တစ်ဖက်က စည်းဖောက်တယ်(ခ)
Vol. 114 Ch. 1737
ထိုငါးယောက်သည် ဓားစာခံလဲလှယ်မည့် လူသားကျင့်ကြံသူငါးယောက် ဖြစ်ကြသည်။ သူတို့တစ်ယောက်စီက အမှတ်ငါးကြယ်တာရာစက်ဝန်းအတွက် ကြီးမားသော အကျိုးဆောင်မှုကို ပြုလုပ်ခဲ့ကြသည်။
ထိုမြင်ကွင်းကို ကျင့်ကြံသူများဘက်မှ မြင်သွားသောအခါ သူတို့၏ စိတ်ခံစားချက်များက ချက်ချင်း ပရမ်းပတာ လှုပ်ခတ်သွားသည်။ စစ်ပွဲဗုံသံများက ပိုပြီးကျယ်လောင်လာသည်။
ကျောက်စိမ်းမျက်နှာနှင့်နတ်ဘုရားက ယင်းကို အာရုံခံမိသော်လည်း မည်သည့်စိတ်ခံစားချက်ကိုမှ မဖော်ပြချေ။ ၎င်းက သာမန်ကာလျှံကာ ဆောင့်ဆွဲလိုက်လေရာ လူသားကျင့်ကြံသူငါးယောက်၏ လည်ပင်းပေါ်မှ သံကြိုးများက ရုတ်တရက် တင်းကျပ်သွားသည်။ ယင်းက သူတို့ကို နာကျင်စွာ အော်ဟစ်ညည်းညူစေသည်။ ဤသည်မှာ သူတို့၏ လည်ပင်းက ပြတ်တောက်တော့မည့်အလားပင်။
ထို့နောက် ၎င်းက ရွှီချင်းကို ကြည့်လိုက်သည်။
ချက်ချင်းဆိုသလို စစ်မြေပြင်ပေါ်မှ ဖိအားက အဆပေါင်းများစွာ ပြင်းထန်သွားသည်။
အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
…..
ထိုအဆင့်နိမ့်အင်မော်တယ်ငါးပါးကို သူမသိသော်လည်း တပ်မှူးထံမှ အချက်အလက်များမှတဆင့် သူတို့ငါးယောက်က အမှတ်ငါးကြယ်တာရာစက်ဝန်းအတွက် ကြီးမားသော အကျိုးဆောင်မှုကို ပြုလုပ်ခဲ့ကြောင်း သူသိထားသည်။
တစ်ချိန်တည်းမှာ ကျောက်စိမ်းမျက်နှာနှင့်နတ်ဘုရား၏ လုပ်ဆောင်မှုက သူ့ကို တမင်ရန်စနေခြင်းဖြစ်ကြောင်း သူနားလည်သည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် ရွှီချင်းက သူ၏ လက်ကို မြှောက်လိုက်သည်။ နတ်သမီးကို ပိတ်လှောင်ထားသော လှောင်ချိုင့်က အရည်ပျော်သွားပြီး သံကြိုးများအဖြစ် အသွင်ပြောင်းလဲသွားကာ ၎င်း၏ ခြေလက်များကို တုတ်နှောင်လိုက်သည်။ သူက အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်လေရာ နတ်သမီးက သူ့ဆီသို့ တရွတ်တိုက် ရောက်လာသည်။ သူက နတ်သမီး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
သူက မရေမတွက်နိုင်သော နတ်ဘုရားများနှင့် နတ်ဧကရာဇ်၏ ရှေ့မှောက်မှာပင် နတ်သမီးထံမှ မူလအနှစ်သာရကို စုပ်ယူလိုက်သည်။
နတ်သမီးက တုန်ယင်သွားပြီး သတိမေ့မျောနေရာမှ အတင်းအဓမ္မ ပြန်နိုးလာသည်။ ၎င်း၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။
နတ်ဘုရားများဘက်က ချက်ချင်း ဆူပူအုံကြွသွားသည်။
၎င်းတို့ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
လူအများရှေ့မှာ နတ်သမီးထံမှ မူလအနှစ်သာရကို စုပ်ယူလိုက်သော ရွှီချင်း၏ လုပ်ရပ်က နတ်ဘုရားများကို အကြီးအကျယ် ဒေါသထွက်စေသည်။
ကျောက်စိမ်းမျက်နှာနှင့်နတ်ဘုရားက ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် ၎င်းက မည်သည့်စိတ်ခံစားချက်မှ မဖော်ပြဘဲ လူသားငါးယောက်၏ လည်ပင်းတွင် ရစ်ပတ်ထားသော သံကြိုးကို ဖြေလျော့ပေးလိုက်သည်။
ရွှီချင်းသည်လည်း သူ၏ လက်ကို ဖြေလွှတ်ပေးလိုက်ပြီး မူလအနှစ်သာရ စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက သံကြိုးများကို ထိန်းချုပ်လိုက်ပြီး နတ်သမီးကို သူ၏ အရှေ့မှ အတင်းအကျပ် လျှောက်စေသည်။
နှစ်ဖက်စလုံးက စစ်မြေပြင်၏ အလယ်မှ ယဇ်ပလ္လင်ဆီသို့ ရွေ့လျားနေကြသည်။
ရွှီချင်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခြေဖဝါးအောက်တွင် ပဒုမ္မာကြာပန်းများ ပွင့်လန်းလာလိမ့်မည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံက အထွတ်အထိပ်သို့ လှည့်ပတ်သွားသည်။
ထိုစဉ် နတ်သမီး၏ ခြေဗလာအောက်မှ ဟင်းလင်းပြင်သည်တော့ ဆက်လက် ပြိုကွဲသွားပြီး နတ်ဘုရားသွေးများက ကျဆင်းလာသည်။ သို့သော်လည်း ယင်းတို့က မပျောက်ကွယ်သွားဘဲ လမ်းတစ်လျှောက် လွင့်မျောသွားသည်။ သွေးစက်များထဲတွင် အနီရောင်ကြယ်ဂြိုလ်များက ဟင်းလင်းပြင်ထဲမှ မွေးဖွားလာနေကြဟန် ရ၏။
သို့သော်လည်း ထိုလုပ်ငန်းစဉ် ဆက်လက်ဖြစ်ပွားနေစဉ် နတ်သမီးက တဖြည်းဖြည်း ပိုအားနည်းလာသည်။ ၎င်း၏ ခြေလှမ်းသည်ပင် ယိမ်းယိုင်လာသည်။ ၎င်း၏ ခြေကျင်းဝတ်ကို ချုပ်နှောင်ထားသော သံကြိုးများမှလည်း စူးရှသော အလင်းတန်းများ ထွက်ပေါ်နေသည်။
သံကြိုးများထံမှ တချွင်ချွင်မြည်သံသည် ငရဲပြည်၏ အနက်ပိုင်းထဲမှ ပဲ့တင်ထပ်လာသော ငရဲသားအော်သံများနှင့် ဆင်တူပေသည်။ ယင်းက နတ်သမီး၏ အသိစိတ်ထဲမှ ၎င်း၏ အဆိုးဝါးဆုံး မှတ်ဉာဏ်များကို ပြန်ဖော်ထုတ်ပေးနေသည်။ ၎င်း၏ ဆံပင်ဖြူသည်တော့ ၎င်း၏ မကျေချမ်းစိတ်ဆန္ဒနှင့်အတူ ကြယ်မှုန်များထဲမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ ယင်းက နှင်းကျခြင်းနှင့် တူညီသည်။
၎င်း၏ အနောက်မှ လိုက်လာသော ရွှီချင်းသည်တော့ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာတော့ သတိထားမှုက အထွတ်အထိပ်ထိ ရောက်ရှိနေသည်။ သူက မမျှော်လင့်ထားသော အဖြစ်အပျက်များအတွက် ကြိုအသင့်ပြင်ထားသည်။
သူက စိတ်မသက်မသာ ခံစားနေမိသည်။
သူ့အနောက်မှ မရေမတွက်နိုင်သော ကျင့်ကြံသူစစ်သည်တော်များ၏ ကာကွယ်ပေးလိုသော အကြည့်ကို သူအာရုံခံနိုင်ပြီး စစ်ပွဲဗုံများထံမှ ကျယ်လောင်သော မြည်သံကို ဆက်တိုက် သူကြားနေရသော်လည်း စိတ်မသက်မသာ ခံစားနေရဆဲပင်။
ဤဓားစာခံလဲလှယ်ခြင်းတာဝန်အတွက် သူရွေးချယ်ခံရခြင်းနှင့်ပတ်သက်ပြီး ရွှီချင်းက သံသယဖြစ်နေဆဲပင်။ ထိုကိစ္စကို သူ၏ အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။
‘ တကယ်လို့ နတ်သမီးသာ ဒီဓားစာခံလဲလှယ်မှုကို ကြိုသိထားမယ်ဆိုရင် ငါ့အပေါ်ထားတဲ့ သူ့ရဲ့ အမုန်တရားက နောက်ထပ်တောင်းဆိုမှုတွေကို လုပ်ဆောင်စေနိုင်မလား ’
ရွှီချင်း၏ အကြည့်က သူ့အရှေ့၌ ဒယိမ်းဒယိုင်လျှောက်နေသော နတ်သမီးပေါ်သို့ ကျရောက်သွားသည်။ သူက မျက်လုံးမှေးကျဉ်းလိုက်သည်။
ရွှီချင်းက နတ်သမီးကို လိုက်ပို့ပေးနေစဉ် အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။ အခြားတစ်ဖက်မှာတော့ ကျောက်စိမ်းမျက်နှာနှင့်နတ်ဘုရားက စစ်မြေပြင်၏ အလယ်မှ ယဇ်ပလ္လင်ဆီသို့ နီးသထက် နီးကပ်သွားနေသည်။
နောက်ဆုံးမှာတော့ သူတို့က ယဇ်ပလ္လင်နှင့် ပေတစ်သိန်းအကွာသို့ ရောက်ရှိသွားကြသောအခါ…
“ နင်ငါ့ဆီကနေ ဝါးမျိုခဲ့တဲ့ မူလအနှစ်သာရတစ်မျှင်စီက နင့်ရဲ့ ကံကြမ္မာကို ထိုးဖောက်မယ့် ကြယ်တစ်လုံးစီ ဖြစ်လာလိမ့်မယ်… အဲ့ဒါက နင့်ရဲ့ အကြီးမားဆုံး နောင်တဖြစ်လာပြီး ဒီဘဝမှာ အဆိုးဝါးဆုံးကျိန်စာ ဖြစ်လာလိမ့်မယ် ”
နတ်သမီးက ရုတ်တရက် အနောက်လှည့်လိုက်သည်။ ဤနေရာမှ ဒြပ်နှောများက ယခင်က ငြိမ်းသတ်သွားခဲ့သော ၎င်း၏ မျက်လုံးအနက်ပိုင်းထဲမှ ရွှေရောင်မီးတောက်များကို တဖန် ပြန်တောက်လောင်လာစေသည်။
ရွှီချင်းက နှုတ်ဆိတ်သွားပြီး နတ်ဘုရားနှိမ်နင်းခြင်းသံကြိုးများကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သံကြိုးများပေါ်မှ အင်မော်တယ်အစီအရင်များ ထွန်းလင်းသွားသည့်အခါ အနှစ်သာရစုပ်ယူသော အင်အားတစ်ခု ပေါ်လျှိုးလာသည်။
နတ်သမီးက အလွန်နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ရသည်။ ၎င်း၏ မူလအနှစ်သာရက ၎င်း၏ ဒဏ်ရာများမှတဆင့် စိမ့်ထွက်သွားသည်။ ၎င်းက ဒယိမ်းဒယိုင်ဖြစ်သွားပြီး လွင့်မျောနေသော ဥက္ကာပျံတစ်ခုပေါ်မှာ ခြေချလိုက်သည်။
ဥက္ကာပျံ၏ အနက်ရောင်ကျောက်အလွှာက အသက်ဝင်လာသည့်အလား တုန်ယင်လာပြီး ၎င်း၏ စုတ်ပြတ်နေသော ဝတ်စုံကို ပိုပြီးညစ်ထေးသွားစေသည်။
ထိုစဉ် ရွှီချင်း၏ တာအိုဝတ်စုံက လေမတိုက်ဘဲ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ ယင်းက သူ၏ ဘေးပတ်ပတ်လည်မှ ကြယ်အလင်းရောင်ဝဲကတော့များကို နာရီလက်တံပြောင်းပြန်အတိုင်း လှည့်ပတ်သွားစေသည်။
နတ်သမီး၏ ဒဏ်ရာများထဲမှ စိမ့်ထွက်လာသော မူလအနှစ်သာရက ကြယ်အလင်းရောင်ဝဲကတော့များ၏ စုပ်ယူခံလိုက်ကြရသည်။ ထို့နောက် ယင်းတို့က သူ၏ မျက်လုံးထဲမှာ ငွေရောင်အလင်းစက်များအဖြစ် စုဝေးသွားကြပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ကြသည်။ ဤသည်မှာ ငွေရောင်လစန္ဒာက သူ၏ မျက်လုံးထဲမှာ တည်ရှိနေသည့်အလားပင်။
ထို့နောက် သူက မထူးမခြားနား ပြောသည်။
“ နားငြီးတယ် ”
နတ်သမီးက ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် ၎င်းက အရှေ့သို့ ဆက်လျှောက်သွားသည်။ ၎င်းက မြန်မြန်သွက်သွက် လျှောက်ချင်သော်လည်း ရွှီချင်း၏ ထိန်းချုပ်မှုအောက်မှာရှိနေသော သံကြိုးများကြောင့် လှုပ်ရှားရခက်ခဲနေသည်။
ထိုသို့ဖြင့် ရွှီချင်း၏ ထိန်းချုပ်မှုအောက်မှာ သူတို့က ယဇ်ပလ္လင်နှင့် ပေသုံးသောင်းအကွာသို့ ရောက်ရှိသွားကြသည်။
ထိုနေရာသို့ ရောက်သည့်အခါ ရွှီချင်းက ကျောက်စိမ်းမျက်နှာနှင့်နတ်ဘုရား၏ အသွင်သဏ္ဍာန်ကို ရှင်းလင်းစွာ မြင်နိုင်သွားသည်။ ထို့အတူ သူက လူသားကျင့်ကြံသူငါးယောက်၏ အခြေအနေကိုလည်း သတိထားမိသွားသည်။
သို့တိုင် သူ၏ နှလုံးသားထဲမှ စိတ်မသက်မသာဖြစ်မှုက ပိုပြီးအားကောင်းနေဆဲပင်။
ရုတ်တရက် ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး တုန်ယင်နေသော နတ်သမီး၏ လည်ပင်းကို နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်သည်။
သူက နတ်သမီး၏ မူလအနှစ်သာရကို တစ်ခါမှ မဖြစ်ဖူးသော ရူးသွပ်မှုဖြင့် စတင်စုပ်ယူလိုက်သည်။
ဤတစ်ကြိမ် သူ၏ စုပ်ယူမှုက ယခင်အကြိမ်များထက် အဆပေါင်းများစွာ သာလွန်သည်။
အတိတ်မှာ နတ်သမီး၏ မူလအနှစ်သာရ ကုန်ခမ်းသွားလျှင် ရွှီချင်းက စုပ်ယူခြင်းကို ရပ်တန့်ပြီး ၎င်းကို ပြန်လည်အားဖြည့်နိုင်ရန် အချိန်ပေးလိမ့်မည်။ သို့သော်လည်း ဤတစ်ကြိမ်မှာ နတ်သမီး၏ မူလအနှစ်သာရက လုံးဝ ကုန်ခမ်းသွားသည့်တိုင် သူက မရပ်တန့်ဘဲ အရူးအမူး ဆက်လက် စုပ်ယူနေသည်။
ဤသည်မှာ သူက မည်သည့်အရာမှ မချန်ထားချင်သည့်အလား သို့မဟုတ် နတ်သမီး၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်သည့်အလားပင်။
ထိုသို့စုပ်ယူမှုက ဖော်မပြနိုင်သော နာကျင်မှုဝေဒနာအား ခံစားရစေသည်။ ၎င်းက စိတ်ဝိညာဉ် ပြိုကွဲလုနီးပါး အခြေအနေသို့ ချက်ချင်း ကျရောက်သွားသည်။
နတ်ဘုရားများဘက်က ချက်ချင်း ဆူပူအုံကြွသွားသည်။ မရေမတွက်နိုင်သော ဟိန်းသံများနှင့် လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါများက စစ်မြေပြင်ပေါ်မှာ ပျံ့နှံ့သွားသည်။ ကျောက်စိမ်းမျက်နှာနှင့်နတ်ဘုရားသည်ပင် မျက်နှာတည်ကြည်သွားပြီး အမြန်လျှောက်လိုက်သည်။
ကျင့်ကြံသူများဘက်သည်လည်း ရွှီချင်း၏ ရုတ်တရက် လုပ်ဆောင်မှုကြောင့် အံ့ဩထိတ်လန့်သွားသည်။
အင်မော်တယ်များနှင့် နတ်ဘုရားများကြားမှ ဓားစာခံလဲလှယ်မှုက ပျက်စီးသွားတော့မည့်အချိန် နတ်သမီး၏ ရုန်းကန်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယင်းက ဤနေရာမှ ဒြပ်နှောကြောင့်လော သို့မဟုတ် မမြင်နိုင်သော အကူအညီတစ်စုံတစ်ခုကြောင့်လော မသေချာသော်လည်း ၎င်း၏ မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
နတ်သမီး၏ စူးရှသော အော်ဟစ်သံက ရွှီချင်း၏ လက်ကို အနောက်သို့ လွင့်စင်သွားစေသည်။
တစ်ချိန်တည်းမှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ သံကြိုးအားလုံးက အက်ကွဲသွားသည်။
၎င်းက လွတ်မြောက်သွားသည်။
လွတ်လပ်သော စိတ်ခံစားမှုက အားနည်းနေသော နတ်သမီး၏ စိတ်အာရုံကို အပြည့်အဝ လွှမ်းမိုးသွားသည်။ ယင်းက ၎င်းအား အကျိုးအကြောင်းစဉ်းစားနိုင်စွမ်းကို ဆုံးရှုံးသွားစေပြီး ထွက်ပြေးရန်သာ ရှေးရှုစေသည်။
ထို့ကြောင့် ၎င်းက ဘာမှမစဉ်းစားဘဲ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကျောက်စိမ်းမျက်နှာနှင့်နတ်ဘုရားထံသို့ အမြန်ပျံသန်းသွားသည်။ ၎င်းက ထိုနတ်ဘုရားကို မှီခိုအားထား၍ နတ်ဘုရားများဘက်သို့ ပြန်ရောက်သွားသည်။
ရွှီချင်းက နတ်သမီး၏ ပုံရိပ်ကို စိုက်ကြည့်လိုက်လေရာ သူ၏ အမူအရာက မည်းမှောင်သွားသည်။ သူက ရုတ်တရက် ပြောသည်။
“ မင်းမလွတ်မြောက်နိုင်ဘူး… ငါတို့ ထပ်တွေ့ကြဦးမှာပါ ”
ရွှီချင်း၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့် နတ်ဘုရားများဘက်မှ ရှေ့တန်းစစ်မြေပြင်၏ နတ်ဘုရားကြယ်အလင်းရောင်ထဲတွင် ကြယ်တာရာမျက်လုံးနတ်သမီးက ခေါင်းလှည့်လိုက်သည်။ ၎င်းက သွေးရောင်လွှမ်းနေသော ရွှေရောင်နတ်ဘုရားမျက်လုံးဖြင့် ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ ၎င်းက ကိုယ့်ကိုယ်ကိုယ် နောက်ထပ်ချုပ်ထိန်းမထားတော့ပေ။ ၎င်းက အချိန်အတော်ကြာ မြိုသိပ်ထားခဲ့သော စကားများကို အကုန်ဖွင့်ထုတ်လိုက်သည်။
“ နင်ပြောတာ မှန်တယ်… ငါတို့ မကြာခင် ထပ်တွေ့ကြလိမ့်မယ် ”
“ ရွှီချင်း… ဒီတစ်လျှောက်လုံး နင်နှိပ်စက်သမျှကို ငါသည်းခံခဲ့တယ်… ဒါပေမဲ့ အရာအားလုံးက နင့်လက်ထဲမှာ ရှိနေတယ်လို့ တကယ်နင်ထင်နေတာလား… နင်က ဒီဓားစာခံလဲလှယ်မှုရဲ့ အဓိကပစ်မှတ်ဆိုတာ မသိဘူးမလား… နင့်ကို ဓားစာခံလဲလှယ်ခိုင်းဖို့ ငါ့ခမည်းတော်နဲ့ အင်မော်တယ်အရှင်သခင်ကြားက သဘောတူညီချက်ထဲမှာ ငါထည့်တောင်းဆိုခဲ့တယ် ”
ဤသို့အထူးအခြေအနေတွင် တစ်ဖက်လူ၏ စကားက အမှန်ဖြစ်ကြောင်း ရွှီချင်းပြောနိုင်သည်။ ထိုအခါ သူ၏ မျက်နှာပေါ်မှ စိတ်ခံစားမှုအားလုံးက ပျောက်ကွယ်သွားပြီး သူက မထူးမခြားနား ပြောသည်။
“ ဒီတော့… အဲ့ဒီလိုကို ”
ရွှီချင်းက စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်လေရာ နတ်သမီး၏ အရှေ့မှ မြင်ကွင်းက ပူဖောင်းတစ်လုံးနှယ် အက်ကွဲသွားသည်။
၎င်းက ရွှီချင်း၏ ဘေးမှာ ဆက်ရှိနေသေးပြီး ရွှီချင်း၏ လက်ဖြင့် လည်ပင်းညှစ်ခံထားရဆဲပင်။ ၎င်းက ယဇ်ပလ္လင်ဆီသို့ ရောက်ရန် ပေသုံးသောင်း ဝေးကွာနေသေးသည်။
ထိုမြင်ကွင်းက နတ်သမီးကို ဆွံ့အသွားစေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဒီရေလှိုင်းက ၎င်း၏ အသိစိတ်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ၎င်းက သူငယ်အိမ်များ မှေးကျဉ်းလိုက်ပြီး မယုံကြည်နိုင်စွာ ပြောသည်။
“ အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့ ပုံရိပ်ယောင်လောက… နင့်မှာ ဘယ်လိုလုပ် အဲ့ဒါရှိနေတာလဲ ”
ရွှီချင်းက ပြန်မပြောပေ။ ယင်းအစား သူက နတ်သမီးကို သူ၏ ဘယ်လက်ဖြင့် ချိပ်တံဆိပ်ခတ်လိုက်ပြီး အဝေးသို့ အမြန်အနောက်ဆုတ်သွားသည်။
တစ်ချိန်တည်းမှာ စစ်မြေပြင်၏ အပေါ်မှ အဆုံးမဲ့အာကာသဟင်းလင်းပြင်ထဲတွင် ရှေးဟောင်းအသံက ထွက်ပေါ်လာသည်။ နတ်ဧကရာဇ်ချီအူဇီ၏ လက်ချောင်းများကြောင့် အေးခဲနေသော နတ်ဘုရားမြစ်က မရေမတွက်နိုင်သော ရေခဲတုံးများအဖြစ် အက်ကွဲသွားကြပြီး ကြယ်တာရာကောင်းကင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
အချိန်နှင့် လေဟာနယ်၏ ဖြစ်တည်မှုထက် ကျော်လွန်သော တည်ရှိမှုတစ်ခုက ရေခဲတုံးတစ်ခုစီမှာ ထွက်ပေါ်လာပြီး နတ်ဘုရားမျက်လုံးများအဖြစ် ပြောင်းလဲသွားကာ အရာအားလုံးကို ငုံ့ကြည့်လိုက်သည်။
“ ကျန်းလူ… မင်းရဲ့ ဘက်က စည်းဖောက်ခဲ့တယ် ”