← Chapters

အခန်း (၁၈၂)

Vol. 13 Ch. 182

အခန်း (၁၈၂)

Vol. 13 Ch. 182

အတွင်းရေးမှူးစုန့် အံ့အားသင့်စွာ မေးလိုက်သည်။ "ခုထိ မဒမ်က မပြောသေးဘူးလား" မဒမ်က သူ့ကို အံ့အားသင့်အောင်လုပ်ဖို့ စီစဉ်နေတာများ ဖြစ်နိုင်လား။

ကျီလင်းချန် ပြန်မေးလိုက်သည်။ "ငါ့ကိုဘာပြောမှာလဲ"

CEO စုန့်က CEO ရုံးခန်းထဲက သူတွေအားလုံး သိပြီးသားဖြစ်ပုံရတာကို မြင်ခဲ့သည်။ ထို့ကြောင့် အဲ့တာက လျှို့ဝှက်ချက် မဟုတ်ပေ။ သူမက ကျီလင်းချန် ကို အမှန်အတိုင်း ပြောပြလိုက်သည်။ "မဒမ်မှာ ကိုယ်ဝန်ရှိနေပြီ"

“အဟမ်း…” ကျီလင်းချန် ရှောခ့်ရစွာ လည်ချောင်း ရှင်းလိုက်သည်။ ခဏကြာတော့ သူ မေးလိုက်သည်။ "ရှောင်နွမ်ကလား။ ကိုယ်ဝန်ရှိတာလား"

အတွင်းရေးမှူးစုန့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်၊ ကျွန်မတို့ မနေ့တစ်နေ့ ကမှ သိလိုက်ရတာက မဒမ်က ကျွန်မဆ်ိ ဖုန်းဆက်ပြီး စီအီးအို ဘယ်သွားလေ့ရှိလဲလို့ မေးခဲ့ပါတယ်။ သူမမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောပြီး စီအီးအိုကို surprise လုပ်ပေးမို့လို့ပြောတယ် ”

ကျီလင်းချန် ပြောစရာစကားမရှိဖြစ်သွားသည်။ သူ့မိန်းမမှာ "ကိုယ်ဝန်" ရှိပြန်ပြီတဲ့။ သူ နားမလည်နိုင်တဲ့ “ဖခင်”တစ်ယောက် ဖြစ်လာပြန်သည်။ သူ့မိန်းမက တကယ်ပဲ...

“ထားလိုက်ပါ။ ဒီအချက်အလက်ကို ဆက်ပြီးမဖြန့်နဲ့။ သူ့မှာ ကိုယ်ဝန်မရှိဘူး။ သူ ငါနဲ့ တူတူပုန်းတမ်းကစားနေတာ” ကျီလင်းချန် ရှင်းပြလိုက်သည်။

အတွင်းရေးမှူးစုန့်ရဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်လောက်တဲ့ အကြည့်ဖြင့် သူမ နောက်ထပ် မေးခွန်းတွေ မမေးတော့ဘဲ လှည့်ထွက်သွားခဲ့သည်။

ဒါပေမယ့် ကျီလင်းချန်က ရုတ်တရက် သူမကို တားလိုက်သည်။ “ခဏနေဦး။”

အတွင်းရေးမှူး စုန့် သူမရဲ့လမ်းကြောင်းတွေကို ရပ်လိုက်ပြီး CEO ကို လှည့်ကြည့်လိုက်သည်။ "CEO ကျီ၊ စီအီုးအိုမှာ တခြားညွှန်ကြားစရာတွေများ ရှိလို့လား"

ကျီလင်းချန် ပြောလိုက်သည်။ "အတွင်းရေးမှူးစုန့်၊ ငါ့ကိုပြောပြ၊ ကလေးတွေ စိတ်ဆိုးနေရင် ဘယ်လိုချော့ရမလဲ"

အတွင်းရေးမှူး စုန့် ပြောစရာစကားမဲ့သွားသည်။ ဒီ CEO က ဘာလို့ သူ့မိန်းမကို စိတ်ဆိုးအောင် လုပ်တာလဲ။ သူမ မေးလိုက်သည်။ “မဒမ် စိတ်ဆိုးနေတာလား။ ဒီတစ်ခါဘာတွေစိတ်ဆိုးနေတာလဲ"

ကျီလင်းချန် ပြောလိုက်သည်။ "သဝန်တိုနေတာ" အတွင်းရေးမှူးစုန့်ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ အမူအရာကို မြင်လိုက်ရသည်နှင့် သူ့ဇနီးကို သဝန်တိုအောင် တမင်တကာ စနောက်ခဲ့ပုံ၊ သူ သူ့ရဲ့ဒေါသကို ထွက်ပေါက်ရှာခဲ့ပုံ ပြီးတော့ မနေ့ညက သူမ အိမ်ပြန်မလာခဲ့ပုံကို ပြောပြရုံမှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

ဒါကိုကြားပြီးနောက် အတွင်းရေးမှူးစုန့် ခဏလောက်စဉ်းစားပြီး ကျီလင်းချန်ကိုပြောလိုက်သည်။ "CEO ကျီ၊ ကျွန်မယောကျ်ားက ကျွန်မကိုဒီလိုဆက်ဆံရင် ကျွန်မ သူ့ကိုရိုက်သတ်ပစ်မိမှာ"

ကျီလင်းချန် ပြောစရာစကားပျောက်ရှသွားသည်။ သူလုပ်ခဲ့တာတွေအတွက် နောင်တရဖို့ နောက်ကျသွားပြီ။

"ဒါဆို သူမ ဒေါသထွက်တာ ရပ်သွားဖို့ ဘယ်လောက်ကြာမလဲ" ကျီလင်းချန် အပြစ်ကင်းစွာ မေးလိုက်သည်။

အတွင်းရေးမှူးစုန့် ပြောလိုက်သည်။ “လက်ခုပ်တီးဖို့ လက်နှစ်ဖက်လိုတယ်။ မဒမ်ရဲ့ စိတ်ကို သိတယ် သူမ နှစ်ပတ်အောက်ထိတော့ အနည်းငယ် ဒေါသ ထွက်နေလိမ့်မယ် လို့ ကျွန်မ ထင်တယ်။”

ကျီလင်းချန် နောက်တစ်ကြိမ် နောင်တနှင့် ပြည့်နေပြန်သည်။ "နားလည်ပြီ။ သွားလို့ရပြီ" အတွင်းရေးမှူး စုန့်ကိုမေးတာက သူ့ကို ဘာမှအကျိုးမပြုဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။ ဒါကို သူ့ဘာသာ ရှင်းတာက ပိုကောင်းတယ်။

…

ထိုအချိန်တွင် ဖန့်ရှောင်နွမ်က သူမ၏ နံနက်ပိုင်း အတန်း ပြီးသွားပြီး နေ့လယ်စာကို ကန်တင်းမှာ စားနေသည်။ ဒီအချိန်မှာ သူမပတ်ဝန်းကျင်မှာ သူလျှိုလုပ်နေသူတွေ ရှိနေတယ်လို့ သူမ ခံစားရသည်။ ဂရုတစိုက် နားထောင်ပြီးနောက်တွင် သူတို့က သူမ၏အိမ်ထောင်ရေးအကြောင်း ဆွေးနွေးနေမှန်း သိလိုက်ရသည်။

"နံစော်နေတဲ့ယောကျ်ား၊ လူယုတ်မာ ကျီလင်းချန်၊ အရမ်းစိတ်ပျက်စရာကောင်းတယ်!" ဖန့်ရှောင်နွမ် ရုတ်တရက်အာမေဋိတ်သံပြုလိုက်သည်။

ကျီဝမ် လှည့်ကြည့်ပြီး မေးလိုက်သည်။ "ငါ့ဦးလေးက ဘာဖြစ်နေလို့လဲ"

ဖန့်ရှောင်နွမ် နှပ်ထားတဲ့ အသားတစ်တုံးကို သူမ၏ ဓားဖြင့်ထိုးကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ "သူ ရုပ်ရည်ချောတယ်ဆိုတာက ကောင်းပေမယ့် ဘာလို့ ဒီလောက်တောင် အံ့သြစရာကောင်းနေသေးတာလဲ"

လျိုစစ်ယွီ မေးလိုက်သည်။ "ရှောင်နွမ်၊ နင့်ယောကျ်ားအကြောင်း ကြွားနေတာလား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အား! ငါ သူ့ကိုစိတ်ဆိုးနေတာ!" ဒါပေမယ့်လည်း သူမ၏ နှုတ်မှ အကျယ်တ၀င့် ထွက်လာသော စကားလုံးတွေက ချီးမွမ်းခန်းဆီသို့ ပြောင်းလဲသွားသည်။ ဖန့်ရှောင်နွမ် သူမ အဆိပ်သင့်နေကြောင်း ခံစားခဲ့ရသည်။

"ဖန့်ရှောင်နွမ်၊ မင်းရဲ့ယောကျ်ားက ဒီနေ့ မင်းကိုအိမ် ခေါ်လာဖို့ ပြောထားတယ်။ မင်းစိတ်အေးသွားပြီလား။စိတ်ဆိုးနေသေးရင် ငါ့ကိုပြော။ ငါ မင်းကို ပြန်ခိုင်းမှာမဟုတ်ဘူး” ကျီဝမ် ပြောလိုက်သည်။ တကယ်တော့ ဖန့်ရှောင်နွမ်ကို အိမ်ပြန်ခိုင်းဖို့ အတင်းတိုက်တွန်းလို့ မရဘူး။ မဟုတ်ရင် သူ အရိုက်ခံရမှာ သေချာတယ်။

ဖန့်ရှောင်နွမ် ဒေါသတကြီးအော်လိုက်သည်။ "ငါ စိတ်ဆိုးနေတုန်းပဲ။ ငါ့ကို ဘာလို့ပြန်ခေါ်လာခိုင်းတာလဲ။ ငါက နင့်မိန်းမလား သူ့မိန်းမလား။ သူက ဘာလို့ငါ့ကိုပြန်လာမခေါ်တာလဲ!"

ဖန့်ရှောင်နွမ် ဒေါသတကြီးနဲ့ နောက်ထပ် ထမင်းတစ်ပန်းကန် စားလိုက်သည်။ သူမဗိုက်က ပေါက်ကွဲထွက်တော့မည်။ စာသင်ခန်းသို့ပြန်ရောက်ပြီးနောက် သူမ၏ ဗိုက်ဝိုင်းဝိုင်းကိုကြည့်ကာ ပို၍ပင် စိတ်ဓာတ်ကျလာသည်။

"ငါ့ရဲ့ဆက်ဆံရေးက အဆင်မပြေသလို ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း ငါ့ကို ဆန့်ကျင်နေတယ်။"

လျိုစစ်ယွီ ဖန့်ရှောင်နွမ်ရဲ့ဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောခဲ့သည်။ "ရှောင်နွမ်၊ ယောက်ျားတွေကို မေ့လိုက်။ အစားအသောက်က နင့်အတွက် အမြဲရှိနေမှာ " ထိုစကားကိုပြောပြီးနောက် သူမ မုန့်အစပ်ထုပ်ကိုဖောက်လိုက်သည်။ သူမ ဖန့်ရှောင်နွမ်ကို ပေးလိုက်သည်။ “ဒါတွေကို စားပြီး စိတ်ချမ်းသာအောင်နေ။ တစ်ခုနဲ့အဆင်မပြေရင် နှစ်ခုစား။ နှစ်ခုနဲ့ အဆင်မပြေရင် တစ်ထုပ်လုံး စားလိုက်"

ဖန့်ရှောင်နွမ် သွေးဆောင်မှုကို မခုခံနိုင်ခဲ့ပေ။ သူမလက်လှမ်းပြီး တစ်ခုယူလိုက်သည်။ "ရှောင်ဝမ်၊ ငါ ဝမ်ဝမ် ရေခဲမုန့် စားချင်နေသေးတယ်"

လျိုစစ်ယွီ ပြောလိုက်သည်။ "ကျီဝမ်၊ ငါ့အတွက် ပူတင်းများများ ယူလာပေး။"

သူငယ်ချင်းနှစ်ယောက်က ကျီဝမ်ကို ဝိုင်းပြီးခိုင်းနေကြသည်။ ဒါက ကျီဝမ် သူတို့နဲ့ အတန်းတူတူမတက်ချင်ရတဲ့ အခြေခံအကျဆုံး အကြောင်းပြချက်ပင်။ သူတို့က သူ့ရဲ့အစားအသောက်ကို မခိုးရင် သူ့ကိုအမြဲတမ်း အလုပ်တွေ လုပ်ခိုင်းလိမ့်မယ်။

ကျီဝမ် ကူကယ်ရာမဲ့စွာပြောလိုက်သည်။ “မင်းတို့ ဘာထပ်လိုချင်သေးလဲ။ အကုန်ပြော"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "အာလူးကြော်တစ်ထုပ်၊ ပျားရည်နဲ့ ထောပတ်အရသာ"

လျိုစစ်ယွီ ပြောလိုက်သည်။ "လိမ္မော်အရသာ ဂျယ်လီတစ်ထုပ်"

ထို့နောက် ကျီဝမ်က စူပါမားကတ်သို့ သွားခဲ့သည်။ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ဦးလေးဆီ အခြေအနေကို သတင်းပို့ဖို့ အမြန်ဖုန်းဆက်လိုက်သည်။

"ဦးလေး၊ ဦးလေးရဲ့မိန်းမကို ကိုယ်တိုင်လာခေါ်ရင် ပိုကောင်းမယ်" ကျီဝမ်က ဖန့်ရှောင်နွမ်ရဲ့စကားကို ပြန်ပြီးပြောပြခဲ့သည်။

All Chapters