အခန်း (၁၆၈)
Vol. 12 Ch. 168
ကျီလင်းချန် ဇနီးဖြစ်သူ၏ လုပ်ရပ်အတွက် စကားလုံးတွေ ပျောက်ရှသွားရသည်။
ပြတင်းပေါက်ဖွင့်ပြီး အော်ငေါက်ဖို့ တွေးနိုင်ရင် ဘရိတ်သုံးဖို့ ဘာကြောင့် မစဉ်းစားမိတာလဲ။ ဘရိတ်ကိုသုံးဖို့ မစဉ်းစားထားဘူးဆိုရင်တောင် ဟွန်းတီးပြီး မအော်ရတာလဲ။ ကားရှေ့မှာ တစ်စုံတစ်ယောက်ကို မြင်တိုင်း ပြတင်းပေါက်ကနေ ခေါင်းထွက်ပြီး အော်ငေါက်တာ နေမှာလား။
ဖန့်ရှောင်နွမ်ရဲ့အော်သံက ထိရောက်သည်။ ခဏအကြာတွင် ခြံတွင်းရှိ အိမ်ဖော်တွေအားလုံး ဝေးရာသို့ ထွက်ခွာသွားကြသည်။
"ကားရပ်" ကျီလင်းချန် ပြောလိုက်သည်။
ဖန့်ရှောင်နွမ် အမိန့်ကိုကြားလိုက်သောအခါ သူမ ချက်ချင်းဘရိတ်ကို နင်းလိုက်သည်။ ဒါပေမယ့်လည်း သူမ အင်အားအလွန်အကျွံသုံးကာ ပြင်းထန်လွန်းလှသည်။ သူမ၏ ခန္ဓာကိုယ်က ရုတ်တရက် ရှေ့သို့ ရွေ့လျားသွားသော်လည်း ထိုင်ခုံခါးပတ် ပတ်ထားသောကြောင့် သူမ အဆင်ပြေသွားသည်။ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါပေ။ ဒါပေမယ့် သူမကို အလွန်ယုံကြည်ထားတဲ့ ခင်ပွန်းသည်မှာတော့ ဒုက္ခရောက်နေသည်။ သူ့ထိုင်ခုံခါးပတ်ကို လုံးဝ မဝတ်ထားမိတော့ သူ့ခန္ဓာကိုယ်က ရှေ့ကို ယိုင်သွားသည်။ သူ လေကာမှန်နဲ့တိုက်မိသွားသည်။
ကျီလင်းချန် တိုးတိုးလေး ညည်းလိုက်သည်။ သက်ရောက်မှုကို လျှော့ချရန်နှင့် သူ့ကိုယ်သူ တည်ငြိမ်စေဖို့ သူ့လက်တွေကို မသိစိတ်က အသုံးပြုခဲ့သည်။
သူ သူ့ကိုယ်သူ ဂါထာအနည်းငယ်ကို ထပ်ခါတလဲလဲ ရွတ်နေခဲ့သည်- ငါ့မိန်းမ ကားမောင်းနေတာ၊ ကားမောင်းတဲ့သူက ငါ့အမျိုးသမီးလေး၊ ကြောင်ပေါက်လေး ကြောင်ပေါက်လေး။ စိတ်ရှည်ရှည်ထားပြီး သူ့ကို ညင်ညင်သာသာပြော။ ဒေါသမထွက်နဲ့ မဆူနဲ့။
ကားရပ်ပြီးနောက် ဖန့်ရှောင်နွမ် သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် ခင်ပွန်းဖြစ်သူ၏ အခြေအနေကို အမြန်လှည့်ကြည့်လိုက်သည်။
"ယောကျ်ား၊ ရှင်အဆင်ပြေရဲ့လား ဘယ်နားနာသွားလဲ။ဆိုးရွားသွားလား " ဖန့်ရှောင်နွမ် စိုးရိမ်တကြီး မေးခဲ့သည်။
ထိုအချိန်တွင် ကားက ရှေ့သို့ ဖြည်းညှင်းစွာ လျှောကျသွားပြန်သည်။ ဖန့်ရှောင်နွမ် ကားကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း သူမ သိလိုက်သောအခါ ရှောခ့်ရသွားခဲ့သည်။ သူမ အလွန်ကြောက်လန့်သွားသဖြင့် ခင်ပွန်းဖြစ်သူကို ပါးရိုက်ပြီး အကူအညီတောင်းခဲ့သည်။ "ယောကျ်ား၊ ကျွန်မတို့ ဘာလုပ်သင့်လဲ။ လီဗာကိုတောင် မနင်းထားဘူး။ အဲဒါက..ဘာလို့ ရွေ့နေတာလဲ။ ယောကျ်ား၊ ကူညီပါဦး!"
ကျီလင်းချန် ဘာမှ မပြောခဲ့ပေ။ အသက်ပြင်းပြင်းရှူပြီး ဂီယာကို D မှ P သို့ပြောင်းရန် လက်လှမ်းခဲ့ပြီး နောက်ဆုံးမှာ ကားရပ်သွားခဲ့သည်။
ဖန့်ရှောင်နွမ်လည်း တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးမှ ကားက တကယ်ကို ရပ်နေတာ ကို တွေ့လိုက်ရသည်။ သူမ နှုတ်ခမ်းကို ဖိရင်းပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မကို ဆူချင်ရင် ဆူလိုက် ရှင်ရဲ့ခံစားချက်တွေကို ဖုံးဖိထားရင် ရှင် နေလို့မကောင်းဖြစ်နေမယ်။ ရှင် နေမကောင်းဖြစ်ရင် ကျွန်မ ရှင့်ကို ပြုစုနေရမယ်"
ကျီလင်းချန်က သူ့မိန်းမကို ကြည့်ပြီး အဲ့တာကိုမယုံဘဲပြောလိုက်သည်။ "ဒါ မင်းအပြစ်မဟုတ်ဘူး။ ကားရဲ့ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာ”
"ဒါပေမယ့် ကျွန်မအပြစ်ပဲ။ ဘရိတ်ကို မနင်းမိခဲ့ဘူး ပြီးတော့ ဂီယာပြောင်းဖို့ မေ့သွားတယ်။” ဖန့်ရှောင်နွမ် အပြစ်ရှိသလိုခံစားရပြီး ခေါင်းငုံ့လိုက်သည်။
ကျီလင်းချန် ပြောလိုက်သည်။ "မင်းက အခုမှစလေ့လာတာ။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ ကိုယ် မင်းနဲ့အတူရှိတယ်။ မကြောက်နဲ့။”
ဇနီးဖြစ်သူ၏ လက်လေးကို ကိုင်ကာ မေးလိုက်သည်။ “လမ်းမှာ လမ်းသွားလမ်းလာတွေတွေ့ရင် ဘာလုပ်သင့်လဲ”
ဖန့်ရှောင်နွမ် တိုးတိုးလေးပြောလိုက်သည်။ "သူတို့ကို ဘေးဖယ်ဖို့ပြောရမယ် "
ကျီဘင်းချန် မေးလိုက်သည်။ “ဘယ်လိုမျိုးလဲ။” ကားရပ်ထားပြီး သူ့မိန်းမ ပျာယာခတ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာကို သူ တွေးလိုက်မိသည်။ ဒါပေမယ့် ဖန့်ရှောင်နွမ်ရဲ့ အဖြေက ငိုရခက်ရယ်ရခက်ပင်။
"ပြတင်းပေါက်ဖွင့်ပြီး သူတို့ကိုအော်ပြောမယ်!" ဖန့်ရှောင်နွမ်က ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေခဲ့သည်။ သူမအမှားကို လုံးဝသတိမထားမိဘဲ ထပ်ပေါင်းပြောလိုက်သည်။ “ကျွန်မ အိမ်ဖော်တွေကို စကားအနည်းငယ်အော်ပြောလိုက်တော့ သူတို့အားလုံး လမ်းပေါ်ကဖယ်သွားကြတယ် ”
ကျီလင်းချန် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ရှောင်နွမ်၊ မင်း စက်ဘီးစီးနေတာမဟုတ်ဘူး ကားမောင်းနေတာ။ စက်ဘီးစီးရင်တောင် ဘဲလ်တပ်ထားတယ်။ လမ်းသွားလမ်းလာတွေကို အော်ပြောနေစရာ မလိုဘူး။” ကားပေါ်တက်ပြီးနောက် စစ်ဆေးဖို့ တစ်ခုခုကိုမဟုတ်ဘဲ အခြားသူတွေကို သတိပေးဖို့ ဟွန်းကို အသုံးပြုခဲ့ကြောင်းကို သူဇနီးလေး မှတ်မိလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့သည်။
ဖန့်ရှောင်နွမ် ခဏလောက်စဉ်းစားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အာ ဟုတ်တယ် ကျွန်မ ဟွန်းတီးလို့ရတာပဲ!"
"ဟုတ်တယ် ခုဏက ငါ ဘာလို့ ဟွန်းမတီးလိုက်တာလဲ။ ငါဘာလို့ ပြတင်းပေါက်ဖွင့်ပြီး အော်နေရတာလဲ"
ကျီလင်းချန်က သူ့မိန်းမ ဘာတွေတွေးနေလဲဆိုတာ သိချင်လွန်းနေတဲ့အချိန်မှာ သူမက ခေါင်းထွက်ပြီး အိမ်ဖော်တွေကို အော်လိုက်သည်။
သူ သူမကိုသတိပေးလိုက်သည်။ “ရှောင်နွမ်၊ လမ်းသွားလမ်းလာတွေကို တွေ့တဲ့အခါ ဘရိတ်အုပ်ဖို့ မမေ့နဲ့၊ ကားမောင်းတဲ့အခါ လမ်းသွားလမ်းလာတွေကို လမ်းပေးရမယ်။ နားလည်လား။ ဘာပဲဖြစ်ဖြစ် ဘရိတ်ကို နင်းဖို့ မမေ့နဲ့ ။"
ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ "ကျွန်မနားလည်ပြီ " အဲဒါကို သူမ အလွတ်ကျက်ထားပေမယ့် သူမရဲ့လက်တွေက သူမဦးနှောက်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာနိုင်ပါ့မလားတော့ မသိပေ။
ကျီလင်းချန်က ဇနီးဖြစ်သူအား ကားမောင်းနည်းကို ဆက်သင်ကြားပေးရန် စီစဉ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူ ထိုင်ခုံခါးပတ်ကို ၀တ်ဆင်ထားသည်။ ကားက ရေပန်းဆီသို့ မရောက်မီ သုံးကြိမ်တိုင်တိုင် ခြံရှေ့ကို လှည့်ပတ်ခဲ့သည်။ ဒါပေမယ့် ဖန့်ရှောင်နွမ်က ကားကို ဆန့်ကျင်ဘက်သို့ လှည့်ခဲ့သည်။
ကျီလင်းချန် အော်လိုက်သည်။ "ကားရပ်!" ထို့နောက် ကားက ရုတ်တရက် ရပ်တန့်သွားပြန်သည်။ သူ့ခန္ဓာကိုယ်က ရှေ့သို့ ယိုင်သွားသည်။ ကံကောင်းထောက်မစွာဖြင့်၊ ဤတစ်ကြိမ်တွင် ထိုင်ခုံခါးပတ်က သူ့ကို အများအားဖြင့် နေရာယူထားခဲ့သည်။ သူ သူ့ဇနီးကို မှန်ကန်တဲ့လမ်းကြောင်းဆီသို့ လမ်းညွှန်ခဲ့ပြီး ဖန့်ရှောင်နွမ်က ကား ထပ်မောင်းခဲ့သည်။
ကျီလင်းချန် ပြောလိုက်သည်။ "ကားရပ်" ထိုင်ခုံခါးပတ်က သူ့အသက်ကို တစ်ဖန် ကယ်တင်ခဲ့သည်။
"ရှောင်နွမ်၊ ကားမောင်းရင် လမ်းလယ်မှာ မမောင်းနဲ့။ ဘေးကနေ မောင်း” ကျီလင်းချန် ညွှန်ကြားလိုက်သည်။
နောက်ထပ်ငါးမိနစ်အကြာမှာတော့ ကျီလင်းချန် ထပ်ပြောလိုက်ရသည်။ "ကားရပ် !" ထိုင်ခုံခါးပတ်က သူ့အသက်ကို တတိယအကြိမ်မြောက် ကယ်တင်ခဲ့ပေမယ့် အခုတော့ သူ့ရင်ဘတ်က အနည်းငယ် နာကျင်သွားပြီ။
သူ ခဏကြာ ချောင်းဆိုးပြီး မေးလိုက်သည်။ “အခု မင်း ကားမောင်းနေတဲ့အချိန် ဘယ်လိုခံစားရလဲ”