အခန်း (၁၈၄)
Vol. 13 Ch. 184
ဖန့်ရှောင်နွမ် ဒါကိုမြင်တော့ မကြောက်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူမက အမျိုးသားတွေရဲ့ သဘာဝစွမ်းအားကို မနာလိုဖြစ်ခဲ့သည်။ သူမငယ်ငယ်တုန်းက အားနည်းတာကြောင့် သူမရဲ့ဆရာဆီမှာ မကြာခဏ ရှုံးသည်။ သူမယောကျ်ားက သူမကို ခွလိုက်တိုင်း သူမ မလွတ်မြောက်နိုင်ပေ။ ဤသည်မှာ အမျိုးသားနှင့် အမျိုးသမီးတို့၏ ဇီဝကမ္မဗေဒ ကွာခြားချက်ဖြစ်သည်။
လျိုစစ်ယွီက သူမအစ်ကို သူမရဲ့စီနီယာကို အတင်းအကြပ်အားသုံးနေတာကို တွေ့လိုက်ရတဲ့အခါ၊ သူမ သူမရဲ့စီနီယာကို တစ်မိနစ်လောက် တိတ်တဆိတ် စာနာခဲ့သည်။ ပြီးတော့ သူမပြောလိုက်သည်။ “စီနီယာ၊ ကျွန်မ စီနီယာနဲ့ ရုပ်ရှင်မကြည့်တော့ဘူး။ ခဏနေရင် စာလုပ်ဖို့ အစ်ကိုနဲ့ အိမ်ပြန်မှာ"
ဒါကိုကြားတော့ ဖန့်ရှောင်နွမ်နဲ့ ကျီဝမ် က တစ်ယောက်နဲ့တစ်ယောက် ဘေးချင်းကပ်ရပ်လိုက်ကြသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "နားထောင်၊ ဒါဝတ်ကျေတမ်းကျေ ပြောလိုက်တဲ့ဆင်ခြေပဲ "
အမျိုးသားက မခံနိုင်တော့လောက်အောင် နာကျင်နေပြီ။ လျိုစစ်ယွီ မငြင်းခဲ့ရင်တောင် သူ လွတ်မြောက်ချင်ခဲ့တာ ကြာပြီ။
လျိုစစ်ယွီရဲ့အစ်ကိုက ရဲအရာရှိတစ်ဦးဖြစ်ပြီး သူက အခြားမြို့မှ သာမန်ကျောင်းသားတစ်ဦးဖြစ်သည်။ သူ့ကို စော်ကားဖို့ မတတ်နိုင်ဘူး။ ထို့အပြင် သူက လျိုစစ်ယွီကိုလိုက်ဖို့ စိတ်ကူးကို စွန့်လွှတ်ခဲ့ပြီး သူ့အစ်ကိုက သူ့ညီမကို အလွန်အကဲခတ်ခဲ့သည်။
"ကောင်းပြီ နောက်နေ့မှတွေ့မယ်။ နောက်နေ့မှတွေ့မယ်။" သူစကားပြောလို့ပြီးသည်နှင့် လျိုစစ်ယန်အား သနားစရာကောင်းတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် သူရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး အလျင်စလိုပြောလိုက်သည်။ "အရာရှိ လျို၊ ကျွန်တော် အခုထွက်သွားလို့ရပြီလား"
လျိုစစ်ယန် မပျော်ရွှင်စွာနဲ့ပြောလိုက်သည်။ "ပျောက်သွားလိုက်တော့။ ငါ့ညီမနဲ့ မင်းကို ထပ်ပြီးမတွေ့ရစေနဲ့"
အမျိုးသားက သေလောက်အောင်ကြောက်နေသည်။ သူ့ပခုံးပေါ်က ခွန်အားတွေ ပျောက်သွားပြီး ဘီလူးတစ်ကောင် လိုက်ဖမ်းနေသလိုမျိုး နောက်ပြန်မလှည့်ဘဲ ထွက်ပြေးသွားခဲ့သည်။
"ဘယ်လောက်ကြာသွားလဲ သုံးမိနစ်ပြည့်ပြီလား" ကျီဝမ် မေးလိုက်သည်။
ဖန့်ရှောင်နွမ် သူမရဲ့ဖုန်းကို ထုတ်လိုက်ပြီး ကြည့်လိုက်သည်။ "နှစ်မိနစ်နဲ့ ငါးဆယ့်ခြောက်စက္ကန့်"
လျိုစစ်ယွီ ဒေါသထွက်နေတဲ့ သူမအစ်ကိုဖြစ်သူနောက်ပါသွားခဲ့သည်။ ကားထဲဝင်ပြီးနောက် လျိုစစ်ယန် မေးလိုက်သည်။“အဲဒီလူက ဘယ်ကျောင်းကလဲ။ ဘယ်အတန်းကလဲ။ သူ့နာမည်ဘယ်လိုခေါ်လဲ"
လျိုစစ်ယွီ ပြောလိုက်သည်။ “သူက စီးပွားရေးကျောင်းက စီနီယာ။ အခန်း၁က။ သူ့နာမည်က ချန်ထောင်ထင်တယ်"
လျိုစစ်ယန် မောင်းထွက်သွားတော့မည်။ ဒါပေမယ့် ထိုစကားကိုကြားသောအခါ အင်ဂျင်ကိုချက်ချင်းပိတ်ပြီး မေးလိုက်သည်။ “မင်း သူ့အကြောင်း ဘယ်လောက်သိလဲ။ မင်းတို့ တွဲနေကြ ပြီလား။ သူ မင်းနောက်ကို လိုက်ပိုးပန်းရုံနဲ့ သူ့ကို ချစ်မိသွားပြီလား။ လျိုစစ်ယွီ၊ မင်းရဲ့မိသားစုပေးထားတဲ့ နေထိုင်စရိတ်က မင်းကိုချိန်းတွေ့ခိုင်းဖို့မဟုတ်ဘူး!"
လျိုစစ်ယွီ ပြောစရာစကားမဲ့သွားသည်။
သူမရဲ့ လက်သီးသေးသေးလေးတွေကို ဆုပ်လိုက်ပြီး သူမအစ်ကိုရဲ့လက်မောင်းကို ထုလိုက်ကာ အမှားလုပ်မိသွားသည်။ သူမ ဟိန်းဟောက်ခဲ့သည်။ “အစ်ကို၊ အစ်ကို ဘာလို့ ညီမအတွက် ဆိုးသွမ်းတဲ့ ယူဆချက်တွေကို အမြဲလုပ်နေတာလဲ။ ညီမ သူ့ကို သဘောကျပြီး သူ့ကို ချစ်မိသွားတယ်လို့ အစ်ကို့မှာ ဘာပြောပိုင်ခွင့်ရှိလို့လဲ။ အစ်ကိုမသိဘူးလား။ ညီမက အစ်ကို့ရဲ့အလုပ်သင်ကို ကြိုက်နေတယ်ဆိုတာ!"
“သူက အဲမိန် တောင်ပေါ်က မျောက်တစ်ကောင်လိုပဲ။ သူ့ဆီမှာ ဘာတွေ ကြိုက်ချင်စရာကောင်းလို့လဲ" လျိုစစ်ယန် ဒေါသတကြီး ပြောလိုက်သည်။
မကြာသေးမီက သူ့ညီမက ရဲစခန်းလာပြီး သူ့အလုပ်ကိုလာကြိုခဲ့သည်။ သူကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေတာကြောင့် သူမနဲ့အဖော်လုပ်ပေးဖို့ အချိန်မရှိတာကြောင့် သူ့ညီမကို ဧည့်ခံပေးဖို့ သူ့လက်ထောက်ကို လွှတ်ခဲ့သည်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက်က မျက်လုံးချင်းဆုံပြီး သူ့နောက်ကျောမှာ အဆက်အသွယ်လုပ်ဖို့ သတင်းအချက်အလက်တွေ ဖလှယ်ခဲ့ကြသည်။ သူတို့ စကားစမြည်ပြောနေတာ ကြာပြီ။ သူသိလိုက်ရတော့ သူတို့နှစ်ယောက်က ခံစားချက်တွေအကြောင်း ပြောနေကြပြီ။ သူ ဒေါသထွက်လွန်းလို့ ညစာတောင် မစားခဲ့ပေ။ သူ သူ့ညီမရဲ့အိပ်ခန်းသို့ အမြန်ပြေးသွားပြီး သူ့လက်ထောက်ရဲ့ အဆက်အသွယ် အသေးစိတ်အချက်အလက်တွေကို ဖျက်ခိုင်းခဲ့သည်။
နောက်တစ်နေ့ ရဲစခန်းသို့ ရောက်သောအခါ လေ့ကျင့်ရေး ကောင်းကောင်းလုပ်ဖို့ သူ့ရဲ့လက်ထောက်ကို ဆွဲခေါ်သွားခဲ့သည်။ သူက သူ့ရဲ့ဆဲလ်ဖုန်းကို ယူကာ သူ့ညီမရဲ့ ဆက်သွယ်ရန် အချက်အလက်ကိုလည်း ဖျက်ခိုင်းခဲ့သည်။သူ ခြိမ်းတောင်ခြိမ်းခြောက်ခဲ့သည်။ “မင်း လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တဲ့ ရဲကောင်းတစ်ယောက်လို့ မြင်တယ်ဆိုရင် ငါ မင်းကို ကရုဏာထားပေးမယ်။ မဟုတ်ရင်တော့ ဒါက ရိုးရှင်းမှာ မဟုတ်ဘူး။”
မောပန်းနွမ်းနယ်နေပြီး မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ သူ့လက်ထောက်က အပိုင်းပိုင်းပြတ်လုနီးပါး ဖြစ်နေပြီ။ သူလုံးဝမထနိုင်တော့ဘူး။ သူ့ဆရာရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ခေါင်းတညိတ်ညိတ်နဲ့ ငြင်းဆိုဖို့ မဝံ့ရဲခဲ့ပေ။
ထိုအချိန်မှစ၍ သူတို့နှစ်ဦးကြား အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ လျိုစစ်ယွီလည်း သူ့ကိုရှာဖို့ ရဲစခန်းကို သွားခဲ့ပေမယ့် သူ့အစ်ကိုက အမြဲရှိနေသည်။ သူမ အဲဒီမှာ ပေါ်လာရင် သူမရဲ့အစ်ကိုက ချက်ချင်း အိမ်ပြန်ခေါ်လာလိမ့်မည်။
"ဒါဆို ညီမသူ့ကို သဘောကျတယ်ဆိုရင်ကော ဘယ်လိုလဲ" လျိုစစ်ယွီ အရမ်းစိတ်ဆိုးသွားသည်။ တစ်စုံတစ်ယောက်အပေါ် ခံစားချက်ရှိဖို့ ဘာကြောင့် အရမ်းခက်ခဲရတာလဲ။
လျိုစစ်ယန်ရဲ့ မျက်နှာသည် မည်းမှောင်သွားသည်။ "လျိုစစ်ယွီ၊ ကျန်းကျစ်ရှန်းကို သဘောကျရဲကျကြည့် သူ့ကို လျှိုမြောင်ထဲ လွှဲပေးပစ်မယ်" ဒေါသတကြီးပြောလိုက်သည်။
"အစ်ကို၊ ရှောင်နွမ်ရဲ့ယောကျ်ားထက် အစ်ကိုက ဘာလို့စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေတာလဲ!" လျိုစစ်ယွီ အော်လိုက်သည်။
...
တစ်ချိန်တည်းမှာပင် အဆူခံခဲ့ရတဲ့ CEO ကျီသည်လည်း ကျင်း တက္ကသိုလ်သို့ အမြန်ပြေးသွားခဲ့သည်။ သူ့ဇနီးလေးကို လာခေါ်ဖို့ ရောက်လာသည်။ ခဏလောက်စဉ်းစားပြီး ကားကို လျှို့ဝှက်နေရာမှာ ရပ်ထားပြီးနောက် ကားပေါ်က ဆင်းပြီး ကျောင်းဝင်းထဲကို လျှောက်သွားခဲ့သည်။
ဖန့်ရှောင်နွမ်က လက်ရှိမှာ စာသင်ခန်းထဲတွင် ပိတ်မိနေပြီး မထွက်ချင်ခဲ့ပေ။ သူမ စားပွဲပေါ်မှာ လှဲနေသည်။ သူမ ပျင်းနေပြီးမှိုင်တွေနေသည်။
ကျီလင်းချန် စာသင်ခန်းတံခါးဝနား မရောက်သေးခင် စားပွဲပေါ်မှာလှဲနေတဲ့ ကလေးမလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမရဲ့ဦးခေါင်းနောက်ဘက်ကို ကြည့်လိုက်ရုံနဲ့ သူ့ဇနီးလေးဖြစ်ကြောင်း အတည်ပြုနိုင်သည်။
ကျီဝမ်က သူ့ဦးလေး တံခါးနားမှာ ရပ်နေတာကို တွေ့တော့ ဘေးဘက်ကို တိတ်တဆိတ် ဆုတ်သွားသည်။
အတန်းပြီးသွားတာကြောင့် အတန်းရဲ့အဓိကအချက်များကို ဆွေးနွေးနေတဲ့ စာသင်ခန်းထဲမှာ ကျောင်းသူ/သား အများအပြား ရှိနေဆဲပင်။ ကျီလင်းချန် ပေါ်လာသောအခါ အားလုံး အံ့သြသွားကြသည်။ တချို့လူတွေက သူတို့ရဲ့စာအုပ်တွေကို တိုက်ရိုက်ဖွင့်ကာ စာအုပ်ထဲရှိပုံတွေကို စာသင်ခန်းထဲကလူနဲ့ နှိုင်းယှဉ်နေကြသည်။ တကယ်ကို ကျီလင်းချန်အစစ်ကြီး။ ကျောင်းသူတချို့က စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြသည်။ တော်တော်များများက ဖုန်းထုတ်ပြီး အဲဒီလူကို ဓာတ်ပုံတွေရိုက်နေကြသည်။