အခန်း (၁၈၁)
Vol. 13 Ch. 181
လျိုစစ်ယွီ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး ဖန့်ရှောင်နွမ်က အကျယ်ကြီး ကြေညာခဲ့သည်။ “အဖေ၊ အမေ၊ ကျွန်မဒီည ဒီမှာနေမယ်။ လျိုစစ်ယွီနဲ့ တစ်ညလုံး စကားပြောချင်လို့" ထိုစကားကို ပြောပြီးနောက် လျိုစစ်ယွီအား သူမအခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
"စစ်ယွီ၊ ညအိပ်ဝတ်စုံတစ်စုံကို နင့်ဘာသာရွေးလိုက်။ ဘေစင်နားမှာ သွားတိုက်တံအသစ်တစ်ချောင်း ရှိတယ်” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
လျိုစစ်ယွီက ထန့်ရှောင်နွမ်ရဲ့အခန်းတိုင်းကို သိသည်။ သူမ ဒီကို အကြိမ်ကြိမ် ရောက်ဖူးသည်။ နှစ်ယောက်သား ရေချိုးပြီးနောက် ညအိပ်ဝတ်စုံတွေ ဝတ်ကာ လှဲနေခဲ့ကြသည်။ သူတို့စတင်စကားပြောလာခဲ့သည်။
လျိုစစ်ယွီ မကောင်းဆိုးဝါးဆန်စွာ ပြုံးပြီး မေးလိုက်သည်။ "ရှောင်နွမ်၊ နင်နဲ့ ကျီလင်းချန် လက်ထပ်ထားတာ တော်တော်ကြာပြီ။ နင်တို့နှစ်ယောက် လိင်ဆက်ဆံတာ ဘယ်နှစ်ခါရှိပြီလဲ"
ဖန့်ရှောင်နွမ် နှုတ်ခမ်းစူပြီး ပြောလိုက်သည်။ " တစ်ခါမှတောင်မရှိသေးဘူး ဒါပေမယ့် မကြာခင်ဖြစ်လာတော့မယ်လို့ ခံစားရတယ်။ မကြာသေးခင်က သူငါ့ကို ကိုယ်ဝန်ယူဖို့ တောင်းဆိုလာတယ် အဲ့တာကြောင့် ငါ ဆင်ခြေရှာခဲ့ရသေးတယ်။ ငါတို့ နည်းနည်းကြာကြာ ချစ်သင့်တယ်လို့ ပြောထားတယ်။ ငါတို့တစ်ယောက်နဲ့တစ်ယောက် ပိုသိသင့်တယ်လေ”
"ရှောင်၊ နင် သူနဲ့ တစ်ကုတင်တည်းမှာ အိပ်နေတာကြာပြီ၊ ဒါပေမယ့် နင် အခုထိမလုပ်ရ..." လျိုစစ်ယွီ ရှောခ့်ရသွားပြီး သူမရဲ့အသံက တဖြေးဖြေးတိမ်ဝင်သွားသည်။
ယောက်ျားတွေက သူတို့ရဲ့ဝမ်းဗိုက်အောက်က ဟာကိုတွေးပြီး တိရိစ္ဆာန်တွေလို့ လူတိုင်းပြောကြတယ်မဟုတ်လား။ အထူးသဖြင့် သူတို့က အမျိုးသမီးတစ်ယောက်နဲ့ တွဲအိပ်တဲ့အခါမှာ သူတို့ရဲ့ ဟော်မုန်း ပမာဏက မြင့်တက်လာသည်။
ဖန့်ရှောင်နွမ်က သူမရဲ့ယောကျ်ား တစ်ခါတစ်ရံမှာ မိမိကိုယ်ကို ထိန်းချုပ်ဖို့ အခက်အခဲရှိနေကြောင်း အမှန်ပင် သိထားသည်။ သူမ ဒီလိုပြောလာတဲ့အခါ သူမ အရမ်းကံကောင်းတယ်လို့ ခံစားရသည်။ “ဟုတ်တယ်၊ ငါ့ယောကျ်ားက တော်တော်လေးကို ယောကျ်ားဆန်တယ်။ ငါ အဆင်သင့် မဖြစ်သေးတာကို သူ သိတော့ ငါ့ဆန္ဒကို အမြဲလေးစားပေးတယ်။”
လျိုစစ်ယွီ ပြောလိုက်သည်။ "ဒါက အရမ်းရှားတယ်"
ဖန့်ရှောင်နွမ် ခေါင်းညိတ်သဘောတူခဲ့သည်။ ကျီလင်းချန်က ခင်ပွန်းကောင်းတစ်ဦးဖြစ်သည်။ “သူက ငါ့စကားကို တစ်ချိန်လုံး နားထောင်တယ်။ ဒီတစ်ခါတော့ သူတော်တော်ဝေးသွားပြီ။ တကယ်တော့ သူက ငါ့ကို စိတ်ဆိုးအောင်လုပ်ဖို့ ရည်ရွယ်ပြီး ပြောခဲ့တာ။ သူ့ဦးနှောက် တစ်ခုခုဖြစ်နေတယ်လို့ ထင်လား"
"ရှောင်နွမ်၊ နင့်ရဲ့ သဝန်တိုတဲ့စိတ်ကို လှုပ်သွားအောင်လုပ်ခဲ့တာဖြစ်နိုင်မယ်လို့ထင်လား။ အဲဒီအချိန်ကျရင် နင်သူ့ကို ဆုံးရှုံးရမှာ ကြောက်လိမ့်မယ်လို့ သူ ထင်ကောင်းထင်နေနိုင်တယ်၊ နင့်ရဲ့ ရပ်တည်မှုကို စတေးဖို့ အစပြုခဲ့တာများလား။ ဒါမှ သူ့ပန်းတိုင်ကို ရောက်မှာမလား။” လျိုစစ်ယွီ ကောက်နုတ်ခဲ့သည်။
အဲဒါကိုကြားတော့ ဖန့်ရှောင်နွမ် စဉ်းစားလိုက်သည်။ ထို့နောက် သူမပြောလိုက်သည်။ "စစ်ယွီ၊ နင်ပြောတာ အဓိပ္ပာယ်ရှိမယ်ထင်တယ်"
လျိူစစ်ယွီ ပြောလိုက်သည်။ “အဲဒါက အဓိပ္ပာယ်ရှိမယ်မဟုတ်ဘူး။ အဓိပ္ပာယ်ကိုရှိနေတာ။ ငါ ပြောပြမယ် ဒီလူမှာ စရိုက်ပြဿနာရှိနေတယ်။ စိတ်မမြန်နဲ့။ သူ့ကို လွယ်လွယ်နဲ့ အောင်မြင်အောင် လုပ်ခွင့်မပေးနဲ့။”
ဖန့်ရှောင်နွမ် ထပ်မေးလိုက်သည်။ "စစ်ယွီ၊ နင် လက်ထပ်ဖို့နေနေသာသာ ရည်းစားတစ်ခါမှ မထားဖူးတာကို။ နင် ဘယ်လိုလုပ် အဲ့လောက်ထိ သိနေတာလဲ"
လျိုစစ်ယွီ ပြန်ဖြေခဲ့သည်။ "ငါ့အစ်ကိုက ငါ့ကို အကုန်သင်ပေးတယ်။"
လျိုစစ်ယန်က အလုပ်မှာ ဆယ်ကျော်သက် ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို မကြာခဏ တွေ့ဖူးသည်။ အချစ်ကိုတွေ့နေတဲ့ မိန်းကလေးတွေနဲ့ဆုံတွေ့တိုင်း သူတို့ကျောင်းတက်ချိန်ကို လစ်ကြတဲ့အခါတိုင်း သူ အိမ်ပြန်ရောက်တဲ့အခါ သူ့ညီမကို ပညာပေးလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ လျိုစစ်ယွီက အလားတူဖြစ်ရပ်များကို ပိုမိုသိရှိလာခဲ့သည်။
ဖန့်ရှောင်နွမ် လှည့်ပြီး လျိုစစ်ယွီအား ပြောခဲ့သည်။ "စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ချို့ကိုငါ့ကို ပြောပြ"
လျိူစစ်ယွီ ပြောလိုက်သည်။ "ကောင်းပြီ၊ သူဌေးတစ်ယောက်ရဲ့အမှုကို အရင်ပြောပြမယ်..."
ထိုညတွင် လျိုစစ်ယွီ က ဖန့်ရှောင်နွမ်ကို အမှုကိစ္စတစ်ခုအကြောင်း ပြောပြခဲ့သည်။ ဖန့်ရှောင်နွမ် အစပိုင်းတွင် စိတ်ဝင်တစား နားထောင်ခဲ့သော်လည်း သူမ၏ စိတ်က တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။ အိမ်မှာ တစ်ယောက်တည်းနေတဲ့ သူမရဲ့ယောကျ်ားကို လွမ်းစပြုလာသည်။ သူမ အိမ်မှာမရှိနေရင် သူမယောကျ်ား ဘာလုပ်နေမလဲဆိုတာ သူမ မသိပေ။ သူ သူမကို လွမ်းနေမလား။
…
ညအချိန် ကျီမိသားစု၏ နေအိမ်၌ ။
အားလုံး အိပ်ပျော်နေကြပြီး အခန်းက တိတ်ဆိတ်နေခဲ့သည်။
ကျီလင်းချန် အိပ်မပျော်နိုင်ခဲ့ပေ။ သူ့ဘေးမှာ နွေးနွေးထွေးထွေးနဲ့ ပွေ့ဖက်မယ့်လူတစ်ယောက်မရှိနေတာကို သူ မနေတတ်ပေ။ သူစာဖတ်နေတဲ့ အခန်းထဲက အသံတွေ၊ ဆံပင်လေမှုတ်စက်သံ၊ ဖိနပ်နဲ့ လျှောက်သွားနေတဲ့ လူတစ်ယောက်ရဲ့ အသံနဲ့ စာဖတ်နေတုန်း မိန်းမငယ်တစ်ယောက်ရဲ့ နှောင့်ယှက်သံတွေတောင် သူ ကောင်းကောင်းသိနေပုံရသည်။ အခုတော့ အခန်းက ထူးထူးခြားခြား တိတ်ဆိတ်နေပြီး သူတစ်ယောက်တည်း ရှိနေသည်။ ပထမအကြိမ်မှာ စာဖတ်ရတာ ငြီးငွေ့သွားတဲ့အတွက် စာကြည့်ခန်းထဲမှာ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခဲ့သည်။
…
နောက်နေ့မနက်မှာတော့ ကျီဝမ် ကျောင်းမသွားခင် ကျီလင်းချန်ကိုရှာခဲ့သည်။ "ဦးလေး၊ ဦးလေးမိန်းမ ဒီနေ့ အတန်းတက်ဖို့အတွက် စာအုပ်တွေ ယူလာခိုင်းလိုက်လို့"
ဖန့်ရှောင်နွမ်က သူမအတွက် စာအုပ်တွေ ယူလာပေးဖို့ မနေ့က သူ့ကို မက်ဆေ့ခ်ျပို့ခဲ့သည်။
ကျီလင်းချန် သူ့အိပ်ခန်းသို့ ပြန်သွားပြီး သူ့ဇနီး၏ စားပွဲခုံပေါ်ရှိ စာအုပ်အနည်းငယ်ကို ရှာပေးခဲ့သည်။ သူ အဲ့တာတွေကို ကျီဝမ်ဆီ ပေးလိုက်သည်။ “ဒီနေ့ ကျောင်းဆင်းရင် မင်းအဒေါ်ကိုအိမ်ပြန် လာခေါ်ခဲ့။ သူ့အမေအိမ်ကို မပြန်စေနဲ့။"
ကျီဝမ် ပြောလိုက်သည်။ “ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်… ကျွန်တော် သူမကိုတော့ တကယ်အနိုင်မယူနိုင်ဘူး” သာမာန်အားဖြင့် ယောက်ျားလေးတစ်ယောက်က မိန်းကလေးကို အနိုင်မယူနိုင်ဘူးလို့ ပြောရင် အရမ်းရှက်သွားလိမ့်မယ်။ ဒါပေမယ့်လည်း ကျီဝမ်က ဒါဟာ သိပ်ပုံမှန်မဟုတ်သလို ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့သည်။ အရှေ့ဘက်မှာ နေထွက်ပြီး အနောက်ဘက်မှာ နေဝင်တာ ပုံမှန်အတိုင်းပါပဲလို့ သူ ပြောခဲ့သည်။
ကျီလင်းချန်က သူ့တူအတွက် အလွန်ခက်ခဲသောအရာများကို မလုပ်ခဲ့ပေ။ သူစာအုပ်တွေ လွှဲပေးပြီးတာနဲ့ ရုံးခန်းကို ကိုယ်တိုင်သွားခဲ့သည်။ CEO ရုံးခန်းကို ရောက်တဲ့အခါ လူတိုင်းက သူ့ကိုမြင်ပြီး “ Congratulations ပါ CEO ကျီ ” လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောခဲ့ကြသည်။
ကျီလင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ 'သူ့မိန်းမက သူ့အမေအိမ်ကို ပြန်သွားတယ်။ ဂုဏ်ပြုစကားက ဘာအတွက်လဲ။' ဒါပေမယ့် မကြာခင်မှာ တစ်ခုခုမှားနေပြီဆိုတာ သူသိလိုက်ရသည်။ အတွင်းရေးမှူးစုန့်ကတောင် သူ့ကို ဂုဏ်ပြုစကားဆိုခဲ့သည်။
"ဘာလို့ ငါ့ကို ဂုဏ်ပြုနေတာလဲ" သူ သံသယစိတ်နဲ့ မေးလိုက်သည်။