အခန်း (၁၈၈)
Vol. 13 Ch. 188
ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ အတွေးလွန်နေတာလား။ သူမ ယောကျ်ားက သူမကို တကယ်အရူးလုပ်ခဲ့မယ်ဆိုရင် သူ “မဟုတ်ဘူး” လို့ ပြောလိမ့်မယ်။ အဲ့ဒီအစား "ကိုယ် မင်းကို ဘယ်လိုလုပ်လှည့်စားရမှာလဲ" တဲ့လား။
ဒါပေမယ့် တစ်ခုခုမှားနေတယ်လို့ သူမခံစားမိတဲ့အတွက် သူ့ကို ဆက်စုံစမ်းနေခဲ့သည်။ "ဒါဆို ကျွန်မ ကိုယ်ဝန်မရှိဘူးဆိုတာကို သူတို့ကို ဘယ်လိုရှင်းပြလိုက်လဲ"
ကျီလင်းချန် ပြောလိုက်သည်။ “ကိုယ် ဘာမှ ရှင်းပြဖို့ မလိုဘူး။ ကိုယ် သူတို့ကိုအမှန်အတိုင်း ပြောလိုက်တာ။ သူတို့ အဲ့တာကို ယုံကြည်နိုင်တယ် ”
သူမ ဒီအကြောင်းကို ပိုတွေးလေလေ ဖန့်ရှောင်နွမ်က သူမ တစ်စုံတစ်ခု လွတ်သွားသလို ခံစားရလေပင်။ သူမ ထောင်ချောက်ထဲသို့ ကျသွားသလို ခံစားခဲ့ရသော်လည်း သူမ ဘယ်လို ဘယ်ပုံ ပြုတ်ကျခဲ့သည်ကို မသိနိုင်သေးပေ။
ကျီလင်းချန်က သူ့ဇနီးလေး အသိစိတ်ဝင်လာသည်ကို မြင်လိုက်ရသည်။ သူ သူ့အလုပ်ကို အမြန်ရပ်ပြီးပြောလိုက်သည်။ "ရှောင်နွမ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိုယ် လူမှုရေးတွေ့ဆုံပွဲတစ်ခုတက်တော့ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုကို ရောက်ခဲ့တယ်။ မင်း စမ်းကြည့်ချင်လား"
ဖန့်ရှောင်နွမ် ချက်ချင်း အတွေးကို ရပ်တန့်လိုက်ပြီး သူမ စားချင်ကြောင်း ညွှန်ပြရင်း နှုတ်ခမ်းသပ်လိုက်သည်။
ဒါကိုမြင်တော့ ကျီလင်းချန်က ချက်ချင်း သူ့အလုပ်ကို ချလိုက်ပြီး ဇနီးသည်ရဲ့လက်ကို လှမ်းကိုင်လိုက်သည်။
"ယောကျ်ား၊ ကျွန်မကို နောက်ထပ်သောက်စရာထပ်ပေးလို့ရမလား။ မက်မွန်သီးအရသာကို လိုချင်သေးတယ်။ အဲဒါက အရသာရှိတယ်။”
ဖန့်ရှောင်နွမ် သူ့မိန်းမကိုမီးဖိုခန်းထဲ ခေါ်သွားပြီး ပုလင်းသုံးလုံးယူလိုက်သည်။ "ဒါဆို လောက်ပြီလား"
ဖန့်ရှောင်နွမ်လည်း ပုလင်းနှစ်ပုလင်းယူကာ နူးညံ့စွာရေရွတ်ခဲ့သည်။ “ခဏနေရင် တစ်ပုလင်း၊ မနက်ဖြန်ကျရင် တစ်ပုလင်း၊ကျီဝမ် အတွက် တစ်ပုလင်း၊ စစ်ယွီ အတွက် တစ်ပုလင်း။ အဖေ့လည်း ဒါကြိုက်လောက်တယ်။ ယောက်မအတွက်လည်း တစ်ပုလင်းလိုချင်သေးတယ်…”
ကြည့်ရတာတော့ အဲ့တာက မလောက်ဘူး။ သူမနောက်တစ်ပုလင်းယူခဲ့သည်။ "1,2,3,4,5,6 အခု လောက်သွားပြီ!"
ကျီလင်းချန် ဇနီးဖြစ်သူ၏ ညည်းတွားသံကို နားထောင်ခဲ့ပြီး မှတ်ချက်မပေးခဲ့ပေ။ သူမ မိသားစုနဲ့ သူငယ်ချင်းတွေ အားလုံးပါဝင်ကြောင်း ထွက်ပေါ်လာခဲ့သည်။ သူ သူမကိုင်ထားတဲ့ အချိုရည်တွေကိုယူပြီး ပြန်ထားလိုက်သည်။
"အိုး။ ယောကျ်ား၊ ကျွန်မကို နောက်ထပ်အချိုရည်ထပ်ယူခွင့်မပေးတော့ဘူးလား" ဖန့်ရှောင်နွမ် စိတ်တိုတိုနဲ့ မေးလိုက်သည်။
ကျီလင်းချန် မဖြေခဲ့ပေ။ အဲဒီအစား မီးဖိုခန်းထဲက ချက်ချင်းထွက်လာပြီး အတွင်းရေးမှုးစုန့်ကို ညွှန်ကြားခဲ့သည်။ “ဒီအချိုရည်နှစ်ဖာ ငါ့အိမ် ပို့ပေး။ မက်မွန်သီးအရသာကို ရွေးပေး"
အတွင်းရေးမှူးစုန့် မေးလ်ုက်သည်။ "CEO ကျီ ၊ ကျီ မိသားစုရဲ့ အိမ်ကြီးကိုလား ဒါမှမဟုတ် Spirit Creek Villa ကို ပို့ပေးရမှာလား"
ကျီလင်းချန် ပြန်ဖြေခဲ့သည်။ "ဒါကို ကျီ မိသားစုရဲ့ အိမ်ကြီးဆီ ပို့ပေး"
ဒါကိုကြားတော့ ဖန့်ရှောင်နွမ် ဝမ်းသာလွန်းလို့ ပါးစပ် မပိတ်နိုင်ခဲ့ပေ။ ခင်ပွန်းသည်ကို ချီးမွမ်းချင်သော်လည်း ရုံးတွင်ရှိနေသောကြောင့် သည်းခံခဲ့သည်။
ယခုအချိန်မှစ၍ ဖန့်ရှောင်နွမ် ရုံးခန်းသို့ရောက်တိုင်း သူမ အချိုရည်ကို ယူသည်။ သူမ ကြိုက်တာတွေ့ရင်ယောကျ်ားရဲ့ စားပွဲပေါ်တင်ပြီး ယောကျ်ားက အိမ်ကြီးဆီ ပို့ပေးလိမ့်မည်။
ဖန့်ရှောင်နွမ်အပြင် သခင်ကြီး ကျီသည်လည်း ဤကိစ္စအတွက် အလွန်ဝမ်းသာမိသည်။ ရှောင်နွမ်က တကယ်တော်သည်ဟု သူ ခံစားမိသည်။ သူမ ရွေးသမျှဟာတွေက အမြဲတမ်း အရသာရှိပြီး သူတို့က ဘယ်တော့မှ မတူပေ။ သူ သူ့သူငယ်ချင်းတွေကို မကြာခဏ ပေးတတ်သည်။
“မစ္စတာ ကျိုး လာ၊ ဒီဟာသောက်ကြည့်။ ငါ့ချွေးမ အကြံပေးထားတဲ့ဟာ။ အရသာ တကယ်ကောင်းတယ်!”
"ရှောင်ချန်၊ ငါ့သူငယ်ချင်းတွေအတွက် ပိုစ့်တင်ထားတဲ့ သောက်စရာကို မင်း စမ်းကြည့်ပြီးပြီလား။ အရသာက အံ့သြစရာပဲ!”
“မစ္စတာ ဝမ် ငါ့အိမ်ကို ခဏလာဦး။ ငါ့အိမ်မှာ အရမ်းအရသာရှိတဲ့ သောက်စရာတစ်ခုရှိတယ်။ ကျေးဇူးပြုပြီး လာသောက်ကြည့်”
…
ဟုတ်ပါတယ်၊ ဒါတွေအားလုံးက နောက်ပိုင်းမှာ ဖြစ်ခဲ့တာပါ။
အဲဒီမတိုင်ခင်က ဖန့်ရှောင်နွမ်နဲ့ သူမရဲ့ယောကျ်ားကြားက စစ်အေးတိုက်ပွဲက မပြီးသေးပါချေ။
ညစာစားနေစဉ်တွင် ဖန့်ရှောင်နွမ်က သူမယောကျ်ား၏ စွမ်းဆောင်ရည်က မဆိုးကြောင်း ခံစားခဲ့ရသောကြောင့် သူမကိုယ်တိုင် ခဏတာပြုမူခဲ့သည်။ ပြဿနာက သူမ စိတ်ဆိုးချင်ယောင်ဆောင်လို့ မရဘူး။ သူမ၏ အမူအရာ အားလုံးက သူ့အလိုလို ဖြစ်နေတာ။ ဒေါသဖြစ်တဲ့အချိန်မှာ သူမ၏ဒေါသက ပေါက်ကွဲထွက်ကာ တစ်အိမ်လုံးကို လက်တွေ့ကျကျ လောင်ကျွမ်းသွားစေနိုင်သည်။ ဒါပေမယ့် မနေ့က ပေါ့ပေါ့ပါးပါး နေ့ရက်တွေ၊ ဒီနေ့ ပေါက်ကွဲမှုတွေ၊ သူမယောကျ်ားရဲ့ အရမ်းချစ်တာတွေ ထွက်ပေါ်ပြီးနောက်မှာတော့ သူမ တကယ်ကို ဒေါသမထွက်တော့ပေ။ ဖန့်ရှောင်နွမ် သူမ အလွန်လိမ္မာပါးနပ်သည်ဟု ခံစားမိသည်။ သူမက စိတ်ထားကောင်းပြီး ချစ်စရာကောင်းလွန်းသည်။ သူမရဲ့ အကျင့် စရိုက်က ပိုတောင်ကောင်းပါသေးသည်။ ကျီလင်းချန် သူမကို လက်ထပ်ခဲ့တာက ကံကောင်းတယ်ဆိုတာ သေချာသည်။ ညစာစားပြီးသောအခါ၊ ဖန့်ရှောင်နွမ် အနည်းငယ် ပျော်နေကာ အိမ်သို့ပြန်လာခဲ့သည်။
သခင်ကြီး ကျီက သူ့ချွေးမကိုအိမ်ကနေ နွေးထွေးစွာ ကြိုဆိုခဲ့သည်။ သူမ စိတ်တည်ငြိမ်သွားလို့ သူ ဝမ်းသာသည်။
"ရှောင်နွမ်၊ မနေ့ကထွက်သွားတာ ပျော်ဖို့ကောင်းခဲ့လား။ မင်းနဲ့အတူသွားဖို့ ငါ့ကို ဘာလို့ မတောင်းဆိုတာလဲ။ မင်းနဲ့အတူ ညဈေးကို တကယ်သွားချင်တယ်” သခင်ကြီးကျီ ပြောလိုက်သည်။
ဖန့်ရှောင်နွမ် ရိုးရိုးသားသားပြောခဲ့သည်။ "အဖေ၊ မနေ့က ကျွန်မ ဒေါသထွက်နေတာ မဟုတ်လား။ ကျွန်မ အဖေ့ကို ခေါ်သွားခဲ့ရင် အဖေ့ကို ဂရုစိုက်နေရမှာပေါ့။ ကျွန်မရဲ့ဒေါသကို ရင်ဖွင့်နိုင်မှာတောင် မဟုတ်ဘူး။"
သခင်ကြီးကျီ မေးလိုက်သည်။ "အခု စိတ်ငြိမ်သွားပြီလား"
ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။ "နည်းနည်းတော့ ဒေါသထွက်နေသေးတယ်"
သခင်ကြီးကျီ သူ၏ ဒုတိယသားကို မျက်ဖြူလှန်ပြကာ ရှုတ်ချတဲ့ မျက်လုံးများဖြင့် ပြည့်နှက်နေသည်။ သူ့ဒုတိယသားက ရှောင်နွမ်လိုမျိုး ဇနီးကောင်းနှင့် မထိုက်တန်ကြောင်း သူအမြဲတမ်း ခံစားခဲ့ရသည်။
ဒါကိုကြားတော့ ကျီလင်းချန် ရိုးရှင်းစွာ မတ်တပ်ထရပ်ပြီး ပြောခဲ့သည်။ "ကျွန်တော့်အခန်းထဲ ပြန်တော့မယ်"
ထိုအချိန်တွင် ဖန်ချီက လှေကားမှဆင်းလာခဲ့သည်။ သူမ စုံတွဲကိုတွေ့တော့ မေးလိုက်သည်။ "ရှောင်နွမ် စိတ်ဆိုးနေသေးလား"
ကျီလင်းချန် ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်သည်။ "ဆိုးနေသေးတယ်၊ ကျွန်တော် သူ့ကို နှစ်သိမ့်ဖို့ နည်းလမ်းတွေ စဉ်းစားနေတုန်းပဲ။"
မနေ့က ဖန့်ရှောင်နွမ် တစ်နေကုန် အပြင်ထွက်သွားခဲ့သည်။ လူတိုင်းက သူမကို နောက်ဆုံးတွေ့ခဲ့တာ ကြာခဲ့ပြီလို့ ခံစားနေကြရသည်။ သူတို့ အခု သူမကို မေးခွန်းတွေ အများကြီး မေးနေကြပြီး သူမက အလယ်မှာထိုင်ပြီး လူတိုင်းကို တုံ့ပြန်နေခဲ့သည်။
ကျီဝမ်လည်း ထွက်လာသည်။ မိသားစု၏ အဖိုးတန်ချွေးမကို မြင်သောအခါ ခေါင်းယမ်းခဲ့သည်။ ဖန့်ရှောင်နွမ်က မိသားစုရှိလူတိုင်းကို အဆိပ်သင့်စေသည်ဟု သူခံစားမိသည်။ ကုသ၍မရနိုင်သော အဆိပ်တစ်မျိုးပင်။