← Chapters

အခန်း (၁၇၇)

Vol. 12 Ch. 177

အခန်း (၁၇၇)

Vol. 12 Ch. 177

"ဘယ်သူလဲ" ဗီလာအတွင်းမှ အမျိုးသမီးတစ်ဦး၏ အသံထွက်လာခဲ့သည်။

ဖန့်ရှောင်နွမ်ရဲ့ သွေးတွေ သူမ၏ ပါးပြင်တွေဆီသို့ ချက်ချင်း စီးဆင်းသွားသည်။ လက်သီးတွေကို ဆုပ်ထားရင်း မျက်လုံးတွေ နီရဲနေခဲ့သည်။ တံခါးပွင့်လာဖို့ သူမ မစောင့်နိုင်တော့ပေ။

သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး တံခါးဖွင့်ပေးခဲ့သည်။

ဖန့်ရှောင်နွမ် သူမဒေါသကို ထိန်းကာမေးလိုက်သည်။ " ကျီလင်းချန်ကော "

သက်လတ်ပိုင်း အမျိုးသမီးက ပြောခဲ့သည်။ “သူ ဒီမှာ မရှိဘူး။ မင်းက ဘယ်သူလဲဆိုတာ မေးလို့ရမလား"

ကျီဝမ် အမြန်ပြေးလာပြီး ပြောခဲ့သည်။ "အဒေါ်ဝမ်၊ ကျွန်တော့်ဦးလေး ဒီမှာ မရှိဘူးလား"

"မင်္ဂလာပါ သခင်လေးကျီဝမ်။ သူ ဒီမှာ မရှိဘူး။ သူ မပြန်တာကြာပြီ။ အဒေါ်က ဒီနေရာကို သန့်ရှင်းရေးလုပ်ပေးနေတာ” လူလတ်ပိုင်း အမျိုးသမီးက ပြောလိုက်သည်

ကျီဝမ်ရဲ့ နှလုံးခုန်နှုန်းက သက်သာရာရသွားသည်။ သူ့ဘေးနားက ကောင်မလေးကို ကြည့်လိုက်ချိန် သူမလည်း စိတ်သက်သာရာရနေတဲ့ပုံဖြစ်နေတာကြောင့် ပြောလိုက်သည်။ “မိတ်ဆက်ပေးပါရစေ။ အဒေါ်၊ ဒါက ကျွန်တော့်ဦးလေးရဲ့ဇနီး ဖန့်ရှောင်နွမ်။ ဖန့်ရှောင်နွမ်၊ ဒီအမျိုးသမီးက အဒေါ်ဝမ်တဲ့။ သူမက Spirit Creek Villa သန့်ရှင်းရေးကို တာဝန်ယူထားတာ”

အဒေါ်ဝမ်က သူမရှေ့က ကောင်မလေးကို ကြည့်ပြီး ပြုံးပြုံးလေးပြောခဲ့သည်။ "ဒါဆို ဒါက မဒမ်ပေါ့။ ဆရာက မဒမ်အကြောင်း ပြောပြထားပါတယ်။ နောက်ဆုံးတော့ မဒမ်နဲ့တွေ့ခွင့်ရလို့ အရမ်းဝမ်းသာမိပါတယ်။"

ဖန့်ရှောင်နွမ် မေးလိုက်သည်။ “အဒေါ်ဝမ်၊ ကျွန်မယောကျ်ားကလွဲလို့ တခြားတစ်ယောက်ယောက်များ ဒီကိုလာသေးလား။”

အဒေါ်ဝမ် ခေါင်းခါလိုက်သည်။ “ဘယ်သူမှ ဒီမှာ မနေဖြစ်တာ ကြာပြီ။ ဆရာတောင်မှပြန်မလာဘူး"

ဤအခိုက်အတန့်တွင် ဖန့်ရှောင်နွမ်၏ ဆုပ်ထားတဲ့ လက်သီးတွေ နောက်ဆုံးမှာ ပြေလျော့သွားခဲ့သည်။ အဒေါ်ဝမ်ကို ကျေးဇူးတင်ကြောင်းပြောပြီး ကားပေါ်ပြန်တက်ခဲ့သည်။ သူမ ခွန်အားကို အကုန်သုံးလိုက်ရတော့ ထိုင်ခုံပေါ် လဲကျသွားပုံရသည်။ သူမ မျက်လုံးမှိတ်ပြီး "အိမ်ပြန်ရအောင်" လို့ ကျီဝမ်ကို ပြောလိုက်သည်။

ကျီဝမ် ပြောလိုက်သည်။ “ငါတို့ မသွားရသေးတဲ့ နေရာနှစ်ခုရှိသေးတယ်။ မသွားချင်တော့ဘူးလား"

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ငါ အရမ်းပျင်းနေပြီ။" သူမ တကယ်ပျင်းနေပြီ။ သူမ မသွားရဲတော့ဘူး။ သူမ ကျီလင်းချန်ကို တကယ်ရှာတွေ့မှာ ကြောက်သည်။ အခုပဲ အိမ်ကြီးထဲမှာ အမျိုးသမီးရဲ့ အသံကို ကြားလိုက်ရတော့ သူမ ဒေါသအရမ်းထွက်ပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ အကယ်၍ သူမ ဟိုတယ်ကိုသွားလိုက်ချိန် သူမယောကျ်ားကို အမှန်တကယ်တွေ့သွားရင် သူမ ဘာလုပ်ရမလဲ။ သူမ မောပန်းနွမ်းနယ်နေတော့ အရှုံးပေးလိုက်သည်။

ကျီဝမ် ဘာမှ မပြောဘဲ သူမကို ကျီမိသားစုရဲ့ နေအိမ်ဆီ ပြန်ပို့ပေးခဲ့သည်။ ဖန်ချီကို ဝင်တိုက်မိတဲ့ အချိန်မှာ သူတို့ နှစ်ယောက် အိမ်ပြန်ရောက်နေကြပြီ။

"ရှောင်နွမ်၊ မင်းကို လိုက်ရှာနေတာ" ဖန်ချီက ဖန့်ရှောင်နွမ် ကိုတွေ့တော့ အပြုံးလေးနဲ့ ပြောလိုက်သည်။

ဖန့်ရှောင်နွမ် ခေါင်းငိုက်စိုက်ကျပြီး အားအင်ချိနဲ့စွာမေးလိုက်သည်။ "ဘာဖြစ်လို့လဲ ယောက်မ။ ကျွန်မကို လိုက်ရှာနေတာလား။"

“အရေးတော့မကြီးပါဘူး။ လင်းချန်က မင်းပျင်းနေမှာစိုးလို့ မင်းနဲ့ ဈေးဝယ်ထွက်ပေးဖို့ပြောနေလို့။ မင်း အဝတ်အစားအသစ်တွေ ဝယ်လို့ရတယ်။ မကြာခင် အေးလာတော့မယ်။" ဖန်ချီက ဖန့်ရှောင်နွမ်အတွက် အလွန်စိုးရိမ်ခဲ့သည်။ သူမ ဖန့်ရှောင်နွမ် ဂါဝန် ဝတ်ထားသည်ကို မြင်တော့ ပြောလိုက်သည်။ “ဆောင်းဦးရောက်နေပြီ။ မင်း ဘာလို့ ဂါဝန်ဝတ်နေသေးတာလဲ။ သွားကြရအောင်။ အနွေးထည်ဝယ်ဖို့ သွားကြမယ်"

ဖန့်ရှောင်နွမ် ခေါင်းခါပြီး နုံးချိစွာပြောလိုက်သည်။ “ယောက်မ ကျွန်မ ကိုယ့်ဘာသာသွားလို့ရပါတယ်။ ကျွန်မအခန်းထဲပြန်တော့မယ်" ထိုစကားကိုပြောပြီးနောက် ဖန်ချီရဲ့အဖြေကိုမစောင့်ဘဲ အပေါ်ထပ်သို့တက်သွားသည်။

သူမအခန်းထဲပြန်ရောက်တော့ အတွင်းထဲကနေ တံခါးကို လောခ့်ချလိုက်သည်။ ထို့နောက် အားအင်ချိနဲ့စွာဖြင့် ကုတင်ပေါ် ပစ်လှဲချလိုက်ပြီး ငိုတော့သည်။ ခဏကြာတော့ စောင် စိုရွဲသွားခဲ့သည်

ညနေစောင်းတော့ ကျီလင်းချန် ပြန်မလာသေးပေ။ ကျီဝမ် က ဖန့်ရှောင်နွမ် ဧည့်ခန်းထဲ ဆင်းလာပြီး အားလုံးနဲ့ တီဗီကြည့်ခိုင်းဖို့ စောင့်နေခဲ့သည်။

ဖန်ချီက နေ့ခင်းဘက်တုန်းက ဖန့်ရှောင်နွမ် တစ်ခုခုဖြစ်နေကြောင်း သိလိုက်ရသောကြောင့် သူမသားကို အောက်ထပ်သို့ ခေါ်လာဖို့ တောင်းဆိုခဲ့သည်။ သူမကိုအခန်းထဲမှာပဲ မနေစေချင်ဘူး။

ဒါပေမယ့် ဖန့်ရှောင်နွမ်က TV ကို လုံးဝ ဂရုမစိုက်ပေ။ ရံဖန်ရံခါ သူမ တံခါးကို ကြည့်နေတတ်သည်။ ကျီလင်းချန် အလုပ်မှထွက်သွားလိုက်ပြီဖြစ်သော်လည်း ပြန်မလာသေးပေ။

" ရှောင်ဝမ် လာ၊ ငါ့ကို တစ်ခုခု သယ်ကူပေး။" ဖန့်ရှောင်နွမ် ရုတ်တရက်ထရပ်ပြီး ကျီဝမ်ကို ပရိဘောဂအခန်းထဲသို့ ဆွဲခေါ်သွားသည်။

သစ်သားစားပွဲအလွတ်တစ်လုံးကို သူမတွေ့ခဲ့သည်။ ကျီဝမ် စိတ်ဝင်တစား မေးလိုက်သည်။ "ဒီလောက်ကြီးတဲ့ စားပွဲကို ဘယ်မှာထားချင်လို့လဲ"

ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။ “ငါ အဲဒါကို တံခါးမှာကာဖို့ ထားချင်တယ်”

နှစ်ယောက်သား အိမ်တံခါးကို ပိတ်ဖို့ စားပွဲကို သုံးလိုက်ကြသည်။ ထို့နောက် ဖန့်ရှောင်နွမ် ပြန် ပျောက်သွားသည်။ ပြန်ပေါ်လာတော့ သူမလက်ထဲမှာ ရေဖြန်း ပုလင်းတစ်ခု ပါလာသည်။

ကျီဝမ် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ “ဒါက…”

ဖန့်ရှောင်နွမ် သူ့ကို လျစ်လျူရှုလိုက်သည်။ ရေဖြန်ဘူးကိုအဝေးမှာ ထားးပြီးတာနဲ့ ရေချိုးခန်းထဲကို ပြေးသွားသည်။ ထွက်လာတော့ အိမ်သာသုံး သန့်စင်ဆေး ပုလင်းကို ကိုင်ထားသည်။ အဲ့တာကိုထားပြီးနောက် သူမ ပျောက်ကွယ်သွားပြန်သည်။ ခဏကြာပြီးနောက် သူမ အရောင်ချွတ်ဆေးပုလင်း ထုတ်လာသည်။

ဖန်ချီ ကြက်သေသေသွားသည်။ ကျီဝမ်လည်း ကြက်သေသေသွားသည်။ မြို့တော်ဝန် ကျီက ဆိုဖာပေါ်၌ သူ့အဖေကို ချက်တင်အက်ပ်မှာ သူငယ်ချင်းအဖြစ် အပ်ပေးနေသည်။ သူ့ခယ်မ သွားလိုက်ပြန်လိုက်လုပ်နေတာကို မြင်တော့ သူ စူးစမ်းကာ ကြည့်နေသည်။ ဒီနေ့ ဘာဖြစ်သွားခဲ့တာလဲဆိုတာ သူ မသိလိုက်ပေ။

ည 8:30 ၌ ကျီလင်းချန် အိမ်သို့ပြန်လာခဲ့သည်။ ထိုမှသာ ဖန့်ရှောင်နွမ် ဘာလုပ်နေခဲ့လဲဆိုတာကို လူတိုင်းသိသွားကြသည်။

ကျီလင်းချန် အိမ်နားသို့ရောက်လာတော့ စားပွဲတစ်ခုက တံခါးကို ပိတ်ဆို့ထားမှန်း သူ သိလိုက်သည်။ ထို့နောက် ဖန့်ရှောင်နွမ်က သူ့မျက်နှာပေါ်ကို သွေးရူးသွေးတန်းနဲ့ တစ်ခုခုကို ဖြန်းခဲ့သည်။

"ရှောင်နွမ်၊ မင်းဘာလို့ alcohol ပါတဲ့ဟာတွေနဲ့ ကိုယ့်ကိုဖြန်းနေတာလဲ " ကျီလင်းချန် အနံ့ကို ရှူမိလိုက်ပြီး ပဟေဋ္ဌိဖြစ်နေတဲ့မျက်နှာဖြင့် မေးလိုက်သည်။

ဖန့်ရှောင်နွမ်က အေးစက်စွာ ပြောခဲ့သည်။ "ပိုးသတ်တာ!"

All Chapters