တစ်ဖက်က စည်းဖောက်တယ်(က)
Vol. 114 Ch. 1736
မီးတောက်မျှော်စင်ထဲမှ ရွှီချင်း ထွက်လျှောက်လာသည့်အခိုက် နတ်ဘုရားများဘက်မှ ဒြပ်နှောက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ၎င်းတို့၏ တည်ရှိမှုက ကြယ်တာရာကောင်းကင်ကို တုန်လှုပ်သွားစေသည်။
စစ်မြေပြင်မှ နတ်ဘုရားများနှင့် အင်မော်တယ်များ၏ အကြည့်များက ဧရာမအနီရောင်ကြယ်ဂြိုလ်ပေါ်မှာ စုဝေးသွားကြသည်။
သိန်းသန်းချီသော အကြည့်များအောက်မှာ ကြယ်ဂြိုလ်က တုန်လှုပ်သွားသည်။
ထို့နောက် အကြည့်များက နေရာပြောင်းရွှေ့သွားပြီး နောက်ဆုံးမှာ ရွှီချင်းနှင့် သူ့အနောက်မှ တရွတ်တိုက်ပါလာသော နတ်ဘုရားလှောင်ချိုင့်ပေါ်သို့ ကျရောက်သွားကြသည်။
ထိုအကြည့်ထဲမှာ လေးနက်မှု ပါရှိသည်။ အထူးသဖြင့် နတ်ဘုရားများ ဖြစ်ကြသည်။ ၎င်းတို့ထံမှ အကြည့်က အလွန်လေးနက်လေရာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်ဟန် ရသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့၏ အကြည့်က ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အမြစ်ဖြတ်ဖျက်ဆီးချင်နေဟန် ရသည်။
သို့သော်လည်း အင်မော်တယ်များထံမှ အကြည့်က ထိုဖိအားကို တွန်းလှန်လိုက်ပြီး နတ်ဘုရားများ၏ အကြည့်ထဲမှ လွှမ်းမိုးဖိနှိပ်မှုကို မြန်ဆန်စွာ ဖယ်ရှားလိုက်သည်။
…..
ထို့ကြောင့် ရွှီချင်းက အရှေ့သို့ ရွေ့လျားနေစဉ် မိုးခြိမ်းသံက သူ၏ ဘေးပတ်ဝန်းကျင်မှာ မြည်ဟိန်းနေသည်။ တစ်ခါတစ်ရံ ဟင်းလင်းပြင်က အက်ကွဲသွားပြီး တစ်ခါတစ်ရံ လေဟာနယ်က ပြိုကွဲသွားသည်။
သို့တိုင် ရွှီချင်းက မထူးမခြားနား ရှိနေဆဲပင်။ သူက လှောင်ချိုင့်ကို တရွတ်တိုက်ဆွဲလျက် ကြယ်ဂြိုလ်၏ အစွန်းသို့ ရောက်သည်အထိ အရှေ့သို့ ဆက်လျှောက်သွားသည်။ မရေမတွက်နိုင်သော သက်ရှိများ၏ စောင့်ကြည့်မှုအောက်မှာ သူက ခြေလှမ်းရပ်လိုက်ပြီး သူ၏ စူးရှအေးစက်သော မျက်လုံးဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာလိုက်သည်။
ဤဧရိယာသည် အမှတ်လေးနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းကြားမှာ တည်ရှိပြီး တစ်ချိန်က စစ်မြေပြင်ဖြစ်ခဲ့ဖူးသည်။ ယင်း၏ နာမည်က ‘ အက်ကွဲဟင်းလင်းပြင်ပြာ ’ဖြစ်သည်။ ထိုနာမည်ကို ရရှိခဲ့ခြင်းမှာ အပြာရောင်မြူခိုးက ဤဒေသကြီးထဲမှာ တစ်နှစ်ပတ်လုံး စိမ့်ဝင်နေသောကြောင့် ဖြစ်၏။
ဘေးဘီကို စစ်ဆေးလေ့လာကြည့်လျှင် တစ်စုံတစ်ယောက်သည် အဖြူနှင့် အနက်အင်အားစုများကြားမှ ကြယ်တာရာကောင်းကင်ထဲမှာ အပြာရောင်မြူခိုးဖြင့် ပြည့်နှက်နေကြောင်း မြင်ရလိမ့်မည်။ မြူခိုးက မရေမတွက်နိုင်သော ကြယ်ဂြိုလ်အပျက်အစီးများကြားတွင် လွင့်မျောနေပြီး ဧရာမသားရဲတစ်ကောင်၏ ကျောရိုးသဖွယ် တည်ရှိနေသည်။ ယင်းက မိုင်ပေါင်းထရီလီယံအထိ ရှည်လျားသည်။
ကြယ်ဂြိုလ်အပျက်အစီးများ၏ မျက်နှာပြင်ပေါ်တွင် ချောက်ချားဖွယ်ကောင်းသော သွေးကြောမျဉ်းကြောင်းများဖြင့် ပြည့်နှက်နေသည်။ နတ်ဘုရားများနှင့် အင်မော်တယ်များကြားမှ သဏ္ဍာန်မဲ့တိုက်ခိုက်မှုက ကြီးမားသော နှလုံးခုန်မှုကို ဖြစ်ပေါ်စေဟန် ရသည်။ ယင်းက သွေးကြောမျဉ်းကြောင်းများကို ထွန်းလင်းစေပြီး အနီရောင်အလင်းကို ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့ပွားစေသည်။
ခမ်းနားထည်ဝါခြင်းနှင့် ကျယ်ပြောမှုက ဤအခိုက်အတန့်မှာ အတူဒွန်တွဲသွားသည်။
ယင်းက ဤစစ်မြေပြင်၏ နောက်ခံပုံရိပ်ဖြစ်သည်။
ထိုနောက်ခံပုံရိပ်ထဲမှ အစွန်းတစ်ဖက်တွင် ကျင့်ကြံသူစစ်တပ်များက သက်ဝင်လှုပ်ရှားနေကြပြီး အစက်အပြောက်များသဖွယ် စုစည်းရှိနေကြသည်။ ဤသည်မှာ ယင်းတို့က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကြယ်များဖြစ်ဟန်တူပြီး ဧရာမကြယ်မြေပုံတစ်ခုကို ဖန်တီးထားသည်။
ယင်း၏ နယ်နိမိတ်က အလွန်ကျယ်ပြောလေရာ အရေအတွက်ကို ခန့်မှန်းရန်နှင့် မျက်စိတစ်ဆုံးမြင်နိုင်ရန် ခဲယဉ်းသည်။
တစ်စုံတစ်ယောက် မြင်နိုင်သည်မှာ ထိုထဲမှ အစက်တစ်ခုစီက ကျင့်ကြံသူစစ်သည်တော်တစ်သောင်းဖြင့် ဖွဲ့စည်းထားသော စည်းချအစီအရင်တစ်ခု ဖြစ်သည်။
စည်းချအစီအရင်တစ်ခုစီ၏ အလယ်ဗဟိုတွင် လွင့်မျောနေသော စစ်ပွဲဗုံတစ်လုံးရှိသည်။ ထိုစစ်ပွဲဗုံပေါ်တွင် ကောင်းကင်ဝါးမျိုတိုတမ်ပုံရိပ်တစ်ခုကို ရေးထွင်းထားသည်။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ ခြေလှမ်း ရပ်တန့်သွားသည်နှင့် စစ်ပွဲဗုံသံများက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ပျံ့လွင့်သွားသည်။
နောက်ခံပုံရိပ်၏ အခြားအစွန်းတစ်ဖက်တွင်တော့ ဒြပ်နှောများက နတ်ဘုရားစစ်တပ်များကို အလွန်သိပ်သည်းစွာ ဝန်းရံထားသည်။ မရေမတွက်နိုင်သော အပျက်အစီးကြယ်ဂြိုလ်များပေါ်တွင် နတ်ဘုရားများ၏ သန္ဓေပြောင်းခန္ဓာကိုယ်များက ဒြပ်နှောများကို ထုတ်လွှတ်နေကြသည်။
ကြယ်ဂြိုလ်တစ်ခုစီမှာ နတ်ဘုရားများဖြင့် ပြည့်နှက်နေသည်။
၎င်းတို့က အလွန်ပြွတ်သိပ်စွာ စုစည်းရှိနေကြသည်။
၎င်းတို့၏ အနောက်တွင် မရေမတွက်နိုင်သော သန္ဓေပြောင်းအသွေးအသားများနှင့် ဒြပ်နှောဖြင့် ဖန်တီးထားသော ရှေးဟောင်းဒူးလေးများ ရှိကြသည်။ ကြယ်တာရာမြစ်များက ဒူးလေး၏ လေးကြိုးများ ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ လေးကြိုးကို တင်းတင်းဆွဲထားလေရာ ဒူးလေးမှ ထုတ်လွှတ်နေသော ဖိအားက စစ်မြေပြင်၏ လေထုကိုပင် အေးခဲသွားစေသည်။
ရွှေရောင်ဥက္ကာပျံများက နတ်ဘုရားစစ်တပ်များကြားတွင် တမူထူးခြားစွာ လွင့်မျောနေကြပြီး နတ်ဘုရားအကာအကွယ်အလွှာအဖြစ် စုစည်းရှိနေကြသည်။ ထိုအကာအကွယ်အလွှာက စစ်မြေပြင်ပေါ်မှာ လှည့်ပတ်နေသည်။
ကျင့်ကြံသူများဘက်မှ စစ်ပွဲဗုံသံ ပျံ့လွင့်လာသည့်အခါတိုင်း အနက်ရောင်အာကာသတွင်းနက်များက အကာအကွယ်အလွှာပေါ်မှာ ထွက်ပေါ်လာကြပြီး အသံလှိုင်းများကို ဝါးမျိုပစ်လိမ့်မည်။ ထို့နောက် အသံလှိုင်းများကို သက်တံ့ရောင်စဉ်များအဖြစ် သန့်စင်ပစ်လိမ့်မည်။
ထိုသို့အရှိန်အဟုန်က အလွန်လွှမ်းမိုးဖိနှိပ်သည်။
သို့သော်လည်း နတ်ဘုရားများနှင့် အင်မော်တယ်များကို အမှန်တကယ် တုန်လှုပ်ချောက်ချားစေသည်မှာ သူတို့အားလုံး၏ ဦးခေါင်းပေါ်တွင် အဆုံးမဲ့စွာ ဖြန့်ကြက်ထားသော တည်ရှိမှုများ ဖြစ်ကြသည်။
သူတို့၏ ဦးခေါင်းထက်မှ အဆုံးမဲ့အာကာသဟင်းလင်းပြင်ထဲတွင် စာလိပ်တစ်ခုနှင့် နတ်ဘုရားမြစ်တစ်စင်းက အလွန်ထင်သာမြင်သာစွာ တည်ရှိနေကြသည်။
စာလိပ်ဘက်ခြမ်းတွင် အင်မော်တယ်အရှင်သခင်ကျန်းလူ၏ ကြီးကျယ်မြင့်မြတ်သော ပုံရိပ်ရှိသည်။ သူက အရပ်ရှစ်မျက်နှာနှင့် ဘုံခြောက်ဘုံကို ဖွင့်လှစ်ထားစဉ် ရွှေရောင်တိမ်အစုအဝေးက သူ၏ အနောက်မှာ အဆုံးမဲ့စွာ ဆန့်တန်းနေသည်။ ယင်းက ကြယ်စင်စုထက်ဝက်ကို ဖုံးလွှမ်းထားမည့် ဧရာမစာလိပ်တစ်ခုကို ဖွဲ့စည်းဖြစ်ပေါ်စေသည်။ စာလိပ်ထဲမှ စုတ်ချက်တစ်ချက်စီက ကောင်းကင်မြေပြင်၏ ဥပဒေသပြယုဂ် ဖြစ်သည်။
သူ၏ ဆန့်ကျင်ဘက်တွင် အနက်ရောင်နတ်ဘုရားမြစ်တစ်စင်း ရှိသည်။ နတ်ဘုရားမြစ်ထဲတွင် နတ်ဧကရာဇ်ချီအူဇီ၏ ပုံရိပ်ရှိသည်။ ၎င်းက မရေမတွက်နိုင်သော စကြာဝဠာအပျက်အစီးများဖြင့် ဖန်တီးထားသော ပလ္လင်ပေါ်မှာ ထိုင်နေသည်။
၎င်း၏ လက်ချောင်းများ လှုပ်ရှားသွားသည့်အခါတိုင်း နတ်ဘုရားမြစ်က ဖြည်းညင်းစွာ အေးခဲသွားသည်။
ထိုပုဂ္ဂိုလ်နှစ်ယောက်၏ အသွင်သဏ္ဍာန်ကို ထင်ရှားစွာ မြင်နိုင်ရန် အလွန်ခက်ခဲပေသည်။ သို့သော်လည်း သူတို့ထံမှ ထုတ်လွှတ်နေသော ဖိအားနှင့် အရှိန်အဝါက သက်ရှိအားလုံး၏ အသိစိတ်ထဲမှာ အလွန်ထင်ရှားစွာ တံဆိပ်ရိုက်နှိပ်ထားသည်။
ထို့ပြင် သူတို့နှစ်ယောက်က စောင့်ကြည့်နေကြသည်။
သူတို့၏ အကြည့်က ရှေးဟောင်းစစ်မြေပြင်၏ အလယ်ဗဟိုပေါ်သို့ ကျရောက်နေသည်။ ထိုနေရာက ဓားစာခံလဲလှယ်မည့်နေရာ ဖြစ်သည်။
ထိုနေရာတွင် မြူခိုးက တအိအိလှုပ်ခတ်နေသော်လည်း သူတို့၏ အကြည့်အောက်မှာ မြူခိုးက ပါးလွှာသွားပြီး လွင့်မျောနေသော ဧရာမယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာသည်။
ထိုယဇ်ပလ္လင်ကို ဧရာမခေါင်းတလား(၃၆၀)ခုနှင့် ဧရာမသစ်သားထောင့်တိုင်(၃၆၀)ခုဖြင့် တည်ဆောက်ထားသည်။
ခေါင်းတလားများကို မိစ္ဆာကြေးနီဖြင့် ဖန်တီးထားသည်။
ယင်းတို့၏ မျက်နှာပြင်ပေါ်တွင် အစိမ်းရောင်သံချေးဖြင့် ပြည့်နှက်နေသည်။ သံချေး၏ အောက်ဘက်တွင်တော့ နီညိုရောင်အောက်လမ်းမှော်အစီအရင်များ ရှိသည်။
ကြယ်မြူခိုးဖြတ်သန်းသွားသည့်အခါတိုင်း ခေါင်းတလားအဖုံးများက တုန်ယင်သွားပြီး အနက်ရောင်မြူခိုးကို ထုတ်လွှတ်လိမ့်မည်။ ထို့နောက် အနက်ရောင်မြူခိုးထဲတွင် ချောက်ချားဖွယ်ကောင်းသော တစ္ဆေပုံရိပ်များ ထွက်ပေါ်လာကြလိမ့်မည်။
သစ်သားထောင့်တိုင်များကိုတော့ အင်မော်တယ်သလင်းကျောက်များဖြင့် ဖန်တီးထားသည်။
ယင်းတို့၏ မျက်နှာပြင်ပေါ်တွင် ငွေရောင်တောက်ပသော အင်မော်တယ်အစီအရင်များကို ရေးထွင်းထားလေရာ တုနှိုင်းမဲ့သော အသက်ဓာတ်က အစဉ်မပြတ် ထွက်ပေါ်နေသည်။
ခေါင်းတလားများထဲမှ အနက်ရောင်မြူခိုး ထွက်ပေါ်လာသည့်အခါတိုင်း အင်မော်တယ်သစ်သားထောင့်တိုင်များက ယင်းတို့ကို ဖိနှိပ်ပစ်လိမ့်မည်။ သစ်သားထောင့်တိုင်များက အနက်ရောင်မြူခိုးထဲမှ တစ္ဆေသရဲများနှင့် တိုက်ခိုက်ရန် အင်မော်တယ်သူရဲကောင်းဝိညာဉ်များကို စေလွှတ်ပေးလိမ့်မည်။
ခေါင်းတလားများနှင့် သစ်သားထောင့်တိုင်များဖြင့် ဖွဲ့စည်းထားသော ထိုယဇ်ပလ္လင်က ဓားစာခံလဲလှယ်မည့်နေရာ ဖြစ်သည်။
ယင်းတို့အားလုံးကို မြင်သွားသောအခါ တိုက်ပွဲအတွေ့အကြုံများပြားသော ရွှီချင်းသည်ပင် အံ့ဩထိတ်လန့်သွားရသည်။ သူ၏ အကြည့်က လေးနက်သွားသည်။ သူက တစ်ခဏကြာ ရပ်တန့်ပြီးနောက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူက ဧရာမအနီရောင်ကြယ်ဂြိုလ်မှ ထွက်သွားပြီး ကြယ်တာရာကောင်းကင်ပေါ်သို့ ခြေချလိုက်သည်။
ယဇ်ပလ္လင်ဆီသို့ လျှောက်သွားနေစဉ် တရွတ်တိုက် သူဆွဲလာသော လှောင်ချိုင့်က ကြယ်တာရာကောင်းကင်ပေါ်တွင် အနီရောင်မျဉ်းကြောင်းတစ်ခုကို ချန်ထားစေခဲ့သည်။
တစ်ချိန်တည်းမှာ နတ်ဘုရားများဘက်တွင် အရွယ်အစား အလွန်ကြီးမားသော ရွှေရောင်အကာအကွယ်အလွှာက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စောင့်ကြည့်မှုအောက်မှာ နတ်ဘုရားတစ်ပါးက အကာအကွယ်အလွှာထဲမှ ထွက်ပေါ်လာသည်။
ထိုနတ်ဘုရား၏ အသွင်သဏ္ဍာန်က သက်လတ်ပိုင်း လူသားကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူပေသည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး ပေခုနစ်ဆယ် ရှစ်ဆယ်ခန့် ရှည်လျားသည်။
၎င်း၏ အသွင်သဏ္ဍာန်က ချောမောခန့်ညားပြီး ၎င်း၏ ခရမ်းရောင်ဆံပင်ရှည်က ခြေမျက်စိအထိ ကျဆင်းနေသည်။ ၎င်းက လမ်းလျှောက်လိုက်သည်နှင့် ခရမ်းရောင်ဆံပင်ရှည်က ဘယ်ညာယိမ်းနွဲ့သွားသည်။ ၎င်း၏ ရွှေရောင်နတ်ဘုရားစစ်ချပ်ဝတ်က ၎င်း၏ ခန္ဓာကိုယ်အချိုးအစားနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်သည်။ ယင်းက ၎င်းကို စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အောက်မေ့ရစေသည်။
၎င်း၏ နတ်ဘုရားအဆင့်သည်တော့ ဓားစာခံလဲလှယ်ခြင်းကြောင့် ထိန်းချုပ်ခံထားရကြောင်း ထင်ရှားသည်။
၎င်းက နတ်ဘုရားယဇ်ပလ္လင်၏ အထွတ်အထိပ်အဆင့်မှာ ဖြစ်သည်။
၎င်းက အရှေ့သို့ လျှောက်သွားနေစဉ် စုတ်ပြတ်ပြီး ပိန်ချုံးနေသော အဖိုးအိုငါးယောက်ကို ခေါ်ဆောင်သွားသည်။ ဤသည်မှာ သူတို့က သံကြိုးချည်ခံထားရသော ခွေးများအလားပင်။
အဖိုးအိုငါးယောက်စလုံးက မထူးမခြားနား ရှိနေကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်သော ဒဏ်ရာများဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ စိတ်ဝိညာဉ်သည်လည်း ပြိုကွဲနေသည်။ သူတို့၏ အသက်ဓာတ်က အလွန်မှေးမှိန်နေလေရာ အဖမ်းခံရသည့်အချိန်မှစ၍ နှစ်ပေါင်းမြောက်များစွာကြာအောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ထင်ရှားပေသည်။