်တော့ ကျီလင်းချန် ရဲ့ဒေါသက ခြေရာမရှိ ပျောက်သွားသည်။ သူမကို အပြစ်တင်လို့ မရဘူး။
"ရှောင်နွမ်၊ ဒီကိုလာ"ကျီလင်းချန် ညင်သာစွာပြောသည်။
ဖန့်ရှောင်နွမ် ဖန်ချီရဲ့ ရင်ခွင်ထဲမှ ပြေးထွက်သွားသည်။ သူမ အရောင်ချွတ်ဆေးကို ကောက်ယူလိုက်ပြီး ကျီလင်းချန်ပေါ် လောင်းချတော့မည်။ ကံကောင်းထောက်မစွာဖြင့် ကျီဝမ်က အရောင်ချွတ်ဆေးကို အမြန်ယူနိုင်ခဲ့သည်။
"စိတ်အေးအေးထားပါ။ ဒါနဲ့ မင်း လူတွေကို ဒုက္ခပေးနိုင်တယ်” ကျီဝမ် ပြောလိုက်သည်။
ယခုအချိန်တွင် ဆိုရှယ်မီဒီယာကို စွဲလန်းနေတဲ့ သခင်ကြီးကျီက နောက်ဆုံးတွင် ဖြစ်ပျက်နေတာတွေကို သတိပြုမိသွားသည်။
"ဘာတွေဖြစ်နေတာလဲ" သခင်ကြီး ကျီက စိတ်ရှုပ်စွာ မေးလိုက်ပေမယ့် ဘယ်သူမှ ပြန်မဖြေကြပေ။
ဖန့်ရှောင်နွမ် ငိုထားတာကို သခင်ကြီး ကျီ သတိထားမိသွားပြီး ထပ်မေးလိုက်သည်။ " ရှောင်နွမ်ကို ဘယ်သူက ငိုအောင်လုပ်ထားတာလဲ" တုံ့ပြန်မှု မရှိသေးပေ။ သူ သူ့မိသားစုကို စတင်ကြည့်ရှုလေ့လာပြီး ရန်ဖြစ်ထားပုံပေါ်ကြောင်း သူသဘောပေါက်ခဲ့သည်။ သူ နားလည်သွားသည်။ သူ့ရဲ့ဒုတိယသားကြောင့် ဒီလိုဖြစ်ထားတာ။
"ကျီလင်းချန်၊ ရှောင်နွမ်ကို ထပ်ငိုအောင် မင်းဘာလုပ်ထားတာလဲ။"
“အသုံးမကျတဲ့သား။ ဒါက နေ့တိုင်း ငါ့ကို စိတ်ဆိုးအောင်လုပ်တဲ့ဟာတစ်ခုပဲ၊ ဒါပေမယ့် မင်းကို မိန်းမရှာပေးရတာ အရမ်းခက်တယ်။ အခုထိ မင်း ငါ့ကို စိတ်ဆိုးအောင် လုပ်နေတုန်းပဲ"
" ရှောင်နွမ်က အရမ်းတော်တဲ့ ဇနီးတစ်ယောက်ဖြစ်ပေမယ့် မင်း သူ့ကို ငိုအောင်လုပ်နေတယ်။ မင်းက ရိုက်ဖို့ပဲတန်တယ်လို့ ငါထင်တယ်!" သခင်ကြီး ကျီက သူ့သားကို သိမ်းကျုံးဆူနေခဲ့သည်။ ထို့နောက် သူ ထပြီး သူ့တုတ်ကို ရှာနေသည်။ သူကြိမ်လုံးကောက်ပြီး သူ့သားကို ရိုက်ဖို့ ကြိုးစားလိုက်သည်။
သူ့အနားရှိ မြို့တော်ဝန် ကျီက အမြန်တားပြီး အကြုပေးခဲ့သည်။ "အဖေ၊ ခဏလေး လင်းချန် ပြောတာကို နားထောင်လိုက်ဦး"
"သူပြောတာကို နားထောင်ရမှာလား။ ဘာအတွက်လဲ။ သူ ရှောင်နွမ်ကို ငိုအောင်လုပ်ခဲ့တာမဟုတ်လား။ ငါ သူ့ကိုဘယ်လိုလွှတ်ပေးရမှာလဲ!" ထိုစကားကိုပြောပြီးနောက် သခင်ကြီး ကျီက သူ့ရဲ့ကြိမ်လုံး ထပ်ပြီးမခဲ့သည်။
မြို့တော်ဝန် ကျီက သူ့တုတ်ကို ဆွဲလိုက်ပြန်သည်။ သူက သူ့ထက် သန်မာတဲ့အတွက် သခင်ကြီး ကျီက အတင်းအကျပ် စွန့်စားလိုက်ရသည်။
ကျီဝမ်က ဖန့်ရှောင်နွမ် သူ့ဦးလေးဆီ အမြန်သွားပြီး သူ့ဦးလေးကို ရိုက်လိုက်မှာကို စိုးရွံ့ခဲ့သည်။ သူ အရောင်ချွတ်ဆေးကို ဘေးသို့ပစ်ချလိုက်ပြီး ဖန့်ရှောင်နွမ် လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သူမကို ဒေါသမထွက်စေအောင် ဆက်ထိန်းထားသည်။
မိသားစုထဲမှာ အားလုံးနီးပါးက ဖန့်ရှောင်နွမ်ရဲ့ဘေးမှာရှိနေပေမယ့် ကျီလင်းချန် အနားမှာတော့ ဘယ်သူမှမရှိပေ။ အားလုံးက ကျီလင်းချန်၏ ရှင်းပြချက်ကို စောင့်မျှော်နေကြပြီး လူငယ်စုံတွဲကို ကြည့်နေကြသည်။
ကျီလင်းချန်က သူ့ဇနီးရှိရာသို့ လျှောက်သွားပြီး တူဖြစ်သူကို တွန်းထုတ်လိုက်သည်။ သူ သူ့မိန်းမရဲ့လက်ကို ကိုင်လိုက်သည်။
ဖန့်ရှောင်နွမ်က သူ့လက်ကို အတင်းဆွဲဖယ်ပြီး ဒေါသတကြီးပြောခဲ့သည်။ "ရှင် အပြင်မှာ ကစားလို့ဝသွားတော့ အခု မင်း အိမ်ပြန်လာချင်နေပြီလား။"
ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ်နဲ့ အခန်းထဲ လိုက်ခဲ့။ ကိုယ် ရှင်းပြနိုင်တယ်။"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင် ကျွန်မကိုပြောပြဖို့ ပြီးပြည့်စုံတဲ့ လိမ်ညာမှုတစ်ခုကို ဖန်တီးပြီးသွားပြီ မဟုတ်လား"
ကျီလင်းချန် ထပ်ပြောလိုက်သည်။ "မင်းကို ကိုယ်လိမ်မယ်လို့ ထင်နေတာလား။"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဘယ်သူကသိမှာလဲ!"
ဖန်ချီက စကားများရန်ဖြစ်နေကြတဲ့ လင်မယားကိုကြည့်ကာ မေးလိုက်သည်။ "လင်းချန်၊ ရှောင်နွမ်၊ ဘာတွေဖြစ်နေတာလဲ"
ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို ဒေါသတကြီး လက်ညှိုးထိုးပြခဲ့သည်။ "သူ ကျွန်မကို လှည့်စားတယ်!"
သခင်ကြီး ကျီ သူ့သားကို ဆူတော့မယ့်အချိန်မှာ တိတ်ဆိတ်နေတဲ့ သားဖြစ်သူကို စိုက်ကြည့်ကာ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည်။ သူ ဖန့်ရှောင်နွမ်ဘက် လှည့်မေးလိုက်သည်။ "ရှောင်နွမ်၊ ဒါက နားလည်မှု လွဲနေတာများလား။ လင်းချန်က ဘယ်လိုလုပ်လှည့်စားနိုင်မှာလဲ"
သူ့အဖေအနေနဲ့ ကျီလင်းချန် လှည့်စားတာကို သူ မယုံပေ။ သူ့ကို ကာကွယ်ပေးနေတာကြောင့် မဟုတ်ဘူး သူ့ကို ကောင်းကောင်းသိတာကြောင့်ပင်။
ဖန်ချီလည်း သူမရဲ့မက်လေးကို ကြည့်လိုက်သည် ။ သူမ ကျီ မိသားစုနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ကျီလင်းချန် ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့သည်။ သူမ သူ့အကြောင်းကို သေချာနားလည်ထားသောကြောင့် သူမ ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်းနားလည်မှုလွဲနေတာ ဖြစ်နိုင်တယ်"
ကျီလင်းချန်လို လူတစ်ယောက်က ဆက်ဆံရေးအသစ်ကို လိုချင်ပါက၊ သူ ကွာရှင်းပြတ်စဲဖို့ ဦးစွာတောင်းဆိုပြီးမှသာ ဆက်ဆံရေးကို ဆက်လုပ်ဆောင်မည်ဖြစ်သည်။ သူ အချစ်ဇာတ်လမ်းခင်းနေမှာမဟုတ်ဘူး။
မြို့တော်ဝန် ကျီကလည်း သူ့ညီ လှည့်စားတာက မဖြစ်နိုင်ဘူးလို့ ခံစားရသည်။
လူတိုင်းက သူမကို မယုံကြတာကိုမြင်တော့ ဖန့်ရှောင်နွမ် က နေ့လည်ခင်းတုန်းက သူမယောကျ်ားပြောသမျှကို လူတိုင်းကို ပြောပြခဲ့သည်။
“ဒါ့အပြင် ကျွန်မနဲ့ ရှောင်ဝမ် ကုမ္ပဏီသို့သွားပြီး သူသွားလေ့ရှိတဲ့ နေရာအားလုံးကို သွားခဲ့တယ်။ ကျွန်မတို့ သူ့ကို လုံးဝ ရှာမတွေ့ဘူး”
အခုတော့ အားလုံးက ကျီလင်းချန်ကိုကြည့်ပြီး သူ့ရှင်းပြချက်ကို စောင့်နေကြသည်။ ဖန့်ရှောင်နွမ်ရဲ့ အပြောအရ ကျီလင်းချန်မှာ အပြစ်ရှိပုံရသည်။