← Chapters

အခန်း (၁၉၄)

Vol. 13 Ch. 194

အခန်း (၁၉၄)

Vol. 13 Ch. 194

ရုပ်ရှင်သွားကြည့်တာ၊ ချိန်းတွေ့တာ၊ နို့လက်ဖက်ရည်သောက်ပြီး သူနဲ့ ခရီးထွက်ချင်တယ်လို့ သူ့ဇနီး ပြောခဲ့တာကို ကျီလင်းချန် သတိရမိသည်။ ရုပ်ရှင်သွားကြည့်တာ၊ ချိန်းတွေ့တာ၊ နို့လက်ဖက်ရည်သောက်တာကို သူတို့အတူတူလုပ်နိုင်သည်။ ဒါပေမယ့် အလုပ်မှ ဆင်းဖို့ အလွန်အလုပ်များနေတာကြောင့် ဇနီးဖြစ်သူနှင့် ခရီးထွက်ဖို့ စိတ်ကူးကို သူ ထိန်းထားခဲ့သည်။

ကုမ္ပဏီသို့ ရောက်ရှိပြီးနောက် ကျီလင်းချန် လတ်တလော ရုပ်ရှင်များကို စတင်ကြည့်ရှုခဲ့သည်။ ခဏလောက်တော့ ဘာကြည့်ရမှန်းတောင် မသိခဲ့ဘဲ စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး အတွင်းရေးမှူး စုန့် ကို ဖုန်းခေါ်လိုက်သည်။

“အခု လာခဲ့။”

အတွင်းရေးမှုး စုန့် က အရေးတကြီးကိစ္စရပ်တစ်ခုလို့ထင်မိတဲ့အတွက် သူမ CEO ရုံးခန်းကို ချက်ချင်းပြေးသွားပြီး တလေးတစားပြောခဲ့သည်။ "CEO ကျီ ၊ ဘာများမိန့်ကြားမလို့ပါလဲ"

ကျီလင်းချန်က ဖုန်းကို ကိုင်ထားသည်။ သူ မျက်တောင်မခတ်ဘဲ မေးခဲ့သည်။ "မိန်းကလေးတွေက များသောအားဖြင့် ဘယ်လိုဇာတ်ကားမျိုးတွေကြိုက်ကြလဲ"

အတွင်းရေးမှူး စုန့် ပြောစရာစကားမဲ့သွားခဲ့သည်။

သူ့မိန်းမကို ပိုးပန်းဖို့ သူမကိုအမြန်ခေါ်ခဲ့တာလား။

“You Are My World။ ဒီဇာတ်ကားက ရုံတင်ပြီးပြီ။ မိန်းကလေးတွေက များသောအားဖြင့် ရုပ်ရှင်အသစ်တွေကြည့်ရတာ ကြိုက်ကြတယ်”

ကျီလင်းချန် သူ့ဖုန်းဖြင့် လက်မှတ်နှစ်စောင်ကို ချက်ချင်းဝယ်လိုက်သည်။

"CEO၊ ရုပ်ရှင်ရုံတစ်ခုလုံးကို ဘွတ်ကင်ချိတ်ချင်လား။"

ကျီလင်းချန် ခဏလောက်စဉ်းစားပြီး ထိုအယူအဆကို ငြင်းဆိုလိုက်သည်။ "မချိတ်တော့ဘူး ရှောင်နွမ်က အဲ့တာကို မကြိုက်ဘူး"

တကယ်တော့ ကျီလင်းချန်မှာ သူ့ကိုယ်ပိုင် အတ္တဆန်တဲ့ ရည်ရွယ်ချက်တွေ ရှိသည်။ အကယ်၍ သူ ပြဇာတ်ရုံတစ်ခုလုံးကို ကြိုတင်စာရင်းသွင်းခဲ့မည်ဆိုလျှင်၊ ဖန့်ရှောင်နွမ်၏ မှုန်ကုပ်ကုပ်တုံ့ပြန်မှုက သူမကို အဝေးတစ်နေရာတွင် ထိုင်စေမည်ဖြစ်သည်။ လူတွေအများကြီးရှိရင် ဖန့်ရှောင်နွမ် တခြားဘယ်ကိုမှ မသွားနိုင်ဘူး။ သူမ သူ့နံဘေးမှာပဲ နာခံစွာထိုင်နေနိုင်သည်။

ရုပ်ရှင်လက်မှတ်တွေ ကြိုတင်မှာယူပြီးနောက် ကျီလင်းချန်က ညနေခင်းကို စောင့်မျှော်နေခဲ့သည်။ သူ့ဇနီးနဲ့တူလေးရဲ့ အတန်းချိန်ဇယားကို စစ်ဆေးခဲ့သည်။ ဒီနေ့ သင်တန်းတွေ အရမ်းနည်းသည်။ ညနေ စောစော အိမ်ပြန်ဖြစ်မယ်ထင်သည်။ ကျီလင်းချန်က သူ့မိန်းမကို အံ့အားသင့်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုတောင် စီစဉ်ထားသည်။ သူ့ ဇနီးသည်ရဲ့ surprise က လမ်းစပေါ်ရောက်နေပြီဆိုတာကို သူနည်းနည်းမှ မသိခဲ့ပေ။

ကျောင်းပြီးချိန် စာသင်ခန်းတံခါးဝ၌ ခိုးကြောင်ခိုးဝှက်နဲ့ လူတစ်ယောက် စာသင်ခန်းထဲကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ လှမ်းကြည့်နေသည်။ မနေ့က အဲ့ဒီလူ စာသင်ခန်းထဲမှာ မရှိဘူးဆိုတာ သေချာသွားပြီးနောက် ချန်ချန်က စာသင်ခန်းထဲကို လွယ်ကူစွာ လျှောက်သွားခဲ့သည်။ သူက ဝတ်စားဆင်ယင်ရန် အချိန်ယူခဲ့ရကြောင်း သိသာထင်ရှားစေသည့် သင့်လျော်သောအဝတ်အစားများ ဝတ်ဆင်ထားသည်။ သူ cologne ကိုပင်သုံးထားပြီး လမ်းလျှောက်တိုင်း မွှေးရနံ့က နေရာအသီးသီးသို့ ပျံ့နှံ့သွားသည်။ ချန်ချန်က သူတို့သုံးယောက်ရှေ့မှာ ရပ်လိုက်သည်။ သုံးယောက်သား တစ်ချိန်တည်းနီးပါး လက်မြှောက်ကာ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်လိုက်ကြသည်။

“စီနီယာ၊ အဲဒါ ဘာအနံ့ကြီးလဲ” လျိုစစ်ယွီ မကူညီနိုင်ဘဲ မေးလိုက်သည်။

“Versace cologne လေ။ ဘယ်လိုလဲ။ မင်းမကြိုက်ဘူးလား " ချန်ချန် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

လျိုစစ်ယွီက သူ့ကို လွယ်လွယ်နဲ့ မသွားခိုင်းပေ။ သူမ တိုက်ရိုက်မေးလိုက်သည်။ " အတုကြီးဝယ်ခဲ့တာလား"

သူမအစ်ကိုကလည်း Versace cologne ကိုသုံးသည်။ Cologne ၏ အနံ့က အလွန်ပေါ့ပါးသော်လည်း၊ အဲ့တာက လျိုစစ်ယွီကို အနည်းငယ် စွဲလန်းသွားစေသည်။ ဒါပေမယ့် ဒီကောင်ရဲ့ cologne က အရမ်းအားပြင်းသည်။ အတု ဝယ်ထားလို့ အနံ့အရမ်းဆိုးတာ ဖြစ်နိုင်သည်။

ချန်ချန်ရဲ့ အမူအရာက အရမ်းကိုးရိုးကားယားနိုင်သည်။ သူ သူ့လက်ကို ရှူပြီး လိမ္မာပါးနပ်စွာပြောခဲ့သည်။ “အာ ဒါက… ငါတကယ်တောင်းပန်ပါတယ်။ ငါ မင်းကို တွေ့ဖို့ အပြေးအလွှားဘာလိုက်တာ။ ပမာဏကို မှားသုံးမိသွားတာဖြစ်မယ်။"

ကျီဝမ်က ထိုစကားကိုကြားသောအခါ၊ ဤလူက ပွေတယ်ဆိုတဲ့ အတွေ့အကြုံကို ရင့်ကျက်သူဖြစ်ကြောင်း သေချာစေခဲ့သည်။ သူ သူမကိုသတိပေးလိုက်သည်။ “စစ်ယွီ၊ ဒီအသံက ငပွေကောင်တစ်ယောက်ရဲ့ ထုံးစံအတိုင်း ပရောပရီလုပ်တဲ့ စကားနဲ့တူတယ်။ အဲ့ဒါကြောင့် မကြွေသွားမိစေနဲ့။"

ချန်ချန်က ပိုလို့တောင် ရှက်သွားသည်။ သူ ပြုံးပြီး ရုပ်ရှင်ကြည့်ဖို့ လျိုစစ်ယွီကို ဖိတ်လိုက်ပေမယ့် ဘာမှပြန်မပြောခင်မှာ ကြားဖြတ်နှောင်ယှက်ခံလိုက်ရသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "စစ်ယွီ ကို movie ဒိတ်ဖို့ ခေါ်ချင်နေသေးတယ်လို့ မပြောနဲ့နော်။ ဒီတစ်ကြိမ်မှာ လူဘယ်နှစ်ယောက်ကို ဖိတ်ထားလဲ။ စီနီယာရဲ့ တခြားရည်းစားတွေကို လိုက်ခဲ့ဖို့ပြောလိုက်။ အားလုံးအတူတူသွားကြရအောင်။ ပျော်စရာကောင်းသွားလိမ့်မယ်။”

ဒါကိုကြားတော့ ချန်ချန်ရှောခ့်ရသွားသည်။ သူ ဆွ့အချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။ “မင်းပြောတာက…”

"ကျောင်းမှာ ကျောင်းအုပ်အသစ် ရှိတယ်လို့ စီနီယာရဲ့ဆရာမက မပြောထားဘူးလား" ဖန့်ရှောင်နွမ်က စတင်ရန် စိတ်အခြေအနေ ဆိုးရွားနေသောကြောင့် သူမ သူ့ကို အနှောင့်အယှက်ပေးပြန်သည်။ ယခုအခါ သူမက သူမ၏ အတန်းဖော်တွေကို ဖိနှိပ်ချုပ်ချယ်ရန်နှင့် တစ်ချိန်တည်းတွင် သူမ၏ စိတ်ကို ညစ်ညမ်းစေတဲ့ အကျင့်ဆိုးများကို ထုတ်ဖော်ရန် ကျောင်းအုပ်အဖြစ် သူမ၏ အသစ်သတ်မှတ်ထားသော အထောက်အထားကို အသုံးပြုနေပြီဖြစ်သည်။

ချန်ချန် တံတွေး မျိုချလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ "ကျောင်းအုပ်ကြီး ၊ ကျောင်းအုပ်ကြီးက အခုပဲ ငါ့မှာ ရည်းစားဘယ်နှစ်ယောက်ရှိတယ်လို့ပြောလိုက်တာလဲ။ ငါ… မသိဘူး။ ငါ လျိုစစ်ယွီကိုပဲကြိုက်တာ။"

လျိုစစ်ယွီက ချန်ချန်ကို ပါးစပ်ပိတ်ဖို့ အချက်ပြရန် သူမလက်ကို ချက်ချင်းဆန့်လိုက်သည်။ သူမက လူတိုင်းရှေ့မှာ ရှင်းပြခဲ့သည်။ “ဟေး စီနီယာ ၊ ကျွန်မ ရှင့်ကို club group မှာ စကားပြောမယ်။ ကျေးဇူးပြုပြီး လမ်းမှားကိုမလိုက်နဲ့။ ဥပဒေလေ့လာနေတဲ့ စီနီယာရဲ့ရည်းစားက ကျွန်မကို တရားစွဲလိုက်မှာ ကျွန်မကြောက်တယ်။ နောက်ဆုံး သူမက အနာဂတ်မှာ ရှေ့နေတစ်ယောက်ဖြစ်လာနိုင်တယ်”

“ဒါ့အပြင် ကျွန်မတို့ရဲ့ကလပ်က အဲဒီဂျူနီယာကို ကျွန်မပိုတောင်ကြောက်တယ်။ ကျွန်မက သူ့ရည်းစားကို ခိုးဖို့ကြိုးစားနေပါတယ်လို့ လှည့်ပတ်ပြီးပြောနေဦးမယ်။ နောက်ပြီး ရှင့်မှာ booty call အတွက် အဲ့မိန်းကလေးက ရှင့်ကို မဆက်သွယ်နိုင်ရင် ဘာဖြစ်မလဲ။ ကျောင်းကိုလာပြီး ကျွန်မကို blaneဖို့ ကြိုးစားရင် ဘာဖြစ်မလဲ”

လျိုစစ်ယွီက ရက်စက်ကြမ်းကြုတ်သူ မဟုတ်ပေ။ စာကြောင်းအနည်းငယ်ဖြင့် သူမက ချန်ချန် ဝှက်ထားသမျှကို ထုတ်ဖော်ပြသခဲ့သည်။ အဲဒါက အတန်းထဲက တခြားကျောင်းသူတွေရဲ့ အာရုံစိုက်မှုကို ရခဲ့သည်။ သူတို့က အတင်းအဖျင်း အကြောင်းအရာအသစ်ကို ဂရုတစိုက် နားထောင်နေခဲ့ကြသည်။

All Chapters