← Chapters

အခန်း (၁၇၉)

Vol. 12 Ch. 179

အခန်း (၁၇၉)

Vol. 12 Ch. 179

ထို့နောက် ကျီမိသားစုမှ မိသားစုဝင်ခြောက်ဦးက ဧည့်ခန်းထဲတွင် ထိုင်ကာ ပဋိပက္ခကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

ကျီလင်းချန် ရှင်းပြလိုက်သည်။ “နေ့လည်တုန်းက ဖုန်းရခဲ့တယ်။ အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးနေရာက စက်ကိရိယာတွေ ချို့ယွင်းသွားပြီး ဓာတ်ရောင်ခြည်သင့်နေတယ်လို့ လိုင်းပေါ်က လူကဖုန်းဆက်တာ။ အဲဒီတုန်းက အဲဒီမှာရှိတဲ့ အမျိုးသမီး အရေအတွက် အတိအကျကို မေးလိုက်တာ။ ပြီးတော့ ဆိုင်ကို အမြန်ပြေးသွားလိုက်တာပဲ။ ကျွမ်းကျင်သူတွေ ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ ရလဒ်တွေကို စောင့်ဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုက်မှာ တစ်နေ့လယ်ခင်းလုံး စောင့်နေခဲ့တာ”

ဇနီးဖြစ်သူကို သဝန်တိုအောင်လို့ အမျိုးသမီးတွေလို့ တမင်တကာပြောခဲ့တာကို သူ မပြောခဲ့ပေ။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ ဆန့်ကျင်ဘက်တွင် ထိုင်ကာ ပြောလိုက်သည်။ "ဒါပေမယ့် ရှင် တခြားမိန်းမနဲ့ သွားတွေ့မှာဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသွားတယ်"

ကျီလင်းချန် ပြောလိုက်သည်။ "မင်းကို သဝန်တိုအောင် ကိုယ်တမင်ပြောလိုက်တာ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင် ရူးနေလား!"

ကျီလင်းချန်က သူ့ဖုန်းကို ထုတ်ပြီး သူ့မိန်းမဆီ အပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ "ကိုယ် တခြားအမျိုးသမီးတွေနဲ့ စကားပြောဖူးတာ ရှိလား မရှိ လားဆိုတာ မင်းစစ်ဆေးလို့ရတယ်။"

ဖန့်ရှောင်နွမ် ဖုန်းယူကာ စစစ်ဆေးလိုက်သည်။ ထို့နောက် သူမအော်လိုက်လုနီးပါးဖြစ်သွားသည်။ "ကျီလင်းချန်၊ ရှင် လင်းရိုနဲ့ ဖုန်းပြောထားတယ်!"

သူမရဲ့ စူးစူးရှရှ အသံက ကျီလင်းချန်ကို ခေါင်းကိုက်စေခဲ့သည်။ သူ အနာဂတ်မှာ သူ့မိန်းမကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒေါသဆွရဲမှာ မဟုတ်တော့ပေ။ အကျိုးဆက်က ပြင်းထန်လွန်းသဖြင့် မခံနိုင်တော့ပေ။

"ရှောင်နွမ်၊ ထပ်ကြည့်ပါဦး။ သူက ကိုယ့်ကို ဖုန်းခေါ်ပေမယ့် ကိုယ်မကိုင်ထားဘူး” ကျီလင်းချန် ရှင်းပြလိုက်သည်။

ဖန့်ရှောင်နွမ် ကြည့်လိုက်ပြန်သည်။ သူ ဖုန်းပြန်မယူရသေးသော်လည်း သံသယဖြစ်ဖွယ် နောက်ထပ်နံပါတ်တစ်ခုကို သူမ တွေ့လိုက်ရသည်။ သူမ အော်လိုက်သည်။ “ဒါပေမယ့် ရှင် ဒီဖုန်းကိုတော့ ဖြေထားတယ်။ ဒီလူမှာလည်း မျိုးရိုးနာမည်က 'လင်း' တဲ့"

ကျီလင်းချန် စိတ်ရှည်ရှည်နဲ့ ထပ်ရှင်းပြလိုက်သည်။ "အဲဒါက ဒီနေ့ စက်ပစ္စည်းကို ပြုပြင်ပေးတဲ့ ကျွမ်းကျင်သူတစ်ယောက်။ သူက လင်းရိုနဲ့ ဘာမှမဆိုင်ဘူး။”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒီမှာ အမည်မသိ နံပါတ်တစ်ခု ရှိတယ်"

ကျီလင်းချန် ပြောလိုက်သည်။ “အဲဒီနံပါတ်က လင်းရိုရဲ့အဖေ။ လင်းချမ်ကို ဂရုဏာထားပြီး သူမရဲ့ပညာသင်အဆင့်ကို ပြန်ရယူဖို့အတွက် ကိုယ့်ကို တောင်းပန်ခဲ့တာ။ ကိုယ့်မိန်းမက အခုကျောင်းအုပ်ဖြစ်နေမိုလို့ သူ လူမှားပြီး တောင်းပန်နေတယ်လို့ ကိုယ် ပြောလိုက်တယ်။ နောက်ပြီး ဖုန်းချပစ်လိုက်တယ် "

ဖန့်ရှောင်နွမ်ရဲ့ဒေါသက ပြေပျောက် မသွားသေးဘဲ ခင်ပွန်းဖြစ်သူ၏ ရှင်းပြချက်ကို နားထောင်နေခဲ့သည်။ သူတို့နှစ်ယောက် ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သခင်ကြီးကျီက သူ့ဖုန်းကို ထုတ်ကာ မစ္စတာ ဟယ်ရဲ့ နံပါတ်ကို နှိပ်လိုက်သည်။

"ဟယ်လို မစ္စတာဟယ်။ ဟုတ်တယ်၊ ကျုပ်ပါ။ ခင်များကိုမေးစရာရှိလို့။ ဒီနေ့လည်ခင်း၊ လင်းချင်း၊ သူ…”

တစ်ဖက်လူပြောနေသည်ကို ဘယ်သူမှမကြားနိုင်ပေ။ သခင်ကြီးကျီ စိတ်သက်သာရာရကာ သက်ပြင်းချပြီး ပြောလိုက်သည်။ “ဒါပဲလား။ လင်းချန် အခင်းဖြစ်တဲ့နေရာမှာ တစ်နေ့ခင်းလုံး ရှိနေခဲ့တာပေါ့။ ဆိုက်က အမျိုးသမီးဝန်ထမ်း တစ်ချို့ကော ဘယ်လိုနေကြလဲ။"

သခင်ကြီးကျီ ထပ်ပေါင်းပြောခဲ့သည်။ “အိုး၊ သူတို့ ထွက်သွားတာ ကြာပြီပေါ့။ အွန်း မင်းတို့တွေ လုပ်တာ မှန်တယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ပိုပြီး အထိခိုက်မခံနိုင်ဘူး။ သေချာပေါက် သူတို့ ဆိုက်ကနေ ထွက်ပြီး ဆေးစစ်ဖို့ သွားသင့်တယ်။”

ဖန့်ရှောင်နွမ် သခင်ကြီးကျီရဲ့ ဖုန်းခေါ်ဆိုမှုကို ဂရုတစိုက်နားထောင်ခဲ့ပြီး နောက်ဆုံးတွင် သူမယောကျ်ား ဘယ်မှာရှိတယ် ဘာလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုခဲ့သည်။ ဒါပေမယ့်လည်း သူမယောကျ်ားက သူမကို ရန်စဖို့ တမင်တကာ ကြိုးစားနေပုံကို တွေးလိုက်သောအခါတွင် သူမ သူ့ဆီသွားပြီး ကြိမ်ဖန်များစွာ ရိုက်ပစ်ချင်နေခဲ့သည်။

“မစ္စတာ ဟယ် ခင်များရဲ့ WeChat အကောင့်က ခင်များ ဖုန်းနံပါတ်ပဲလား။ အက်ပ်မှာ အချင်းချင်း add ကြရအောင်။ လိုအပ်ရင် အချင်းချင်း ဆက်သွယ်လို့ရတာပေါ့ ” လးသခင်ကြီးကျီ ပြောလိုက်သည်။

"အာ။ ခင်များမှာ WeChat တောင်မရှိဘူးလား။ ခင်များ အရမ်းခေတ်နောက်ကျနေပြီပဲ!"

“မြန်မြန်လုပ် ခင်များအတွက် ဒေါင်းလုဒ်လုပ်ပေမးယ့်လူကို ခေါ်လိုက်။ ကျုပ်ချွေးမက ဒီနေ့ ကျုပ်အတွက် WeChat အကောင့်ကို မှတ်ပုံတင်ပေးထားတာ။ ကျုပ်မိသားစုမှာ group chat လုပ်ထားပြီးသားဆိုတော့ အရမ်းအဆင်ပြေတယ်။”

"ကျုပ်က group admin၊ ဒါကြောင့် ကျုပ်မှာ ပါဝါအရှိဆုံး။ ကိုယ်လိုချင်တဲ့ သူကို add နိုင်ပြီး မကြိုက်တဲ့သူကို ကန်ထုတ်နိုင်တယ်။ မြန်မြန် ဒေါင်းလုဒ်လုပ်လိုက်တော့ ” သခင်ကြီးကျီက သူ့သူငယ်ချင်းဟောင်းကို group admin အဖြစ် သူ့ရာထူးကို ဆက်ပြသနေခဲ့သည်။ ဖုန်းခေါ်ပြီးတာနဲ့ သူ့အခန်းထဲကို ပြန်သွားခဲ့သည်။

မြို့တော်ဝန် ကျီက ဇနီးမောင်နှံအား နေရာပေးရမည့်အချိန်ဖြစ်ကြောင်း ညွှန်ပြရင်း ဇနီးဖြစ်သူ၏ လက်ကို ကိုင်လိုက်သည်။ ကျီဝမ်လည်း တိတ်တဆိတ် ထွက်သွားသည်။ အခု ဧည့်ခန်းထဲမှာ သူတို့ နှစ်ယောက်ပဲ ကျန်တော့သည်။

ဖန့်ရှောင်နွမ် စိတ်ကောက်နေပြီး ဘာမှပြန်မပြောခဲ့ပေ။ ကျီလင်းချန် လမ်းလျှောက်ပြီး သူ့ဇနီးလက်ကို ကိုင်ဖို့ အစပြုခဲ့သည်။ ဒါပေမယ့် ဖန့်ရှောင်နွမ်က သူမခင်ပွန်းရဲ့လက်ကို မထင်မှတ်ဘဲ ဖယ်လိုက်သည်။ ခင်ပွန်းဖြစ်သူက သူမကို မလှည့်စားခဲ့ပေမဲ့ သူမကို သဝန်တိုအောင် ဒီအရာတွေကို တမင်တကာ ပြောခဲ့သည်။ သူမ တစ်နေ့ခင်းလုံး စိတ်အခြေအနေ ဆိုးရွားစွာ ခံစားခဲ့ရသည်။ သူမ သူနဲ့ခုထိရမှတ်ကို မဆုံးဖြတ်ရသေးပေ။ သူမ အိပ်ခန်းထဲသို့ ခပ်သွက်သွက်ပြန်သွားကာ သူမယောကျ်ားက သူမနောက်သို့ လိုက်သွားခဲ့သည်။

ကျီလင်းချန်က သူ့စကားကြောင့် ဇနီးဖြစ်သူကို ဒေါသထွက်စေခဲ့ကြောင်း သတိပြုမိခဲ့သည်။ သူ သူမကို ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။ "ရှောင်နွမ်၊ ကိုယ် မနက်ဖြန် ရုံးမသွားတော့ဘူး။ မင်းကို ကားမောင်းသင်ပေးမယ်လေ ဟုတ်ပြီလား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "မလိုဘူး!"

ကျီလင်းချန် ဖားပြီးပြောလိုက်သည်။ "ဒါဆို မနက်ဖြန် အစားသွားစားဖို့ ရှု့ရှန်း ဥယျာဥ်ကို သွားကြမလား"

“မသွားဘူး၊ ရှင့်ရဲ့မိန်းကလေး သူငယ်ချင်းတွေကို ခေါ်သွားလိုက်။ ရှင် စားချင်သလောက်စားလာ!" ဖန့်ရှောင်နွမ် ဒေါသတကြီး ပြောလိုက်သည်။

ကျီလင်းချန် ပြောစရာစကားပျောက်ရှသွားသည်။

အဲဒီညက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး မအိပ်ခဲ့ကြပေ။ ဖန့်ရှောင်နွမ်က ယောကျ်ားဖြစ်သူနဲ့ ခပ်ဝေးဝေးမှာ နေခဲ့ပြီး တစ်ညလုံး သူ့အနားကို မကပ်ခဲ့ပေ။

နောက်တစ်နေ့တွင် ကျီလင်းချန် ဇနီးဖြစ်သူနဲ့ တစ်နေကုန် ကုန်ဆုံးချင်သော်လည်း မျက်လုံးဖွင့်လိုက်သောအခါတွင် သူဘေးမှာ သူမ လဲလျောင်းမနေခဲ့ပေ။ အောက်ထပ်သို့ ဆင်းလာသောအခါ ဧည့်ခန်းထဲတွင် တူဖြစ်သူ ထိုင်နေသည်ကို တွေ့တော့ မေးလိုက်သည်။ “မင်း အဒေါ် ကော”

ကျီဝမ်ပြောလိုက်သည် "သူ လျိုစစ်ယွီကို သွားတွေ့တယ်။ သူ ဦးလေးအကြောင်း တိုင်ပြောချင်လို့လေ "

"လျိုစစ်ယွီလား " ကျီလင်းချန် ထပ်မေးလိုက်သည်။

All Chapters