← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

"ယောကျ်ား၊ ရှင် ဘာလို့ ဘာမှမပြောတာလဲ။" ဖန့်ရှောင်နွမ် သူမ၏ ခင်ပွန်းဖြစ်သူ တုံ့ပြန်ခြင်းမရှိတာကိုမြင်တော့ မေးလိုက်သည်။

ကျီလင်းချန်က ဇနီးဖြစ်သူ၏ စိတ်အားထက်သန်မှုကို တွန်းအားပေးရန် မလိုလားသောကြောင့် သူမအား ချီးကျူးခဲ့သည်။ "မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ကားပေါ်တက်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်မိနေတာပဲ"

ဖန့်ရှောင်နွမ် ထိုစကားကိုကြားသောအခါတွင် ပို၍ယုံကြည်မှုရှိလာခဲ့သည်။ သူမ စိတ်အားထက်သန်စွာ မေးလိုက်သည်။ "တကယ်လား ယောကျ်ား။ ကျွန်မအမေ ပြောတာကတော့ ကျွန်မ မောင်းနေတဲ့ကားထဲမှာ ခရီးသည်ဖြစ်ရတာ စိတ်မလာဘူးလို့ပြောတယ်။ သူမပြောတာက အဲဒါက တိုင်ကီလိုပဲ၊ အန္တရာယ်များတယ်လို့ ပြောတယ်"

သူမ ချေပခဲ့သည်။ “ဒါဆို ရှင်က တကယ်ကံကောင်းတာပဲ။ တခြားလူတွေက တိုင်ကီထဲမှာ ထိုင်ချင်ရင်တောင်မှ ထိုင်လို့မရဘူး ” နောက်ဆုံးတော့ သူ့အမေက သူမကိုတစ်ချက်နှစ်ချက်လောက် သင်ပေးခဲ့သည်။

"ပြီးတော့ ရှောင်ဟန်ကလေ ကားပေါ်တက်ဖို့ ကျွန်မမှာ လုပ်ထုံးလုပ်နည်းတွေ အများကြီးရှိတယ်လို့ အမြဲတမ်း ညည်းညူခဲ့တာ " ဟုတ်ပါတယ်၊ မောင်ဖြစ်သူကို ကားပေါ်ကနေ ချက်ချင်းဆွဲထုတ်ပြီး သူ့ကိုရိုက်နှက်ဆုံးမခဲ့သည်။ အဲဒီနောက်မှာတော့ ဖန့်ဟန်က ဒီလောက်မဆိုးတော့ဘူး။ ဒါပေမယ့် ကားမောင်းနည်းကို သူမ သင်ယူခဲ့ဖူးသည်။ အခုအဲ့တာကို တွေးကြည့်တော့လည်း သူမ စိတ်တွေထလာသည်။

ဖန့်ရှောင်နွမ် ဖန့်ဟန် အကြောင်းကို မပြောခဲ့ဘူးဆိုရင် ကျီလင်းချန်က သူ့မှာ ယောက်ဖတစ်ယောက် နိုင်ငံခြားမှာ ရှိနေတုန်းဆိုတာကို မေ့သွားလိမ့်မည်။

"အိုးဟုတ်သားပဲ ရှောင်နွမ်၊ ကျွန်မတို့ လက်ထပ်ပြီးတော့ ရှောင်ဟန် မင်းကိုဖုန်းဆက်လား" ကျီလင်းချန် မေးလိုက်သည်။

မောင်နှမချင်း ဆက်ဆံရေးကောင်းပြီး သူ့အစ်မ လက်ထပ်တော့မယ်ဆိုတာ သူသိရင် သူမရဲ့မောင်က အသစ်စက်စက် ယောကျ်ားဖြစ်လာမယ့်သူကို သေချာပေါက် စိစစ်လိမ့်မည်။ ဒါပေမယ့် အခုအချိန်အထိတော့ ဖန့်ဟန်နဲ့ ဖုန်းမပြောရသေးဘူး။

“ကျွန်မ သူ့ဆီဖုန်းမဆက်ဘူး။ သူက စာတွေနဲ့အလုပ်ရှုပ်နေပြီး ပင်းပန်းတဲ့ဒဏ်တွေခံနေရတာ။ သူ ကျွန်မမိဘတွေဆီကိုတော့ ဖုန်းခေါ်ပါတယ်” ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။ အမှန်တော့၊ သူမက သူမရဲ့မောင်လေးဆီ ရံဖန်ရံခါ ဖုန်းခေါ်လေ့ရှိသော်လည်း ခင်ပွန်းဖြစ်သူ၏ နောက်ကွယ်မှာ အမြဲဖုန်းဖြေတတ်တာကြောင့် သူ မသိတာဖြစ်သည်။

ကျီလင်းချန်ဆက်ပြီး မဖိနှိပ်တော့ပေ။ အဲဒီအစား သူ ပြောလိုက်သည်။ “ခြံရှေ့ကို နည်းနည်းလောက် လှည့်ပတ်ပြီး ကားကို ရေပန်းဆီ မောင်း”

"ယောကျ်ား၊ ရှင့်ကားမှာ handbrake မရှိဘူး!" လို့ ဖန့်ရှောင်နွမ် ရုတ်တရက် ပြောလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် မင်းအတွက် handbrakeကို ဂရုစိုက်ပေးမယ်"

“အခုစလို့ရပြီ” လို့ သူတိုက်တွန်းလိုက်သည်။

ဖန့်ရှောင်နွမ် ထိတ်လန့်သွားပြီး ဟွန်းကို ထပ်နှိပ်လိုက်မိသည်။ ထို့နောက် ဘရိတ်ကို လွှတ်လိုက်ပြီး ကားကို ရှေ့သို့ ဖြည်းညှင်းစွာ မောင်းလိုက်သည်။ ထို့နောက် သူမ ဂီယာကို ညင်သာစွာ နင်းကာ ရှေ့သို့ ဖြည်းညှင်းစွာ မောင်းသွားခဲ့သည်။

ကားဟွန်းက သခင်ကြီး ကျီကို နိုးလာစေသည်။ အိပ်ခန်းထဲကထွက်လာတော့ သူ့မြေးကို တွေ့လိုက်ရသည်။ " အပြင်မှာ ဘယ်သူက ဟွန်းတီးနေတာလဲ"လို့ သူ မေးလိုက်သည်။

“ကျွန်တော့်ဦးလေးက ကျွန်တော့်အဒေါ်ကို ကားမောင်းသင်ပေးနေတာ” ကျီဝမ် ပြန်ဖြေလိုက်သည်။

သခင်ကြီး ကျီ ရေရွတ်လိုက်သည်။ “သူ တကယ်ကို ပြည့်ဝနေတာပဲ။ အခုလို ပူပြင်းတဲ့နေ့တွေမှာ သူ့မိန်းမကို ကားမောင်းတတ်အောင် သင်ပေးနေတာလား”

သခင်ကြီးကျီက ဘာမှလုပ်စရာမရှိလို့ သူ့မြေးနဲ့ စကားပြောနေခဲ့သည်။ " ရှောင်ဝမ်၊ မင်းရဲ့ဦးလေး သူ့စိတ်တွေပျက်သွားပြီထင်လား။ ငါ ရှောင်နွမ်ကို လက်ထပ်ဖို့ သူ့ကို ပြောတုန်းက သူ့မျက်နှာက မုန်တိုင်းထန်နေတဲ့ ကောင်းကင်ကြီးလို ချောက်ချားစရာကောင်းတယ်။ ဘာပဲဖြစ်ဖြစ် သူမကို လက်မထပ်ချင်ဘူးလို့ ပြောထားတာ။ ဒါပေမယ့် အခု သူအဆင်ပြေနေတယ်။ သူ့ဘဝက အဲဒီအပေါ်မှာ မူတည်နေရင်တောင် ရှောင်နွမ် နဲ့ ကွာရှင်းဖို့ သူ သဘောတူမှာ မဟုတ်ဘူး။”

ကျီဝမ် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ သူက သခင်ကြီးကျီဆီ ပိုနီးကပ်ခဲ့ပြီး လေသံတိုးတိုးလေးနဲ့မေးလိုက်သည်။ "မှန်တယ်၊ ကျွန်တော့်ဦးလေးရဲ့စိတ်နဲ့ သူ အဖိုး စကားကိုနားထောင်မှာမဟုတ်ဘူး။ ဖန့်ရှောင်နွမ် ကို လက်ထပ်ဖို့ အဖိုးဘယ်လို ဆွဲဆောင်ခဲ့တာလဲ။"

သခင်ကြီး ကျီ ရှက်ရွံ့စွာပြောလိုက်သည်။ "ဒါက သူ့အဖေအနေနဲ့ ငါ့မှာ လှည့်ကွက်တချို့ရှိလို့ပေါ့ကွ။ သူဘယ်လောက်ပဲ အရည်အချင်းရှိပါစေ သူက CEO တစ်ယောက်ပဲ။ ငါက သူ့ထက် အာဏာပိုကြီးတဲ့ ဥက္ကဌလေ”

ဒါပေမယ့် သခင်ကြီး ကျီက သူ့ရဲ့ ဟာသပြက်လုံးလေးကို အကြာကြီး မခံစားနိုင်ခဲ့ပါချေ။ ကျီဝမ်က အခြားအရာတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ “အဖိုး၊ အဲဒါကို မေ့လိုက်။ ကျွန်တော့်ဦးလေး ကျီကော်ပိုရေးရှင်းကို ကိုင်တွယ်နေတာ။ စီအီးအို ရာထူးမပေးခဲ့ဘူးဆိုရင်တောင် သူ့လူတွေနဲ့ ကုမ္ပဏီအသစ်တစ်ခုကို ပေါ့ပေါ့ပါးပါး စာရင်းသွင်းပြီး တစ်ကျော့ပြန်လုပ်နိုင်တယ်။ အဖိုးက ကျီ ကော်ပိုရေးရှင်းကို ကိုင်တွယ်တဲ့သူတစ်ယောက်ဆိုရင် အဖိုး ဒီလောက် သြဇာကြီးနေသေးလို့လား"

သခင်ကြီး ကျီက ကျီဝမ် ရဲ့ ခေါင်းနောက်ကို ရိုက်လိုက်သည်။ "မင်း!"

ကျီဝမ် သူ့ခေါင်းနောက်ကို ပွတ်သပ်ရင်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး ပြောခဲ့သည်။ “အဖိုး၊ ကျွန်တော့်ကို အမှန်အတိုင်းပြော။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးတယ်။"

သခင်ကြီး ကျီ ဒေါသထွက်သွားသည်။ သူ့မြေးကို လုံးဝမပြောချင်ဘူး။ လူတစ်ယောက် အသက်ကြီးလာတဲ့အခါ သူ့စိတ်က ကလေးတစ်ယောက်လို ဖြစ်သွားသည်။ မိမိဆန္ဒအတိုင်း လိုက်ပါသွားသူများကို ကောင်းမွန်စွာ ဆက်ဆံပေးရမည်။ ထိုသူက မိမိဆန္ဒကို ဆန့်ကျင်လျှင် ကောင်းစွာ မဆက်ဆံတတ်ပေ။

"အမှန်တရားလား? မင်းက အဲဒါကို ကြားရဖို့ မထိုက်တန်ဘူး။ ဟမ့်!" သခင်ကြီး ကျီက ဒီလိုပြောပြီးနောက် ထရပ်ပြီး ခြံဝင်းဆီ လျှောက်သွားလိုက်သည်။ ခြံဝင်းအတွင်းမှ ကားက ပျင်းရိနေတဲ့သူလို ဖြည်းညှင်းစွာ တွားသွားသည်ကို မြင်လိုက်ရသည်။

ကားထဲတွင် ဖန့်ရှောင်နွမ်ရဲ့ ခန္ဓာကိုယ် တောင့်တောင့်ကြီးဖြစ်နေသည်။ ခင်ပွန်းဖြစ်သူက သူမကို နှစ်သိမ့်ပေးခဲ့သည်။ “ရပါတယ်၊ မကြောက်နဲ့။”

“ယောကျ်ား၊ ဟိုမှာ တစ်ယောက်ယောက်ရှိနေတယ်” ဖန့်ရှောင်နွမ် သူမယောကျ်ားကို ငိုယိုပြီး ပြောလိုက်သည်။

ကျီဘင်းချန် စကားမပြောနိုင်ဖြစ်သွားသည်။ သူမ အခု ဘရိတ်မနင်းရင် အဲဒီလူကို ဝင်တိုက်မှာလား။

"ယောကျ်ား၊ ကျွန်မတို့ ဘာလုပ်သင့်လဲ။ အဲဒီလူက ပိုနီးလာပြီ ” ဖန့်ရှောင်နွမ် ညွှန်ကြားချက်ကို စောင့်ရင်း ငိုနေသည်။

ကျီလင်းချန် ဇနီးဖြစ်သူ၏ ခြေထောက်ကို ကြည့်လိုက်ပြီးနောက် မဝေးလှသောနေရာက အိမ်ဖော်ကို ကြည့်လိုက်သည်။ သူမရဲ့ လမ်းမှာ တစ်ယောက်ယောက်ကို တွေ့တာနဲ့ ဘရိတ်ပေါ်ကို ဘာကြောင့် မနင်းတာလဲ။ အိမ်ဖော်ကလည်း အတူတူပဲ။ သူမရဲ့ လမ်းကနေလည်းထွက်မသွားဘူး။ တစ်ခုခု တကယ်ဖြစ်ခဲ့ရင် နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်။

ဖန့်ရှောင်နွမ် အလွန်တုန်လှုပ်သွားပြီး ဘရိတ်ကို လုံးဝမေ့သွားခဲ့သည်။ ကားက အိမ်ဖော်နဲ့ နီးကပ်လာတာကို မြင်တော့ သူမ ပြတင်းပေါက်ကို အမြန်ဖွင့်လိုက်သည်။ “ဟေး၊ဖယ်လေ။ ရှင့်ကို တိုက်မိတော့မယ်။" ဒါပေမယ့် သူမရဲ့ အရှိန်က လုံးဝမလျော့သွားပေ။

All Chapters