← Chapters

အခန်း (၁၈၆)

Vol. 13 Ch. 186

အခန်း (၁၈၆)

Vol. 13 Ch. 186

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “နင့်မှာ ရည်းစားမရှိရင် အမြန်ရှာလိုက်။ ငါ့ယောကျ်ားကို ကြည်ညိုလေးစားမနေနဲ့။ နင် တက္ကသိုလ်တက်နေပြီ။ လက်တွဲဖော်ကို အမြန်ရှာပြီး ချစ်လိုက်တော့ တက္ကသိုလ်မှာ လေးနှစ်ကြီး ဘယ်လိုရှင်သန်မလို့လဲ။ ငါတို့ကျောင်းက ကျောင်းသူ/သားတွေကို ချစ်ကြိုက်တာကို အားပေးတယ်။”

ကောင်မလေး ပြောစရာစကားပျောက်ရှသွားသည်။ နောက်ဆုံးမှာတော့ ဖန့်ရှောင်နွမ်က သူမကို မျက်ရည်ကျအောင် ကြောက်သွားစေခဲ့သည်။

ကျီလင်းချန် ဒေါသထွက်နေတဲ့ ဇနီးသည်ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။ “လိမ္မာတယ်။ သဝန်တိုမနေနဲ့တော့။ ကိုယ် သူ့ကို လက်မှတ်မထိုးပေးဘူး။ နောင်မှာ မင်းကိုပဲ လက်မှတ်တွေထိုးပေးမယ် ဟုတ်ပြီလား"

ဖန့်ရှောင်နွမ် ခေါင်းမာမာနဲ့ပြောလိုက်သည်။ “Bah! ဘယ်သူက သဝန်တိုလို့လဲ!"

"အိုခေ အိုခေ အိုခေ။ မင်း သဝန်မတိုဘူး။ ကိုယ်ကသာ သဝန်တိုနေတာ။ ရုံးကိုသွားရအောင်နော် ” ကျီလင်းချန် သူမကို နှစ်သိမ့်ပေးလိုက်သည်။ နောက်ဆုံးတွင် သူ လက်မှတ်ထိုးမပေးခဲ့ပေ။ အဲဒီအစား သူ့မိန်းမကို ပွေ့ဖက်ပြီး ထွက်သွားခဲ့သည်။

ကားဆီသို့ပြန်လာပြီးနောက် ဇနီးသည်၏ စာအုပ်တွေကို ကားနောက်ခန်းတွင်ထည့်ကာ ခရီးသည်တံခါးကိုဖွင့်ပေးလိုက်သည်။ ဒရိုင်ဘာထိုင်ခုံမှာ မထိုင်ခင် သူမရဲ့ထိုင်ခုံခါးပတ်ကို ပတ်ပေးခဲ့သည်။

“လိမ္မာတယ်။ ဒီနေ့ အိမ်ပြန်ရအောင်နော် ဟုတ်ပြီလား ” ကျီလင်းချန် သူ့မိန်းမနားကို ချဉ်းကပ်ပြီး ညင်သာစွာ မေးခဲ့သည်။

ဖန့်ရှောင်နွမ် နှုတ်ခမ်းစူလိုက်သည်။ "အဖေ့ကို လွမ်းလို့ ကျွန်မ ရှင်နဲ့ အိမ်ပြန်လိုက်မယ်။ အဲ့တာက ကျွန်မ ရှင့်ကို ခွင့်လွှတ်တယ်လို့ မဆိုလိုဘူး။ ကျွန်မ ဒီည စာကြည့်ခန်းမှာအိပ်မှာ"

ကျီလင်းချန် ပြောလိုက်သည်။ "ဒါပေမယ့် စာကြည့်ခန်းမှာ အိပ်ရာမရှိဘူး"

ဖန့်ရှောင်နွမ် အဝေးသို့ရွှေ့ထားတဲ့ ဆိုဖာကြီးအား တွေးလိုက်မိသည်။ “ကျွန်မရဲ့ ဆိုဖာအကြီးကြီးကို သိုလှောင်ခန်းထဲ ရွှေ့ဖို့ရှင် အိမ်တော်ထိန်းကို ခိုင်းလိုက်တာမဟုတ်လား။ ကျွန်မတို့ အိမ်ပြန်ရောက်ရင် ရှင့်အတွက် စာကြည့်ခန်းထဲပြန်ရွှေ့ပေးဖို့ အိမ်တော်ထိန်းကိုပြောလိုက် ”

ကျီလင်းချန် စိတ်ရှည်ရှည်နဲ့ ပြောလိုက်သည်။ “အိပ်ခန်းက အကြီးကြီးပဲ။ ကိုယ်ကြမ်းပေါ်မှာ အိပ်လို့ရတယ်။"

ဖန့်ရှောင်နွမ် သူမရဲ့ မျက်လုံးတွေကို မှေးကျဥ်းလိုက်ပြီး ပြုံးချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် သူမပြောလိုက်သည်။ "အိပ်မက်မက်နေလိုက်!" အိပ်ခန်းက ကျယ်ပေမယ့် ယောကျ်ားဖြစ်သူကို အဲဒီနေရာမှာ အိပ်ခွင့်ပေးတာထက် ပစ္စည်းတွေ ဖြည့်တာကမှ ပိုကောင်းသည်။

ကျီလင်းချန် သက်ပြင်းချလိုက်ပြီး ဇနီးဖြစ်သူ၏ ဒေါသထွက်နေတဲ့ ပါးစပ်ကို စိုက်ကြည့်နေသည်။ သူ သူမကိုနမ်းလိုက်သည်။

"အိုး ကျီလင်းချန်၊ ကျွန်မတို့ ရန်ဖြစ်နေတာလေ။ ဘာလို့နမ်းတာလဲ" ဖန့်ရှောင်နွမ် ခက်ခက်ခဲခဲနဲ့ ပြောလိုက်သည်။

ကျီလင်းချန်က အနမ်းကို လွန်စွာ စွဲလန်းနေခဲ့သည်။ သူမကို ပြင်းပြင်းထန်ထန် မနမ်းခဲ့ပေ။ အဲဒီအစား ဇနီးသည်ရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတွေကို ညင်သာစွာ ပွတ်သပ်ပြီး စုပ်ခဲ့သည်။

ဖန့်ရှောင်နွမ် သူမရဲ့ယောကျ်ားအား အစွမ်းကုန်တွန်းအခဲ့သော်လည်း ခင်ပွန်းဖြစ်သူက လုံးဝမလှုပ်ခဲ့ပေ။ အဲဒီလူရဲ့ ခွန်အားက တကယ့်ကို ထူးထူးခြားခြားပဲ။ ဒါက တကယ်ကို ဒေါသထွက်စရာပင်။

ကျီလင်းချန် စိတ်ကျေနပ်သွားပြီးမှ သူ့မိန်းမကို လွှတ်ပေးလိုက်သည်။ ခုနက သူ့မိန်းမက သူ့ကို တွန်းပြီး အကြိမ်ကြိမ် ရိုက်ခဲ့သည်။ သူ့မျက်လုံးထဲမှာတော့ သူမက ဝုန်းဒိုင်းကြဲနေတဲ့ ကြောင်လေးတစ်ကောင်လိုပင်။ သူမက သူ့ကို ပွတ်သပ် ကုတ်ခြစ်ကာ အလွန်ချစ်စရာကောင်းနေပုံရသည်။

"ကျီလင်းချန်၊ ရှင် အချစ်ဇာတ်လမ်းအကြောင်း တစ်ခုခုသိလား" ဖန့်ရှောင်နွမ် ဒေါသတကြီး ပြောခဲ့သည်။

ကျီလင်းချန်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။ "မသိဘူး၊ ကိုယ် တစ်ခါမှ မချစ်ဖူးဘူး"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ မယုံဘူး။ ရှင့်မှာရည်းစားဟောင်းမရှိဘူးလား"

ကျီလင်းချန် ကားစက်နှိုးလိုက်ပြီး ကျောင်းမှ ထွက်ခွာသွားခဲ့သည်။ "ကိုယ့်မှာ ရည်းစားဟောင်းရှိရင် မင်းကို လက်ထပ်မှာ မဟုတ်ဘူး"

ဖန့်ရှောင်နွမ် စိတ်တိုသွားသည်။ ခင်ပွန်းဖြစ်သူက သူ့ရည်းစားဟောင်းက သူ့ကို ပိုပျော်ရွှင်စေမယ်လို့ ရည်ညွှန်းနေတယ်လို့ သူမ ခံစားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူမကို အထင်သေးနေတယ်လို့ ခံစားမိသည်။ ထို့ကြောင့် သူမ ကလဲ့စားချေရန် ကားမောင်းနေသည့်အချိန်ကို အခွင့်ကောင်းယူခဲ့သည်။

သူတို့ ကုမ္ပဏီကို ရောက်တဲ့အခါ ကျီလင်းချန်က သူ့ဇနီးရဲ့လက်ကို ကိုင်ထားပြီး CEO ရဲ့ သီးသန့်ဓာတ်လှေကားဆီကို တိုက်ရိုက်သွားခဲ့သည်။ ဓာတ်လှေကားထဲမှာ ကျီလင်းချန် ပြောခဲ့သည်။ "ရှောင်နွမ်၊ ကိုယ် 'အဖေဖြစ်တော့မယ်' ဆိုပြီး တခြားသူတွေဆီက ကြားထားတယ်"

ဖန့်ရှောင်နွမ် မနေ့ တစ်နေ့က ကုမ္ပဏီမှာ သူမပြောခဲ့သည့်စကားကို ရုတ်တရက် ပြန်သတိရပြီး ရုတ်တရက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

ကျီလင်းချန် မေးလိုက်သည်။ "ရှောင်နွမ် ၊ ဒီတစ်ခါမှာ မင်းရဲ့ကိုယ်ဝန်ကသားလား သမီးလား"

ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။ " ဒေါသ ကိုယ်ဝန်ရှိနေတာ!"

ကျီလင်းချန် သူ့မိန်းမကို ကြည့်လိုက်သည်။သူမ ခေါင်းငုံ့ထားသော်လည်း ဒေါသထွက်နေသေးသည်။ သူ စနောက်လိုက်သည်။ “ကိုယ်က တကယ်ကို အံ့သြစရာကောင်းတာပဲ။ ကြောင်လေးရဲ့ဗိုက်ကိုတောင် မီးလောင်အောင်လုပ်နိုင်တယ်!"

ဓာတ်လှေကားတံခါးတွေ ပွင့်လာပြီး CEO ရုံးခန်းကလူတွေအားလုံးက သူတို့လင်မယားကို ကြည့်နေကြသည်။ ဖန့်ရှောင်နွမ် လူတိုင်း၏ မျက်လုံးများကို ကြည့်လိုက်ပြီး ခင်ပွန်းဖြစ်သူ၏ စကားများကို ယခုပင် တွေးနေမိသည်။ ကိုယ်ဝန်ရှိနေပြီဆိုတာ လူတိုင်းသိနေကြပြီလား။ သူမ ထိတ်လန့်သွားသည်။ ယောကျ်ားရဲ့လက်ကို အလိုအလျောက်ဆွဲကာ သူ့နောက်မှာ ပုန်းနေခဲ့သည်။

သူမက "ယောကျ်ား၊ ရှင် အကုန်သိနေတာပဲ" လို့ အပြစ်ရှိစွာပြောလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ဟုတ်တယ်၊ ကိုယ် အကုန်သိတယ်"

ဖန့်ရှောင်နွမ် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။ ဒီအချက်အလက်တွေ ဒီလောက် မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားလိမ့်မယ်လို့ သူမ မထင်ခဲ့မိပေ။ ထိုအချိန်တွင် သူမ အလိမ်အညာတစ်ခုကို နှိုက်နှိုက်ချွတ်ချွတ် လိမ်ညာခဲ့မိသည်။

"ဒါဆို ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မှာတကယ် ကိုယ်ဝန်မရှိဘူး” ဖန့်ရှောင်နွမ် တိုးတိုးလေးပြောလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "သူတို့ကိုအကြောင်းကြားလိုက်။ သူတို့ရဲ့ဒေါသတွေ ရင်ဘတ်ပေါ်ကနေ ဆင်းသွားပြီးရင် အဆင်ပြေသွားလိမ့်မယ်”

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ နောက်ကျောမှာ ခေါင်းကို မြှုပ်နှံထားသည်။ "ဟာ ကျွန်မဘာပြောရမလဲ ယောကျ်ား "

သူမ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်ကို မြင်လိုက်ရသဖြင့် ဖန့်ရှောင်နွမ် မသိစိတ်က ခင်ပွန်းဖြစ်သူအား တိတ်တဆိတ် ချွဲနေခဲ့သည်။ "ယောကျ်ား၊ ကျွန်မတို့ ဘာလုပ်သင့်လဲ"

ကျီလင်းချန်က ဇနီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် အားလုံးပြုံးနေကြသည်။ CEO ရုံးခန်းရှိ ဝန်ထမ်းတွေက သူတို့ကို မသိချင်ယောင်ဆောင်နေသကဲ့သို့ သူတို့ရဲ့ ခေါင်းတွေကို မြှုပ်နှံခြင်းမပြုမီ သူတို့ကို တစ်ချက်ကြည့်လိုက်ကြသည်။

ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် ဖန့်ရှောင်နွမ် ပိုစိတ်အနှောင့်အယှက် ဖြစ်လာသည်။ "ယောကျ်ား၊ ကျွန်မ အပြင်ထွက်ပြီး ရှင်းပြသင့်တယ်"

ကျီလင်းချန် လျစ်လျူရှုစွာပြောလိုက်သည်။ "သူတို့ မင်းပြောတာကို ယုံမှာ မဟုတ်ဘူး"

All Chapters