အခန်း (၁၈၀)
Vol. 12 Ch. 180
ကျီဝမ် ခေါင်းညိတ်လိုက်သည်။ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်က သူတို့ တိုင်ပြောချင်တဲ့အရာတစ်ခုကို ကြုံလာရတဲ့အခါ သူတို့နှစ်ယောက်က အဲဒီအကြောင်းကို ဆက်တိုက် တိုင်ပြောကြသည်။ လုံလုံလောက်လောက် တိုင်ပြောပြီးမှသာ ပျော်ရွှင်မှုခံစားရမှာပင်။ ဖန့်ရှောင်နွမ်က သူမ၏ စိတ်ခံစားချက်များကို ထုတ်ဖော်ရန် တိုက်ခိုက်ခြင်းအပေါ် အားကိုးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူမနှင့် ငြင်းခုံနေသူမှာ သူမ၏ခင်ပွန်းဖြစ်သည်။ သူမ တိုင်ပြောတာသာလုပ်နိုင်ခဲ့သည်။
ကော်ဖီဆိုင်တစ်ဆိုင်၌ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တစ်ယောက်က သူမယောကျ်ားကို ရယ်မောလှောင်ပြောင်နေပြီး နောက်တစ်ယောက်က သူ့အစ်ကိုကို ရယ်မောလှောင်ပြောင်နေသည်။
လျိုစစ်ယွီ ပြောလိုက်သည်။ “ငါ့မိဘတွေက ငါတို့အဖိုးအဖွားတွေကို သွားလည်ကြတယ်။ ငါ့အစ်ကိုနဲ့ ငါပဲ အိမ်မှာရှိတာ၊ သူက တကယ်ကို ထိန်းမရဘူး။”
"ရှောင်နွမ်၊ ငါ ရေချိုးခန်းထဲသွားပြီး ငါးမိနစ်လောက် ဖုန်းနဲ့ကစားနေတာကို တံခါးကို ထိတ်ထိတ်ပျာပျာနဲ့လာခေါက်ပြီး ငါ့ကိုအမြန်ထွက်လာခိုင်းတယ်လေ"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "နင့်အစ်ကိုက တော်တော်ကောင်းနေပြီ။ ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ နင်တကယ်မသိဘူး"
လျိုစစ်ယွီ ပြောလိုက်သည်။ “ငါလည်း သိပါတယ်။ ဒါပေမယ့် သူ ငါ့ကို ဒီလိုဆက်ဆံလေလေ ငါထွက်ပြေးချင်လာလေပဲ"
“အရင်တုန်းကတော့ ငါ့မိဘတွေက အပြင်မှာထွက်သွားတိုင်း သူက ငါ့ကိုတောင် အပြင်မှာသွားစားဖို့ ခေါ်သွားသေးတယ်။ ငါ ရဲစခန်းနားက စားသောက်ဆိုင်တွေ အကုန်လုံး ရောက်ဖူးတယ်။ ဒါပေမယ့် အခုတော့ သူနဲ့အဲ့မှာတွေ့ခွင့်လေးတောင် မပေးတော့ဘူး။ ဘာဖြစ်လို့လဲ ခန့်မှန်းမိလား"
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ငါ မသိဘူး။ နင်ဘာလို့သွားလို့မရတာလဲ။"
လျိုစစ်ယွီ စားပွဲကိုရိုက်ပြီး မုန်းတီးစွာပြောလိုက်သည်။ "အဲဒါက သူ့အလုပ်သင်က ငါ့ကို crush နေလို့လေ!"
အဲဒါကိုကြားတော့ ဖန့်ရှောင်နွမ် ပြန်လန်းဆန်းတက်ကြွသွားပြီး သူမယာကျ်ားအကြောင်းပြောခဲ့တဲ့စကားတွေကို မေ့သွားသည်။ သူမ အလျင်အမြန်မေးလိုက်သည်။ “လျိုစစ်ယွီ၊ နင့်အစ်ကိုရဲ့ အလုပ်သင်က ရုပ်ချောတဲ့ လူငယ်တစ်ယောက်လို့ နင်ပြောခဲ့တာကို ငါမှတ်မိပြီ။ သူက စီနီယာအလုပ်သင်ဆို။”
လျိုစစ်ယွီ ခေါင်းညိတ်လိုက်သည်။ "ငါဘာလို့ စိတ်ဆိုးနေတယ်လို့ထင်လဲ။ သူက ကျီဝမ် ထက်တောင် ပိုချောတယ်။ သူ မိန်းမတွေနဲ့ အတူရှိနေမှာလေ ဘယ်လောက် ကံကောင်းလိုက်လဲ။ ဒါတောင် ငါ့အစ်ကိုက လမ်းမှာရပ်နေတယ်။”
“နင့်မှာ စိတ်ဆိုးပိုင်ခွင့်ရှိတယ်။ ပြည်သူ့လုံခြုံရေးဗျူရိုမှာ ငါတွေ့ဖူးတဲ့လူက ချောမောတဲ့လူငယ်ပဲဖြစ်သင့်တယ်။ သူက တကယ်ကို ချောမောပြီး ကြည့်လို့ကောင်းတယ်။ ရဲအရာရှိတွေ အားလုံးထဲမှာ သူက ရုပ်အချောဆုံးပဲ။ ငါသာ အိမ်ထောင်မပြုထားရင် သူ့ဖုန်းနံပါတ်ကို တောင်းခဲ့မှာ!” ဖန့်ရှောင်နွမ် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
လျိုစစ်ယွီ ပို၍ပင် ဒေါသထွက်လာသည်။ "အဆုံးမှာ ငါ့အစ်ကို ဘာလုပ်ခဲ့လဲ စဉ်းစားကြည့်။ တကယ်တော့ သူက သူ့ကို ခြိမ်းခြောက်ပြီး သူ့မှာ ငါ့အကြောင်း နောက်ထပ် မလျော်ကန်တဲ့ အတွေးတွေ ရှိနေမယ်ဆိုရင် သူ့ကိုဝေးလံခေါင်ပါးတဲ့နေရာဆီ တာဝန်လွှဲပေးပစ်လိုက်မယ်လို့ ပြောတယ်။ ငါ့ကိုပြောစမ်းပါဦး ငါဘာလို့ကံမကောင်းရတာလဲ!"
သူမရဲ့အသက်အရွယ်မှာ သူမ ကြိုက်တဲ့လူကို ရှာတွေ့ဖို့ မလွယ်ပေမယ့် သူမအစ်ကိုက သူမရဲ့လမ်းမှာ လာရပ်နေသည်။
ဖန့်ရှောင်နွမ် မေးလိုက်သည်။ "နင်ဘာလို့ တိတ်တိတ်လေး မချိန်းတွေ့တာလဲ"
"ငါဘယ်လိုလုပ် တိတ်တိတ်လေး ချိန်းတွေ့ရမှာလဲ။ အဲ့တာကို ငါ့အစ်ကို မသိအောင် ဖုံးထားရမှာလား" လျိုစစ်ယွီ မယုံကြည်နိုင်စွာ ပြောလိုက်သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟုတ်တယ် နင်မလုပ်နိုင်ဘူးလား"
"ရှောင်နွမ်၊ မဒမ် ကျီ၊ အစ်မကြီး၊ အဲဒါကို သေချာစဉ်းစားကြည့်လိုက်ဦး။ ငါ့အစ်ကို ဘာအလုပ်လုပ်နေတာလဲဆိုတာ"
"သူက ရဲအရာရှိ။ သူ ငါနဲ့ပတ်သက်သမျှတိုင်းကို သိနိုင်တယ်။ သူ ငါ့ကို မစုံစမ်းဘူးဆိုရင်တောင် သူ့ရဲ့စစ်ကြောရေးနည်းလမ်းတွေနဲ့ သုံးမိနစ်အတွင်းမှာပဲ အရာအားလုံးကို ငါပြောမိမှာ ” လျိုစစ်ယွီ စိတ်ဆင်းရဲစွာပြောလိုက်သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "နင် ရုပ်ချောချောကောင်လေးကို မလိုချင်ရင် ငါယူလိုက်မယ်"
လျိုစစ်ယွီ ပြောလိုက်သည်။ "နင် သူ့ကို ဘယ်ကိုယူမှာလဲ။ နင့်လက်ချောင်းပေါ်က လက်ထပ်လက်စွပ်ကို ကြည့်ဦး။ နင်လက်ထပ်ပြီးပြီ။"
“ငါ့ယောကျ်ားကို စိတ်ဆိုးအောင်လုပ်ဖို့ သူ့ကိုသုံးမှာ” လို့ ဖန့်ရှောင်နွမ်ပြောလိုက်သည်။
လျိုစစ်ယွီ ရုပ်ချောတဲ့ကောင်လေးနဲ့ ခွဲဖို့ မခံနိုင်တော့သဖြင့် သူမပြောလိုက်သည်။ "မေ့လိုက်တော့ ရှောင်နွမ်။ ရုပ်ချောချောကောင်လေးကို တစ်ယောက်တည်း ထားလိုက်။ သူ ငါ့ကိုကြိုက်နေလို့ ငါ့အစ်ကို သူ့ကို စော်ကားပြီးနေပြီ။ စီအီးအို ကျီက နင် သူ့ကို ကြိုက်တယ်ဆိုတာကိုသာ သိသွားရင် သူသေသွားတာမှ ကောင်းဦးမယ်!”
“ဟုတ်တယ်၊ အဲဒါက အဓိပ္ပာယ်ရှိတယ်။” ဖန့်ရှောင်နွမ် ဤအစီအစဥ်ကို စွန့်လွှတ်ရွုကလွဲပြီး ရွေးချယ်စရာမရှိပေ။
နှစ်ယောက်သား ကော်ဖီဆိုင်မှာ နေ့လည်အထိ ထိုင်နေကြသည်။ ထို့နောက် နေ့လည်စာစားရန် ထွက်သွားကြသည်။ နေ့ခင်းဘက်မှာ အတူတူ ဈေးဝယ်ထွက်ပြီး ရုပ်ရှင်ကြည့်ကြသည်။ ညနေစောင်းတော့ နှစ်ယောက်သား ညဈေးသွားကြသည်။ တစ်နေ့လုံး စား၊ သောက်၊ ကစားပြီးနောက် ကျီလင်းချန် ဖုန်းဆက်လာခဲ့သည်။
"ရှောင်နွမ်၊ အိမ်ပြန်ချိန်ရောက်ပြီ" ကျီလင်းချန်ရဲ့ဇနီးက သူ့ကို တစ်နေကုန် တစ်ယောက်တည်း ထားခဲ့သည်။ သူ့ဇနီး နေ့ခင်းဘက်မှာ အိမ်ပြန်လာလိမ့်မည်ဟု သူထင်ခဲ့သည်။ အဆုံးမှာတော့ သူမ ပြန်မလာခဲ့ပေ။ အခု နေဝင်သွားပြီ။ မှောင်တဲ့အထိ စောင့်ခဲ့ပေမယ့် သူ့မိန်းမရဲ့ အရိပ်အယောင်ကို မတွေ့ရသေးချေ။ နောက်ဆုံး၌ သူမဆီ ဖုန်းဆက်ရုံမှလွဲလို့ မတတ်နိုင်ခဲ့ပေ။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒီနေ့ အိမ်မပြန်ဘူး။ကျွန်မ မိဘအိမ်ပြန်ချင်တယ်"
ကျီလင်းချန်ပြောလိုက်သည်။ “လိမ္မာတယ်။ ဒီည အိမ်ပြန်လာလိုက်။ မနက်ဖြန် မင်းမိဘအိမ်ကို ကိုယ်လိုက်ပို့ပေးမယ်"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အဲ့အတွက် မလိုပါဘူး။ ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်းက ကျွန်မနဲ့အဖော်လိုက်ပေးလိမ့်မယ်။" သူမ ထိုစကားကို ပြောပြီးနောက် ဖုန်း ချလိုက်သည်။
လျိုစစ်ယွီလည်း သူမအစ်ကိုထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ “ညီမ ဒီနေ့ အိမ်မပြန်ဘူး။ ညီမ ရှောင်နွမ်ရဲ့အိမ်မှာနေမှာ "
လျိုစစ်ယန် မပျော်ရွှင်စွာပြောလိုက်သည်။ " ရှောင်နွမ် က အိမ်ထောင်ကျပြီးသား။ မင်းသွားလို့ အဆင်မပြေဘူး"
“သူမက အိမ်ထောင်ကျပြီးသား။ ညီမ သူနဲ့တူတူနေလို့မရဘူးလား။ ဘာပဲဖြစ်ဖြစ် ဒီနေ့ အိမ်မပြန်ဘူး” လျိုစစ်ယွီ ထိုစကားကို ပြောပြီးနောက် သူမ ဖုန်းကို ပြတ်ပြတ်သားသား ချလိုက်သည်။ ထို့နောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တက္ကစီတစ်စီးကို ပျော်ရွှင်စွာ လှမ်းခေါ်ရင်း လက်တွေတွဲထားကြသည်။ သူတို့ ဖန့်မိသားစုအိမ်သို့ သွားလိုက်ကြသည်။
ခဏအကြာတွင် ဖန့်မိသားစု၏ အိမ်ရှေ့တံခါးအပြင်ဘက်မှာ ဆူညံသံတွေ ကြားလိုက်ရသည်။ မစ္စစ်ဖန့်က သူ့သမီး စျေးဝယ်အိတ်တစ်ပုံတစ်ပင်ကြီးနဲ့ ပြန်လာတာကို တွေ့လိုက်ရသည်။
"ဘာလို့ပြန်လာတာလဲ။ လျိုစစ်ယွီလည်း ပါလာတာပဲ” မစ္စစ်ဖန့်ပြောလိုက်သည်။