အခန်း (၁၉၅)
Vol. 13 Ch. 195
ဒီစကားကိုကြားတော့ ချန်ချန် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး လက်သီးတွေကို တိတ်တဆိတ် ဆုပ်ထားခဲ့သည်။ လျိုစစ်ယွီကို သူ လိုက်ချင်ရတဲ့ အကြောင်းရင်းကတော့ သူတို့နှစ်ယောက်က တစ်သင်းတည်းမှာနေပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတာကြောင့်ပင်။ အဲ့တာက သူမကို ရွှေ့ဖို့ လွယ်သည်။ အရေးအကြီးဆုံးကတော့ လျိုစစ်ယွီက ဖန့်ရှောင်နွမ်၊ ကျီဝမ်တို့နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသည်။ လျိုစစ်ယွီ၏ မိသားစု နောက်ခံအကြောင်း သူ မသိသော်လည်း လျိုစစ်ယွီနှင့် သူတို့ နှစ်ယောက်ကြား ဆက်ဆံရေးကို အခြေခံ၍ လျိုစစ်ယွီကို သူ လိုက်ဖို့ အလွန် အဆင်ပြေမည်မှာ သေချာသည်။
ချန်ချန် ယခု သူ၏ တက္ကသိုလ် လေးနှစ်မြောက်မှာ ရှိနေသည်။ သူ့အလုပ်သင်ဆင်းချိန်နီးနေပြီ။ သူသာ လျိုစစ်ယွီကို သူ့မိန်းမဖြစ်အောင် လုပ်နိုင်ခဲ့ရင် သူ့အလုပ်သင်လုပ်နေတုန်းမှာ ဒီဆက်ဆံရေးကို အခွင့်ကောင်းယူနိုင်သည်။ ဖန့်ရှောင်နွမ်ကို သူမယောကျ်ားအကြောင်း သူကောင်းတဲ့အရာတွေသာပြောနိုင်ရင် ကျီကော်ပိုရေးရှင်းမှာ အလုပ်သင်ဖြစ်နိုင်သည်။ အနာဂတ်တွင်၊ ကျီကော်ပိုရေးရှင်းမှာ ရေရှည်ဝန်ထမ်းဖြစ်လာရန် ဤဆက်ဆံရေးကိုပင် အသုံးပြုနိုင်သည်။
ထို့အပြင်၊ လျိုစစ်ယွီက လက်ရှိမှာ ကျောင်းရဲ့ အလှလေးဖြစ်သည်။ သူသာ သူမကို ဖမ်းဆုပ်နိုင်ခဲ့ရင် ကျောင်းမှာ ချန်ချန်ရဲ့ ဂုဏ်သတင်းက ဆွဲဆောင်မှုအရှိဆုံး မင်းသားလေး ကျီဝမ်ထက် ပိုဆိုးသွားမှာ သေချာသည်။ ကျောင်းရဲ့အချောအလှလေး နဲ့ ချိန်းတွေ့ခဲ့မယ်ဆိုရင် သူ ထုတ်ဖော်ပြသနိုင်မှာ။ ကျောင်းရဲ့ အလှလေးသာ သူ့မိန်းမဖြစ်ခဲ့ရင် သူ အရမ်းဂုဏ်ယူနေရလိမ့်မယ်။ ထို့ကြောင့် ချန်ချန်သည် လျိုစစ်ယွီနဲ့ ဆက်သွယ်ရန် အလွန်ကြိုးစားအားထုတ်ခဲ့သည်။
ဖန့်ရှောင်နွမ် ကျောင်းရဲ့အချောအလှလေး ဖြစ်တုန်းက ချန်ချန်က သူမက အရမ်းလှတယ်ဆိုတာ သိပေမယ့် သူမနဲ့တွဲဖို့ အခွင့်အလမ်းက တော်တော်နည်းကြောင်းသိသည်။ အကြောင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မသိကြလို့ပင်။ သူ့အတွက်၊ သူမက တန်ဖိုးနည်းသည်။ ကံကောင်းထောက်မစွာ၊ သူမကို သူ မလိုက်ခဲ့ပေ။ ကျီလင်းချန်သာ တစ်စုံတစ်ယောက်က သူ့ဇနီးကို လိုက်နေတယ်ဆိုတာသာ သိသွားခဲ့ရင် သူ့ကို ထုတ်ပစ်ဖို့က အသေးအမွှားကိစ္စဖြစ်ပြီး သူ သတ်ပစ်တာတောင်ခံရနိုင်သည်။ သူ၏ ဆင်ခြင်တုံတရား ဆန်းစစ်ချက်က သူ့အသက်ကို ကယ်တင်ခဲ့သည်။
မနေ့ညက သူအိမ်ပြန်ရောက်တော့ လျိုစစ်ယွီရဲ့အစ်ကိုကို စုံစမ်းခဲ့သည်။ သူက ရဲအရာရှိ သို့မဟုတ် ဗိုလ်ကြီးတစ်ဦးဖြစ်ကြောင်း သူသိရှိခဲ့သည်။ ဒါပေမယ့် ချန်ချန်၏ မျက်လုံးထဲတွင် ရဲအရာရှိငယ်တစ်ဦးမှာ ခြိမ်းခြောက်မှုများစွာမရှိခဲ့ပေ။
သူစာသင်ခန်းတံခါးကို ရောက်တော့ သူ့ပခုံးက ရုတ်တရက် နာကျင်သွားသည်။ လျိုစစ်ယွီ၏ အစ်ကိုက အားကြီးတဲ့သူမဟုတ်သော်လည်း တိုက်ခိုက်တာ အလွန်တော်ကြောင်း သူချက်ချင်းမှတ်မိသွားသည်။ ထို့ကြောင့် သူ စာသင်ခန်းထဲသို့ မဝင်မီ သေသေချာချာ ခိုးဝင်ခဲ့သည်။ ဒါပေမယ့် လျိုစစ်ယွီကို မမေးခင် သူတို့သုံးယောက်က သူ့ကို ဤကဲ့သို့ လှောင်ပြောင်ကြလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အကြောက်ဆုံးအရာကတော့ ဒီသုံးယောက်က သူ့ရဲ့ကိုယ်ပိုင်ဘဝအကြောင်းကို တကယ်သိနေကြတာပဲ။
"သီနီယာရဲ့ဖုန်းနံပါတ်ကိုပြောင်းပြီး WeChat မှာ ပြန်ပြီးမှတ်ပုံတင်ပြီးတော့ လျှို့ဝှက်ပြီး ငပွေငရှုပ်ဖြစ်နေတာကို ကျွန်မအစ်ကို ရှာတွေ့နိုင်မှာမဟုတ်ပါဘူးလို့ စီနီယာ ထင်နေတာလား။ စီနီယာရဲ့မျက်နှာနဲ့ မှတ်ပုံတင်ကတ်ကို မပြောင်းသရွေ့ ကိုယ့်ကိုယ့်ကိုယ် သဂြိုလ်လိုက်ရင်တောင် ကျွန်မအစ်ကိုက ရှင်ဘယ်မှာနေတယ်ဆိုတာ သိလိမ့်မယ်” လျိုစစ်ယွီ ပြောလိုက်သည်။
မနေ့က သူမတို့မိသားစုရဲ့ ဘိုးဘေးတွေရဲ့ အုတ်ဂူမှာ သူမ ကပြခဲ့ပေမယ့် လျိူစစ်ယွီက လျို မိသားစုရဲ့ မိသားစုဝင်တစ်ဦးဖြစ်နေဆဲပင်။ သူမအစ်ကိုကို လူရှေ့သူရှေ့ မှာ ကောင်းကောင်းမွန်မွန်ပြောရမယ်။
လူအုပ်ထဲက လူတချို့က ကျောင်းဖိုရမ်မှာ တက်ကြွနေကြပြီ။
လျိုစစ်ယွီက ဒီနေ့ ဒီရဲ့ငပွေငရှုပ်ကောင်ရဲ့ မျက်နှာကို ဆုတ်ဖြဲပစ်ချင်နေပုံရသည်။ သူမ ဆက်ပြောလိုက်သည်။ “စီနီယာက အမြဲတမ်း ကပ်စီးနှဲပြီး စီနီယာကို ထောက်ပံ့ပေးဖို့ မိန်းမတစ်ယောက် လိုချင်နေသေးတယ်ပေါ့လေ။ ဟိုတယ်အခန်းကို ဘွတ်ကင်လုပ်ဖို့ ပိုက်ဆံ ခွဲဖို့တောင် စီနီယာမခံနိုင်ဘူး။ နာရီနဲ့ငှားတဲ့ ဟိုတယ်အတွက် နာရီဝက်စာပဲ ပိုက်ဆံပေးရင်တောင်မှ ရေချိုးသန့်စင်ပြီး လိင်ဆက်ဆံဖို့ ဆယ်မိနစ်ပဲ သုံးတယ်။ စီနီယာက မသန်စွမ်းဖြစ်ပြီး ကျောက်ကပ်ပျက်နေတာ သိသာတယ်။ စီနီယာကို ငပွေငရှုပ်ဖြစ်ဖို့ ရည်မှန်းထားတာ မဟုတ်ဘူး၊ ဒါပေမယ့် စီနီယာမှာ အဲ့တာတွေအတွက် ခံစားနေရတဲ့ ရောဂါတွေ ရှိတယ်။”
ချန်ချန် ရှုံးခါနီးနေပြီ။ သူ လျိုစစ်ယွီရဲ့ မျက်နှာကို ချက်ချင်း ပိုင်းပစ်ချင်နေသည်။
ကျောင်းဖိုရမ်တွင် ပို့စ်တစ်ခုက ချက်ချင်း အဟော့ဆုံး ရှာဖွေမှုတစ်ခု ဖြစ်လာခဲ့သည်။
သူ၏ စတုတ္ထနှစ်တွင် စီနီယာတစ်ဦးက ငပွေငရှုပ်တစ်ယောက်ဖြစ်ပြီး တစ်ချိန်တည်းမှာ ရည်းစားများစွာကို လှည့်စားခဲ့သည်။ သူ့ရဲ့ရည်းစားတွေက တတိယနှစ် ဥပဒေကျောင်းသူ၊ ကျောင်းသူဟောင်းနဲ့ ဘားကမိန်းကလေးလို့ သံသယရှိသည်။
ငပွေငရှုပ်ကောင်က ခွန်အားမရှိပေမယ့် သူတို့ကို စစ်မှန်တဲ့အချစ်လိုမျိုး သူတို့ကို ချိန်းတွေ့ဖို့အတွက် သီးသန့်အခန်းကိုတောင် ချိတ်ထားတုန်းပဲ။
…
ဒီလိုအခြေအနေမျိုးအထိ တိုးတက်လာစေဖို့ ခွင့်ပြုထားတဲ့ လူသုံးယောက်က သူတို့ရဲ့ ကျောင်းလွယ်အိတ်တွေကို ယူပြီး လွယ်လွယ်ကူကူနဲ့ ထွက်ခွာသွားကြသည်။
ကားပေါ်တွင်ထိုင်ရင်း ဖန့်ရှောင်နွမ်နဲ့ကျီဝမ်တို့က လျိုစစ်ယွီအား တိတ်တဆိတ် နားလည်သဘောပေါက်ကာ လက်ခုပ်တီးခဲ့ကြသည်။
ဖန့်ရှောင်နွမ် မေးလိုက်သည်။ "လျိုစစ်ယွီ၊ ဝိုး! နင့်ရဲ့လျှာက အဆိပ်ပြင်းသားပဲ။ ငါတို့နောက်ကွယ်မှာ သင်ထားတာလား။”
လျိုစစ်ယွီက ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းမော့ကာ မထီမဲ့မြင်ပြုလျက် ပြောလိုက်သည်။ "ကျစ် ၊ မနေ့က သူ့ကို စုံစမ်းပြီးတော့ သူ့အကြောင်း ငါ့အစ်ကိုပြောပြတာလေ။ ငါ သူ့ကို ဖော်ထုတ်ပစ်ချင်ခဲ့တာ။ သူ့ရဲ့ ရာဇ၀တ်မှုတွေကို ဖုံးကွယ်ထားတဲ့ ငပွေငရှုပ်က မီးစာကူထည့်ပေးနေတာ။ ဒီကောင် ဒီနေ့ ငါ့ဆီလာပြီး သူ့အသေခံဖို့ သတ္တိရှိနေမယ်လို့ မထင်ထားဘူး။ ငါက ငပွေငရှုပ်နဲ့ယောကျ်ားတစ်ယောက်ကို မခွဲခြားနိုင်ဘူးလို့ သူထင်နေတာလား"
ကျီဝမ်ကလည်း စပ်စုကာမေးလိုက်သည်။ "စစ်ယွီ၊ တခြားဘာမှ မပြောရအောင်။ သူ အခန်းတစ်ခန်းကို နာရီဝက်စာ ကြိုချိတ်ပြီးတော့ ဆယ်မိနစ်လောက်ကြာမှ ထွက်သွားတာကို မင်းဘယ်လိုသိတာလဲ"
“အစ်ကို့မှာ အချက်အလက်တွေ ရထားတယ်။ ငါအကုန်လုံးကို လွှတ်ခနဲပြောမိသွားတာ " လျိုစစ်ယွီက သူတို့နှစ်ယောက်ကို အပြစ်ကင်းစွာ ကြည့်နေသည်။
မနေ့ညက လျိုစစ်ယွီက ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အစ်ကိုဖြစ်သူက သူမကို ပညာပေးနေတာကို နားထောင်ခဲ့သည်။
လျိုစစ်ယွီ ကျိန်ဆဲခဲ့သည်။ သူ ဒေါသထွက်လာသောအခါတွင် သူက ထိုအချက်အလက်တွေကို လွှတ်ခနဲပြောထွက်ခဲ့သည်။ ဒါက လျိုစစ်ယွီရဲ့ အာရုံကို ချက်ချင်းရသွားစေသည်။ သူမ မေးလိုက်သည်။ “အစ်ကို အစ်ကိုပြောလိုက်တာက ဒီလူရဲ့ ကျောက်ကပ် အလုပ်မလုပ်ဘူးလို့ ပြောလိုက်တာလား”
လျိုစစ်ယန်က လျိုစစ်ယွီရဲ့ နဖူးကိုတို့ကာ ပြောခဲ့သည်။ "ဘာတွေတွေးနေတာလဲ။ မင်းက ငါ့ရဲ့ ကောင်းတဲ့အကြံဉာဏ်တွေကို နားမထောင်ဘူးပဲ။”