← Chapters

အခန်း (၁၆၉)

Vol. 12 Ch. 169

အခန်း (၁၆၉)

Vol. 12 Ch. 169

ဖန့်ရှောင်နွမ် စိတ်ထိခိုက်ကာပြောခဲ့သည်။ "လမ်းပေါ်မှာမောင်းရတာ မငြိမ်းချမ်းဘူး"

ကျီလင်းချန် သူ့ဇနီးလေးရဲ့ အသံကိုကြားလိုက်ရာ သူ့စိတ်တွေ လွတ်ထွက်သွားခဲ့သည်။ သူ နူးနူးညံ့ညံ့လေးသာပြောနိုင်သည်။ “လိမ္မာတယ်။ ဘာလို့လဲ ဆိုတော့ မင်းက အခု ပန်းတွေ နဲ့ နီးနေလို့ ” ကံကောင်းထောက်မစွာ သူတို့အနားမှာ ပန်းတွေသာရှိခဲ့သည်။ ခြံစည်းရိုးသာရှိရင် သူမ ၎င်းကို တိုက်ရိုက်တိုက်မိသွားလိမ့်မည်။ ချောက်ကမ်းပါးဖြစ်ခဲ့ရင် ကားပြုတ်ကျသွားမှာ။

ကျီမိသားစု၏ အလုပ်သမားတွေက နံနက်စောစောမှာ ပန်းတွေကို deliver ဆီက ယူထားကြသည်။ သူတို့က အဲ့တာတွေကို ဥယျာဉ်ထဲမှာ စိုက်ရမည်။ နောက်ဆုံးမှာတော့ ပန်းတွေက ဖန့်ရှောင်နွမ်ရဲ့ ကားဘီးတွေအောက်တွင် မသေခင်တစ်ရက်လေးတောင် မြေကြီးထဲမှာ မနေသွားခဲ့ကြရပေ။

ဖန့်ရှောင်နွမ် ထိုစကားကိုကြားလိုက်သောအခါ သူမ၏ နှလုံးသားက ပန်းပွင့်တွေအတွက် ချက်ချင်း နာကျင်သွားသည်။ သူမ ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ကြည့်လိုက်ဖို့ ကားပေါ်က ဆင်းတော့မယ့်အချိန်မှာဘဲ၊ ဂီယာကို ထပ် နင်းမိပြီး ဂီယာပြောင်းဖို့ မေ့သွားခဲ့ပြန်သည်။ ကားက ပြန်ရွေ့လာသည်။

ကျီလင်းချန်က တူညီတဲ့အမှားကို ထပ်ခါထပ်ခါ ကျူးလွန်ခဲ့တဲ့ လက်အောက်ငယ်သားတွေကို အမြဲ ပြစ်တင်ဆုံးမလေ့ရှိသည်။ သူ့လက်အောက်ငယ်သားတွေ ထပ်ခါတလဲလဲ မပြောင်းလဲခဲ့ဘူးဆိုရင်တောင် သင်ခန်းစာတစ်ခု သင်ပေးဖို့ သူ့မှာနည်းလမ်းတွေ ရှိတယ်။ ဒါပေမယ့် ဇနီးဖြစ်သူနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ဆူပူကြိမ်းမောင်းခြင်း မပြုနိုင်ခဲ့ပေ။ သူ မျက်မှောင်ကြုတ်ပြီး စိတ်ပူရုံသာ တတ်နိုင်သည်။

ကားတံခါးက ပွင့်နေပြီ။ ဖန့်ရှောင်နွမ်သည် ကားကရှေ့သို့ တဖန်ရွေ့လျားနေသည်ကို မြင်လိုက်ရသည်။ နောက်ဆုံးတွင် သူမ တစ်စုံတစ်ခုကို သတိရသွားပြီး အော်လိုက်သည်။ "အား၊ ငါ ဂီယာပြောင်းဖို့ မေ့သွားပြန်ပြီ"

ဒါကိုကြားတော့ ကျီလင်းချန်က နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားသည်။ သူ့ဇနီးလေးကို သင်ပေးလို့ရနိုင်သေးသည်။

ဖန့်ရှောင်နွမ် ကားဒရိုင်ဘာထိုင်ခုံမှာ ပြန်ထိုင်ပြီး ဘရိတ်ကိုနင်းလိုက်သည်။ ထို့နောက် ဂီယာပြောင်းကာ ဘရိတ်ကို လွှတ်လိုက်သည်။ ကားက နောက်တခေါက်မရွေ့ကြောင်းသေချာပြီးနောက် သူမ ကားပေါ်မှ ဆင်းလိုက်သည်။

ကျီလင်းချန်က ပန်းတွေကိုကြည့်ဖို့ ကားပေါ်မှ ပြေးသွားတဲ့ ဇနီးဖြစ်သူကို ကြည့်ပြီး ခေါင်းကို ခါယမ်းကာ အားကိုးရာမဲ့ ဖြစ်နေသည်။ ကား အင်ဂျင်ပိတ်ပြီးနောက် ကားပေါ်မှဆင်းကာ သူမနောက်သို့ လိုက်သွားခဲ့သည်။

ထိုအချိန်တွင် ဖန့်ရှောင်နွမ်က လက်နှစ်ဖက်ကိုစုထားလျက် မျက်လုံးမှိတ်ပြီး မြေပြင်ပေါ်တွင် ဆော့ကြောင့်ထိုင်ချပြီး ကျမ်းဂန်ရွတ်နေသကဲ့သို့ မြေပြင်ပေါ်မှာ ပိပြားနေတဲ့ ပန်းပွင့်တွေကိုပြောနေသည်။ “ကြီးမားလိုက်တဲ့အပြစ်ပဲ။ နင်တို့အားလုံးကို ကယ်တင်ဖို့ ငါအစွမ်းကုန် လုပ်ပေးမယ်။ နင်တို့ ပြန်မလာရင်တော့ နင့်အားလုံးကို ငါမြေမြှုပ်ပေးပါ့မယ်နော်။ အေးအေးချမ်းချမ်း သွားလို့ရပါပြီ "

ကျီလင်းချန် ပြောစရာ စကားတွေ ပျောက်ရှသွားခဲ့သည်။ သူ သူ့ဇနီးလေးအနားသို့ လျှောက်သွားပြီး ခန္ဓာကိုယ်တဝက်ကို ဆောင့်ကြောင့်ထိုင်လိုက်သည်။ "မင်းနောင်တရနေတာလား"

“မဟုတ်ဘူး၊ ကျွန်မ သူတို့ကို ကယ်တင်ချင်တယ်။ သူတို့ကို ကယ်တင်ဖို့ ကျရှုံးသွားရင် သူတို့ ကျော်ဖြတ်ရလိမ့်မယ်” ဖန့်ရှောင်နွမ်က လေးနက်စွာ ဖြေခဲ့သည်။

ကျီလင်းချန် ကြက်သေသေသွားရပြန်သည်။ သူ့ဇနီးလေးရဲ့ အပြုအမူကို ဘာကြောင့် နားမလည်နိုင်ရတာလဲ။ အဲဒါကို မျိုးဆက်ကွာဟမှုလို့ ခေါ်နိုင်မလား။ ဇနီးလေးနဲ့ အတူရှိပြီးနောက် သူ ဗဟုသုတများစွာ ရရှိခဲ့သည်။ ဥပမာအားဖြင့်၊ သူသည် lip gloss နှင့် lip glaze တို့ကို ရှာဖွေရန် တမင်တကာ အွန်လိုင်းသို့ သွားခဲ့သည်။ အခုလည်း သူ့မိန်းမက သူ့လက်သေးသေးလေးနဲ့ မြေကြီးထဲမှာ အပေါက်သေးသေးလေး တူးနေတာကို ကြည့်နေသည်။ သူမက ပန်းပွင့်တွေကို မြှုပ်နေသည်။

သူမကိုကြည့်ရင်း သူပြောလိုက်သည်။ "ရှောင်နွမ်၊ ပန်းပင်တွေရဲ့ အမြစ်တွေက မြေကြီးထဲမှာ ရှိနေတုန်းပဲ။ မင်း သူတို့ကို အရင်တူးပြီးမှ ပြန်မြှုပ်ရမယ်"

"ဝိုး ယောကျ်ားပြောတာ အဓိပ္ပါယ်ရှိတယ်!" ဖန့်ရှောင်နွမ် အံ့သြစွာပြောလိုက်သည်။ ထိုစကားကိုပြောပြီးနောက် သူမ ပန်းပွင့်တွေကို အမြစ်မှဆွဲထုတ်ရန် အမြန်သွားခဲ့သည်။ ခင်ပွန်းသည်ကို ချီးမွမ်းဖို့ မမေ့ခဲ့ပေ။ “ယောကျ်ား၊ လူတွေက ရှင့်ကို အံ့သြစရာကောင်းတယ်လို့ ပြောကြတာ မဆန်းတော့ဘူး။ ရှင်က သာမန်လူထက် ပိုထက်မြက်တယ်!”

သူမ စကားပြောပြီးတာနဲ့ မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့သည်။ ဖန့်ရှောင်နွမ် နေရာမှာပင် အေးခဲသွားပုံရသည်။ ကျိုးနေတဲ့ ပန်းပွင့်အမြစ်ကို သူမလက်ကလေးထဲမှာထည့်ပြီး စိုက်ကြည့်နေသည်။

ကျီလင်းချန်လည်း ဒါကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ အစောပိုင်းတုန်းက ပန်းပွင့်က ကျိုးရုံလေးတင်ပဲ။ အပွင့်ရဲ့အမြစ်တွေက ကောင်းမွန်ပြီး ပြန်လည်စိုက်ပျိုးပါက ပန်းက ဆက်လက်ရှင်သန်နိုင်သည်။ ယခုမူ ဇနီးလေးက ခွန်အားကို အလွန်အကျွံသုံး၍ ပန်းရဲ့ပင်စည်ကို ဆွဲထုတ်ပစ်လိုက်သည်။ အမြစ်တွေက မြေကြီးထဲမှာ ရှိနေဆဲပင်။ သူမ အခုမှ အံသြသွားသည်။

သူ သူ့ဇနီးလေးကို ပြောလ်ုက်သည်။ "ရှောင်နွမ်၊ ကယ်တင်ပေးတာကို ကျော်လိုက်တော့။ သူတို့ တိုက်ရိုက်ဖြတ်ကျော်နိုင်တယ်” နတ်ဘုရားတစ်ပါးက သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော်လည်း ဤပန်းပွင့်ကို မကယ်တင်နိုင်ခဲ့ပေ။

ဒါကိုကြားတော့ ဖန့်ရှောင်နွမ် အကျယ်ကြီးအော်ငိုလိုက်သည်။

ကျီလင်းချန် သူ့မိန်းမကိုကြည့်လိုက်တော့ သူမက မျက်လုံးတွေနီရဲကာ မျက်ရည်များဝဲလာသည်။ သူမရဲ့မျက်ရည်တွေကို သုတ်ပေးဖို့ လုပ်လိုက်ပြီး နှစ်သိမ့်ပေးခဲ့သည်။ “လိမ္မာတယ် မငိုနဲ့တော့။ ဒါက ပန်းလေးတစ်ပွင့်ပါပဲ"

ဖန့်ရှောင်နွမ်ငိုနေတဲ့အသံက သခင်ကြီး ကျီ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ "ဘာဖြစ်တာလဲ ရှောင်နွမ်။ အဆင်ပြေရဲ့လား။ လင်းချန် မင်းကို အနိုင်ကျင့်ခဲ့တာလား။ ပြော၊ သူ့ကိုတုတ်နဲ့ရိုက်လိုက်မယ်။ မငိုနဲ့တော့။"

သခင်ကြီး ကျီက ကလေးတစ်ယောက်ကို ချော့နေသလိုမျိုး သူ လက်လှမ်းပြီး ကျီလင်းချန်ရဲ့ နောက်ကျောကိုတောင် ရိုက်လိုက်သေးသည်။ သူက သူ့ကို ပြင်းပြင်းထန်ထန် မရိုက်ခဲ့ပေမယ့် ဖန့်ရှောင်နွမ်ကို သူကသူမဘက်မှာ ရှိနေတာကို သိစေခဲ့သည်။

"ကြည့်စမ်း၊ သူ့ကိုရိုက်လိုက်ပြီ။ မငိုနဲ့တော့ ” သခင်ကြီး ကျီက ဆက်ပြီး ချော့ခဲ့သည်။

ဖန့်ရှောင်နွမ်က သူမလက်ထဲတွင် ပန်းတစ်ဝက်ကို ချကာ မျက်ရည်တွေကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ “အဖေ၊ အဖေလူမှားပြီး ရိုက်မိပြီ။ ကျွန်မယောက်ျားက ကျွန်မကို အနိုင်ကျင့်တာ မဟုတ်ဘူး။"

"အာ။ ဒါဆို မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ" သခင်ကြီး ကျီ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ဖန့်ရှောင်နွမ် ငိုယိုပြီး အမြစ်ကျိုးသွားပြီး ကားနင်းခံလိုက်ရသည့် မြေပြင်ပေါ်ရှိ ပန်းကို ညွှန်ပြလိုက်သည်။ “ဒါ”

သခင်ကြီး ကျီ အံ့ဩသွားသည်။ 'ကြေမွနေတဲ့ပန်းက သူ့ချွေးမကို အနိုင်ကျင့်ခဲ့တယ်။ သူ ဘာလုပ်သင့်လဲ။ သူ့ချွေးမကိုယ်စား သူ့ဒေါသကို ထုတ်ဖို့ ပန်းကို ရိုက်ရမှာလား။'

"ကောင်းပြီ ရှောင်နွမ်၊ မကြာခင် နေ့လည်စာစားချိန်ရောက်တော့မယ်။ အိမ်တော်ထိန်း ငါ့ကို ခေါ်နေပြီ။ မင်းတို့အတူတူလိုက်စားသင့်ပြီ!" ထိုသို့ပြောပြီးနောက် သခင်ကြီး ကျီ ထွက်ပြေးသွားခဲ့သည်။

ကျီလင်းချန်မှာ အကြောင်းပြချက်မရှိဘဲ သူ့အဖေရဲ့ ရိုက်နှက်တာကို ခံခဲ့ရသည်။ ဖန့်ရှောင်နွမ် ငိုပြီး မေးလိုက်သည်။ "ယောကျ်ား၊ နာသွားလား"

ကျီလင်းချန် ခေါင်းခါပြီးပြောလိုက်သည်။ "ကိုယ် အဆင်ပြေပါတယ်။ ဒီပန်းတွေကို အခုမြှုပ်လိုက်ကြရအောင်။ ပြီးရင် ကိုယ်တို့ ပြန်ပြီး နေ့လည်စာစားကြမယ်နော် အိုခေလား"

All Chapters